Golden City Promotion
×

အသက္ (၄၀)ေက်ာ္ ထိိပ္ မေျပာင္တဲ့ အမ်ဳိးသားေတြနဲ႔ ႏိႈင္းယွဥ္ပါက အသက္
(၄၅)ႏွစ္အရြယ္မွာ ပံုစံတစ္မ်ဳိးမ်ဳိးနဲ႔ ထိပ္ေျပာင္တဲ့ အမ်ဳိးသားေတြဟာ အသက္ႀကီး လာခ်ိန္မွာ ဆီးက်ိတ္ကင္ဆာျဖစ္ႏိုင္တဲ့ အႏၲ ရာယ္ ၄၀ရာခိုင္ႏႈန္း ပိုမ်ားေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပတယ္။

အေမရိကန္ႏိုင္ငံ မယ္ရီလန္း ျပည္နယ္ ဘီသက္စ္ဆာၿမိဳ႕နယ္ရွိ အမ်ဳိးသား ကင္ဆာေရာဂါဌာနမွ စံုစစ္ေဆးေရးမွဴး မိုက္ကယ္ဘီကြက္ က ““အသက္ (၄၅)ႏွစ္အရြယ္မွာ ဆံပင္အေတာ္အသင့္ပါးတဲ့ အမ်ဳိးသားေတြ၊ ထိပ္ေျပာင္တဲ့ အမ်ဳိးသားေတြ၊ ဆံပင္ကၽြတ္တာမ်ားတဲ့ အမ်ဳိိးသားေတြမွာပဲ ျပင္းထန္တဲ့ ဆီးက်ိတ္ ကင္ဆာအႏၲရာယ္ ပိုမ်ားတာကို ကၽြန္ေတာ္တို႔ရဲ႕ ေလ့လာမႈအရ စစ္ေဆးေတြ႔ရွိခဲ့ပါတယ္”” လို႔ ေျပာတယ္။

အေမရိကန္ကင္ဆာ စစ္ေဆး ေရးဌာနမွာ စစ္ေဆးခံသူ အသက္ (၅၅)ႏွစ္မွ
(၇၄)ႏွစ္ၾကား အမ်ဳိးသား ၃၉ယ၀၇၀ဦးမွာ ဆီးက်ိတ္ေရာဂါအႏၲ ရာယ္နဲ႔ ထိပ္ေျပာင္ျခင္းၾကားဆက္စပ္မႈကို သုေတသီေတြက စိစစ္ေလ့လာခဲ့ၾကတယ္။

၎င္းတို႔ကို အသက္ (၄၅)ႏွစ္ အရြယ္မွာ ထိပ္ေျပာင္ျခင္း၊ ဆံပင္ကၽြတ္ျခင္းရွိ၊ မရွိ သုေတသီေတြက ေမးျမန္းခဲ့ၿပီး၊ ေလ့လာမႈအတြင္းပါ၀င္သူ ၁ယ၁၃၈ဦးမွာ ဆီးက်ိတ္ကင္ဆာရွိေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့တယ္။

ေလ့ လာမႈမွာပါ၀င္သူ ၅၁ရာခုိုင္ႏႈန္းမွာ ဆီးက်ိတ္ကင္ဆာျပင္းထန္ေၾကာင္း သိရတယ္။

အဲဒီေလ့လာမႈအရ ထိပ္မေျပာင္တဲ့ အမ်ဳိးသားေတြထက္ ထိပ္ေျပာင္တဲ့ အမ်ဳိးသားေတြဟာ ဆီးက်ိတ္ကင္ဆာျဖစ္ႏိုင္ေျခ ၄၀ ရာခိုင္ႏႈန္းပိုမ်ားေၾကာင္း စစ္ေဆး ေတြ႔ရွိခဲ့တယ္။

ဆီးက်ိတ္ကင္ဆာေရာဂါနဲ႔ ထိပ္ေျပာင္ျခင္း ႏွစ္ခုစလံုးမွာ အမ်ဳိး သားေတြရဲ႕ လိင္ေဟာ္မုန္းနဲ႔ အဲဒီ ေဟာ္မုန္းေတြပို႔လႊတ္တဲ့ အာ႐ံုေၾကာေတြအဆင့္ျမင့္မား
မႈနဲ႔ ဆက္ႏႊယ္ေၾကာင္း အေထာက္အထားေတြ႔ရွိရတယ္။
ဒါေၾကာင့္ ထိပ္ေျပာင္ျခင္းနဲ႔ ဆီးက်ိတ္ကင္ဆာျဖစ္ႏိုင္တာ၊ ေရာဂါ အဆင့္ျမင့္
လာတာေတြၾကား ဇီ၀ေဗဒဆိုင္ရာ ဆက္စပ္မႈရွိေၾကာင္း သုေတသီေတြက ေျပာတယ္။ အခုေလ့လာမႈကို Clinical Oncology ဂ်ာနယ္မွာ ေဖာ္ျပထားတယ္။

Ref;TOI
ၫြန္႔လြင္(စက္္မႈတကၠသိုလ္)
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Health Updates Journal

#Unicode Version#
အသက် (၄၀)ကျော် ထိပ် မပြောင်တဲ့ အမျိုးသားတွေနဲ့ နှိုင်းယှဉ်ပါက အသက်
(၄၅)နှစ်အရွယ်မှာ ပုံစံတစ်မျိုးမျိုးနဲ့ ထိပ်ပြောင်တဲ့ အမျိုးသားတွေဟာ အသက်ကြီး လာချိန်မှာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်တဲ့ အန္တ ရာယ် ၄၀ရာခိုင်နှုန်း ပိုများကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြတယ်။

အမေရိကန်နိုင်ငံ မယ်ရီလန်း ပြည်နယ် ဘီသက်စ်ဆာမြို့နယ်ရှိ အမျိုးသား ကင်ဆာရောဂါဌာနမှ စုံစစ်ဆေးရေးမှူး မိုက်ကယ်ဘီကွက် က ““အသက် (၄၅)နှစ်အရွယ်မှာ ဆံပင်အတော်အသင့်ပါးတဲ့ အမျိုးသားတွေ၊ ထိပ်ပြောင်တဲ့ အမျိုးသားတွေ၊ ဆံပင်ကျွတ်တာများတဲ့ အမျိိုးသားတွေမှာပဲ ပြင်းထန်တဲ့ ဆီးကျိတ် ကင်ဆာအန္တရာယ် ပိုများတာကို ကျွန်တော်တို့ရဲ့ လေ့လာမှုအရ စစ်ဆေးတွေ့ရှိခဲ့ပါတယ်”” လို့ ပြောတယ်။

အမေရိကန်ကင်ဆာ စစ်ဆေး ရေးဌာနမှာ စစ်ဆေးခံသူ အသက် (၅၅)နှစ်မှ
(၇၄)နှစ်ကြား အမျိုးသား ၃၉ယ၀၇၀ဦးမှာ ဆီးကျိတ်ရောဂါအန္တ ရာယ်နဲ့ ထိပ်ပြောင်ခြင်းကြားဆက်စပ်မှုကို သုတေသီတွေက စိစစ်လေ့လာခဲ့ကြတယ်။

၎င်းင်းတို့ကို အသက် (၄၅)နှစ် အရွယ်မှာ ထိပ်ပြောင်ခြင်း၊ ဆံပင်ကျွတ်ခြင်းရှိ၊ မရှိ သုတေသီတွေက မေးမြန်းခဲ့ပြီး၊ လေ့လာမှုအတွင်းပါဝင်သူ ၁ယ၁၃၈ဦးမှာ ဆီးကျိတ်ကင်ဆာရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်။

လေ့ လာမှုမှာပါဝင်သူ ၅၁ရာခိုင်နှုန်းမှာ ဆီးကျိတ်ကင်ဆာပြင်းထန်ကြောင်း သိရတယ်။

အဲဒီလေ့လာမှုအရ ထိပ်မပြောင်တဲ့ အမျိုးသားတွေထက် ထိပ်ပြောင်တဲ့ အမျိုးသားတွေဟာ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းပိုများကြောင်း စစ်ဆေး တွေ့ရှိခဲ့တယ်။

ဆီးကျိတ်ကင်ဆာရောဂါနဲ့ ထိပ်ပြောင်ခြင်း နှစ်ခုစလုံးမှာ အမျိုး သားတွေရဲ့ လိင်ဟော်မုန်းနဲ့ အဲဒီ ဟော်မုန်းတွေပို့လွှတ်တဲ့ အာရုံကြောတွေအဆင့်မြင့်မား
မှုနဲ့ ဆက်နွှယ်ကြောင်း အထောက်အထားတွေ့ရှိရတယ်။
ဒါကြောင့် ထိပ်ပြောင်ခြင်းနဲ့ ဆီးကျိတ်ကင်ဆာဖြစ်နိုင်တာ၊ ရောဂါ အဆင့်မြင့်
လာတာတွေကြား ဇီဝဗေဒဆိုင်ရာ ဆက်စပ်မှုရှိကြောင်း သုတေသီတွေက ပြောတယ်။ အခုလေ့လာမှုကို Clinical Oncology ဂျာနယ်မှာ ဖော်ပြထားတယ်။

Ref;TOI
ညွန့်လွင်(စက်မှုတက္ကသိုလ်)
ဖိုးသူတော် (www.phothutaw.com)
Credit: Health Updates Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top