Golden City Promotion
×

ကၽြႏု္ပ္တို႔အားလံုး ရဲ႕ စိတ္ထဲမွာ စြဲၿမဲေနတာက ေတာ့ ကၽြနု္ပ္တို႔ရဲ႕ ေန႔စဥ္ အစားအေသာက္ထဲမွာ သစ္သီး၀လံ နဲ႔ ဟင္းသီးဟင္းရြက္ ေတြ မပါမျဖစ္ပါရမယ္ ဆိုတာပါပဲ။

သစ္သီး၀လံေတြစားသံုးျခင္းအား ျဖင့္ က်န္းမာတဲ့ လူေနမႈ ဘ၀ တစ္ခုကို ပိုင္ဆိုင္ေစႏိုင္သလိုပဲ ခႏၶာကိုယ္ အေလးခ်ိန္ေလ်ာ့ခ်ဖို႔ ႀကိဳးစားေနသူေတြအတြက္ ေတာ့ သစ္သီး ၀လံေတြ ဟာ  ေျပာင္းလဲ စားေသာက္ စရာ အမူအက်င့္ တစ္ခု ျဖစ္လာခဲ့ပါတယ္။

ဒါေပမယ့္လည္း ေလ့လာမႈ တစ္ခုက ကၽြႏ္ုပ္တို႔အားလံုးကို သစ္သီး၀လံေတြမွာ ပါ၀င္တဲ့ သၾကားဓါတ္ Fructose အေၾကာင္း ကို သတိေပးလိုက္ပါတယ္။

ကယ္လီဖိုးနီးယား ေတာင္ပိုင္း တကၠသိုလ္ က သိပၸံ ပညာရွင္ေတြ ထုတ္ေဖာ္ တင္ျပခဲ့တာကေတာ့ သစ္သီး၀လံေတြ မွာ ပါ၀င္တဲ့ Fructose သၾကားဓါတ္ ၊ ပ်ားရည္ နဲ႔ Coke ကဲ့သို႕ေသာ အျခား ဂတ္စ္ ပါ၀င္တဲ့  ေဖ်ာ္ရည္ေတြဟာ လူေတြကို ပိုၿပီး ဗိုက္ဆာေစသလို အျခား အရသာ ရွိတဲ့ အစားအစာ ေတြ ထပ္မံ စားေစခ်င္ တဲ့ အာသီသ ကို ျဖစ္ေပၚေစတယ္လို႔ ဆိုထားပါတယ္။

သုေတသီ ေတြ အဓိက ေလ့လာခဲ့တာက လူေတြရဲ႕ ဦးေႏွာက္နဲ႔ ခႏၶာကိုယ္ ဟာ Glucose နဲ႔ Fructose ဆိုတဲ့ သၾကား ဓါတ္ ၂ မ်ိဳး အေပၚ တံု႔ျပန္မႈေတြကို ေလ့လာခဲ့ပါတယ္။

Glucose ကေတာ့ ေပါင္မုန္႔ အပါအ၀င္ ပတ္၀န္းက်င္မွာ ရွိတတ္တဲ့ အျခား ကာဗြန္ဟိုက္ဒရိတ္ ေတြမွာ ေတြ႕ရတတ္ၿပီး လူေတြရဲ႕ ခႏၶာကိုယ္ နဲ႔ ဦးေႏွာက္ မွာ ရွိေနတဲ့ ဆဲလ္ေတြကို ရွင္သန္ေစႏိုင္ပါတယ္။

Fructose ကေတာ့ သစ္သီး၀လံေတြနဲ႔ ဟင္းသီးဟင္းရြက္ေတြမွာ အမ်ားဆံုးေတြ႕ရတတ္ၿပီး အသည္းမွာ Metabolism ျဖစ္စဥ္ကို ႀကီးမားစြာ ျဖစ္ေပၚေစႏိုင္တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ Fructose ဟာ လူေတြရဲ႕ ျပည့္၀တဲ့ ကိုယ္ခံစြမ္းအားကို ျဖစ္ေပၚေစတဲ့ Insulin ကဲ့သို႔ေသာ ေဟာ္မုန္း ဓါတ္ကို ေလ်ာ့နည္းေစႏိုင္တယ္လို႔ လည္း သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ကျွနု်ပ်တို့အားလုံး ရဲ့ စိတ်ထဲမှာ စွဲမြဲနေတာက တော့ ကျွနု်ပ်တို့ရဲ့ နေ့စဉ် အစားအသောက်ထဲမှာ သစ်သီးဝလံ နဲ့ ဟင်းသီးဟင်းရွက် တွေ မပါမဖြစ်ပါရမယ် ဆိုတာပါပဲ။

သစ်သီးဝလံတွေစားသုံးခြင်းအား ဖြင့် ကျန်းမာတဲ့ လူနေမှု ဘ၀ တစ်ခုကို ပိုင်ဆိုင်စေနိုင်သလိုပဲ ခန္ဓာကိုယ် အလေးချိန်လျော့ချဖို့ ကြိုးစားနေသူတွေအတွက် တော့ သစ်သီး ဝလံတွေ ဟာ  ပြောင်းလဲ စားသောက် စရာ အမူအကျင့် တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့်လည်း လေ့လာမှု တစ်ခုက ကျွန်ုပ်တို့အားလုံးကို သစ်သီးဝလံတွေမှာ ပါဝင်တဲ့ သကြားဓါတ် Fructose အကြောင်း ကို သတိပေးလိုက်ပါတယ်။

ကယ်လီဖိုးနီးယား တောင်ပိုင်း တက္ကသိုလ် က သိပ္ပံ ပညာရှင်တွေ ထုတ်ဖော် တင်ပြခဲ့တာကတော့ သစ်သီးဝလံတွေ မှာ ပါဝင်တဲ့ Fructose သကြားဓါတ် ၊ ပျားရည် နဲ့ Coke ကဲ့သို့သော အခြား ဂတ်စ် ပါဝင်တဲ့  ဖျော်ရည်တွေဟာ လူတွေကို ပိုပြီး ဗိုက်ဆာစေသလို အခြား အရသာ ရှိတဲ့ အစားအစာ တွေ ထပ်မံ စားစေချင် တဲ့ အာသီသ ကို ဖြစ်ပေါ်စေတယ်လို့ ဆိုထားပါတယ်။

သုတေသီ တွေ အဓိက လေ့လာခဲ့တာက လူတွေရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ် ဟာ Glucose နဲ့ Fructose ဆိုတဲ့ သကြား ဓါတ် ၂ မျိုး အပေါ် တုံ့ပြန်မှုတွေကို လေ့လာခဲ့ပါတယ်။

Glucose ကတော့ ပေါင်မုန့် အပါအဝင် ပတ်ဝန်းကျင်မှာ ရှိတတ်တဲ့ အခြား ကာဗွန်ဟိုက်ဒရိတ် တွေမှာ တွေ့ရတတ်ပြီး လူတွေရဲ့ ခန္ဓာကိုယ် နဲ့ ဦးနှောက် မှာ ရှိနေတဲ့ ဆဲလ်တွေကို ရှင်သန်စေနိုင်ပါတယ်။

Fructose ကတော့ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အများဆုံးတွေ့ရတတ်ပြီး အသည်းမှာ Metabolism ဖြစ်စဉ်ကို ကြီးမားစွာ ဖြစ်ပေါ်စေနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Fructose ဟာ လူတွေရဲ့ ပြည့်ဝတဲ့ ကိုယ်ခံစွမ်းအားကို ဖြစ်ပေါ်စေတဲ့ Insulin ကဲ့သို့သော ဟော်မုန်း ဓါတ်ကို လျော့နည်းစေနိုင်တယ်လို့ လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top