Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အနည္းဆံုး အခေၾကး ေငြႏႈန္းထားအသစ္ကို ေဆြးေႏြး ေရြးခ်ယ္မႈမ်ား ျပဳလုပ္ၿပီးပါက လႊတ္ေတာ္၏ အတည္ျပဳခ်က္ ရယူမည္ဟု အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား
 ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေျပာသည္။
အနည္းဆံုး အခေၾကးေငြ ႏႈန္းထား စတင္က်င့္သံုးခဲ့သည့္ ၂၀၁၅ က ျပည္ေထာင္စုအစိုးရ၏ အဆံုးအျဖတ္ကို ရယူၿပီးေနာက္ အနည္းဆံုး အခေၾကးေငြသတ္ မွတ္ေရးဆုိင္ရာ အမ်ိဳးသားေကာ္ မတီက အတည္ျပဳေပးခဲ့ကာ လႊတ္ေတာ္၏ အဆံုးအျဖတ္အ တည္ျပဳခ်က္ကို ရယူခဲ့ျခင္းမရွိ ေပ။
သို႔ေသာ္ ဒုတိယအႀကိမ္ ျပင္ ဆင္မည့္ အနည္းဆံုး အခေၾကး ေငြႏႈန္းထားႏွင့္ပတ္သက္၍ ျပည္ ေထာင္စုအစိုးရအျပင္ ျပည္ ေထာင္စုလႊတ္ေတာ္၏ အတည္ ျပဳခ်က္ျဖင့္ ျပင္ဆင္သတ္မွတ္ရန္ ဝန္ႀကီးဌာနက စီစဥ္ေဆာင္ရြက္ ေနျခင္းျဖစ္သည္။
‘‘ညႇိႏိႈင္းခ်က္ေတြၿပီးမွသာ လွ်င္ ဝန္ႀကီးဌာနကေန ေနာက္ ဆံုးအေနနဲ႔ အနည္းဆံုး အခေၾကး ေငြသတ္မွတ္သြားမွာ ျဖစ္ပါ တယ္။ ၿပီးရင္ အစိုးရအဖြဲ႕ကို အ တည္ျပဳေစမယ္။ လႊတ္ေတာ္ကို အတည္ျပဳေစၿပီးမွပဲ ဆက္လက္ ၿပီးေတာ့ အေကာင္အထည္ေဖာ္ ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္’’ဟု ဝန္ႀကီး ဦးသိန္းေဆြက ဆုိသည္။
အနည္းဆံုး အခေၾကးေငြ ႏႈန္းထားသတ္မွတ္ရာတြင္ လႊတ္ ေတာ္၏ အတည္ျပဳခ်က္ရယူ သည့္ ရည္ရြယ္ခ်က္ကို ျပည္ ေထာင္စုဝန္ႀကီးက ထုတ္ေဖာ္ ေျပာၾကားခဲ့ျခင္းမရွိေသာ္လည္း အလုပ္သမားၫႊန္ၾကားေရးဦးစီး ဌာန တာဝန္ရွိသူက အမ်ားႏွင့္ သက္ဆုိင္ေနသည့္ အေရးကိစၥ ျဖစ္၍ လႊတ္ေတာ္၏ အဆံုးအ ျဖတ္ကို ရယူရျခင္းျဖစ္ေၾကာင္း ဆုိသည္။
အနည္းဆံုး အခေၾကးေငြ သတ္မွတ္ေရးႏွင့္ပတ္သက္၍ ႏိုဝင္ဘာတြင္ အစိုးရ၊ အလုပ္ရွင္၊ အလုပ္သမားသံုးပြင့္ဆုိင္အစည္း အေဝးျပဳလုပ္ၿပီး အဆုိျပဳႏႈန္းထား မ်ားႏွင့္ပတ္သက္၍ အေက်အ လည္ေဆြးေႏြးရန္ရွိေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာသည္။ မူလက ယင္းအစည္းအေဝးကို ဒီဇင္ဘာတြင္ ျပဳလုပ္ရန္ျဖစ္ေသာ္လည္း  အနည္းဆံုးအခေၾကးေငြသတ္မွတ္ေရးလုပ္ငန္းပိုမိုျမန္ဆန္ေစေရး အခ်ိန္ေစာလုပ္ရျခင္းျဖစ္ေၾကာင္း ၎က ဆုိသည္။
ထို႔အျပင္ အနည္းဆံုးအခ ေၾကးေငြ အဆိုျပဳႏႈန္းထားကို က်ပ္ ၄,၀၀၀ မွ က်ပ္ ၄,၈၀၀ ၾကား ေရြးခ်ယ္ထားျခင္းသည္ တုိင္း ေဒသႀကီး၊ ျပည္နယ္မ်ားက တင္ ျပလာသည့္ အဆုိျပဳႏႈန္းထားမ်ား ကို အေျခခံ၍ အၾကမ္းဖ်င္းသတ္ မွတ္ထားျခင္းျဖစ္ၿပီး ေနာက္ဆံုး အဆင့္ ညႇိႏိႈင္းေဆြးေႏြးရာ၌ အဆိုပါသတ္မွတ္ခ်က္ထက္ ေက်ာ္လြန္၍လည္း   တင္ျပေဆြးေႏြးႏိုင္ေၾကာင္း ဝန္ႀကီးက ေျပာသည္။
အနည္းဆံုး အခေၾကးေငြ သတ္မွတ္ခ်က္ႏႈန္းထားကို ယခင္ က ျပည္ေထာင္စုအစုိးရ၏ အ တည္ျပဳခ်က္သာရယူခဲ့ရာကာ လႊတ္ေတာ္၏ အဆံုးအျဖတ္ကိုပါ ရယူမည္ဆုိသည္မွာ  ျဖစ္သင့္ သည့္ လုပ္ေဆာင္ခ်က္ဟု အထည္ခ်ဳပ္ လုပ္ငန္းရွင္အခ်ိဳ႕က မွတ္ ခ်က္ျပဳသည္။
‘‘ဒါမွ ဒီမိုကေရစီစနစ္ ပိုၿပီး ပီျပင္သြားတာေပါ့’’ဟု ေရႊလင္ ဗန္းစက္မႈဇုန္ စီမံခန္႔ခြဲေရးေကာ္ မတီဥကၠ႒ အထည္ခ်ဳပ္လုပ္ငန္း ရွင္  ဦးေအးေသာင္းက ေျပာ သည္။ ထိုသို႔ လႊတ္ေတာ္၏ အ တည္ျပဳခ်က္ကိုပါ ရယူမည္ျဖစ္၍ အနည္းဆံုး အခေၾကးေငြႏႈန္းထား အသစ္ကို ၂၀၁၈ ဇန္နဝါရီခန္႔တြင္ ထုတ္ျပန္ေပးႏုိင္ဖြယ္ရွိေၾကာင္း အလုပ္သမားကိုယ္စားလွယ္အ ခ်ိဳ႕က ဆုိသည္။
လက္ရွိတြင္ တုိင္းေဒသႀကီး၊ ျပည္နယ္ အနည္းဆံုး အခေၾကး ေငြသတ္မွတ္ေရးဆုိင္ရာ ေကာ္ မတီမ်ားက တစ္ရက္လုပ္ခ အ နည္းဆံုး က်ပ္ ၄,၀၀၀ မွ အမ်ားဆံုး က်ပ္ ၆,၄၀၀ အထိ သတ္မွတ္ ရန္ အဆုိျပဳထားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  7DayDaily
#Unicode Version#
 အနည်းဆုံး အခကြေး ငွေနှုန်းထားအသစ်ကို ဆွေးနွေး ရွေးချယ်မှုများ ပြုလုပ်ပြီးပါက လွှတ်တော်၏ အတည်ပြုချက် ရယူမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

အနည်းဆုံး အခကြေးငွေ နှုန်းထား စတင်ကျင့်သုံးခဲ့သည့် ၂၀၁၅ က ပြည်ထောင်စုအစိုးရ၏ အဆုံးအဖြတ်ကို ရယူပြီးနောက် အနည်းဆုံး အခကြေးငွေသတ် မှတ်ရေးဆိုင်ရာ အမျိုးသားကော် မတီက အတည်ပြုပေးခဲ့ကာ လွှတ်တော်၏ အဆုံးအဖြတ်အ တည်ပြုချက်ကို ရယူခဲ့ခြင်းမရှိ ပေ။

သို့သော် ဒုတိယအကြိမ် ပြင် ဆင်မည့် အနည်းဆုံး အခကြေး ငွေနှုန်းထားနှင့်ပတ်သက်၍ ပြည် ထောင်စုအစိုးရအပြင် ပြည် ထောင်စုလွှတ်တော်၏ အတည် ပြုချက်ဖြင့် ပြင်ဆင်သတ်မှတ်ရန် ဝန်ကြီးဌာနက စီစဉ်ဆောင်ရွက် နေခြင်းဖြစ်သည်။

‘‘ညှိနှိုင်းချက်တွေပြီးမှသာ လျှင် ဝန်ကြီးဌာနကနေ နောက် ဆုံးအနေနဲ့ အနည်းဆုံး အခကြေး ငွေသတ်မှတ်သွားမှာ ဖြစ်ပါ တယ်။ ပြီးရင် အစိုးရအဖွဲ့ကို အ တည်ပြုစေမယ်။ လွှတ်တော်ကို အတည်ပြုစေပြီးမှပဲ ဆက်လက် ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်’’ဟု ဝန်ကြီး ဦးသိန်းဆွေက ဆိုသည်။

အနည်းဆုံး အခကြေးငွေ နှုန်းထားသတ်မှတ်ရာတွင် လွှတ် တော်၏ အတည်ပြုချက်ရယူ သည့် ရည်ရွယ်ချက်ကို ပြည် ထောင်စုဝန်ကြီးက ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိသော်လည်း အလုပ်သမားညွှန်ကြားရေးဦးစီး ဌာန တာဝန်ရှိသူက အများနှင့် သက်ဆိုင်နေသည့် အရေးကိစ္စ ဖြစ်၍ လွှတ်တော်၏ အဆုံးအ ဖြတ်ကို ရယူရခြင်းဖြစ်ကြောင်း ဆိုသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့်ပတ်သက်၍ နိုဝင်ဘာတွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်အစည်း အဝေးပြုလုပ်ပြီး အဆိုပြုနှုန်းထား များနှင့်ပတ်သက်၍ အကျေအ လည်ဆွေးနွေးရန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။ မူလက ယင်းအစည်းအဝေးကို ဒီဇင်ဘာတွင် ပြုလုပ်ရန်ဖြစ်သော်လည်း  အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးလုပ်ငန်းပိုမိုမြန်ဆန်စေရေး အချိန်စောလုပ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် အနည်းဆုံးအခ ကြေးငွေ အဆိုပြုနှုန်းထားကို ကျပ် ၄,၀၀၀ မှ ကျပ် ၄,၈၀၀ ကြား ရွေးချယ်ထားခြင်းသည် တိုင်း ဒေသကြီး၊ ပြည်နယ်များက တင် ပြလာသည့် အဆိုပြုနှုန်းထားများ ကို အခြေခံ၍ အကြမ်းဖျင်းသတ် မှတ်ထားခြင်းဖြစ်ပြီး နောက်ဆုံး အဆင့် ညှိနှိုင်းဆွေးနွေးရာ၌ အဆိုပါသတ်မှတ်ချက်ထက် ကျော်လွန်၍လည်း   တင်ပြဆွေးနွေးနိုင်ကြောင်း ဝန်ကြီးက ပြောသည်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက်နှုန်းထားကို ယခင် က ပြည်ထောင်စုအစိုးရ၏ အ တည်ပြုချက်သာရယူခဲ့ရာကာ လွှတ်တော်၏ အဆုံးအဖြတ်ကိုပါ ရယူမည်ဆိုသည်မှာ  ဖြစ်သင့် သည့် လုပ်ဆောင်ချက်ဟု အထည်ချုပ် လုပ်ငန်းရှင်အချို့က မှတ် ချက်ပြုသည်။

‘‘ဒါမှ ဒီမိုကရေစီစနစ် ပိုပြီး ပီပြင်သွားတာပေါ့’’ဟု ရွှေလင် ဗန်းစက်မှုဇုန် စီမံခန့်ခွဲရေးကော် မတီဥက္ကဋ္ဌ အထည်ချုပ်လုပ်ငန်း ရှင်  ဦးအေးသောင်းက ပြော သည်။ ထိုသို့ လွှတ်တော်၏ အ တည်ပြုချက်ကိုပါ ရယူမည်ဖြစ်၍ အနည်းဆုံး အခကြေးငွေနှုန်းထား အသစ်ကို ၂၀၁၈ ဇန်နဝါရီခန့်တွင် ထုတ်ပြန်ပေးနိုင်ဖွယ်ရှိကြောင်း အလုပ်သမားကိုယ်စားလှယ်အ ချို့က ဆိုသည်။

လက်ရှိတွင် တိုင်းဒေသကြီး၊ ပြည်နယ် အနည်းဆုံး အခကြေး ငွေသတ်မှတ်ရေးဆိုင်ရာ ကော် မတီများက တစ်ရက်လုပ်ခ အ နည်းဆုံး ကျပ် ၄,၀၀၀ မှ အများဆုံး ကျပ် ၆,၄၀၀ အထိ သတ်မှတ် ရန် အဆိုပြုထားသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:  7DayDaily
 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top