ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ရွမ္းျပည္နယ္လႊတ္ေတာ္ရံုးမွ အငယ္တန္းစာေရးက အႀကီးတန္းစာေရးကို ေတာင္ႀကီးၿမိဳ ႔၊ ေရႊဘုန္းပြင့္ဘုရား အတက္လမ္း ေဆးတကၠသိုလ္အနီးတြင္ ဓားျဖင့္ထိုးသတ္မႈျဖစ္ပြားခဲ့ၿပီး တရားခံကို ရဲတပ္ဖဲြ႕၀င္မ်ားမွ ေဖာ္ထုတ္ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ ႔၊ ေရႊဘုန္းပြင့္ဘုရားအတက္လမ္း၊ ယာဘက္လမ္းၾကားတြင္ လူေသအေလာင္း ေတြ႔ရွိေၾကာင္း ေတာင္ႀကီးေဆးတကၠသိုလ္မွ ဝန္ထမ္းတစ္ဦးက ေတာင္ႀကီးၿမဳိ႕မရဲစခန္းသို႔ ဖုန္းျဖင့္ဆက္သြယ္ သတင္းေပးခ်က္အရ ရဲတပ္ဖဲြ႕၀င္မ်ားႏွင့္ တာဝန္ရွိသူမ်ားက ေအာက္တိုဘာလ ၁၂ ရက္၊ ညပိုင္းက သြားေရာက္ၾကည့္ရွဳစစ္ေဆးရာ Honda Dream ဆိုင္ကယ္ရပ္ထားၿပီး ဆိုင္ကယ္ေရွ ႔တြင္ အမ်ိဳးသားတစ္ဦး ေမွာက္လ်က္အေနအထားျဖင့္ ယာပါးထိုးသြင္းဒဏ္ရာ ၁ ခ်က္၊ ယာနားထင္ထိုးသြင္းဒဏ္ရာ ၁ ခ်က္၊ ေနာက္ေက်ာထိုးသြင္းဒဏ္ရာ ၆ ခ်က္ျဖင့္ ေသဆံုးေနသည္ကို ေတြ႔ရွိခဲ႔ေၾကာင္း သိရသည္။

အဆိုပါ ရုပ္အေလာင္းအား တာ၀န္ရွိသူမ်ားမွ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ရာ ေသဆံုးသူမွာ ေတာင္ႀကီးနယ္ေျမ ရဲစခန္း၌ ေအာက္တိုဘာလ ၁၁ ရက္က လူေပ်ာက္မႈျဖင့္ အမႈဖြင့္လွစ္ထားသည့္ ရွမ္းျပည္နယ္လႊတ္ေတာ္ရံုးမွ အႀကီးတန္းစာေရးျဖစ္သူ ကိုစိုးမင္းေအာင္ျဖစ္ေၾကာင္း အတည္ျပဳႏိုင္ခဲ့ၿပီး တရားခံအား ဖမ္းဆီးရမိေရးအတြက္ ေတာင္ႀကီးၿမဳိ႕မရဲစခန္းႏွင့္ နယ္ေျမရဲစခန္းမွ တပ္ဖဲြ႕၀င္မ်ားက စံုစမ္းမႈမ်ား ျပဳလုပ္ရာ ရွမ္းျပည္နယ္လႊတ္ေတာ္ရံုးမွ အငယ္တန္းစာေရး ညီညီထြန္းကို ေသဆံုးသူႏွင့္ အတူေတြ႕ရွိခဲ့သည့္ အေျခအေနမ်ားအရ စစ္ေမးမႈမ်ား ျပဳလုပ္စဥ္ အေၾကြးေငြက်ပ္ ၁၄ သိန္း ေပးဆပ္ရန္ရွိသျဖင့္ ညီညီထြန္းမွ ေသဆံုးသူကို ဓါးျဖင့္ ထိုးသတ္ခဲ့ျခင္းျဖစ္သည္ဟု ၀န္ခံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လူသတ္မႈ က်ဴးလြန္သူ ညီညီထြန္းအား ေတာင္ႀကီးၿမဳိ႕မရဲစခန္းမွ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ အရ အမႈဖြင့္လွစ္အေရးယူထားေၾကာင္း သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
ရှမ်းပြည်နယ်လွှတ်တော်ရုံးမှ အငယ်တန်းစာရေးက အကြီးတန်းစာရေးကို တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်ဘုရား အတက်လမ်း ဆေးတက္ကသိုလ်အနီးတွင် ဓားဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ပြီး တရားခံကို ရဲတပ်ဖွဲ့ဝင်များမှ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်ဘုရားအတက်လမ်း၊ ယာဘက်လမ်းကြားတွင် လူသေအလောင်း တွေ့ရှိကြောင်း တောင်ကြီးဆေးတက္ကသိုလ်မှ ဝန်ထမ်းတစ်ဦးက တောင်ကြီးမြို့မရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ် သတင်းပေးချက်အရ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အောက်တိုဘာလ ၁၂ ရက်၊ ညပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးရာ Honda Dream ဆိုင်ကယ်ရပ်ထားပြီး ဆိုင်ကယ်ရှေ့တွင် အမျိုးသားတစ်ဦး မှောက်လျက်အနေအထားဖြင့် ယာပါးထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာနားထင်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ နောက်ကျောထိုးသွင်းဒဏ်ရာ ၆ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရုပ်အလောင်းအား တာဝန်ရှိသူများမှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ သေဆုံးသူမှာ တောင်ကြီးနယ်မြေ ရဲစခန်း၌ အောက်တိုဘာလ ၁၁ ရက်က လူပျောက်မှုဖြင့် အမှုဖွင့်လှစ်ထားသည့် ရှမ်းပြည်နယ်လွှတ်တော်ရုံးမှ အကြီးတန်းစာရေးဖြစ်သူ ကိုစိုးမင်းအောင်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး တရားခံအား ဖမ်းဆီးရမိရေးအတွက် တောင်ကြီးမြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက စုံစမ်းမှုများ ပြုလုပ်ရာ ရှမ်းပြည်နယ်လွှတ်တော်ရုံးမှ အငယ်တန်းစာရေး ညီညီထွန်းကို သေဆုံးသူနှင့် အတူတွေ့ရှိခဲ့သည့် အခြေအနေများအရ စစ်မေးမှုများ ပြုလုပ်စဉ် အကြွေးငွေကျပ် ၁၄ သိန်း ပေးဆပ်ရန်ရှိသဖြင့် ညီညီထွန်းမှ သေဆုံးသူကို ဓါးဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူသတ်မှု ကျူးလွန်သူ ညီညီထွန်းအား တောင်ကြီးမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်လှစ်အရေးယူထားကြောင်း သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top