ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေက်ာက္တန္းၿမိဳ႕နယ္၊ ၿမိဳင္သာယာ (၄) ရပ္ကြက္၊ ဂိတ္သစ္လမ္းတြင္ ေအာက္တိုဘာလ ၆ ရက္ နံနက္ပိုင္းက အရက္မူးေနသည့္ ေမြးစားသားျဖစ္သူက သံတုတ္ျဖင့္ ႐ိုက္ရန္ခ်ိန္႐ြယ္စဥ္  အသက္ ၆၂ ႏွစ္ အ႐ြယ္ ဖခင္ျဖစ္သူမွာ ႏွလံုးရပ္ကာ လဲက်ေသဆံုးခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဝက္ေမြးျမဴေရးလုပ္ငန္း လုပ္ကိုင္သူ အသက္ ၆၂ ႏွစ္ ဦးျမင့္သန္းမွာ ယင္းေန႔ နံနက္ ၁၁ နာရီခြဲက ေနအိမ္တြင္ရွိေနစဥ္ ၎၏ ေမြးစားသားျဖစ္သူ အသက္ ၃၆ ႏွစ္ ျမင့္ကိုက အရက္မူးကာ ေရာက္ရွိလာၿပီး ပိုက္ဆံေပးရန္ ေတာင္းဆိုရာမွ သားအဖႏွစ္ဦး စကားမ်ားခဲ့ေၾကာင္း အမႈဖြင့္ တိုင္ၾကားခ်က္အရ သိရသည္။

ယင္းေနာက္ ျမင့္ကိုက ေနအိမ္အတြင္းရွိ သံတုတ္ျဖင့္ ေမြးစားဖခင္ ဦးျမင့္သန္းကို ႐ိုက္ရန္႐ြယ္လိုက္စဥ္ ဦးျမင့္သန္းမွာ လန္႔ကာ လဲက်သြားၿပီး ေသဆံုးခဲ့ေသာေၾကာင့္ ရဲတပ္ဖြဲ႔ စစ္ေဆးရာ ေသဆံုးသူမွာ ႏွလံုးေသြးေၾကာပိတ္ ေရာဂါခံစားေနရသူျဖစ္ၿပီး ရန္ကုန္ျပည္သူ႔ ေဆး႐ံုႀကီးတြင္ ေဆးဝါးကုသမႈ ခံယူေနရသူျဖစ္ေၾကာင္း မိသားစုဝင္မ်ားထံမွ သိရသည္။

အရက္ေသစာ ေသာက္စားၿပီး ပိုက္ဆံေတာင္းသည္ကို မေပးသျဖင့္ မေက်နပ္၍ ေမြးစားဖခင္ကို ေသေစေအာင္ သံပိုက္လံုးျဖင့္ မဆင္မျခင္ ႐ိုက္ရန္ ႀကံစည္ခဲ့ေသာ ျမင့္သန္းကို ေက်ာက္တန္းၿမိဳ႕မ ရဲစခန္းက (ပ) ၆၄၂/၁၇၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၄-က ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း ယင္းရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thevoice myanmar

#Unicode Version#
ကျောက်တန်းမြို့နယ်၊ မြိုင်သာယာ (၄) ရပ်ကွက်၊ ဂိတ်သစ်လမ်းတွင် အောက်တိုဘာလ ၆ ရက် နံနက်ပိုင်းက အရက်မူးနေသည့် မွေးစားသားဖြစ်သူက သံတုတ်ဖြင့် ရိုက်ရန်ချိန်ရွယ်စဉ်  အသက် ၆၂ နှစ် အရွယ် ဖခင်ဖြစ်သူမှာ နှလုံးရပ်ကာ လဲကျသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ အသက် ၆၂ နှစ် ဦးမြင့်သန်းမှာ ယင်းနေ့ နံနက် ၁၁ နာရီခွဲက နေအိမ်တွင်ရှိနေစဉ် ၎င်း၏ မွေးစားသားဖြစ်သူ အသက် ၃၆ နှစ် မြင့်ကိုက အရက်မူးကာ ရောက်ရှိလာပြီး ပိုက်ဆံပေးရန် တောင်းဆိုရာမှ သားအဖနှစ်ဦး စကားများခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။

ယင်းနောက် မြင့်ကိုက နေအိမ်အတွင်းရှိ သံတုတ်ဖြင့် မွေးစားဖခင် ဦးမြင့်သန်းကို ရိုက်ရန်ရွယ်လိုက်စဉ် ဦးမြင့်သန်းမှာ လန့်ကာ လဲကျသွားပြီး သေဆုံးခဲ့သောကြောင့် ရဲတပ်ဖွဲ့ စစ်ဆေးရာ သေဆုံးသူမှာ နှလုံးသွေးကြောပိတ် ရောဂါခံစားနေရသူဖြစ်ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေရသူဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

အရက်သေစာ သောက်စားပြီး ပိုက်ဆံတောင်းသည်ကို မပေးသဖြင့် မကျေနပ်၍ မွေးစားဖခင်ကို သေစေအောင် သံပိုက်လုံးဖြင့် မဆင်မခြင် ရိုက်ရန် ကြံစည်ခဲ့သော မြင့်သန်းကို ကျောက်တန်းမြို့မ ရဲစခန်းက (ပ) ၆၄၂/၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: thevoice myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top