Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မူးယစ္ေဆးဝါးမႈ နဲ႔ အခ်ဳပ္ခန္းထဲ လက္ထိတ္ခတ္ ဖမ္းဆီးထားတဲ့ အသက္ ၁၈ ႏွစ္အရြယ္ အမ်ိဳးသမီးကို အဓမၼျပဳက်င့္ခဲ့တဲ့ နယူးေယာ့ခ္ရဲ ၂ ဦးကုိ မုဒိမ္းမႈ နဲ႔ တရားစြဲ လုိက္တယ္လုိ႔ သိရပါတယ္။

ရဲ ၂ ဦးျဖစ္သူ အက္ဒီမာတင္ နဲ႔ ရစ္ခ်ာ့ဒ္ေဟာ တုိ႔က လူမႈကြန္ရက္ေပၚနဲ႔ သတင္းဌာန ေတြရဲ႕ ထုတ္ျပန္ခ်က္ေတာ္ေတာ္မ်ားမွာ အန္နာခ်ိန္ဘာလုိ႔ ေဖာ္ျပတဲ့ အမ်ိဳးသမီး ကို ေကာ္နီကြ်န္းက စားေသာက္ဆုိ င္တခုရဲ႕ ကားရပ္ရာေနရာမွာ မစၥခ်ိန္ဘာက ေဆးေျခာက္႐ႉ ေနလုိ႔ ရဲ ၂ ဦးက ဖမ္းခဲ့တာလုိ႔ ဆုိပါတယ္။

 ရဲ ၂ ဦးစလံုးက သူမကုိ လိင္ပုိင္းဆုိင္ရာ အမူအယာ လုပ္ေဆာင္ဖုိ႔ အဓမၼခုိင္း ေစခဲ့ၿပီး တဦးက အဓမၼျပဳက်င့္ ခဲ့တာလုိ႔ ေျပာပါတယ္။

အခင္းျဖစ္ပြားမႈကို ရဲ ေတြက မျငင္းေပမယ့္ ဒီလုိျဖစ္တာက အားလံုး သေဘာတူညီမႈနဲ႔ တစိတ္တည္းတဝမ္းတည္း လုပ္ေဆာင္ခဲ့တာလုိ႔ ဆုိပါတယ္။

ဒီအပတ္ထဲမွာ ရဲ ေတြက သူတုိ႔ကုိ တရားမစြဲဖုိ႔ တရားစြဲ သူေတြထံ တုိက္တြန္းစာ ေရးသားခဲ့ၿပီး မစၥခ်ိန္ဘာကို ဂုဏ္သိကၡာက်ဆင္းေအာင္ လုပ္ဖုိ႔ ႀကိဳးစားခဲ့ပါေသးတယ္။

စာထဲမွာ တရားစစြဲကတည္းက မစၥခ်ိန္ဘာဟာ သူမရဲ႕ ကာမရာဂႏိႈးဆြတဲ့ ဆယ္လ္ဖီဓာတ္ပံုေတြ လူမႈကြန္ရက္ စာမ်က္ႏွာထက္ ႐ိုက္တင္ခဲ့တယ္လုိ႔လည္း ေဖာ္ျပထားပါေသးတယ္။

ဒီအတြက္ အခင္းျဖစ္မႈက တစိတ္တည္းတဝမး္တည္း သူမရဲ႕သေဘာတူညီမႈ နဲ႔ ျဖစ္ခဲ့တယ္ဆုိတဲ့ ေျပာဆုိခ်က္အေပၚ မစၥခ်ိန္ဘာက ျပန္လည္ေဝဖန္လိုက္ၿပီး “မူးယစ္ေဆးဝါး လက္ဝယ္ေတြ႔ရွိမႈနဲ႔ ဖမ္းဆီးခံရတဲ့ လက္ထိတ္ခတ္ခံ ဆယ္ေက်ာ္သက္ က ရဲ တေယာက္နဲ႔ လိင္ဆက္ဆံဖုိ႔ ေစာင့္ေတာင္ မေစာင့္ႏုိင္ေတာ့ဘူးဆိုတာကို ရဲ တေယာက္ကပဲ ယူဆတာ သိပ္ဟုတ္တာေပါ့” လုိ႔ ေျပာၿပီး ေဝဖန္ခဲ့တာပါ။

သူမရဲ႕ေရွ႕ေ နမုိက္ကယ္ေဒးဗစ္က “သူမရဲ႕ သေဘာတူညီမႈနဲ႔ အဓမၼျပဳက်င့္မႈ ျဖစ္တာလုိ႔ ေျပာတာက လံုးဝ လိမ္ေျပာတယ္ဆုိတာကို သူမက အားလံုးကို သိေစခ်င္တာပါ။ သူမက အဓမၼျပဳက်င့္ခံရတာပါ၊ သူမက လူမဆန္စြာ ရက္ရက္စက္စက္ လက္ထိတ္တန္းလန္းနဲ႔ အဓမၼျပဳက်င့္ ခံခဲ့ရတာ ဒါကအမွန္ပါ”လို႔ နယူးေယာ့ခ္ပုိ႔စ္သတင္းဌာနကုိ ေျပာပါတယ္။

ရဲ ၂ ဦးျဖစ္တဲ့ မာတင္ နဲ႔ ေဟာတို႔ ၂ ဦးကို ေနာက္အပတ္မွာ တရား႐ံုးထုတ္ စစ္ေဆး မယ္လို႔ ေမရာသတင္းမွာ ေအာက္တုိဘာ ၂၉ ရက္ေန႔က ေဖာ္ျပထားပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
မူးယစ်ဆေးဝါးမှု နဲ့ အချုပ်ခန်းထဲ လက်ထိတ်ခတ် ဖမ်းဆီးထားတဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ နယူးယော့ခ်ရဲ ၂ ဦးကို မုဒိမ်းမှု နဲ့ တရားစွဲ လိုက်တယ်လို့ သိရပါတယ်။

ရဲ ၂ ဦးဖြစ်သူ အက်ဒီမာတင် နဲ့ ရစ်ချာ့ဒ်ဟော တို့က လူမှုကွန်ရက်ပေါ်နဲ့ သတင်းဌာန တွေရဲ့ ထုတ်ပြန်ချက်တော်တော်များမှာ အန်နာချိန်ဘာလို့ ဖော်ပြတဲ့ အမျိုးသမီး ကို ကော်နီကျွန်းက စားသောက်ဆို င်တခုရဲ့ ကားရပ်ရာနေရာမှာ မစ္စချိန်ဘာက ဆေးခြောက်ရှူ နေလို့ ရဲ ၂ ဦးက ဖမ်းခဲ့တာလို့ ဆိုပါတယ်။

 ရဲ ၂ ဦးစလုံးက သူမကို လိင်ပိုင်းဆိုင်ရာ အမူအယာ လုပ်ဆောင်ဖို့ အဓမ္မခိုင်း စေခဲ့ပြီး တဦးက အဓမ္မပြုကျင့် ခဲ့တာလို့ ပြောပါတယ်။

အခင်းဖြစ်ပွားမှုကို ရဲ တွေက မငြင်းပေမယ့် ဒီလိုဖြစ်တာက အားလုံး သဘောတူညီမှုနဲ့ တစိတ်တည်းတဝမ်းတည်း လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ဒီအပတ်ထဲမှာ ရဲ တွေက သူတို့ကို တရားမစွဲဖို့ တရားစွဲ သူတွေထံ တိုက်တွန်းစာ ရေးသားခဲ့ပြီး မစ္စချိန်ဘာကို ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။

စာထဲမှာ တရားစစွဲကတည်းက မစ္စချိန်ဘာဟာ သူမရဲ့ ကာမရာဂနှိုးဆွတဲ့ ဆယ်လ်ဖီဓာတ်ပုံတွေ လူမှုကွန်ရက် စာမျက်နှာထက် ရိုက်တင်ခဲ့တယ်လို့လည်း ဖော်ပြထားပါသေးတယ်။

ဒီအတွက် အခင်းဖြစ်မှုက တစိတ်တည်းတဝမ်းတည်း သူမရဲ့သဘောတူညီမှု နဲ့ ဖြစ်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်အပေါ် မစ္စချိန်ဘာက ပြန်လည်ဝေဖန်လိုက်ပြီး “မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခံရတဲ့ လက်ထိတ်ခတ်ခံ ဆယ်ကျော်သက် က ရဲ တယောက်နဲ့ လိင်ဆက်ဆံဖို့ စောင့်တောင် မစောင့်နိုင်တော့ဘူးဆိုတာကို ရဲ တယောက်ကပဲ ယူဆတာ သိပ်ဟုတ်တာပေါ့” လို့ ပြောပြီး ဝေဖန်ခဲ့တာပါ။

သူမရဲ့ရှေ့ေ နမိုက်ကယ်ဒေးဗစ်က “သူမရဲ့ သဘောတူညီမှုနဲ့ အဓမ္မပြုကျင့်မှု ဖြစ်တာလို့ ပြောတာက လုံးဝ လိမ်ပြောတယ်ဆိုတာကို သူမက အားလုံးကို သိစေချင်တာပါ။ သူမက အဓမ္မပြုကျင့်ခံရတာပါ၊ သူမက လူမဆန်စွာ ရက်ရက်စက်စက် လက်ထိတ်တန်းလန်းနဲ့ အဓမ္မပြုကျင့် ခံခဲ့ရတာ ဒါကအမှန်ပါ”လို့ နယူးယော့ခ်ပို့စ်သတင်းဌာနကို ပြောပါတယ်။

ရဲ ၂ ဦးဖြစ်တဲ့ မာတင် နဲ့ ဟောတို့ ၂ ဦးကို နောက်အပတ်မှာ တရားရုံးထုတ် စစ်ဆေး မယ်လို့ မေရာသတင်းမှာ အောက်တိုဘာ ၂၉ ရက်နေ့က ဖော်ပြထားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top