Golden City Promotion
×

ဒီေန႔ ႐ုပ္ရွင္အႀကိဳက႑မွာေတာ့ ရယ္လည္းရယ္ရ အက္ရွင္ဇာတ္ကြက္ေတြလည္း ၾကည့္ရမယ့္ေဘာလိ၀ုဒ္ ဟာသအက္ရွင္ဇာတ္ ကားေလး ပရိသတ္ေတြအတြက္ ေဖာ္ျပလိုက္ပါတယ္။


Judwaa နာမည္နဲ႔ ႐ုပ္ရွင္ ထြက္ရွိခဲ့ဖူးၿပီး အခုဇာတ္ကားကေတာ့ ဆန္းသစ္မႈေတြနဲ႔ထပ္မံတင္ ဆက္ထားတာပါ။ ဇာတ္လမ္းကေတာ့ ကြဲကြာေနတဲ့ အႁမႊာညီအစ္ ကို ရာဂ်ာနဲ႔ ပရမ္တို႔အေၾကာင္း ျဖစ္ၿပီး မြမ္ဘိုင္းနဲ႔လန္ဒန္က ဇာတ္ကြက္အလွအပေတြနဲ႔အတူ ႐ႈစား ၾကရမွာပါ။

ရာဂ်ာနဲ႔ပရမ္ဟာ စီးပြားေရးလုပ္ငန္းရွင္ႀကီးတစ္ေယာက္ရဲ႕အႁမႊာသားႏွစ္ေယာက္အျဖစ္ ေမြးဖြားလာေပမယ့္ ခ်ားလ္စ္ဆိုတဲ့ေမွာင္ခုိသမားက ကေလးတစ္ေယာက္ကို ျပန္ေပးဆြဲသြားတဲ့အတြက္ ကြဲကြာခဲ့ရပါတယ္။

အႁမႊာညီအစ္ကိုဟာတစ္ ေယာက္က မြမ္ဘိုင္းမွာ၊ တစ္ ေယာက္က လန္ဒန္မွာႀကီးျပင္း ခဲ့ၿပီး မိသားစုေတြကေတာ့ အႁမႊာ ထဲကတစ္ေယာက္က ေသသြားၿပီ လို႔ထင္ထားခဲ့တာပါ။

လန္ဒန္မွာ ႀကီးျပင္းတဲ့ ပရမ္ကေတာ့ ခပ္ေအးေအးနဲ႔႐ိုးအတဲ့အတြက္ သူမ်ားႏွိပ္စက္ခံျဖစ္ေပ မယ့္လို႔ မြမ္ဘိုင္းက ရာဂ်ာကေတာ့ ရန္ျဖစ္သတ္ပုတ္တဲ့ေနရာမွာ ဆရာက်တဲ့ဖိုက္တာ တစ္ေယာက္ ပါ။ ဒီလိုနဲ႕ တစ္ရက္မွာေတာ့ရာဂ်ာတစ္ေယာက္ လန္ဒန္ကို သြားဖို႔ ျဖစ္လာခဲ့ၿပီး မြမ္ဘိုင္းမွာေန ေနက် ဆံပင္အရွည္ပံုစံမဟုတ္ဘဲ ဆံပင္ေတြ ဘာေတြသၿပီးသြား တာမို႔ ပရမ္နဲ႔ပိုလို႔ေတာင္တူပါ တယ္။

တစ္ရက္မွာေတာ့ ညီအစ္ကိုႏွစ္ေယာက္ ထိပ္တိုက္ဆံုမိခဲ့ၾက ၿပီး အႁမႊာညီအစ္ကိုမွန္းသိသြားခဲ့ ၾကပါတယ္။ ႏွစ္ေယာက္ေတြ႕ၿပီး ေနာက္မွာ ထူးျခားတာတစ္ခုက  တစ္ေယာက္ေယာက္ထိခိုက္ဒဏ္ ရာရရင္ပဲျဖစ္ျဖစ္၊ တစ္ခုခုျဖစ္ ရင္ေနာက္တစ္ေယာက္မွာအတူတူ လာၿပီးျဖစ္တာလည္း ရယ္ေမာရ ေစမွာပါ။

ပရမ္နဲ႔ ရာဂ်ာကို လူေတြမွားၾကတဲ့ ဇာတ္ကြက္ေတြထဲမွာ အရယ္ရဆံုးကေတာ့ အႁမႊာႏွစ္ ေယာက္ရဲ႕ ခ်စ္သူေတြ လူမွားၾကတာပါ။ ေဘာလိ၀ုဒ္ဇာတ္ကား ေတြရဲ႕ ထံုးစံအတိုင္း ျမဴးျမဴးႂကြႂကြအကေတြနဲ႔ ၾကည္ႏူးစရာဇာတ္ ကြက္ေလးေတြကိုလည္း အႀကိဳက္ေတြ႕ၾကမွာပါ။

အႁမႊာညီအစ္ကိုႏွစ္ေယာက္ ျပန္ဆံုၿပီးေနာက္မွာေတာ့ မိသားစု ကို အႏၲရာယ္ေပးမယ့္သူေတြကို  အတူရင္ဆိုင္ၾကတာကိုလည္း အက္ရွင္ရသအျပည့္နဲ႔ တင္ဆက္ ထားတာမို႔ အႀကိဳခံစားၾကပါဦး လို႔။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#

ဒီနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာတော့ ရယ်လည်းရယ်ရ အက်ရှင်ဇာတ်ကွက်တွေလည်း ကြည့်ရမယ့်ဘောလိဝုဒ် ဟာသအက်ရှင်ဇာတ် ကားလေး ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။


Judwaa နာမည်နဲ့ ရုပ်ရှင် ထွက်ရှိခဲ့ဖူးပြီး အခုဇာတ်ကားကတော့ ဆန်းသစ်မှုတွေနဲ့ထပ်မံတင် ဆက်ထားတာပါ။ ဇာတ်လမ်းကတော့ ကွဲကွာနေတဲ့ အမြွှာညီအစ် ကို ရာဂျာနဲ့ ပရမ်တို့အကြောင်း ဖြစ်ပြီး မွမ်ဘိုင်းနဲ့လန်ဒန်က ဇာတ်ကွက်အလှအပတွေနဲ့အတူ ရှုစား ကြရမှာပါ။

ရာဂျာနဲ့ပရမ်ဟာ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ရဲ့အမြွှာသားနှစ်ယောက်အဖြစ် မွေးဖွားလာပေမယ့် ချားလ်စ်ဆိုတဲ့မှောင်ခိုသမားက ကလေးတစ်ယောက်ကို ပြန်ပေးဆွဲသွားတဲ့အတွက် ကွဲကွာခဲ့ရပါတယ်။

အမြွှာညီအစ်ကိုဟာတစ် ယောက်က မွမ်ဘိုင်းမှာ၊ တစ် ယောက်က လန်ဒန်မှာကြီးပြင်း ခဲ့ပြီး မိသားစုတွေကတော့ အမြွှာ ထဲကတစ်ယောက်က သေသွားပြီ လို့ထင်ထားခဲ့တာပါ။

လန်ဒန်မှာ ကြီးပြင်းတဲ့ ပရမ်ကတော့ ခပ်အေးအေးနဲ့ရိုးအတဲ့အတွက် သူများနှိပ်စက်ခံဖြစ်ပေ မယ့်လို့ မွမ်ဘိုင်းက ရာဂျာကတော့ ရန်ဖြစ်သတ်ပုတ်တဲ့နေရာမှာ ဆရာကျတဲ့ဖိုက်တာ တစ်ယောက် ပါ။ ဒီလိုနဲ့ တစ်ရက်မှာတော့ရာဂျာတစ်ယောက် လန်ဒန်ကို သွားဖို့ ဖြစ်လာခဲ့ပြီး မွမ်ဘိုင်းမှာနေ နေကျ ဆံပင်အရှည်ပုံစံမဟုတ်ဘဲ ဆံပင်တွေ ဘာတွေသပြီးသွား တာမို့ ပရမ်နဲ့ပိုလို့တောင်တူပါ တယ်။

တစ်ရက်မှာတော့ ညီအစ်ကိုနှစ်ယောက် ထိပ်တိုက်ဆုံမိခဲ့ကြ ပြီး အမြွှာညီအစ်ကိုမှန်းသိသွားခဲ့ ကြပါတယ်။ နှစ်ယောက်တွေ့ပြီး နောက်မှာ ထူးခြားတာတစ်ခုက  တစ်ယောက်ယောက်ထိခိုက်ဒဏ် ရာရရင်ပဲဖြစ်ဖြစ်၊ တစ်ခုခုဖြစ် ရင်နောက်တစ်ယောက်မှာအတူတူ လာပြီးဖြစ်တာလည်း ရယ်မောရ စေမှာပါ။

ပရမ်နဲ့ ရာဂျာကို လူတွေမှားကြတဲ့ ဇာတ်ကွက်တွေထဲမှာ အရယ်ရဆုံးကတော့ အမြွှာနှစ် ယောက်ရဲ့ ချစ်သူတွေ လူမှားကြတာပါ။ ဘောလိဝုဒ်ဇာတ်ကား တွေရဲ့ ထုံးစံအတိုင်း မြူးမြူးကြွကြွအကတွေနဲ့ ကြည်နူးစရာဇာတ် ကွက်လေးတွေကိုလည်း အကြိုက်တွေ့ကြမှာပါ။

အမြွှာညီအစ်ကိုနှစ်ယောက် ပြန်ဆုံပြီးနောက်မှာတော့ မိသားစု ကို အန္တရာယ်ပေးမယ့်သူတွေကို  အတူရင်ဆိုင်ကြတာကိုလည်း အက်ရှင်ရသအပြည့်နဲ့ တင်ဆက် ထားတာမို့ အကြိုခံစားကြပါဦး လို့။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top