Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×





Credit: Thithtoolwin
#Unicode Version#
မြန်မာ နယ်စပ်နားက တောထဲမှာ ဆင်ရိုင်း နင်းလို့ ရိုဟင်ဂျာ ဒုက္ခသည် ၄ ယောက် သေဆုံး တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲက ဆိုပါတယ်။

ကောက်ဆက်ဘဇား ခရိုင် က သစ်တော ထူထပ်တဲ့ နေရာမှာ နေထိုင်ဖို့ ယာယီတဲ ဆောက်နေ တဲ့ မိသားစုကို ဆင်နင်းလို့ အမျိုးသမီး တယောက် နဲ့ ကလေး ၃ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။

၂ ဦး ဒဏ်ရာရတယ် လို့လည်း သိရပါတယ်။

ဒါဟာ မြန်မာပြည်မှာ ဆူပူမှုတွေကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ဒုတိယ အကြိမ် ဆင်ရိုင်း နင်းခံရတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို မြန်မာဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည် ၅ သိန်းကျော် ရှိနေပြီလို့ ကုလသမဂ္ဂက ပြောဆိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin

#Unicode Version#


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top