ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

တရားထိုင္တဲ့အခါ သမာဓိ ျမန္ျမန္တက္တဲ့နည္းေလး မသိေသးတဲ့သူေတြအတြက္ မ်ွေဝေပးခ်င္တယ္။ ဝင္ေလ ထြက္ေလကို ေသခ်ာေစာင့္ ဖမ္းေနရပါတယ္။ ကိုယ္ခႏၶာက ယားတယ္ဆိုလဲ ယားတဲ့ေပၚ ျဖစ္ပ်က္ မမွတ္ဘဲ။

အာရံုက ႏွာသီးဖ်ားေပၚမွာ ရွိေနေပးပါ။ သီခ်င္းသံၾကားလဲ နားစည္က အခံဓါတ္ အသံက အတိုက္ဓါတ္ေၾကာင့္ ၾကားတဲ့ အပြင့္ဓါတ္သေဘာမွ်ေလးျဖစ္ၿပီး ပ်က္သြားတယ္ ဆိုတာေတြ မမွတ္ပါနဲ႕။ အာရံုက ႏွာသီးဖ်ားေပၚမွာဘဲ ထားပါ။

ဥပမာ- သီခ်င္းသံေတြ ဘယ္ေလာက္ဆူညံပါေစ အာရံုက တစ္ျခားေနရာေရာက္ေနတဲ့ သူေတြအေနနဲ႕ ဘာစာသားေတြ ဆိုသြားတယ္ဆိုတာေတြ က်ယ္ေလာင္ေနတာဘဲဆိုတာေတြ မသိႏိုင္သလိုပါဘဲ။ တကယ္ တရားထိုင္တဲ့အခါမွာ လူေတာ္ေတာ္မ်ားမ်ားက ဘာကို ဘယ္လို ထိုင္ရမယ္ဆိုတာ မသိၾကပါဘူး။ နားလည္သူေတြကို ေမးျမန္းၾကတာေတြလဲ နည္းပါတယ္။ ၾကာၾကာထိုင္ေပမယ့္ သမာဓိမတက္။ ဒံုရင္းက ဒံုရင္းျဖစ္ေနၾကတာ။ မထိုင္တတ္ၾကလို႕ပါ။

ႏွာသီးဝမွာ ထားတယ္ဆိုရာမွာ စလံုးေရ စတဲ့ သူေတြအေနနဲ႕ ျပသနာ တစ္ရပ္က အေတြးေလးေတြ ဝင္လာတာပါဘဲ။ အေတြးေတြ မဝင္ရဘူးလို႕ ေျပာလို႕မရပါဘူး။ ဒါေပမယ့္ သတိကပ္လိုက္တဲ့အခါ အေတြးကို ဖ်က္လိုက္ပါ။ ငါ အေတြးဝင္သြားပါလားဆိုတဲ့အေတြးနဲ႕အၿပိဳင္ ငါတရားထိုင္ေနပါလားဆိုတာ သိပါ။ ၿပီးရင္ ႏွာသီးဖ်ားမွာ ဆက္ထားပါ။ အေတြးေပၚမွာ ျဖစ္ပ်က္ေလး ျဖစ္သြားပါလားဆိုတဲ့ ဟာေလး ႏွလံုးသြင္းႏိုင္ရင္ ပိုေကာင္းပါတယ္။

တရားျပတဲ့အဘတစ္ေယာက္ေျပာဘူးသလို လူေတြက ငါခု ဘာလုပ္ေနတယ္ဆိုတာ မသိၾကဘူး။ သတိကပ္ၿပီး သိခဲ့ရင္လဲ မေကာင္းမႈနဲ႕ မတရားမႈဆိုတာလဲေတာ္ေတာ္နည္းသြား မယ္ကြတဲ့။ ေဒါသထြက္ေနခ်ိန္ ဒါမွမဟုတ္ ထြက္ျပီးခ်ိန္မွာ ငါေဒါသထြက္ေနပါလား ပူေလာင္လိုက္တာ ငါေဒါသထြက္လိုက္ပါလား အက်ိဳးမရွိလိုက္တာ မွားသြားတယ္ဆိုတဲ့ ခံစားခ်က္မ်ိဳးကို သိတဲ့အသိပါ။ လူေတြက ေဒါသထြက္ၿပီးလဲ ငါဘာျဖစ္ခဲ့တယ္ဆိုတဲ့ အသိမရွိ။ ထြက္တုန္းလဲ အသိဆိုတဲ့ သတိမရွိမွေတာ့ မဂၢင္လမ္းနဲ႕ အေဝးႀကီးပါတဲ့။ ထားပါေတာ့။ ဆက္ေျပာမယ္- တရားနိမိတ္ေတြ ေပၚလာရင္လဲ ထူးဆန္းအံ့ၾသမႈေတြ ထဲမွာ ေမ်ာပါမသြားဘဲ။

ငါ တရားထိုင္ေနတယ္ဆိုတဲ့ အေတြးေလးနဲ႕ ျဖတ္ပစ္ရပါမယ္။ ဒီေနရာမွာ သမထနဲ႕ ဝိပႆနာခြဲဖို႕ လိုပါလိမ့္မယ္။ သမာဓိ ထူေထာင္တဲ့အထိက သမထနည္းနဲ႕တူတူပါဘဲ။ သမာဓိ အားေကာင္းလာၿပီဆို အာရံုထူူး နိမိတ္ထူး ခံစားခ်က္ထူး ပုဂိၢိဳလ္ထူးေတြနဲ႕ ေတြ႕လာတဲ့အခါမွာ သမထက အဲ့အာရံုေတြေပၚမွ ႏွစ္သက္ ေျမာပါသြားပါတယ္။ ရလာတဲ့ စ်ာန္ေသးေသးေလးအေပၚမွာ ႏွစ္သက္ျမတ္ႏိုးတာက သမထပါ။ ဝိပႆနာက ဘာအာရံုေတြဘဲလာလာ အပ်က္ဆိုတဲ့ ဘက္ကို ေရွ႕ရႈရမွာပါ။ ေပ်ာ္ဝင္မသြားရပါဘူး။

အနတၱမွာ လမ္းဆံုးမွ ဝိပႆနာပါ။ ဒီနည္းေလးက တန္ဖိုးသိတဲ့သူေတြအတြက္ အရမ္းအသံုးဝင္ပါလိမ့္မယ္။ ဒီနည္းလမ္းေလးကို ေရွးက်မ္းစာ တစ္အုပ္ထဲမွာ ဖတ္ရတာပါ ျဖတ္လမ္းနည္းေလးပါ။ တျခားထိုင္နည္းေတြလဲ မွန္ပါတယ္။ ဒါေပမယ့္ ျဖတ္လမ္းနည္းကို သေဘာက်သူေတြတြက္ပါ။ တကယ္လဲ ထိေရာက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: AraKanPhoneKhaung

# Unicode Version #
တရားထိုင်တဲ့အခါ သမာဓိ မြန်မြန်တက်တဲ့နည်းလေး မသိသေးတဲ့သူတွေအတွက် မျှဝေပေးချင်တယ်။ ဝင်လေ ထွက်လေကို သေချာစောင့် ဖမ်းနေရပါတယ်။ ကိုယ်ခန္ဓာက ယားတယ်ဆိုလဲ ယားတဲ့ပေါ် ဖြစ်ပျက် မမှတ်ဘဲ။

အာရုံက နှာသီးဖျားပေါ်မှာ ရှိနေပေးပါ။ သီချင်းသံကြားလဲ နားစည်က အခံဓါတ် အသံက အတိုက်ဓါတ်ကြောင့် ကြားတဲ့ အပွင့်ဓါတ်သဘောမျှလေးဖြစ်ပြီး ပျက်သွားတယ် ဆိုတာတွေ မမှတ်ပါနဲ့။ အာရုံက နှာသီးဖျားပေါ်မှာဘဲ ထားပါ။

ဥပမာ- သီချင်းသံတွေ ဘယ်လောက်ဆူညံပါစေ အာရုံက တစ်ခြားနေရာရောက်နေတဲ့ သူတွေအနေနဲ့ ဘာစာသားတွေ ဆိုသွားတယ်ဆိုတာတွေ ကျယ်လောင်နေတာဘဲဆိုတာတွေ မသိနိုင်သလိုပါဘဲ။ တကယ် တရားထိုင်တဲ့အခါမှာ လူတော်တော်များများက ဘာကို ဘယ်လို ထိုင်ရမယ်ဆိုတာ မသိကြပါဘူး။ နားလည်သူတွေကို မေးမြန်းကြတာတွေလဲ နည်းပါတယ်။ ကြာကြာထိုင်ပေမယ့် သမာဓိမတက်။ ဒုံရင်းက ဒုံရင်းဖြစ်နေကြတာ။ မထိုင်တတ်ကြလို့ပါ။

နှာသီးဝမှာ ထားတယ်ဆိုရာမှာ စလုံးရေ စတဲ့ သူတွေအနေနဲ့ ပြသနာ တစ်ရပ်က အတွေးလေးတွေ ဝင်လာတာပါဘဲ။ အတွေးတွေ မဝင်ရဘူးလို့ ပြောလို့မရပါဘူး။ ဒါပေမယ့် သတိကပ်လိုက်တဲ့အခါ အတွေးကို ဖျက်လိုက်ပါ။ ငါ အတွေးဝင်သွားပါလားဆိုတဲ့အတွေးနဲ့အပြိုင် ငါတရားထိုင်နေပါလားဆိုတာ သိပါ။ ပြီးရင် နှာသီးဖျားမှာ ဆက်ထားပါ။ အတွေးပေါ်မှာ ဖြစ်ပျက်လေး ဖြစ်သွားပါလားဆိုတဲ့ ဟာလေး နှလုံးသွင်းနိုင်ရင် ပိုကောင်းပါတယ်။

တရားပြတဲ့အဘတစ်ယောက်ပြောဘူးသလို လူတွေက ငါခု ဘာလုပ်နေတယ်ဆိုတာ မသိကြဘူး။ သတိကပ်ပြီး သိခဲ့ရင်လဲ မကောင်းမှုနဲ့ မတရားမှုဆိုတာလဲတော်တော်နည်းသွား မယ်ကွတဲ့။ ဒေါသထွက်နေချိန် ဒါမှမဟုတ် ထွက်ပြီးချိန်မှာ ငါဒေါသထွက်နေပါလား ပူလောင်လိုက်တာ ငါဒေါသထွက်လိုက်ပါလား အကျိုးမရှိလိုက်တာ မှားသွားတယ်ဆိုတဲ့ ခံစားချက်မျိုးကို သိတဲ့အသိပါ။ လူတွေက ဒေါသထွက်ပြီးလဲ ငါဘာဖြစ်ခဲ့တယ်ဆိုတဲ့ အသိမရှိ။ ထွက်တုန်းလဲ အသိဆိုတဲ့ သတိမရှိမှတော့ မဂ္ဂင်လမ်းနဲ့ အဝေးကြီးပါတဲ့။ ထားပါတော့။ ဆက်ပြောမယ်- တရားနိမိတ်တွေ ပေါ်လာရင်လဲ ထူးဆန်းအံ့သြမှုတွေ ထဲမှာ မျောပါမသွားဘဲ။

ငါ တရားထိုင်နေတယ်ဆိုတဲ့ အတွေးလေးနဲ့ ဖြတ်ပစ်ရပါမယ်။ ဒီနေရာမှာ သမထနဲ့ ဝိပဿနာခွဲဖို့ လိုပါလိမ့်မယ်။ သမာဓိ ထူထောင်တဲ့အထိက သမထနည်းနဲ့တူတူပါဘဲ။ သမာဓိ အားကောင်းလာပြီဆို အာရုံထူူး နိမိတ်ထူး ခံစားချက်ထူး ပုဂ္ဂိိုလ်ထူးတွေနဲ့ တွေ့လာတဲ့အခါမှာ သမထက အဲ့အာရုံတွေပေါ်မှ နှစ်သက် မြောပါသွားပါတယ်။ ရလာတဲ့ ဈာန်သေးသေးလေးအပေါ်မှာ နှစ်သက်မြတ်နိုးတာက သမထပါ။ ဝိပဿနာက ဘာအာရုံတွေဘဲလာလာ အပျက်ဆိုတဲ့ ဘက်ကို ရှေ့ရှုရမှာပါ။ ပျော်ဝင်မသွားရပါဘူး။

အနတ္တမှာ လမ်းဆုံးမှ ဝိပဿနာပါ။ ဒီနည်းလေးက တန်ဖိုးသိတဲ့သူတွေအတွက် အရမ်းအသုံးဝင်ပါလိမ့်မယ်။ ဒီနည်းလမ်းလေးကို ရှေးကျမ်းစာ တစ်အုပ်ထဲမှာ ဖတ်ရတာပါ ဖြတ်လမ်းနည်းလေးပါ။ တခြားထိုင်နည်းတွေလဲ မှန်ပါတယ်။ ဒါပေမယ့် ဖြတ်လမ်းနည်းကို သဘောကျသူတွေတွက်ပါ။ တကယ်လဲ ထိရောက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: AraKanPhoneKhaung

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top