Golden City Promotion
×
Source : 7DayDaily
Credit: Duwun
#Unicode Version#
ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ အောက်တိုဘာလ ၅ ရက်မှာစတင် ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက အောက်တိုဘာ ၈ ရက် ညနေအထိ ဆက်လက်ဖြစ်ပေါ်နေကာ အားကောင်းလာပြီး မုန်တိုင်းဖြစ်လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ပြောပါတယ်။
‘‘အားကောင်းတဲ့ လေဖိအား နည်း ရပ်ဝန်းအဆင့်ကို ရောက်နေ တယ်။ မုန်တိုင်းအဆင့် ရောက်တော့မယ့် အနေအထားရှိတယ်။ ကမ်းရိုးတန်းဒေသတွေ မိုးနဲ့ လေပြင်း သတိရှိဖို့လိုတယ်’’လို့  ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။
ဘင်္ဂလား ပင်လယ်အော်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအပါအဝင် စက်တင်ဘာလကုန် လောက်ကစပြီး လေဖိအား နည်းရပ်ဝန်း သုံးကြိမ်ဖြစ်ပေါ်ထားကာ မြန်မာနိုင်ငံက ဒေသအများစုမှာ မိုးကောင်းခဲ့ပါတယ်။
မိုးဇလဦးစီးဌာနကလည်း အောက်တိုဘာ ၁၀ ရက်ကနေ ၁၉ ရက်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပြီး ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံဒေသတချို့မှာ လေပြင်းကျတာတွေနဲ့ နေရာကွက်မိုးကြီးတာတွေ ဖြစ်ပေါ်ခဲ့ပြီး သဘာဝဘေး လူသေဆုံး၊ ဒဏ်ရာရရှိတာတွေ ဖြစ်ခဲ့ပါတယ်။
အောက်တိုဘာ ၃ ရက်က မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်မှာ နေရာကွက်မိုးကြီးပြီး တောင်ကျရေကြောင့် လူငါးဦးမျောပါခဲ့ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် မောင်းလှော်ကျေးရွာနားမှာ လူ ၂၀ ကျော်လိုက်ပါလာတဲ့ စက်လှေတစ်စီးက အောက်တိုဘာ ၅ ရက် မနက် ၉ နာရီကျော်မှာ နစ်မြုပ်ခဲ့လို့ လူနှစ်ဦးသေဆုံးပြီး သုံးဦးပျောက်ဆုံးနေကာ သုံးဦး ဒဏ်ရာရခဲ့ပါတယ်။
Source : 7DayDaily
ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top