Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

တုိင္တန္းနစ္သေဘၤာရဲ႕ ပထမတန္း ခရီးသည္တစ္ဦးက ၎ရဲ႕မိခင္ထံ ေရးသားထားတဲ့ စာတစ္ေစာင္ ျဖစ္ပါတယ္။

ကမာၻေက်ာ္ တိုင္တန္းနစ္သေဘၤာႀကီး နစ္ျမဳပ္မႈအတြင္း ေသဆုံးခဲ့သူတစ္ဦးရဲ႕ ႐ုပ္အေလာင္းနဲ႕အတူ ေတြ႕႐ွိရတဲ့ စာတစ္ေစာင္ကုိ ေအာက္တုိဘာ ၂၁ ရက္က ျမန္မာက်ပ္ေငြ သိန္းႏွစ္ေထာင္ေက်ာ္ (အေမရိကန္ေဒၚလာ ၁၆၆,၀၀၀) ျဖင့္ ေလလံတင္ေရာင္းခ်ခဲ့ေၾကာင္း သိရပါတယ္။ အဆုိပါ ေလလံတင္ေရာင္းခ်မႈဟာ တုိင္တန္းနစ္သေဘၤာနဲ႕ ဆက္ႏြယ္ေနတဲ့ပစၥည္းေတြကုိ ေလလံတင္ ေရာင္းခ်မႈမ်ားအနက္ ေစ်းႏႈန္းအျမင့္ဆုံးလည္း ျဖစ္လာပါတယ္။

တုိင္တန္းနစ္သေဘၤာရဲ႕ ပထမတန္း ခရီးသည္တစ္ဦးျဖစ္သူ အလက္ဇန္ဒါ ေအာ္စကာ ဟုိလ္ဗာဆန္က ၎ရဲ႕မိခင္ထံ ေရးသားထားတဲ့ စာတစ္ေစာင္ျဖစ္ၿပီး သေဘၤာႀကီးရဲ႕ ခမ္းနားထည္ဝါပုံ၊ အစားအေသာက္နဲ႕ ဂီတသံစဥ္ေတြကုိ ခ်ီးက်ဴးေရးသားထားပါတယ္။

ဟုိလ္ဗာဆန္က "အားလုံးအဆင္ေျပရင္ ကၽြန္ေတာ္တုိ႕ ဗုဒၶဟူးေန႕မနက္မွာ နယူးေယာ့ခ္ကုိေရာက္မယ္" လုိ႕ ၎ရဲ႕အေမထံ စာေရးသားထားတယ္လို႕ ဆုိပါတယ္။ ဟုိလ္ဗာဆန္ ေရးသားခဲ့တဲ့စာဟာ တုိင္တန္းနစ္သေဘၤာ ေရခဲတုံးႀကီးနဲ႕တုိက္မိၿပီး မနစ္ျမဳပ္မီေန႕က ျဖစ္ေၾကာငး္လည္း သိရပါတယ္။

မင္နီဆုိတားျပည္နယ္ဖြား ဟုိလ္ဗာဆန္ဟာ အေရာင္းသမားတစ္ဦးျဖစ္ၿပီး ၎ရဲ႕ဇနီးျဖစ္သူ ေမရီအဲလစ္နဲ႕အတူ တုိင္တန္းနစ္သေဘၤာေပၚမွာ လုိက္ပါခဲ့တာ ျဖစ္ပါတယ္။ ဟုိလ္ဗာဆန္ရဲ႕ဇနီးမွာမူ သေဘၤာနစ္ျမဳပ္မႈအတြင္း အသက္႐ွင္က်န္ရစ္ခဲ့ေၾကာင္း သိရပါတယ္။

ဟုိလ္ဗာဆန္ရဲ႕စာကုိ ၎ရဲ႕မိသားစုက Henry Aldridge & Son ေလလံကုမၸဏီရဲ႕ အစီအစဥ္ျဖင့္ ေရာင္းခ်ခဲ့တာ ျဖစ္ပါတယ္။ အဆုိပါ ေလလံပြဲအတြင္း တုိင္တန္းနစ္သေဘၤာေပၚမွ ေသာ့ေတြကုိလည္း အေမရိကန္ေဒၚလာ တစ္သိန္းေက်ာ္ျဖင့္ ေရာင္းခ်ႏုိင္ခဲ့တယ္လုိ႕ ဆုိပါတယ္။

"ဒီ ေလလံေစ်းႏႈန္းေတြအရ တုိင္တန္းနစ္သေဘၤာ၊ ခရီးသည္နဲ႕ သေဘၤာအမႈထမ္းေတြနဲ႕ ပတ္သက္သမွ်ကုိ လူေတြက စိတ္ဝင္တစား႐ွိေနတုန္းပဲဆုိတာ သိႏုိင္တယ္" လုိ႕ ေလလံတင္ေရာင္းခ်သူ အန္ဒ႐ူးအယ္လ္ဒရစ္ဂ်္က ေျပာပါတယ္။

အႀကီးဆုံး ပင္လယ္ကူးသေဘၤာႀကီး ျဖစ္ခဲ့တဲ့ တုိင္တန္းနစ္ဟာ ၁၉၁၂ ခုႏွစ္ ဧၿပီ ၁၄ ရက္က ၿဗိတိန္ႏုိင္ငံ ေဆာက္သမ္တန္ၿမဳိ႕မွ အေမရိကန္ႏုိင္ငံ နယူးေယာ့ခ္ၿမဳိ႕ကုိ ခုတ္ေမာင္းသြားေနစဥ္ အတၱလန္တစ္သမုဒၵရာအတြင္း ေရခဲစုိင္ႀကီးတစ္ခုနဲ႕တုိက္မိၿပီး နစ္ျမဳပ္ခဲ့ပါတယ္။

တုိင္တန္းနစ္သေဘၤာ နစ္ျမဳပ္မႈအတြင္း လူ ၁,၅၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး ကမာၻေက်ာ္ျဖစ္ရပ္တစ္ခုလည္း ျဖစ္ခဲ့ပါတယ္။ တုိင္တန္းနစ္သေဘၤာ နစ္ျမဳပ္မႈျဖစ္ရပ္ကုိ ၁၉၉၇ ခုႏွစ္က 'Titanic' အမည္ျဖင့္ ႐ုပ္႐ွင္ဇာတ္ကား ႐ုိက္ကူးခဲ့ရာ ကမာၻတစ္ဝွမ္း ေအာင္ျမင္မႈႀကီးမားစြာရခဲ့ပါတယ္။

အဆုိပါ ဇာတ္ကားမွာ မင္းသား လီယုိနာဒုိ ဒီကာပရီယုိနဲ႕ မင္းသမီး ကိတ္ဝင္းဆလက္တုိ႕ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ၎တုိ႕ႏွစ္ဦးလုံးဟာလည္း 'Titanic' ဇာတ္ကားျဖင့္ နာမည္ေက်ာ္ၾကားလာခဲ့ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #

တိုင်တန်းနစ်သင်္ဘောရဲ့ ပထမတန်း ခရီးသည်တစ်ဦးက ၎င်းရဲ့မိခင်ထံ ရေးသားထားတဲ့ စာတစ်စောင် ဖြစ်ပါတယ်။

ကမ္ဘာကျော် တိုင်တန်းနစ်သင်္ဘောကြီး နစ်မြုပ်မှုအတွင်း သေဆုံးခဲ့သူတစ်ဦးရဲ့ ရုပ်အလောင်းနဲ့အတူ တွေ့ရှိရတဲ့ စာတစ်စောင်ကို အောက်တိုဘာ ၂၁ ရက်က မြန်မာကျပ်ငွေ သိန်းနှစ်ထောင်ကျော် (အမေရိကန်ဒေါ်လာ ၁၆၆,၀၀၀) ဖြင့် လေလံတင်ရောင်းချခဲ့ကြောင်း သိရပါတယ်။ အဆိုပါ လေလံတင်ရောင်းချမှုဟာ တိုင်တန်းနစ်သင်္ဘောနဲ့ ဆက်နွယ်နေတဲ့ပစ္စည်းတွေကို လေလံတင် ရောင်းချမှုများအနက် ဈေးနှုန်းအမြင့်ဆုံးလည်း ဖြစ်လာပါတယ်။

တိုင်တန်းနစ်သင်္ဘောရဲ့ ပထမတန်း ခရီးသည်တစ်ဦးဖြစ်သူ အလက်ဇန်ဒါ အော်စကာ ဟိုလ်ဗာဆန်က ၎င်းရဲ့မိခင်ထံ ရေးသားထားတဲ့ စာတစ်စောင်ဖြစ်ပြီး သင်္ဘောကြီးရဲ့ ခမ်းနားထည်ဝါပုံ၊ အစားအသောက်နဲ့ ဂီတသံစဉ်တွေကို ချီးကျူးရေးသားထားပါတယ်။

ဟိုလ်ဗာဆန်က "အားလုံးအဆင်ပြေရင် ကျွန်တော်တို့ ဗုဒ္ဓဟူးနေ့မနက်မှာ နယူးယော့ခ်ကိုရောက်မယ်" လို့ ၎င်းရဲ့အမေထံ စာရေးသားထားတယ်လို့ ဆိုပါတယ်။ ဟိုလ်ဗာဆန် ရေးသားခဲ့တဲ့စာဟာ တိုင်တန်းနစ်သင်္ဘော ရေခဲတုံးကြီးနဲ့တိုက်မိပြီး မနစ်မြုပ်မီနေ့က ဖြစ်ကြောင်းလည်း သိရပါတယ်။

မင်နီဆိုတားပြည်နယ်ဖွား ဟိုလ်ဗာဆန်ဟာ အရောင်းသမားတစ်ဦးဖြစ်ပြီး ၎င်းရဲ့ဇနီးဖြစ်သူ မေရီအဲလစ်နဲ့အတူ တိုင်တန်းနစ်သင်္ဘောပေါ်မှာ လိုက်ပါခဲ့တာ ဖြစ်ပါတယ်။ ဟိုလ်ဗာဆန်ရဲ့ဇနီးမှာမူ သင်္ဘောနစ်မြုပ်မှုအတွင်း အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။

ဟိုလ်ဗာဆန်ရဲ့စာကို ၎င်းရဲ့မိသားစုက Henry Aldridge & Son လေလံကုမ္ပဏီရဲ့ အစီအစဉ်ဖြင့် ရောင်းချခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ လေလံပွဲအတွင်း တိုင်တန်းနစ်သင်္ဘောပေါ်မှ သော့တွေကိုလည်း အမေရိကန်ဒေါ်လာ တစ်သိန်းကျော်ဖြင့် ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

"ဒီ လေလံဈေးနှုန်းတွေအရ တိုင်တန်းနစ်သင်္ဘော၊ ခရီးသည်နဲ့ သင်္ဘောအမှုထမ်းတွေနဲ့ ပတ်သက်သမျှကို လူတွေက စိတ်ဝင်တစားရှိနေတုန်းပဲဆိုတာ သိနိုင်တယ်" လို့ လေလံတင်ရောင်းချသူ အန်ဒရူးအယ်လ်ဒရစ်ဂျ်က ပြောပါတယ်။

အကြီးဆုံး ပင်လယ်ကူးသင်္ဘောကြီး ဖြစ်ခဲ့တဲ့ တိုင်တန်းနစ်ဟာ ၁၉၁၂ ခုနှစ် ဧပြီ ၁၄ ရက်က ဗြိတိန်နိုင်ငံ ဆောက်သမ်တန်မြို့မှ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ကို ခုတ်မောင်းသွားနေစဉ် အတ္တလန်တစ်သမုဒ္ဒရာအတွင်း ရေခဲစိုင်ကြီးတစ်ခုနဲ့တိုက်မိပြီး နစ်မြုပ်ခဲ့ပါတယ်။

တိုင်တန်းနစ်သင်္ဘော နစ်မြုပ်မှုအတွင်း လူ ၁,၅၀၀ ကျော် သေဆုံးခဲ့ပြီး ကမ္ဘာကျော်ဖြစ်ရပ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ တိုင်တန်းနစ်သင်္ဘော နစ်မြုပ်မှုဖြစ်ရပ်ကို ၁၉၉၇ ခုနှစ်က 'Titanic' အမည်ဖြင့် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခဲ့ရာ ကမ္ဘာတစ်ဝှမ်း အောင်မြင်မှုကြီးမားစွာရခဲ့ပါတယ်။

အဆိုပါ ဇာတ်ကားမှာ မင်းသား လီယိုနာဒို ဒီကာပရီယိုနဲ့ မင်းသမီး ကိတ်ဝင်းဆလက်တို့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ၎င်းတို့နှစ်ဦးလုံးဟာလည်း 'Titanic' ဇာတ်ကားဖြင့် နာမည်ကျော်ကြားလာခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top