Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

"နွမခ်င္းကိုယ္ခ်င္းမစာဘူးလား "

ဒီစကားေတြကို က်ြန္ေတာ္တို႕ ငယ္ငယ္ထဲက ျကားဘူးျကပါတယ္ ။

ဒါ့အျပင္ ဒီစကား ကို ယဥ္ေက်းမွု႕ထြန္းကားတဲ႕ ျမန္မာနိုင္ငံ ကလြဲျပီး တစ္ျခားနိုင္ငံမွာ ျကားဖို႕ ေတာ္ေတာ္ မျဖစ္နိုင္ပါ။ သံုးေလ့သံုးထလည္းမရွိျကပါဘူး ။

ေျပာလို႕ေကာင္း တယ္ ။ စကားရည္ရြယ္ခ်က္ေကာင္းတယ္ ။ ဒါေပမဲ႕ က်ြန္ေတာ္တို႕နိုင္ငံမွာ အမ်ားစုက တကယ္ေရာ နွမသားခ်င္းစာနာေနျကလား? ???

ဒီေန႕ေခတ္ social media မွာေတာင္

ေယာက်ာ္းေလးအခ်င္းခ်င္း ရန္ျဖစ္ရင္ေတာင္ မင္းညီမကို ၊ မင္းအေမကို နဲ႕ အမ်ိဳးသမီးေတြကိုလိင္ပိုင္းဆိုင္ရာေစာ္ကားတယ္ ။

မင္းသမီးေတြ ေမာ္ဒယ္ေတြ အေဖာ္အခ်ြတ္မဟုတ္ပဲ တင္တာေတာင္ ေအာက္ကေန (မရိုေသ့စကား)
-ိုးခ်င္တယ္ဆိုျပီး ၀င္မန္႕တဲ႕သူအပံုျကီး ။

အေဖာ္အခ်ြတ္ျဖစ္ေစ မေပၚတေပၚျဖစ္ေစ တင္ရင္ ျမန္မာမဟုတ္ဘူးလား၊ ယဥ္ေက်းမွု႕မရွိဘူးလား နဲ႕
ေ- -ိုးမ. -ာသည္မ နဲ႕ ၀င္ဆံုးမသြားတယ္ ။

သူဘာသူေနျပန္ေတာ့လည္း massage box လာျပီး လုပ္ခ်င္လို႕ ကိုင္ခ်င္လို႕ နဲ႕ သူ႕တို႕ပစၥည္းကို ဓါတ္ပံု ရိုက္ပို႕တာေတြ ၊ လိင္ဆက္ဆံတဲ႕ ပံုေတြ ၊ ပါျပသြားေသတယ္ ။

မိန္းမပံုအေကာင့္တုေတြ နဲ႕ မိန္းမဟန္ေဆာင္ျပီး တစ္ဖက္ကို စိတ္ထစိတ္ျကြအာင္ဆိုျပီ ညစ္ညစ္ညမ္းညမ္ ေတြ ေျပာတာလည္းရွိေသးတယ္ ။

ေယာက်ာ္းေတြပဲလားဆိုေတာ့လည္းမဟုတ္ဘူး ။

မိန္းမခ်င္းပါ အရွက္ခြဲတယ္ ပံုေတြတင္ ၊ chat တာေတြ SS လုပ္ျပီး သူတို႕လူမူ႕ေရးကိစၥေတြ အဆင္မေျပတိုင္း စနွိုက္ေၾကာ္တို႕ ၊ လင္ခိုးမ တို႕ဆိုတဲ႕ စကားေတြ လွိုင္လွိုင္သံုးျပီး အံုနဲ႕က်င္းနဲ႕ အရွက္ခြဲျကတယ္ ။
(ယဥ္ေက်းမွု႕ထြန္းကားေသာ ျမန္မာနိုင္ငံမွ လြဲျပီး အျခားနိုင္ငံမွာ ဒါမ်ိဳး မိန္းမခ်င္း အရွက္ခြဲတာမေတြ႕ဘူးပါ။)

ဒါက social media ေပၚမွာသာရွိပါေသးတယ္ ။ အျပင္ျကေတာ့ေ႐ာ? ?

လမ္းျဖတ္ေလ်ွာက္ရင္ နွုတ္နဲ႕ ေဆာ္ကားတယ္ ။ အခြင့္ေရးရရင္ ကိုယ္ထိလက္ေရာက္ေစာ္ကားတယ္ ။

အလိုမတူတဲ႕ မိန္းကေလးကို လက္လိုက္ဆြဲျပီး နင္မသြားနဲ႕ဆိုျပီး ရည္းစားစကားေျပာတဲ႕ မင္သားကို သူရဲေကာင္းလို ရုပ္ရွင္ေတြမွာ ႐ိုက္ျပတယ္ ။

၀ တဲ႕မိန္းကေလးဆို အျမဲပဲ ေယာက်ာ္းေတြကို လိုက္ငမ္းငမ္းတတ္ေနသူလို ရုပ္ရွင္ေတြက ႐ိုက္ျပျပီး

လမ္းျဖတ္ေလ်ာက္ရင္ ဖတ္တီးမ ၊ အကိတ္ျကီး စသျဖင့္ body shaming လုပ္ျကတယ္ ။

မိန္းကေလးသူငယ္ခ်င္း အခ်င္းခ်င္းေတာင္ ဖတ္တီးမ ၊ အရိုးမနဲ႕ ခႏၱာကိုယ္ပံုသ႑န္ကို နွိမ့္ခ်ျပီး ေခၚေဝၚတာကိုခ်စ္စနိုးလို႕ သတ္မွတ္ျကေလရဲ႕ ။ (ခံရသူမ်ားမွာ မသက္သာပါ)

အလုပ္သြားအလုပ္ျပန္ Bus ေတြေပၚျကျပန္ေတာ့လည္း ဟိုထိ ၊ ဒီကိုင္နဲ႕ လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္ျကျပန္တယ္ ။

Bus ေျကာက္လို႕ Taxi စီးျပန္ေတာ့လည္း ဟိုကားဖြင့္ျပ ဒီကားဖြင့္ျပနဲ႕ တဏွာရူးျပီး တစ္ဖက္မိန္းကေလးရဲ႕ ကိုယ္က်င့္တရားကို စိန္ေခၚျကျပန္တယ္ ။

အျပင္မထြက္ပဲ အိမ္မွာေနျပန္ေတာ့ ျမင္ရတဲ႕ေနရာကေန သူတို႕ပစၥည္းလာေျကညာသြားတဲ႕ သူေတြက ရွိေသးရဲ႕ ။

ဒီအေျကာင္းေတြ တစ္ဦးဦးကို ဖြင့္ဟ ေျပာျကည့္တာနဲ႕ အေနအထိုင္ဆင္ျခင္ပါလားဆိုျပီး victims blaming လုပ္ျကျပန္တယ္ ။

မုဒိန္းက်င့္ခံရလို႕ အမွု႕ရင္ဆိုင္ရရင္ မိန္းကေလးတစ္ေယာက္ကို လူပံုလည္မွာ သိကၡာညွိဳးနြမ္းေစေအာင္
သူ႕ကို က်ဴးလြန္သြားသူရဲ႕ လိင္တံက ဘယ္ေလာက္ျကီးလဲ ဘယ္ေလာက္ရွည္လဲ ဘာအေရာင္လဲ ၊ ဘယ္လိုစလုပ္တာလဲနဲ႕ တရားခြင့္မွာ ေမးခြင့္ျပဳ ျကျပန္တယ္ ။

က်ဴးလြန္ခံျဖစ္တာနဲ႕ ပတ္၀န္က်င္မွာ လမ္းသြားရင္ေတာင္ မ်က္ေစာင္းထိုးျပီး ကဲ႕ရဲ႕တင္း ဆိုျကျပီး အျပစ္ျကီးတစ္ခုက်ဴးလြန္ထားသူလို ဘယ္သားရွင္မွ ဘယ္ေယာက်ာ္းမွ သေဘာမတူျကျပန္ဘူး ။ သူမလုပ္ခဲ႕ပဲ မတရားခံရတဲ႕ျပစ္မွု႕အတြက္ ခြဲျခားဆက္ဆံျကျပန္တယ္ ။

ငါ့ခ်စ္သူ ငါ့မယား ဆိုျပီး ပယ္ပယ္နယ္နယ္ ရိုက္နွက္ျကသလို ၊ ခ်စ္သူ လင္မယားအျဖစ္ပတ္သတ္တာနဲ႕ တရားဝင္ရိုက္နွုက္ခြင့္ရွိသူလို ဘယ္သူမွ၀င္မတားျကျပန္ဘူး ။

ဆႏၵမရွိလို႕ လက္တြဲျဖဳတ္တာနဲ႕ ဓါးနဲ႕ထိုး ၊ကတ္ေျကးနဲ႕ ထိုးျကျပီး အင္းအားမမ်ွသူကို အားသံုးအနိုင္က်င့္သလို ၊ ဒီလို လုပ္ခံရသူေတြကိုျပန္ျပီး ခံရတာနည္းေသးတယ္တို႕ သစၥာမရွိရင္ခံပေစတို႕ဆိုျပီး ေျပာထြက္ျကျပန္တယ္ ။

ျမန္မာ့ ယဥ္ေက်းမွု႕ဆိုတာနဲ႕ ကိုင္ေပါက္ျပီး အ၀တ္အစား အေနအထိုင္ကို အျပစ္ေျပာျပီး ၊သူတို႕ေျကာင့္ယဥ္ေက်းမွု႕ပ်က္ရတာပါ ေအာ္ျကျပန္တယ္ ။

ေယာက်ား္ေလး ေဆးလိပ္ေသာက္တာ ကို ပံုမွန္ေယာက်ာ္းေလးပဲလို႕ ျမင္တဲ႕သူေတြက မိန္းကေလးေဆးလိပ္ေသာက္ေတာ့ ယဥ္ေက်းမွု႕မရွိသူလိုလို သတ္မွတ္ျကျပန္တယ္ ။

ေယာက်ာ္းေလးတတ္တူးထိုးရင္ အထူးအဆန္းမဟုတ္ေပမဲ႕ မိန္းကေလးတတ္တူးနဲ႕ျကေတာ့ အမ်ိဳးဖ်က္မလိုလို ၊ျမန္မာ့ယဥ္ေက်းမွု႕ေစာ္ကားသလိုလို သတ္မွတ္ျပီး ယဥ္ေက်းမွု႕နဲ႕ပတ္သတ္သမ်ွ မိန္းမေတြေခါင္းေပၚသာ ထင္ထားျကျပန္တယ္ ။

တကယ္ကို "နွမသားခ်င္းစာနာပါ " ဆိုတဲ႕စကားေလး ေခတ္စားတဲ႕ ယဥ္ေက်းလွပါေသာ နိုင္ငံမွာ
"နွမသားခ်င္း စာနာတယ္ "ဆိုတာ

"ကိုယ့္နွမသားခ်င္း ထိမွ အသံစာစာ စာစာနဲ႕ နာတတ္တာ ""ကို ေျပာတာျကီးလား လို႕ေတာင္ထင္မိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: က်ြန္းေသတၱာ (ရသစံုဒိုင္ဂ်က္)

# Unicode Version ျဖင့္ ဖတ္ပါ #

"နှမချင်းကိုယ်ချင်းမစာဘူးလား "

ဒီစကားတွေကို ကျွန်တော်တို့ ငယ်ငယ်ထဲက ကြားဘူးကြပါတယ် ။

ဒါ့အပြင် ဒီစကား ကို ယဉ်ကျေးမှု့ထွန်းကားတဲ့ မြန်မာနိုင်ငံ ကလွဲပြီး တစ်ခြားနိုင်ငံမှာ ကြားဖို့ တော်တော် မဖြစ်နိုင်ပါ။ သုံးလေ့သုံးထလည်းမရှိကြပါဘူး ။

ပြောလို့ကောင်း တယ် ။ စကားရည်ရွယ်ချက်ကောင်းတယ် ။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ အများစုက တကယ်ရော နှမသားချင်းစာနာနေကြလား? ???

ဒီနေ့ခေတ် social media မှာတောင်

ယောကျာ်းလေးအချင်းချင်း ရန်ဖြစ်ရင်တောင် မင်းညီမကို ၊ မင်းအမေကို နဲ့ အမျိုးသမီးတွေကိုလိင်ပိုင်းဆိုင်ရာစော်ကားတယ် ။

မင်းသမီးတွေ မော်ဒယ်တွေ အဖော်အချွတ်မဟုတ်ပဲ တင်တာတောင် အောက်ကနေ (မရိုသေ့စကား)
-ိုးချင်တယ်ဆိုပြီး ဝင်မန့်တဲ့သူအပုံကြီး ။

အဖော်အချွတ်ဖြစ်စေ မပေါ်တပေါ်ဖြစ်စေ တင်ရင် မြန်မာမဟုတ်ဘူးလား၊ ယဉ်ကျေးမှု့မရှိဘူးလား နဲ့
ေ- -ိုးမ. -ာသည်မ နဲ့ ဝင်ဆုံးမသွားတယ် ။

သူဘာသူနေပြန်တော့လည်း massage box လာပြီး လုပ်ချင်လို့ ကိုင်ချင်လို့ နဲ့ သူ့တို့ပစ္စည်းကို ဓါတ်ပုံ ရိုက်ပို့တာတွေ ၊ လိင်ဆက်ဆံတဲ့ ပုံတွေ ၊ ပါပြသွားသေတယ် ။

မိန်းမပုံအကောင့်တုတွေ နဲ့ မိန်းမဟန်ဆောင်ပြီး တစ်ဖက်ကို စိတ်ထစိတ်ကြွအာင်ဆိုပြီ ညစ်ညစ်ညမ်းညမ် တွေ ပြောတာလည်းရှိသေးတယ် ။

ယောကျာ်းတွေပဲလားဆိုတော့လည်းမဟုတ်ဘူး ။

မိန်းမချင်းပါ အရှက်ခွဲတယ် ပုံတွေတင် ၊ chat တာတွေ SS လုပ်ပြီး သူတို့လူမူ့ရေးကိစ္စတွေ အဆင်မပြေတိုင်း စနှိုက်ကြော်တို့ ၊ လင်ခိုးမ တို့ဆိုတဲ့ စကားတွေ လှိုင်လှိုင်သုံးပြီး အုံနဲ့ကျင်းနဲ့ အရှက်ခွဲကြတယ် ။
(ယဉ်ကျေးမှု့ထွန်းကားသော မြန်မာနိုင်ငံမှ လွဲပြီး အခြားနိုင်ငံမှာ ဒါမျိုး မိန်းမချင်း အရှက်ခွဲတာမတွေ့ဘူးပါ။)

ဒါက social media ပေါ်မှာသာရှိပါသေးတယ် ။ အပြင်ကြတော့ရော? ?

လမ်းဖြတ်လျှောက်ရင် နှုတ်နဲ့ ဆော်ကားတယ် ။ အခွင့်ရေးရရင် ကိုယ်ထိလက်ရောက်စော်ကားတယ် ။

အလိုမတူတဲ့ မိန်းကလေးကို လက်လိုက်ဆွဲပြီး နင်မသွားနဲ့ဆိုပြီး ရည်းစားစကားပြောတဲ့ မင်သားကို သူရဲကောင်းလို ရုပ်ရှင်တွေမှာ ရိုက်ပြတယ် ။

၀ တဲ့မိန်းကလေးဆို အမြဲပဲ ယောကျာ်းတွေကို လိုက်ငမ်းငမ်းတတ်နေသူလို ရုပ်ရှင်တွေက ရိုက်ပြပြီး

လမ်းဖြတ်လျောက်ရင် ဖတ်တီးမ ၊ အကိတ်ကြီး စသဖြင့် body shaming လုပ်ကြတယ် ။

မိန်းကလေးသူငယ်ချင်း အချင်းချင်းတောင် ဖတ်တီးမ ၊ အရိုးမနဲ့ ခန္တာကိုယ်ပုံသဏ္ဍန်ကို နှိမ့်ချပြီး ခေါ်ဝေါ်တာကိုချစ်စနိုးလို့ သတ်မှတ်ကြလေရဲ့ ။ (ခံရသူများမှာ မသက်သာပါ)

အလုပ်သွားအလုပ်ပြန် Bus တွေပေါ်ကြပြန်တော့လည်း ဟိုထိ ၊ ဒီကိုင်နဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ကြပြန်တယ် ။

Bus ကြောက်လို့ Taxi စီးပြန်တော့လည်း ဟိုကားဖွင့်ပြ ဒီကားဖွင့်ပြနဲ့ တဏှာရူးပြီး တစ်ဖက်မိန်းကလေးရဲ့ ကိုယ်ကျင့်တရားကို စိန်ခေါ်ကြပြန်တယ် ။

အပြင်မထွက်ပဲ အိမ်မှာနေပြန်တော့ မြင်ရတဲ့နေရာကနေ သူတို့ပစ္စည်းလာကြေညာသွားတဲ့ သူတွေက ရှိသေးရဲ့ ။

ဒီအကြောင်းတွေ တစ်ဦးဦးကို ဖွင့်ဟ ပြောကြည့်တာနဲ့ အနေအထိုင်ဆင်ခြင်ပါလားဆိုပြီး victims blaming လုပ်ကြပြန်တယ် ။

မုဒိန်းကျင့်ခံရလို့ အမှု့ရင်ဆိုင်ရရင် မိန်းကလေးတစ်ယောက်ကို လူပုံလည်မှာ သိက္ခာညှိုးနွမ်းစေအောင်
သူ့ကို ကျူးလွန်သွားသူရဲ့ လိင်တံက ဘယ်လောက်ကြီးလဲ ဘယ်လောက်ရှည်လဲ ဘာအရောင်လဲ ၊ ဘယ်လိုစလုပ်တာလဲနဲ့ တရားခွင့်မှာ မေးခွင့်ပြု ကြပြန်တယ် ။

ကျူးလွန်ခံဖြစ်တာနဲ့ ပတ်ဝန်ကျင်မှာ လမ်းသွားရင်တောင် မျက်စောင်းထိုးပြီး ကဲ့ရဲ့တင်း ဆိုကြပြီး အပြစ်ကြီးတစ်ခုကျူးလွန်ထားသူလို ဘယ်သားရှင်မှ ဘယ်ယောကျာ်းမှ သဘောမတူကြပြန်ဘူး ။ သူမလုပ်ခဲ့ပဲ မတရားခံရတဲ့ပြစ်မှု့အတွက် ခွဲခြားဆက်ဆံကြပြန်တယ် ။

ငါ့ချစ်သူ ငါ့မယား ဆိုပြီး ပယ်ပယ်နယ်နယ် ရိုက်နှက်ကြသလို ၊ ချစ်သူ လင်မယားအဖြစ်ပတ်သတ်တာနဲ့ တရားဝင်ရိုက်နှုက်ခွင့်ရှိသူလို ဘယ်သူမှဝင်မတားကြပြန်ဘူး ။

ဆန္ဒမရှိလို့ လက်တွဲဖြုတ်တာနဲ့ ဓါးနဲ့ထိုး ၊ကတ်ကြေးနဲ့ ထိုးကြပြီး အင်းအားမမျှသူကို အားသုံးအနိုင်ကျင့်သလို ၊ ဒီလို လုပ်ခံရသူတွေကိုပြန်ပြီး ခံရတာနည်းသေးတယ်တို့ သစ္စာမရှိရင်ခံပစေတို့ဆိုပြီး ပြောထွက်ကြပြန်တယ် ။

မြန်မာ့ ယဉ်ကျေးမှု့ဆိုတာနဲ့ ကိုင်ပေါက်ပြီး အဝတ်အစား အနေအထိုင်ကို အပြစ်ပြောပြီး ၊သူတို့ကြောင့်ယဉ်ကျေးမှု့ပျက်ရတာပါ အော်ကြပြန်တယ် ။

ယောကျာ်းလေး ဆေးလိပ်သောက်တာ ကို ပုံမှန်ယောကျာ်းလေးပဲလို့ မြင်တဲ့သူတွေက မိန်းကလေးဆေးလိပ်သောက်တော့ ယဉ်ကျေးမှု့မရှိသူလိုလို သတ်မှတ်ကြပြန်တယ် ။

ယောကျာ်းလေးတတ်တူးထိုးရင် အထူးအဆန်းမဟုတ်ပေမဲ့ မိန်းကလေးတတ်တူးနဲ့ကြတော့ အမျိုးဖျက်မလိုလို ၊မြန်မာ့ယဉ်ကျေးမှု့စော်ကားသလိုလို သတ်မှတ်ပြီး ယဉ်ကျေးမှု့နဲ့ပတ်သတ်သမျှ မိန်းမတွေခေါင်းပေါ်သာ ထင်ထားကြပြန်တယ် ။

တကယ်ကို "နှမသားချင်းစာနာပါ " ဆိုတဲ့စကားလေး ခေတ်စားတဲ့ ယဉ်ကျေးလှပါသော နိုင်ငံမှာ
"နှမသားချင်း စာနာတယ် "ဆိုတာ

"ကိုယ့်နှမသားချင်း ထိမှ အသံစာစာ စာစာနဲ့ နာတတ်တာ ""ကို ပြောတာကြီးလား လို့တောင်ထင်မိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ကျွန်းသေတ္တာ (ရသစုံဒိုင်ဂျက်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top