Golden City Promotion
×

တစ္ႏွစ္လွ်င္ တစ္ကိုယ္ ေတာ္ပြဲတစ္ပြဲ က်င္းပေလ့ရွိသည့္ မာရဇၨက ယခုႏွစ္ ေဖ်ာ္ေျဖပြဲကို ေအာက္တုိဘာ ၂၀ ရက္တြင္ က်ေရာက္မည့္ ၎၏ အသက္ (၅၀)ျပည့္ေမြးေန႔တြင္ ျပဳလုပ္မည္ ျဖစ္သည္။

‘‘ဒီႏွစ္ေတာ့ ထူးထူးျခားျခား ေအာက္တိုဘာ ၂၀ ရက္ ကြၽန္ ေတာ့္ရဲ႕ အသက္ (၅၀)ျပည့္မွာ ေမြးလ၊ ေမြးရက္ တိုက္ဆုိင္ေန တာျဖစ္တယ္။ ေနာက္ၿပီး ကြၽန္ ေတာ့္ရဲ႕ ဂီတသက္တမ္း ၂၅ ႏွစ္ ျပည့္နဲ႔လည္း တိုက္ဆိုင္ေနတဲ့အ တြက္ ဒီပြဲေလးကို အဲဒီေန႔မွာ သတ္မွတ္ၿပီး က်င္းပတာျဖစ္ပါတယ္’’ ဟု မာရဇၨက ေျပာသည္။

အဆိုပါ ေဖ်ာ္ေျဖပြဲကို က်င္းပေနက် အမ်ိဳးသားကဇာတ္ ႐ံုတြင္ ျပဳလုပ္မည္မဟုတ္ဘဲ ကန္ ေတာ္ႀကီးေမွ်ာ္စင္ကြၽန္း၌ ျပဳလုပ္ မည္ျဖစ္ေသာေၾကာင့္ ပရိသတ္ မ်ားအေနျဖင့္ ခံစားမႈအသစ္ရရွိ မည္ဟု ယံုၾကည္ေၾကာင္း ၎က ဆုိသည္။

‘‘ကိုယ္ပိုင္ဆိုထားတဲ့ သီခ်င္းေတြပဲ ေရြးထားတယ္။ ျပန္ဆုိ ေတးေတြမပါဘူး။ ေကာ္ပီေတြ မပါဘူး။ ကိုယ္ေရးထားတဲ့ သီခ်င္းမ်ားတယ္။ ေပါက္ထားၿပီးသား သီခ်င္းေတြပါမယ္။ ပရိသတ္ရင္ ထဲမွာရွိၿပီးသား သီခ်င္းေတြပါ မယ္။ ကိုယ္ဆိုျပခ်င္တဲ့ သီခ်င္း ေတြလည္းပါမယ္’’ဟု ေဖ်ာ္ေျဖ တင္ဆက္မႈအစီအစဥ္ႏွင့္ပတ္ သက္၍ ေျပာသည္။

၎ေရးစပ္ထားသည့္ သီခ်င္းအသစ္ ေဖ်ာ္ေျဖရန္စဥ္း စားခဲ့ေသာ္လည္း ျပင္ဆင္ခ်ိန္ နည္းခဲ့ေသာေၾကာင့္ သီဆိုျဖစ္ ေတာ့မည္မဟုတ္ေၾကာင္း ၎က ဆုိသည္။

တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲ ဆုိသည့္အတုိင္း ဧည့္သည္အဆုိ ရွင္မ်ား ပါဝင္သီဆိုမည္မဟုတ္ဘဲ ၎၏ ကိုယ္ပိုင္ Band ျဖစ္သည့္ Break Through တီးဝိုင္းႏွင့္ သီခ်င္းအပုဒ္ ၃၀ သီဆိုေပးမည္ ဟု မာရဇၨက ေျပာသည္။

ေဖ်ာ္ေျဖပြဲလက္မွတ္မ်ားကို က်ပ္တစ္ေသာင္းျဖင့္ ေရာင္းခ် မည္ျဖစ္ၿပီး လက္မွတ္တစ္ေစာင္ လွ်င္ မာရဇၨ၏ အခ်ိန္အခါ ဒီဗီဒီအေခြတစ္ေခြ လက္ေဆာင္ေပး မည္ျဖစ္သည္။

‘‘မႏၲေလး႐ိႈးကို ျပန္ၿပီးအ ေႂကြးဆပ္ခ်င္တယ္။ မႏၲေလးပရိ သတ္ေတြကလည္း ေတာ္ေတာ္ ေတာင္းဆိုတယ္။ သူတို႔လည္း မေက်နပ္ဘူး။ ကြၽန္ေတာ္လည္း မေက်နပ္ဘူး။ ရန္သူမ်ိဳးငါးပါး ေၾကာင့္ ပ်က္သြားတယ္လုိ႔ပဲေျပာ ပါရေစ။ ဘာပဲျဖစ္ျဖစ္ ဒီႏွစ္မကုန္ ခင္ ဒီအေႂကြးကို ျပန္ဆပ္မယ္’’ ဟု ၿပီးခဲ့သည့္ႏွစ္က တစ္ကိုယ္ ေတာ္ပြဲျပဳလုပ္ရန္     စီစဥ္ေသာ္ လည္း ပ်က္သြားခဲ့သည့္ မႏၲေလး ၿမိဳ႕တြင္ ျပဳလုပ္မည့္ ေဖ်ာ္ေျဖပြဲႏွင့္ ပတ္သက္၍ ေျပာသည္။

ယခုႏွစ္ ေမြးေန႔ေဖ်ာ္ေျဖပြဲ သည္ မာရဇၨ၏ ေလးႀကိမ္ေျမာက္ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲျဖစ္ၿပီး ႏွစ္စဥ္ တစ္ႏွစ္လွ်င္ တစ္ကိုယ္ ေတာ္ပြဲတစ္ပြဲက်င္းပရန္ အစီအ စဥ္ရွိေၾကာင္း ၎က ဆုိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#

တစ်နှစ်လျှင် တစ်ကိုယ် တော်ပွဲတစ်ပွဲ ကျင်းပလေ့ရှိသည့် မာရဇ္ဇက ယခုနှစ် ဖျော်ဖြေပွဲကို အောက်တိုဘာ ၂၀ ရက်တွင် ကျရောက်မည့် ၎င်း၏ အသက် (၅၀)ပြည့်မွေးနေ့တွင် ပြုလုပ်မည် ဖြစ်သည်။

‘‘ဒီနှစ်တော့ ထူးထူးခြားခြား အောက်တိုဘာ ၂၀ ရက် ကျွန် တော့်ရဲ့ အသက် (၅၀)ပြည့်မှာ မွေးလ၊ မွေးရက် တိုက်ဆိုင်နေ တာဖြစ်တယ်။ နောက်ပြီး ကျွန် တော့်ရဲ့ ဂီတသက်တမ်း ၂၅ နှစ် ပြည့်နဲ့လည်း တိုက်ဆိုင်နေတဲ့အ တွက် ဒီပွဲလေးကို အဲဒီနေ့မှာ သတ်မှတ်ပြီး ကျင်းပတာဖြစ်ပါတယ်’’ ဟု မာရဇ္ဇက ပြောသည်။

အဆိုပါ ဖျော်ဖြေပွဲကို ကျင်းပနေကျ အမျိုးသားကဇာတ် ရုံတွင် ပြုလုပ်မည်မဟုတ်ဘဲ ကန် တော်ကြီးမျှော်စင်ကျွန်း၌ ပြုလုပ် မည်ဖြစ်သောကြောင့် ပရိသတ် များအနေဖြင့် ခံစားမှုအသစ်ရရှိ မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။

‘‘ကိုယ်ပိုင်ဆိုထားတဲ့ သီချင်းတွေပဲ ရွေးထားတယ်။ ပြန်ဆို တေးတွေမပါဘူး။ ကော်ပီတွေ မပါဘူး။ ကိုယ်ရေးထားတဲ့ သီချင်းများတယ်။ ပေါက်ထားပြီးသား သီချင်းတွေပါမယ်။ ပရိသတ်ရင် ထဲမှာရှိပြီးသား သီချင်းတွေပါ မယ်။ ကိုယ်ဆိုပြချင်တဲ့ သီချင်း တွေလည်းပါမယ်’’ဟု ဖျော်ဖြေ တင်ဆက်မှုအစီအစဉ်နှင့်ပတ် သက်၍ ပြောသည်။

၎င်းရေးစပ်ထားသည့် သီချင်းအသစ် ဖျော်ဖြေရန်စဉ်း စားခဲ့သော်လည်း ပြင်ဆင်ချိန် နည်းခဲ့သောကြောင့် သီဆိုဖြစ် တော့မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

တစ်ကိုယ်တော်ဖျော်ဖြေပွဲ ဆိုသည့်အတိုင်း ဧည့်သည်အဆို ရှင်များ ပါဝင်သီဆိုမည်မဟုတ်ဘဲ ၎င်း၏ ကိုယ်ပိုင် Band ဖြစ်သည့် Break Through တီးဝိုင်းနှင့် သီချင်းအပုဒ် ၃၀ သီဆိုပေးမည် ဟု မာရဇ္ဇက ပြောသည်။

ဖျော်ဖြေပွဲလက်မှတ်များကို ကျပ်တစ်သောင်းဖြင့် ရောင်းချ မည်ဖြစ်ပြီး လက်မှတ်တစ်စောင် လျှင် မာရဇ္ဇ၏ အချိန်အခါ ဒီဗီဒီအခွေတစ်ခွေ လက်ဆောင်ပေး မည်ဖြစ်သည်။

‘‘မန္တလေးရှိုးကို ပြန်ပြီးအ ကြွေးဆပ်ချင်တယ်။ မန္တလေးပရိ သတ်တွေကလည်း တော်တော် တောင်းဆိုတယ်။ သူတို့လည်း မကျေနပ်ဘူး။ ကျွန်တော်လည်း မကျေနပ်ဘူး။ ရန်သူမျိုးငါးပါး ကြောင့် ပျက်သွားတယ်လို့ပဲပြော ပါရစေ။ ဘာပဲဖြစ်ဖြစ် ဒီနှစ်မကုန် ခင် ဒီအကြွေးကို ပြန်ဆပ်မယ်’’ ဟု ပြီးခဲ့သည့်နှစ်က တစ်ကိုယ် တော်ပွဲပြုလုပ်ရန်     စီစဉ်သော် လည်း ပျက်သွားခဲ့သည့် မန္တလေး မြို့တွင် ပြုလုပ်မည့် ဖျော်ဖြေပွဲနှင့် ပတ်သက်၍ ပြောသည်။

ယခုနှစ် မွေးနေ့ဖျော်ဖြေပွဲ သည် မာရဇ္ဇ၏ လေးကြိမ်မြောက် တစ်ကိုယ်တော်ဖျော်ဖြေပွဲဖြစ်ပြီး နှစ်စဉ် တစ်နှစ်လျှင် တစ်ကိုယ် တော်ပွဲတစ်ပွဲကျင်းပရန် အစီအ စဉ်ရှိကြောင်း ၎င်းက ဆိုသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top