မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×








# Unicode Version #
တေးသံရှင်မနောကတော့ ကထိန်အမီ သီချင်းသစ်တစ်ပုဒ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ သူ့ရဲ့ ထုံးစံအတိုင်း ဖေ့စ်ဘွက်စာမျက်နှာပေါ်မှာ တင်ပေးလိုက်တာဖြစ်ပါတယ်။

သီချင်းအသစ်ရဲ့ နာမည်ကိုတော့ မပြန်ချင်ဘူး လို့ ပေးထားပါတယ်။ မနောနဲ့ ရေကြည်ချမ်းမြတို့ တွဲဖက်သီဆိုထားတဲ့ စုံတွဲသီချင်းလေး ဖြစ်ပါတယ်။ တေးရေးကတော့ သဟာအောင် ဖြစ်သည်။

MTV အနေနဲ့ ထွက်ရှိလိုက်တာဖြစ်ပြီး သီဆိုထားသူ ရေကြည်ချမ်းမြနှင့် သူရထက်နိုင်တို့က ပါဝင်သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာကတော့ ရွှေလက်အောင်မောင်း ဖြစ်သည်။

ခပ်မြိုင်မြိုင် အချစ်သီချင်းလေးပဲဖြစ်ပြီးတော့ ခပ်လန်းလန်းလေးလည်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်ချောလေး ရေကြည်ချမ်းမြကလည်း အိုက်တင်ကောင်းသည်။ သို့သော်လည်း ပရိတ်သတ်အချို့ကတော့ တချို့အခန်းတွေကို ဝေဖန်နေကြပါတယ်။

မပြန်ချင်သေးပါ ဆိုတဲ့နေရာမှာ ဟိုတယ်အခန်းကို မပြသင့်ကြောင်း၊ ပုဂံ ရိုက်ကွင်းနှင့် မင်းသမီးရဲ့ ဖက်ရှင်က မလိုက်ဖက်ကြောင်း၊ အနမ်းပေးတဲ့အခန်းတွေက နယ်အကြိုက် မနောပရိတ်သတ်တွေအတွက် မဖြစ်သင့်ကြောင်းများ ဝေဖန်ကြသည်။

မနှစ်ကတော့ မနောရဲ့ ဗိုလ်အောင်ဒင်သီချင်းဟာ ကထိန်ရာသီတွင် တစ်နိုင်ငံလုံး ပွတ်လောရိုက်အောင် ပေါက်ခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Myanmarnewsociety
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top