Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ကဲ ဖိုးသူေတာ္ပရိတ္သတ္ၾကီးေရ မၾကာလွတဲ့အခ်ိန္အေတာ္အတြင္း တန္ေဆာင္မုန္းလျပည့္ညကို ေရာက္ရွိေတာ့မွာျဖစ္တဲ့အတြက္ တန္ေဆာင္မုန္းလျပည့္ညမွာ ဘာေၾကာင့္ ပစၥည္းခိုးရတာလဲ ဆိုတဲ့ အေၾကာင္းေလးကို ေျပာျပခ်င္ပါတယ္........

လြန္ေလျပီးေသာ ေရွးအခါက ေယာက္်ားသားမ်ား ရွင္လိင္ျပန္ၾကရာဝယ္ ေဆးမင္ေၾကာင္ထုိးသည့္ ဓေလ့သည္ အထင္အရွားရွိခဲ့၏။ ရွင္ဘုရင္မွ အစခ်ီကာ မင္းညီမင္းသား၊ မွဴးမတ္သူၾကြယ္၊ ကုန္သည္၊ လယ္လုပ္ အစခ်ီကာ သူရင္းငွားမ်ားစေသာ လူေယာက္်ားတုိ႔သည္ မင္ထုိးၾကေလသည္။

ယခုေခတ္ကဲ႔သုိ႔ ၾကဳံသလုိထုိးျခင္း မဟုတ္ေခ်။ ေဆးမွင္ထုိးသည့္အခါ နကၡတ္ေကာင္း၊ အခါေကာင္း ေစာင့္ဆုိင္းကာ ေမွာင္ခန္း ေခၚ မွင္ထုိးသည့္ အခန္းတြင္ ကန္ေတာ့ပြဲေပး၍ ထုိးရသည္။ထုိသုိ႔ ထုိးခဲ့ျပီးေသာ ေယာက္်ားတုိ႕သည္ တန္ေဆာင္မုန္းည နကၡတ္စုံခ်ိန္တြင္ ထုိးထားသည့္ ေၾကာင္တက္ေၾကာင္ဆင္း ေဆးအေစာင့္တုိ႕သည္ တန္ခုိးျပသည္ဟု အယူရွိေသာေၾကာင့္ အရွင္မသိေသာ ပစၥည္းကုိခုိးယူကာ ခုိးကြင္း၌ ထားျမဲျဖစ္၏။

ထုိးကြင္းဆုိသည္မွာ ခုိးရာပါပစၥည္းအား ဘယ္သူဘယ္၀ါ၏အိမ္မွ ပစၥည္းျဖစ္ေၾကာင္း ခုိးကြင္းတြင္ စာကပ္၍ ထားၾကသည္။ ထုိသုိ႕ခုိးရာတြင္ အသက္ရွိေသာအရာကုိ ခုိးယူႏုိင္စြမ္းေသာသူသည္ လူစြမ္းေကာင္းျဖစ္ေလသည္။ေရွးအခါက ႏြားမ်ားႏွင့္ လူအိပ္ေနေသာ ကုတင္ကုိ လူမနွိုးေအာင္ ထမ္း၍ ခုိးကြင္း၌ လာထားၾကသည္။ မနက္မုိးလင္းေသာအခါ ပစၥည္းရွင္မ်ားက သကၤန္းအစုံျဖင္႔ မိမိတုိ႕ပစၥည္းကုိ လာေရြးယူၾကျပီး ကထိန္ပြဲကုိ ဆင္ႏြဲရသည္။

ပစၥည္းခုိး၍ လူမိေသာအခါတြင္ ထုိသူကုိဖမ္း၍ ထိုးကြင္းတြင္ ကတုံးတုံးကာ ျပာလူး၍ ထားၾကသည္။ ကထိန္ပြဲတြင္ ထုိခုိးသားကုိ ရြာသူၾကီးက တရားသူၾကီးလုပ္ကာ တရားဆုိင္ခန္းျဖင့္ ဟာသလုပ္ၾကျပီး ရဟန္း၀တ္ေစျမဲျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Nay oo nyo

# Unicode Version ျဖင့္ ဖတ္ပါ #

ကဲ ဖိုးသူတော်ပရိတ်သတ်ကြီးရေ မကြာလှတဲ့အချိန်အတော်အတွင်း တန်ဆောင်မုန်းလပြည့်ညကို ရောက်ရှိတော့မှာဖြစ်တဲ့အတွက် တန်ဆောင်မုန်းလပြည့်ညမှာ ဘာကြောင့် ပစ္စည်းခိုးရတာလဲ ဆိုတဲ့ အကြောင်းလေးကို ပြောပြချင်ပါတယ်........

လွန်လေပြီးသော ရှေးအခါက ယောက်ျားသားများ ရှင်လိင်ပြန်ကြရာဝယ် ဆေးမင်ကြောင်ထိုးသည့် ဓလေ့သည် အထင်အရှားရှိခဲ့၏။ ရှင်ဘုရင်မှ အစချီကာ မင်းညီမင်းသား၊ မှူးမတ်သူကြွယ်၊ ကုန်သည်၊ လယ်လုပ် အစချီကာ သူရင်းငှားများစသော လူယောက်ျားတို့သည် မင်ထိုးကြလေသည်။

ယခုခေတ်ကဲ့သို့ ကြုံသလိုထိုးခြင်း မဟုတ်ချေ။ ဆေးမှင်ထိုးသည့်အခါ နက္ခတ်ကောင်း၊ အခါကောင်း စောင့်ဆိုင်းကာ မှောင်ခန်း ခေါ် မှင်ထိုးသည့် အခန်းတွင် ကန်တော့ပွဲပေး၍ ထိုးရသည်။ထိုသို့ ထိုးခဲ့ပြီးသော ယောက်ျားတို့သည် တန်ဆောင်မုန်းည နက္ခတ်စုံချိန်တွင် ထိုးထားသည့် ကြောင်တက်ကြောင်ဆင်း ဆေးအစောင့်တို့သည် တန်ခိုးပြသည်ဟု အယူရှိသောကြောင့် အရှင်မသိသော ပစ္စည်းကိုခိုးယူကာ ခိုးကွင်း၌ ထားမြဲဖြစ်၏။

ထိုးကွင်းဆိုသည်မှာ ခိုးရာပါပစ္စည်းအား ဘယ်သူဘယ်ဝါ၏အိမ်မှ ပစ္စည်းဖြစ်ကြောင်း ခိုးကွင်းတွင် စာကပ်၍ ထားကြသည်။ ထိုသို့ခိုးရာတွင် အသက်ရှိသောအရာကို ခိုးယူနိုင်စွမ်းသောသူသည် လူစွမ်းကောင်းဖြစ်လေသည်။ရှေးအခါက နွားများနှင့် လူအိပ်နေသော ကုတင်ကို လူမနှိုးအောင် ထမ်း၍ ခိုးကွင်း၌ လာထားကြသည်။ မနက်မိုးလင်းသောအခါ ပစ္စည်းရှင်များက သင်္ကန်းအစုံဖြင့် မိမိတို့ပစ္စည်းကို လာရွေးယူကြပြီး ကထိန်ပွဲကို ဆင်နွဲရသည်။

ပစ္စည်းခိုး၍ လူမိသောအခါတွင် ထိုသူကိုဖမ်း၍ ထိုးကွင်းတွင် ကတုံးတုံးကာ ပြာလူး၍ ထားကြသည်။ ကထိန်ပွဲတွင် ထိုခိုးသားကို ရွာသူကြီးက တရားသူကြီးလုပ်ကာ တရားဆိုင်ခန်းဖြင့် ဟာသလုပ်ကြပြီး ရဟန်းဝတ်စေမြဲဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Nay oo nyo
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top