Golden City Promotion
×

ဖရဲသီး အခြံ ဟာလဲ အစြမ္းထက္တဲ့ သဘာ၀ေဆး တစ္ ခုျဖစ္ေနလို႔ပါ… လြင္႔မပစ္သင္႔ေသာ ဖရဲသီး အခြံ…. လူေတာ္ေတာ္မ်ားမ်ားဟာ ဖရဲသီး ကုိ အတြင္းသားေလးေတြ ကြက္ၿပီးလွီးၿပီးတဲ႔ အခါမွာ အက်ိဳးျပဳ ဗိုက္တာမင္ မ်ားနွင္႔ အမိုင္နိုအက္ဆစ္ဓာတ္မ်ား ပါဝင္ေသာ က်န္ေနတဲ႔ အခြံ နဲ႔ အျဖဴသားေတြကုိ လြင္႔ပစ္လိုက္ၾကတာ မ်ားပါတယ္။ ေဆးဆိုင္ေတြမွာ ဗိုက္တာမင္ ေဆးျပားေတြ အျဖစ္ႏွင္႔ ဝယ္သူေသာက္သံုး ေနၾကသည္႔ ေန႔စဥ္လူတို႔၏ ခႏၶာကုိယ္ အတြက္ လိုအပ္ေသာ ဗိုက္တာမင္ ဘီ ႏွင္႔ စီ ဓာတ္မ်ား သည္ထိုအခြံမ်ားတြင္ ပါရွိပါတယ္။ ပံုမွန္ေသြးလွည္႔ပတ္ျခင္းႏွင္႔ ႏွလံုး က်န္းမာေရး တို႔အတြက္ အမိုင္နို အက္ဆစ္ဓာတ္သည္ အေရးၾကီးသည္။ ေသြးေၾကာ မ်ားကုိ က်ယ္ကားလာေစကာ ေသြးလွည္႔ပတ္မႈအားကုိ ျမွင္႔တင္ေပးသည္။

လည္းေကာင္းကုိ ကာမဂုဏ္ ဆက္ဆံမႈ ဆိုင္ရာ ေဆာင္ရြက္ခ်က္မ်ားတြင္ စြမ္းေဆာင္ရည္ က်ဆင္းမႈ တို႔အတြက္ တိုးတက္ေကာင္းမြန္ေစရန္ အမ်ိဳးမ်ိဳးအသံုးျပဳၾကၿပီး ေသြးအားနည္း ေရာဂါမ်ားတြင္လည္း အသံုးျပဳသည္။ အလြယ္ကူဆံုး စားေသာက္နိုင္တဲ႔ နည္းကေတာ႔ ဖရဲသီးအခြံကို ေရစင္ေအာင္ ေဆးပါ။ (အျဖဴေရာင္ အသားနွင္႔အတူ) အတံုးေသးေသးေလးေတြ ျဖစ္ေအာင္ ဓားျဖင္႔လွီးပါ။ ၿပီးရင္ (Blender) ေမြစက္နဲ႔ ခပ္ပ်စ္ပ်စ္ ရသည္အထိ ေမြပါ။ ထိုအရည္ ပ်စ္ပ်စ္ကုိ အျခားေဖ်ာ္ရည္မ်ားတြင္ အနည္းငယ္ ထဲ႔၍ သံုးေဆာင္နိုင္ပါသည္။ ေနာက္တနည္းကေတာ႔ ဖရဲသီး အတြင္းသား(ပံုမွန္စားသံုးသည္႔ အပိုင္း) ႏွင္႔ လွီးထားေသာ အျဖဴေရာင္ အသားနွင္႔ အခြံတို႔ အားလံုးကုိ ေမြစက္ထဲတြင္ စေတာ္ဘယ္ရီသီး ပါထဲ႔၍ ေမြပါ။ ၿပီးရင္ လိမ္ေမၼာ္ရည္ အနည္းငယ္ကုိ ထပ္ထဲ႔ၿပီး ေန႔စဥ္ က်န္းမာေစရန္ အတြက္ ေသာက္သံုးနိုင္ပါသည္။

(၀င္းလွိဳင္ဦး) ေစ်းသက္သာတဲ့ မ့ဲေျခာက္ န႔ဲ တင္းတိပ္ ေပ်ာက္နည္း ဖရဲသီး ေအာက္ခံ အျဖဴအသား ကို ဓား(သို) ဇြန္းျဖင့္ ပါးပါးလွီးၿပီး မ်က္ႏွာေပၚ မွာရွိတ့ဲ မ့ဲေျခာက္၊ တင္းတိပ္ ရွိတ့ဲ ေနရာေပၚမွာ တင္ေပးပါ။ ဒီနည္းကို မ လုပ္ခင္ မ်က္ႏွာ ကို သန္႔စင္ေအာင္ အရင္သန္႔ရွင္းေရး လုပ္လိုက္ ရပါမယ္။ မ်က္ႏွာ သန္႔စင္ၿပီးတာန႔ဲ ဖရဲသီး ေအာက္ခံ အျဖဴသာကို ပါးပါးလွီးၿပီး မ်က္ႏွာေပၚတင္ေပးၿပီး နာရီ ေတာ္ေတာ္ၾကာ ေအာင္ တင္ထားေပးရပါမယ္။ အိပ္ယာ ၀င္မယ့္ အခ်ိန္မွာလည္း လုပ္လို႔ ရပါတယ္။ ႏွင္းခူေရာဂါျဖစ္ပြားပါကလည္း ဖရဲ သီးအခြံျဖင့္ ပြတ္တုိက္ေပးပါက ေပ်ာက္ကင္း ႏုိင္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  popolay

#Unicode Version#
ဖရဲသီး အခွံ ဟာလဲ အစွမ်းထက်တဲ့ သဘာဝဆေး တစ် ခုဖြစ်နေလို့ပါ… လွင့်မပစ်သင့်သော ဖရဲသီး အခွံ…. လူတော်တော်များများဟာ ဖရဲသီး ကို အတွင်းသားလေးတွေ ကွက်ပြီးလှီးပြီးတဲ့ အခါမှာ အကျိုးပြု ဗိုက်တာမင် များနှင့် အမိုင်နိုအက်ဆစ်ဓာတ်များ ပါဝင်သော ကျန်နေတဲ့ အခွံ နဲ့ အဖြူသားတွေကို လွင့်ပစ်လိုက်ကြတာ များပါတယ်။ ဆေးဆိုင်တွေမှာ ဗိုက်တာမင် ဆေးပြားတွေ အဖြစ်နှင့် ဝယ်သူသောက်သုံး နေကြသည့် နေ့စဉ်လူတို့၏ ခန္ဓာကိုယ် အတွက် လိုအပ်သော ဗိုက်တာမင် ဘီ နှင့် စီ ဓာတ်များ သည်ထိုအခွံများတွင် ပါရှိပါတယ်။ ပုံမှန်သွေးလှည့်ပတ်ခြင်းနှင့် နှလုံး ကျန်းမာရေး တို့အတွက် အမိုင်နို အက်ဆစ်ဓာတ်သည် အရေးကြီးသည်။ သွေးကြော များကို ကျယ်ကားလာစေကာ သွေးလှည့်ပတ်မှုအားကို မြှင့်တင်ပေးသည်။

လည်းကောင်းကို ကာမဂုဏ် ဆက်ဆံမှု ဆိုင်ရာ ဆောင်ရွက်ချက်များတွင် စွမ်းဆောင်ရည် ကျဆင်းမှု တို့အတွက် တိုးတက်ကောင်းမွန်စေရန် အမျိုးမျိုးအသုံးပြုကြပြီး သွေးအားနည်း ရောဂါများတွင်လည်း အသုံးပြုသည်။ အလွယ်ကူဆုံး စားသောက်နိုင်တဲ့ နည်းကတော့ ဖရဲသီးအခွံကို ရေစင်အောင် ဆေးပါ။ (အဖြူရောင် အသားနှင့်အတူ) အတုံးသေးသေးလေးတွေ ဖြစ်အောင် ဓားဖြင့်လှီးပါ။ ပြီးရင် (Blender) မွေစက်နဲ့ ခပ်ပျစ်ပျစ် ရသည်အထိ မွေပါ။ ထိုအရည် ပျစ်ပျစ်ကို အခြားဖျော်ရည်များတွင် အနည်းငယ် ထဲ့၍ သုံးဆောင်နိုင်ပါသည်။ နောက်တနည်းကတော့ ဖရဲသီး အတွင်းသား(ပုံမှန်စားသုံးသည့် အပိုင်း) နှင့် လှီးထားသော အဖြူရောင် အသားနှင့် အခွံတို့ အားလုံးကို မွေစက်ထဲတွင် စတော်ဘယ်ရီသီး ပါထဲ့၍ မွေပါ။ ပြီးရင် လိမ်မ္မော်ရည် အနည်းငယ်ကို ထပ်ထဲ့ပြီး နေ့စဉ် ကျန်းမာစေရန် အတွက် သောက်သုံးနိုင်ပါသည်။

(ဝင်းလှိုင်ဦး) ဈေးသက်သာတဲ့ မဲ့ခြောက် နဲ့ တင်းတိပ် ပျောက်နည်း ဖရဲသီး အောက်ခံ အဖြူအသား ကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ် မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့ နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မ လုပ်ခင် မျက်နှာ ကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။ အိပ်ယာ ဝင်မယ့် အချိန်မှာလည်း လုပ်လို့ ရပါတယ်။ နှင်းခူရောဂါဖြစ်ပွားပါကလည်း ဖရဲ သီးအခွံဖြင့် ပွတ်တိုက်ပေးပါက ပျောက်ကင်း နိုင်ပါသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:  popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top