ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

တနသၤာရီတုိင္းေဒသႀကီး ထားဝယ္ၿမိဳ႕ ၾကက္စား ျပင္ရပ္ကြက္ ကမ္းနားလမ္းရွိ ဝါးလတ္ေလွမ်ားဆုိက္ ကပ္ထားသည့္ ေရႊဧကရီတံတားအနီးတြင္ ေအာက္တုိဘာလ ၈ရက္န ့ နံနက္ ၁၁နာရီခြဲ၌ လူတစ္ဦး ေရထဲျပဳတ္က်ေပ်ာက္ဆုံး ေနေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔နံနက္ ၁၁ နာရီခြဲ၌ အမ်ဳိးသား ေလွလုပ္သားေအာင္သူေဇာ္(၁၉ႏွစ္)သည္ ေရႊဧကရီ တံတားအေပၚမွေန၍ ေရခဲပုံးမ်ားတင္ေဆာင္ထားသည့္ ငါးဖမ္းစက္္ေလွေပၚသုိ႔ခုန္ခ်ရာ ငါးဖမ္းစက္ေလွဝမ္း ဗုိက္အတြင္းရွိ ငါးဖမ္းပုိက္မ်ားအားလုံးအုပ္ထားေသာ မုိးကာတာလပက္ေပၚသုိ႔ခုန္ရာ ေျခေခ်ာ္ၿပီး ဆိပ္ခံ တံတားႏွင့္စက္ေလွအၾကား ျမစ္ထဲသုိ႔ ေနာက္ျပန္လွန္ က်ကာေပ်ာက္ဆုံးလ်က္ရွိေၾကာင္း သိရသည္။

အဆုိပါျမစ္ထဲတြင္ ဆိပ္ကမ္းတစ္ေလွ်ာက္ဇမၺဴ သီရိအေရးေပၚ လူနာကယ္ဆယ္ေရးအဖဲြ႕၊ စက္ေလွ အလုပ္သမားမ်ား၊ ငါးဖမ္းေလွမ်ားမွ ကူညီရွာေဖြေပး လ်က္ရွိၿပီး ျဖစ္စဥ္ႏွင့္ပတ္သက္၍ ျမင္ေတြ႕ရွိသူမ်ားအား ထားဝယ္ၿမိဳ႕မရဲစခန္းသုိ႔ ေခၚယူစစ္ေဆးလ်က္ရွိ၍ ေရ နစ္ေပ်ာက္ဆုံးသူအားေတြ႕ရွိပါက ဆက္လက္အမႈဖြင့္ စစ္ေဆးေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကြက်စား ပြင်ရပ်ကွက် ကမ်းနားလမ်းရှိ ဝါးလတ်လှေများဆိုက် ကပ်ထားသည့် ရွှေဧကရီတံတားအနီးတွင် အောက်တိုဘာလ ၈ရက်န့ နံနက် ၁၁နာရီခွဲ၌ လူတစ်ဦး ရေထဲပြုတ်ကျပျောက်ဆုံး နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့နံနက် ၁၁ နာရီခွဲ၌ အမျိုးသား လှေလုပ်သားအောင်သူဇော်(၁၉နှစ်)သည် ရွှေဧကရီ တံတားအပေါ်မှနေ၍ ရေခဲပုံးများတင်ဆောင်ထားသည့် ငါးဖမ်းစက်လှေပေါ်သို့ခုန်ချရာ ငါးဖမ်းစက်လှေဝမ်း ဗိုက်အတွင်းရှိ ငါးဖမ်းပိုက်များအားလုံးအုပ်ထားသော မိုးကာတာလပက်ပေါ်သို့ခုန်ရာ ခြေချော်ပြီး ဆိပ်ခံ တံတားနှင့်စက်လှေအကြား မြစ်ထဲသို့ နောက်ပြန်လှန် ကျကာပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

အဆိုပါမြစ်ထဲတွင် ဆိပ်ကမ်းတစ်လျှောက်ဇမ္ဗူ သီရိအရေးပေါ် လူနာကယ်ဆယ်ရေးအဖွဲ့၊ စက်လှေ အလုပ်သမားများ၊ ငါးဖမ်းလှေများမှ ကူညီရှာဖွေပေး လျက်ရှိပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ မြင်တွေ့ရှိသူများအား ထားဝယ်မြို့မရဲစခန်းသို့ ခေါ်ယူစစ်ဆေးလျက်ရှိ၍ ရေ နစ်ပျောက်ဆုံးသူအားတွေ့ရှိပါက ဆက်လက်အမှုဖွင့် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top