Golden City Promotion
×
Soure: Oasis
Credit:  popolay
#Unicode Version#
ဒီရက်ပိုင်းအတွင်း သရုပ်ဆောင် လွင်မိုး နဲ့ ကျော်ရဲအောင် တို့ နှစ်ယောက်အပြန်အလှန် နောက်ပြောင်ပြောဆိုမှုတွေမှာ ကျော်ရဲအောင် ကလည်း
“မောင်လွင်မိုး က ဒီကိုခဏလာယောင်တာပါ၊ အပြင် အလုပ် က ဒီ အလုပ်ထ က် တော်တော်အခြေနေကောင်းတယ်လေ။ ခဏဝင်လာတာတောင်မှ ကိုယ့်မကောင်းကြောင်းပြောသွားသေးတယ်။အဲဒီကောင်(ကို လွင်မိုး)ကခြောက်ကြီး၊ ဟုတ်တယ်….ဒီနာကိုယ်ကြီးနဲ့တောင် ခြောက်နေတာ။ သူ့မိဘ တွေကတော့ အပြင်မှာ စီးပွား ရှာပြီးသားလေးကို အနုပညာလောကထဲရောက်ပါစေလို့ သွပ်သွင်းတယ်၊ သူကတော့အနုပညာလောကထဲက ပိုက်ဆံ ရှာပြီး အပြင်မှာ စီးပွားရေး သွားလုပ်နေတယ်။ ဘယ်လောက်ဝမ်းရေးဆတ်တဲ့သားလဲ၊ မောင်မိုး နဲ့ မောင်သီ တို့ကိုမွေးထားတဲ့ မိခင် ကိုလည်းအရမ်းသနားမိပါတယ်” (ရယ်ရယ်မောနဲ့) လို့ပြောလိုက်ပါတယ်။
“ဒါတောင် အခုနောက်တာက နည်းနည်းတော်သေးတယ် အရင်ကဆို ဒီ့ထက်ဆိုးတယ်။ ရူတင် မှာ ကားရိုက်တာထက် သူလျှောက်နောက်နေတာနဲ့ဲပဲ အချိန်တွေကုန်သွားတာ။ အဲဒီလိုပဲနောက်နိုင်ပါစေ၊ ပျော်နေတာမြင်ချင်ပါတယ်။ သူတို့ညီအစ်ကို နှစ်ယောက်လုံးက ဟာသသိပ်ပြောတတ်သလို အရမ်းလည်းချစ်ကြတာလေ၊ အမြဲတမ်းသတ်နေကြတာ(ရယ်လျက်)” လို့ပြောခဲ့ပါတယ်။
Soure: Oasis
ဖိုးသူတော် (www.phothutaw.com)
Credit:  popolay
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top