Golden City Promotion
×

မိခင္ဝမ္းဗုိက္ထဲ႐ွိေနတဲ့ သေႏၶသားတစ္ဦးဟာ လမ္းေၾကာင္းမွားေရာက္လာတဲ့က်ည္ဆန္(Stray bullet) ထိမွန္ခဲ့ေပမယ့္ အသက္ေဘးက လြတ္ေျမာက္ခဲ့ပါတယ္။ ကုိယ္ဝန္ ၉ လ႐ွိေနတဲ့ ဆန္းတုိ႔စ္မီလုိဟာ ဘရာဇီးႏုိင္ငံ ရီယုိဒီဂ်ေန႐ုိးၿမိဳ႕မွာ လမ္းေလ်ွာက္ေနတုန္း ေသနတ္ပစ္ခတ္မႈနဲ႔ ၾကဳံခဲ့ၿပီး သူ႔တင္ပါးကုိ က်ည္ဆန္ ထိမွန္ခဲ့ပါတယ္။ အဲဒီက်ည္ဆန္က သေႏၶသားကုိပါ ထိခုိက္ေစခဲ့ၿပီး သေႏၶသားဟာေက်ာ႐ုိးဒဏ္ရာ အပါအဝင္ ဒဏ္ရာ အမ်ားအျပား ရခဲ့ပါတယ္။

အဲဒီေနာက္မွာ ဆန္းတုိ႔စ္မီလုိကုိ အေရးေပၚခြဲစိတ္ၿပီး ကေလးငယ္ အာသာကုိ ေမြးဖြားခဲ့ပါတယ္။ ကေလးငယ္ အာသာဟာ အသက္ေဘးက လြတ္ေျမာက္ခဲ့ေပမယ့္ ေက်ာ႐ုိးဒဏ္ရာေၾကာင့္ ခႏၶာကုိယ္ ေအာက္ပုိင္း အေၾကာေသခဲ့ပါတယ္။ အာသာရဲ႕ မိဘႏွစ္ဦးနဲ႔ ေဆြမ်ဳိးေတြကေတာ့ အာသာ က်န္းမာေရး ျပန္ေကာင္းလာၿပီး လမ္းျပန္ေလွ်ာက္ႏုိင္ဖုိ႔ ေမ်ွာ္လင့္ေနၾကပါတယ္။

ဘရာဇီးႏုိင္ငံ ရီယုိဒီဂ်ေနး႐ုိးၿမိဳ႕မွာ ၂၀၁၇ ခုႏွစ္အစကေန ေမလအလယ္ပုိင္းအထိ လမ္းေၾကာင္းမွားေရာက္လာတဲ့ က်ည္ဆန္ထိမွန္ခဲ့သူ ၆၆ ဦး႐ွိၿပီး က်ည္ဆန္ထိမွန္ခဲ့သူေတြအနက္ သုံးပုံ တစ္ပုံေက်ာ္ ေသဆုံးခဲ့တယ္လုိ႔ ဘရာဇီးသတင္းစာ တစ္ေစာင္က ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: yoyarlay

#Unicode Version#
မိခင်ဝမ်းဗိုက်ထဲရှိနေတဲ့ သန္ဓေသားတစ်ဦးဟာ လမ်းကြောင်းမှားရောက်လာတဲ့ကျည်ဆန်(Stray bullet) ထိမှန်ခဲ့ပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ ကိုယ်ဝန် ၉ လရှိနေတဲ့ ဆန်းတို့စ်မီလိုဟာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ လမ်းလျှောက်နေတုန်း သေနတ်ပစ်ခတ်မှုနဲ့ ကြုံခဲ့ပြီး သူ့တင်ပါးကို ကျည်ဆန် ထိမှန်ခဲ့ပါတယ်။ အဲဒီကျည်ဆန်က သန္ဓေသားကိုပါ ထိခိုက်စေခဲ့ပြီး သန္ဓေသားဟာကျောရိုးဒဏ်ရာ အပါအဝင် ဒဏ်ရာ အများအပြား ရခဲ့ပါတယ်။

အဲဒီနောက်မှာ ဆန်းတို့စ်မီလိုကို အရေးပေါ်ခွဲစိတ်ပြီး ကလေးငယ် အာသာကို မွေးဖွားခဲ့ပါတယ်။ ကလေးငယ် အာသာဟာ အသက်ဘေးက လွတ်မြောက်ခဲ့ပေမယ့် ကျောရိုးဒဏ်ရာကြောင့် ခန္ဓာကိုယ် အောက်ပိုင်း အကြောသေခဲ့ပါတယ်။ အာသာရဲ့ မိဘနှစ်ဦးနဲ့ ဆွေမျိုးတွေကတော့ အာသာ ကျန်းမာရေး ပြန်ကောင်းလာပြီး လမ်းပြန်လျှောက်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှာ ၂၀၁၇ ခုနှစ်အစကနေ မေလအလယ်ပိုင်းအထိ လမ်းကြောင်းမှားရောက်လာတဲ့ ကျည်ဆန်ထိမှန်ခဲ့သူ ၆၆ ဦးရှိပြီး ကျည်ဆန်ထိမှန်ခဲ့သူတွေအနက် သုံးပုံ တစ်ပုံကျော် သေဆုံးခဲ့တယ်လို့ ဘရာဇီးသတင်းစာ တစ်စောင်က ဖော်ပြထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: yoyarlay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top