ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

စက္ေလွတိမ္းေမွာက္မႈတြင္ ပါဝင္ခဲ့ေသာ ကေလးတစ္ဦးကုိ ေခၚေဆာင္လာစဥ္ (ဓာတ္ပံု − ေနလင္းေအာင္ (ေပးဆပ္သူ Rescue))

 ေရႀကီးနစ္ျမဳပ္မႈ ျဖစ္ေပၚေနေသာ ဘားအံၿမိဳ႕နယ္ ဥသွ်စ္ ကုန္းရြာအနီးတြင္ မိသားစုဝင္ကိုး ဦး လိုက္ပါလာေသာ စက္ေလွ တစ္စီး တိမ္းေမွာက္ကာ ကေလး ငယ္ေလးဦး အပါအဝင္ လူငါးဦး ေသဆံုးခဲ့သည့္ျဖစ္စဥ္ ေအာက္တုိဘာ ၇ ရက္က ျဖစ္ပြားခဲ့သည္။

ဘားအံၿမိဳ႕နယ္ အထက္ ေကာ့ရင္းေက်းရြာအုပ္စု အနန္း ပင္ကုန္းေက်းရြာေန မိသားစုဝင္ ကိုးဦးသည္ ဥသွ်စ္ကုန္းရြာရွိ အ လွဴသုိ႔ လာေရာက္စဥ္ စက္ေလွ တိမ္းေမွာက္မႈျဖစ္ပြားခဲ့ၿပီး အ သက္ (၂)ႏွစ္မွ (၁၁)ႏွစ္အရြယ္ ၾကား ကေလးငယ္ေလးဦးႏွင့္ အသက္(၂၉)ႏွစ္အရြယ္ အမ်ိဳး သမီးတစ္ဦး ေသဆံုးခဲ့ေၾကာင္း ကူညီကယ္ဆယ္ေရး ေဆာင္ရြက္ေပးခဲ့သည့္ ေပးဆပ္သူေသြးလွဴရွင္အသင္းဥကၠ႒ ဦးေနလင္း ေအာင္ကေျပာသည္။


‘‘ေရျမဳပ္ေနတဲ့အခ်ိန္ စက္ ေလွနဲ႔သြားရင္းျဖစ္တာ။ ေရေသ ဆုိေတာ့ သစ္ငုတ္ေတြ၊ ဝဲေတြရွိ တယ္။ သံုးေယာက္ကေတာ့ ကမ္း ကို ကူးလာႏုိင္တယ္။ စက္ေလွ ေမာင္းတဲ့သူကေတာ့ ေရမြန္းလို႔ ေဆး႐ံုတင္ထားရၿပီး ဘာမွမေျပာ ႏုိင္ျဖစ္ေနတယ္’’ဟု ဦးေနလင္း ေအာင္က ေျပာသည္။

စက္ေလွေပၚတြင္ ကေလး ငယ္ငါးဦး အပါအဝင္ အမ်ိဳးသား ေျခာက္ဦး၊ အမ်ိဳးသမီးသံုးဦး လိုက္ပါလာျခင္းျဖစ္သည္။ ေသ ဆံုးသူမ်ားသည္ အသက္(၂)ႏွစ္မွ (၁၁)ႏွစ္အရြယ္ၾကား ေယာက်္ားေလးႏွစ္ဦးႏွင့္ မိန္းကေလးႏွစ္ဦး၊ စက္ေလွေမာင္းသူ၏ ဇနီးတုိ႔ျဖစ္ သည္။ ေသဆံုးသူ ကေလးငယ္ မ်ားအနက္ သံုးဦးသည္ ေက်ာင္း သားမ်ားျဖစ္ေၾကာင္း ေပးဆပ္သူ ေသြးလွဴရွင္အသင္းက ဆုိသည္။ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္ တုိ႔တြင္ ေအာက္တုိဘာလဆန္း ကစတင္ကာ ေန႔စဥ္မိုးေကာင္းေန ၿပီး ေက်းရြာအခ်ိဳ႕တြင္ ေရႀကီးနစ္ ျမဳပ္မႈ ျဖစ္ေပၚေနသည္။ ေအာက္ တုိဘာ ၆ ရက္ကလည္း ကရင္ျပည္နယ္တြင္ ေနရာကြက္၍ မိုးႀကီးခဲ့ၿပီး ေနာက္ႏွစ္ရက္အတြင္း မိုးဆက္ေကာင္းႏုိင္ေၾကာင္း မိုးဇလ က သတိေပးထားသည္။

ေအာက္တုိဘာ ၅ ရက္က လည္း တနသၤာရီျမစ္တြင္း စက္ ေလွတစ္စီး တိမ္းေမွာက္ကာ လူ ႏွစ္ဦးေသဆံုးၿပီး သံုးဦးေပ်ာက္ဆံုး မႈ တနသၤာရီတုိင္းေဒသႀကီး ကြၽန္း စုၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
စက်လှေတိမ်းမှောက်မှုတွင် ပါဝင်ခဲ့သော ကလေးတစ်ဦးကို ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ − နေလင်းအောင် (ပေးဆပ်သူ Rescue))

 ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေသော ဘားအံမြို့နယ် ဥသျှစ် ကုန်းရွာအနီးတွင် မိသားစုဝင်ကိုး ဦး လိုက်ပါလာသော စက်လှေ တစ်စီး တိမ်းမှောက်ကာ ကလေး ငယ်လေးဦး အပါအဝင် လူငါးဦး သေဆုံးခဲ့သည့်ဖြစ်စဉ် အောက်တိုဘာ ၇ ရက်က ဖြစ်ပွားခဲ့သည်။

ဘားအံမြို့နယ် အထက် ကော့ရင်းကျေးရွာအုပ်စု အနန်း ပင်ကုန်းကျေးရွာနေ မိသားစုဝင် ကိုးဦးသည် ဥသျှစ်ကုန်းရွာရှိ အ လှူသို့ လာရောက်စဉ် စက်လှေ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အ သက် (၂)နှစ်မှ (၁၁)နှစ်အရွယ် ကြား ကလေးငယ်လေးဦးနှင့် အသက်(၂၉)နှစ်အရွယ် အမျိုး သမီးတစ်ဦး သေဆုံးခဲ့ကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့သည့် ပေးဆပ်သူသွေးလှူရှင်အသင်းဥက္ကဋ္ဌ ဦးနေလင်း အောင်ကပြောသည်။


‘‘ရေမြုပ်နေတဲ့အချိန် စက် လှေနဲ့သွားရင်းဖြစ်တာ။ ရေသေ ဆိုတော့ သစ်ငုတ်တွေ၊ ဝဲတွေရှိ တယ်။ သုံးယောက်ကတော့ ကမ်း ကို ကူးလာနိုင်တယ်။ စက်လှေ မောင်းတဲ့သူကတော့ ရေမွန်းလို့ ဆေးရုံတင်ထားရပြီး ဘာမှမပြော နိုင်ဖြစ်နေတယ်’’ဟု ဦးနေလင်း အောင်က ပြောသည်။

စက်လှေပေါ်တွင် ကလေး ငယ်ငါးဦး အပါအဝင် အမျိုးသား ခြောက်ဦး၊ အမျိုးသမီးသုံးဦး လိုက်ပါလာခြင်းဖြစ်သည်။ သေ ဆုံးသူများသည် အသက်(၂)နှစ်မှ (၁၁)နှစ်အရွယ်ကြား ယောကျ်ားလေးနှစ်ဦးနှင့် မိန်းကလေးနှစ်ဦး၊ စက်လှေမောင်းသူ၏ ဇနီးတို့ဖြစ် သည်။ သေဆုံးသူ ကလေးငယ် များအနက် သုံးဦးသည် ကျောင်း သားများဖြစ်ကြောင်း ပေးဆပ်သူ သွေးလှူရှင်အသင်းက ဆိုသည်။ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် အောက်တိုဘာလဆန်း ကစတင်ကာ နေ့စဉ်မိုးကောင်းနေ ပြီး ကျေးရွာအချို့တွင် ရေကြီးနစ် မြုပ်မှု ဖြစ်ပေါ်နေသည်။ အောက် တိုဘာ ၆ ရက်ကလည်း ကရင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးခဲ့ပြီး နောက်နှစ်ရက်အတွင်း မိုးဆက်ကောင်းနိုင်ကြောင်း မိုးဇလ က သတိပေးထားသည်။

အောက်တိုဘာ ၅ ရက်က လည်း တနင်္သာရီမြစ်တွင်း စက် လှေတစ်စီး တိမ်းမှောက်ကာ လူ နှစ်ဦးသေဆုံးပြီး သုံးဦးပျောက်ဆုံး မှု တနင်္သာရီတိုင်းဒေသကြီး ကျွန်း စုမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top