Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

သာ၀တၱိၿပည့္ရွင္ ဘုရင္ေကာသလမင္းၾကီး၏ မိဖုရား မလိႅကာ။
အဆင္းအဂၤါ လွတံခြန္စိုက္ ၾကည့္ထိုက္ေအာင္ ယဥ္လွပါေသာ မလိႅကာ။
အဆင္း၏အားကိုး ဆိုးခ်င္တိုင္း ဆိုးခဲ့ဖူးပါေသာ အို…မလိႅကာ။
မလိႅကာသည္ ေရႊဘံုပ်ံမွာ  ေတာင္ညာစံမိဖုရားၾကီးၿဖစ္ေသာ္လည္း မဟာမ်ိဳးမဟာႏြယ္မဟုတ္။ ေက်းေတာသူသာၿဖစ္သည္။ လြန္စြာႏြမ္းပါး၍ ပန္းပင္စိုက္ပ်ိဳး အသက္ေမြးရေသာ သူဆင္းရဲသမီး။ ပန္း ေရာင္း၍ ၀မ္းေက်ာင္းရသည္ကို အစဲြၿပဳ ၍ သူ ့ကို မလိႅကာ၊ မလႅိကာ (ပန္းသည္၊ ပန္းသည္) ဟု အမ်ားက ေခၚၾကသည္။
သူနွင့္ ေကာသလမင္းတို ့၏ဖူးစာကား ဆန္းၾကယ္သည္။
     
သာ၀တၱိေၿမက်ယ္ကား က်ယ္ၿပန္ ့၏။ လူဦးေရစည္ပင္၏။ တသြင္သြင္စီးေနေသာ ဂဂၤါၿမစ္ကို ဆန္၍တက္ခဲ့မိေသာအခါ ထိုဂဂၤါၿမစ္ထဲသို ့စီး၀င္ေနေသာ ၿမစ္တစ္ခုကို ေတြ ့ရၿပန္ေလသည္။ ထိုၿမစ္စပ္အတိုင္း အထက္သို ့ ဆန္ၿပန္သည္တြင္ အလြန္က်ယ္ၿပန္ ့ေသာ လြင္ၿပင္ၾကီး…….

ငွက္တို ့အသံနွင့္ ညိဳးညိဳးညံေနေလ၏။ ေနလံုးၾကီးေပ်ာက္သြားလ်ွင္ ေတာၾကီးသည္ ညဆည္းဆာေအာက္ ေရာက္ေတာ့မည္။ ေတာခရီးၾကမ္းနွင္၍ အတြင္းမေနာနယ္တြင္ ေမာလ်ေန သူမွာ ေကာသလမင္း။ တူၿဖစ္သူ အဇာတသတ္ မင္းသားနွင့္စစ္ထိုးရာ ရွဳံး၍ ထြက္ေၿပးလာခဲ့ၿခင္း ၿဖစ္သည္။ မင္းဟူ၍ ၿဖစ္လာေသာ္ အတြင္းရန္ အၿပင္ရန္ေဘးရန္ ထူေၿပာလွသည္။ ရန္စက်ဴးေက်ာ္၍ တိုက္ရသည္။ ေသြးသံရဲရဲနွင့္ စစ္ပြဲတစ္ခုမွ ေ၀းရာ ခရီးသည္လည္း ၾကမ္းတမ္းလွသည္ဟု သူ ့စိတ္ တြင္ ထင္မိသည္။

အေရာင္အေသြးစံုလင္လွေသာ ပန္းခင္းၾကီးကို ေတြ ့လိုက္ရေသာခဏ၌ ေသာကအားလံုး အေ၀းသို ့ ေရာက္၏။ အလွအယဥ္ဖဲြ ့သီခ်င္းတစ္ပုဒ္၏အသံက ေလနွင့္အတူ သူ ့အာရုံဆီသို ့ စီး၀င္ လာသည္။ သီခ်င္းသံသည္ ၾကားသာရုံမွ် တိုးတိတ္ည့ံသက္လွေသာ္လည္း အသံသည္ ၾကည္လင္၏။ သာယာ၏။ က်က္သေရ အေပါင္း၏ ရပ္၀န္းသဖြယ္ မွတ္ ထင္ရသည္။ စစ္ၿမဴတို ့နွင့္ဆန္ ့က်င္ဘက္ အနုသုခုမ၏အလွရပ္၀န္းမွာ ေကာသလမင္းနစ္ေၿမာသြားမိသည္။

ၿမင္းကို တစ္ခ်က္ဆဲြကာ အသံလာရာဆီကို ဦးတည္လိုက္သည္။ လွပေသာ ပန္းခင္းထဲတြင္ လွပေသာ နတ္သမီးတစ္ပါး သက္ဆင္းေနေရာ့သလား။ ေရႊစင္ရုပ္မယ္တမ်ွေသာသူအား ေကာသလ မင္း ေတြ ့လိုက္ရသည္။

ခ်ိဳသာေသာအသံနွင့္အနီးဆံုးေရာက္ေသာ္ ၿမင္းကိုဇက္သတ္လိုက္သည္။ မိန္းမပ်ိဳသည္ မိမိ ၏ၿခံ၀င္းအတြင္း အၿပင္းနွင္လာေသာ ၿမင္းကိုၿမင္လိုက္ခ်ိန္တြင္ ေၾကာက္၍ပင္ထြက္မေၿပး။ ၿမင္းဇက္ ၾကိဳးကိုပင္ ဆဲြယူလိုက္ေလသည္။ အို..ရဲရင့္လွပါေသာ မလိႅကာ။

မၿမင္စဖူး ၿမင္ရပံုထူးပါဘိ ေလတသိမ္းသိမ္း ရနံ ့စိမ္းနွင့္ ညိဳေမွာင္ေနသည့္ ပန္းခင္းမ်ား အလယ္ ေသာက္ရွဴးၾကယ္အလား မ်က္၀န္းမ်ားနွင့္ လွပလြန္းလွေသာ အိုအမိငယ္။ ပိတုန္းေရာင္ ဆံေကသာကို ဦးေခါင္းထက္တြင္ မို ့မို ့ေလးနွင့္ ၿမိတ္စို ့ထံုးထားေသာမယ္ကေလး။ အိမ္ေထာင္မရွိ ဟုသိရာ ေကာသလမင္း သည္ ရဲရင့္သူ အမိငယ္မလိႅကာအား နန္းေတာ္ေခၚ၍ အဂၢမေဟသီ မိဖုရား ေၿမာက္ခဲ့ေလသည္။
         
ထိုမ်ွေလာက္ေသာ အခ်ိန္ခဏၿဖင့္ သူတို ့ဘာေၾကာင့္ ေမတၱာသက္၀င္ခ်စ္ခင္ၾကရေလသနည္း။
    
" နန္းလယ္ဘံုခြင္ ဆင္ၿပင္ကိုးစား
  မယားကိုယ္တူ မဟူစရ "

ေရႊနန္းေဆာင္မွာ ေရြသန္းေထာင္နွင့္ တခါမ်ွမခံဖူးခဲ့သူ။ သူမ၏လွပေသာ ရုပ္အဆင္းကို အားထားၿပဳလ်က္ ေၾကာ့ရွင္းရုပ္သြင္၊ တင့္ဆင္းၿပင္နွင့္ မိန္းကေလးသည္ ရူပါရုံအဆင္းဂုဏ္ ေၾကာင့္လည္းေကာင္း၊ ေကာသလမင္းက လြန္စြာခ်စ္ၿမတ္နိုးသည္ကို အခြင့္ေကာင္းယူကာ မာန ေထာင္လႊား အဆင္းမာန္အားကိုးနွင့္ ဆိုးခ်င္တိုင္းဆိုးေလသည္။

ေကာသလမင္းၾကီးက မိဖုရားတန္မဲ ့နွုတ္သီးေကာင္းလ်ွာပါး ငါ့အား ၿပန္လွန္ေၿပာဆိုၿခင္းမွာ မသင့္။ဤသို ့မဆို လင့္၊ ဤသို ့မေၿပာလင့္ စသည္ၿဖင့္ အတန္တန္ဆံုးမေသာ္ၿငားလည္း ေလးစားနား၀င္ၿခင္းမရွိ။ မင္းၾကီးအား မာန္တ ေစာင္ေစာင္ ရန္ေထာင္ၿခင္းမၾကာခဏၿပဳေလသည္။

စင္စစ္ ခ်စ္ၿခင္းေမတၱာဟူသည္မွာ အခ်စ္နွင့္ ေမတၱာနွစ္ရပ္ကို ေပါင္းစပ္ထားၿခင္းၿဖစ္သည္။ ၁၅၀၀ ဆိုေသာ အခ်စ္နွင့္ ၅၂၈ ဆိုေသာ ေမတၱာသည္ ကဲြၿပားၿခားနားပါသည္။ ၁၅၀၀ အခ်စ္မွာ တဏွာအရင္းခံ၍ လြန္စြာ ၾကမ္းတမ္းေသာ ေလနီၾကမ္းၾကီးနွင့္အလားတူ၏။ ပရမ္းပတာနွင့္ ပ်က္စီးေစတတ္ လြယ္သည္။ စႏၵကူးလူးထားကဲ့သို ့ေသာ တစိမ့္စိမ့္နွင့္ ေအးၿမစိမ့္၀င္ေစေသာ ၅၂၈ ေမတၱာမွာမူ ေလညွင္းေလးနွင့္တူကာ ေအးခ်မ္းေစနိုင္ေလသည္။ တစ္ေယာက္နွင့္ တစ္ေယာက္ ခ်စ္ၿမတ္နိုးၾကရာတြင္ နားလည္မွုသည္လည္း အဓိကေနရာတြင္ပါသည္။

ဆိုးဖန္မ်ားလွေသာ္ လ်ွာနွင့္သြားၿဖစ္ေသာ လင္နွင့္မယားတို ့မသင့္မတင့္ ၿဖစ္ၾကေလသည္။ ေကာသလ မင္းသည္ ႏြဲ ့ဆိုးဒဏ္ကို မခံနိုင္သည့္အဆံုး လ်စ္လ်ဴရွုထားလိုက္သည္။ မာန္ေစာင္ ရန္ေထာင္မွုၿပဳေလေသာ မလိႅကာ အား ေကာသလမင္းၾကီး ေဒါသမ်က္ေၿခာင္းထြက္ကာ မေရးမယူ ေၿပာဆိုၿခင္းမၿပဳေတာ့ဘဲ ပစ္ထားလိုက္ေလသည္။ အခ်စ္ၾကီးလ်ွင္အမ်က္ၾကီးေသာ ေကာသလမင္း သည္ ေတာင္ညာနတ္အၿဖစ္ ေၿမွာက္စားကာ အသက္နွင့္မၿခား ခ်စ္ၿမတ္ နိုးခဲ့ေသာ သူမအား မၾကည့္မ ေမ်ွာ္ စြန္ ့ပစ္ထားေလေသာ္ မလိႅကာမာနရွင္ေလးမွာ မီးေလာင္ေလပမာ ပူပန္နွလံုး ၿဖစ္ရေလေတာ့ သည္။

အသက္ေလာက္ခ်စ္ၿခင္းမ်ားသည္ တစ္စံုတစ္ခုေသာအေၾကာင္းေၾကာင့္ အလြယ္တကူပင္ ခ်စ္သူခ်င္း တို ့မုန္း၍ ရန္သူသဖြယ္ ေမတၱာမႏြယ္ အေစးၿပယ္နိုင္ပါသလား။ မလႅိကာ မေတြးတတ္ ေတာ့။ ခ်စ္ၿခင္းအရင္းခံ လ်က္တည္ ေဆာက္ခဲ့ေသာ အိမ္ေထာင္ေရးအေဆာက္အအံုၾကီးမွာ ၿပိဳကြဲ ပ်က္စီးေလေတာ့မလား။
ေသာက၀ိုင္းလည္ မွီခိုရာမရွိ။ ခ်မ္းေၿမ့ၾကည္နွူးဖြယ္ဟူသမ်ွတို ့သည္ သူမရင္ထဲမွ ပြင့္ထြက္ လြင့္စဥ္ ကုန္ၾကသြားေလကုန္ၿပီ။

ေကာသလမင္းၾကီးအား မေခ်မငံ နွုတ္လွံထိုးကာ အမ်ိဳးမ်ိဳးေၿပာမိသည္မွန္ေသာ္ၿငား မုန္း၍ မၿမတ္နိုး၍မဟုတ္။ အခ်စ္အားကိုးၿဖင့္ ႏြဲ ့ဆိုးဆိုးၿခင္းသာၿဖစ္ေလရာ ေကာသလမင္းၾကီးက ဤ သို ့ၿပစ္ၿပစ္ခါခါစြန္ ့ပစ္ေသာ္လည္း သူမမွာ မုန္းစိတ္မ၀င္ ေမတၱာသက္လ်က္ပင္ရွိရာ ခ်စ္သူနွင့္ ေကြကြင္းရသည့္အတြက္ ေဆြးတသက္သက္နွင့္ၿဖစ္ရေလသည္။

မိမိ၏တသက္လ်ာတြင္ အားကိုးရာ ဘုရားသာလ်ွင္ရွိေတာ့သည္။ ေရွးမဆြကပင္ ဘုရားရွင္အား သဒၶါကဲမိုးသည့္ ဥပါသိကာမၿဖစ္ရာ ေသာကပူမီးေလာင္ၿမိဳက္သည့္ခ်ိန္တြင္ ဘုရားရွင္သီတင္းသံုးရာ ေဇတ၀န္ေက်ာင္းေတာ္ဆီသို ့ မွန္းဆကာလက္အုပ္ခ်ီမိုး တမ္းတပင့္ေလ်ွာက္ေလၿပီ။

တေန ့ေသာနံနက္တြင္ ဘုရားရွင္နွင့္ရဟန္း သံဃာမ်ားသည္ ေကာသလမင္းၾကီး၏နန္းေတာ္ သို ့ၾကြေတာ္မူရာ ေကာသလမင္းၾကီးသာလ်ွင္ ဘုရားအမွဴးရွိေသာ သံဃာေတာ္မ်ားအားရိုေသစြာ ဆြမ္းလုပ္ေကၽြးမွုၿပဳေလသည္။ လွဴတန္းေရးတြင္ ၿမင္ေနက် မလိႅကာအားမၿမင္၍ ဘုရားရွင္က ေမး ေတာ္မူေလသည္။

"ဘုန္းေတာ္ၾကီးၿမတ္ေသာ ၿမတ္စြာဘုရား အေမးေတာ္ရွိ၍သာ တပည့္ေတာ္ ေလ်ွာက္ထား ရပါသည္။ တပည့္ေတာ္အေနၿဖင့္ သူမနွင့္ပက္သက္သည့္ စကားကိုပင္ၾကားရုံမ်ွ မၾကားလိုပါ။ သည္ ပန္းသည္မကား ၿမင္မိုရ္ေတာင္ ေလာက္ လွဂုဏ္ေမာက္ေနပါသည္။ ႏြားေခ်းပံုေပၚေရာက္ေနေသာ ဖားသူငယ္နွင့္တူပါသည္ဘုရား။ အၿမင့္သို ့မေရာက္စဖူး အၿမင့္သို ့ေရာက္ေနသၿဖင့္ သူ ့ကိုယ္သူ ၿခေသၤ့မင္းထင္ ၿခေသၤ့စိတ္ေပါက္ၿပီး ဟိန္းလားေဟာက္လား ေဒါသသံပြားကာ တေအာင့္ေအာင့္နွင့္ ကြယ္ေထာင့္ကြယ္ရာတြင္ ေနေနပါသည္ ဘုရား"
" အို တကာေတာ္ မင္းၾကီး ၊ အသို ့ဆိုသနည္း။ သင္နွင့္ မလႅိကာတို ့သည္ အတိတ္၏အရိပ္တြင္ ေခ်ာင္းေရ ၿခားသၿဖင့္ တစ္ညတာ ကဲြကြာကာမ်ွၿဖင့္ ခုနွစ္ရာနွစ္တို ့ကာလပတ္လံုး မ်က္ရည္ဖံုးေအာင္ ငိုမဆံုးၿဖစ္ခဲ့ဖူးေခ်သည္။ ကိႏၷရာ ဘ၀ၿဖစ္စဥ္က သင္တို ့ေမာင္နွံသည္ စံၿပရေလာက္ေအာင္ ခ်စ္ၾကင္နာခဲ့ၾကသည္။ သင္ၿမတ္နိုးခဲ့ေသာ မလိႅကာအား ဤသို ့ရင့္သီးစြာမဆိုလင့္ေပ။ "

ဘုရားရွင္သည္ မလိႅကာအားကယ္တင္ေတာ္မူလို၍ အခ်င္းမ်ားကာ စိတ္၀မ္းကြဲၿပားေနေသာ မင္းမိဖုရား နွစ္ပါးတို ့အား လင္နွင့္မယားၾကင္နာရာတြင္ စံၿပဳရေသာ ဘလႅာတိယဇာတ္ေတာ္ကို ေဟာေတာ္မူေလသည္။
ရာသီမလပ္ တရစပ္ မၿပတ္စီးဆင္းေသာ ေနရဥၹရာၿမစ္အနီးတြင္ သာယာေပ်ာ္ၿမဴးေနေသာ ကိႏၷရာ ေမာင္နွံ အပါအ၀င္ ငွက္ေက်းသရကာမ်ားနွင့္ ဖူးပြင့္လွပေနေသာ ပန္းအလွတို ့သည္ ၿမင္ရသူ၏ ရင္ကိုေအးၿမေစေလသည္။ ထိုအခိုက္ မိုးလံုးမိွုင္းလ်က္ မုန္တိုင္းရိုက္ၿခမ္း လိုက္ေသာအခါ တြင္ ေလဒဏ္မိုးဒဏ္ေၾကာင့္ သစ္စိမ္း၀ါးပင္မ်ား က်ိဳးၿပတ္ကုန္ေလသည္။ မိုးသည္ ကိႏၷရီေမာင္နွံတို ့ အား ေသြးပ်က္ေအာင္ နွိပ္စက္ေလသည္။ သူတို ့နွစ္ဦးအလယ္တြင္ ၿမစ္ကတားဆီးထား၍ သက္ခင္ ၿပတ္မ်ွ ဖ်ပ္ဖ်ပ္လူးေနၾကသည္။

မိုးေဒ၀ါကား ရွစ္ခြင္ပတ္လံုး တ၀ုန္း၀ုန္းနွင့္ ရွိေခ်သည္။ ေဖာ္ကြာေ၀းေနေသာ သူတို ့ အတြက္ကမူ မေၿပနိုင္ ရန္ၿငိဳးနွင့္ စက္ခြင္းေနသည္ဟုထင္ေနၾကသည္။ ၿမိဳင္ရဂံု၀ယ္ ကိႏၷရာဖိုမ တို ့သည္ တစ္ညတာကြဲရရုံမ်ွၿဖင့္ မ်က္ရည္ ခက္ၿဖာခဲ့ၾကရသည္။ ၿပန္ဆံုဆည္းေသာ္ မယ္ကခြန္းခ်ိဳ ေမာင္ကဆို၍ ပီယ၀ါစာ ေစတနာနွင့္ ေမတၱာဆင့္တိုးခဲ့ၾကဖူးေလသည္။

လူတို ့၏အသက္သည္ကား လြန္စြာတိုေတာင္းလွေခ်၏။ ရခဲေသာ လူ ့ဘ၀တြင္ ေမတၱာစက္၍ ခ်စ္သက္လာသူ သင္နွင့္ မလိႅကာသည္လည္း ကိႏၷရီေမာင္နွံထံုး နွလံုးမူကာ ရႊင္ၿမဴးၾကည္သာ ေစတနာၿဖင့္ ၾကင္နာသင့္လွေၾကာင္း တိုက္တြန္းေလသည္။

လင္နွင့္မယား ခ်စ္လ်က္သားနွင့္ မ်က္ပြားရန္လို အၿငိဳးသိုလ်ွင္ ပ်က္စီးေစမည္။ ထိုသို ့ၿဖစ္လ်ွင္ သင္တို ့ကို မွီ၍ ေနၾကကုန္ေသာ ေက်းကၽြန္အေပါင္းသည္လည္း အသည္းေထာင္းကာ အေနက်ဥ္း ေၿမာင္းရာ၏။ ထို ့တြက္ သင္တို ့ နွစ္ၿဖာ ေမတၱာမပ်က္ ေရွးထက္ၿမဲ၍ ခ်စ္ၾကည္ၾကေစသားဟု ဆိုေလ သည္။
စင္စစ္ မယားတြက္ေၾကာင့္ မ်က္ရည္မဆည္နိုင္ ငိုေၾကြးခဲ့ေသာ ကိႏၷရာဖိုကား ေကာသလ မင္းၿဖစ္၍ ကိႏၷရီေမ သည္ ခႏၶာအိပ္ေပါင္း အသစ္ေၿပာင္းေသာ္  မုေယာမုန္ ့သံုးဆုပ္ကို ဘုရားရွင္အား ေလာင္းလွဴဖူးေသာ ေက်းဇူးေၾကာင့္ ပန္းသည္ဘ၀မွသည္ ေရႊဘံုၿမနန္းတြင္ မိဖုရားအၿဖစ္ စံၿမန္း ရေသာ မလိႅကာ ၿဖစ္ေလသည္။ ထိုကဲ့သို ့ေသာ ဘ၀မ်ားစြာမွ ေပါင္းဆံုခဲ့သူမ်ားၿဖစ္၍ ခဏတာမ်ွ ေတြ ့ဆံုရသည္အခိုက္မ်ွၿဖင့္ မိဖုရားေခါင္အၿဖစ္ တင္ေၿမွာက္ခဲ့ၿခင္းၿဖစ္သည္။

ထိုသို ့တရားေတာ္ကိုနာၾကားေတာ္မူရေသာအခါမွ ေကာသလမင္းၾကီးသည္ မုွန္ဆန္ေၿဖ အမ်က္ေတာ္ေၿပ၍ မလိႅကာသေဘာ သိၿမင္ခ်စ္ခင္ကာ သက္ဆံုးတိုင္ ေမတၱာမ်ွေတာ္မူေလသည္။ ေရွးကလို အၿငင္းမပြား ဆကဲကာ ခ်စ္ၾကေလသည္။

ကိႏၷရာေမာင္နွံတို ့အား ခ်စ္ၿခင္းေမတၱာမ်ားကိုညႊန္းဆိုၾကရာမွာ အေကာင္းဆံုးသက္ေသေလး အၿဖစ္လည္း ေတာ္ေတာ္မ်ားမ်ားက သံုးခဲ့ၾကပါသည္။ တစ္ေယာက္နွင့္ တစ္ေယာက္တကယ္ပဲ လိုအပ္ လာရင္ ေအးအတူ ပူအမ်ွ ေနနိုင္ၾကရမည္သာၿဖစ္သည္။

ကိႏၷရာဖိုမ
သက္ခ်င္းမ်ွလ်က္
တကြမကြာ
ၿဖစ္ၾကရာတြင္
ေစတနာရွက္ကူး
ခ်စ္ဖူးသည္မ်ား
နွလံုးထားေလာ့
ေခ်ာင္းၿခားလွည့္တံု
တညရုံကို
တစံုမက္မက္
ခ်စ္သက္ရႊင္ၿဖိဳး
ခ်စ္ညႊန္ ့တိုး၍
ခ်စ္ၾကိဳးတင့္လြန္း
ခ်စ္ရည္ညႊန္းလ်က္
ခ်စ္ပန္းပြင့္ၾကသည္တကား။

မီးစတစ္ဖက္ ေရမွုတ္တစ္ဖက္ ဆန္လွေသာ အိမ္ေထာင္ေရး၏ သုခနွင့္ ဒုကၡတြင္ လင္သာမက မယားတြင္ပါ သတိထားစရာမ်ားစြာရွိေလသည္။ ကိႏၷရီေမာင္နွံတို ့၏ ခ်စ္ၿခင္းေမတၱာတရားအတိုင္း ခ်စ္ခင္နွစ္သက္သြားၾကမည္ဆိုလ်ွင္ ကမာၻတလႊားတြင္ လင္ကြဲ မယားကဲြၿပႆနာဟူ၍ မရွိနိုင္ ေတာ့ေပ။ မလိႅကာအသြင္ ဇနီးမယားေလးတုိ ့သည္ လည္း မေခ်မငံ နွုတ္လွံမထိုးဘဲ ေလးစားခ်စ္ခင္ သင့္သခင္ကို ခ်စ္နိုင္ၾကၿပီး ဇနီးေမာင္နွံ အားလံုး ရာသက္ပန္ ခ်မ္းသာစြာေပါင္းသင္းနိုင္ၾကပါေစရန္ ဤမလိႅကာဟူေသာ စာစုကို တုကာ ေရးသားၿခင္းၿဖစ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဧပရယ္ေဆြေဆြ

# Unicode Version ျဖင့္ ဖတ္ပါ #

 သာဝတ္တိပြည့်ရှင် ဘုရင်ကောသလမင်းကြီး၏ မိဖုရား မလ္လိကာ။
အဆင်းအင်္ဂါ လှတံခွန်စိုက် ကြည့်ထိုက်အောင် ယဉ်လှပါသော မလ္လိကာ။
အဆင်း၏အားကိုး ဆိုးချင်တိုင်း ဆိုးခဲ့ဖူးပါသော အို…မလ္လိကာ။
မလ္လိကာသည် ရွှေဘုံပျံမှာ  တောင်ညာစံမိဖုရားကြီးဖြစ်သော်လည်း မဟာမျိုးမဟာနွယ်မဟုတ်။ ကျေးတောသူသာဖြစ်သည်။ လွန်စွာနွမ်းပါး၍ ပန်းပင်စိုက်ပျိုး အသက်မွေးရသော သူဆင်းရဲသမီး။ ပန်း ရောင်း၍ ဝမ်းကျောင်းရသည်ကို အစွဲပြု ၍ သူ့ကို မလ္လိကာ၊ မလ္လိကာ (ပန်းသည်၊ ပန်းသည်) ဟု အများက ခေါ်ကြသည်။
သူနှင့် ကောသလမင်းတို့၏ဖူးစာကား ဆန်းကြယ်သည်။
     
သာဝတ္တိမြေကျယ်ကား ကျယ်ပြန့်၏။ လူဦးရေစည်ပင်၏။ တသွင်သွင်စီးနေသော ဂင်္ဂါမြစ်ကို ဆန်၍တက်ခဲ့မိသောအခါ ထိုဂင်္ဂါမြစ်ထဲသို့စီးဝင်နေသော မြစ်တစ်ခုကို တွေ့ရပြန်လေသည်။ ထိုမြစ်စပ်အတိုင်း အထက်သို့ ဆန်ပြန်သည်တွင် အလွန်ကျယ်ပြန့်သော လွင်ပြင်ကြီး…….

ငှက်တို့အသံနှင့် ညိုးညိုးညံနေလေ၏။ နေလုံးကြီးပျောက်သွားလျှင် တောကြီးသည် ညဆည်းဆာအောက် ရောက်တော့မည်။ တောခရီးကြမ်းနှင်၍ အတွင်းမနောနယ်တွင် မောလျနေ သူမှာ ကောသလမင်း။ တူဖြစ်သူ အဇာတသတ် မင်းသားနှင့်စစ်ထိုးရာ ရှုံး၍ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။ မင်းဟူ၍ ဖြစ်လာသော် အတွင်းရန် အပြင်ရန်ဘေးရန် ထူပြောလှသည်။ ရန်စကျူးကျော်၍ တိုက်ရသည်။ သွေးသံရဲရဲနှင့် စစ်ပွဲတစ်ခုမှ ဝေးရာ ခရီးသည်လည်း ကြမ်းတမ်းလှသည်ဟု သူ့စိတ် တွင် ထင်မိသည်။

အရောင်အသွေးစုံလင်လှသော ပန်းခင်းကြီးကို တွေ့လိုက်ရသောခဏ၌ သောကအားလုံး အဝေးသို့ ရောက်၏။ အလှအယဉ်ဖွဲ့သီချင်းတစ်ပုဒ်၏အသံက လေနှင့်အတူ သူ့အာရုံဆီသို့ စီးဝင် လာသည်။ သီချင်းသံသည် ကြားသာရုံမျှ တိုးတိတ်ညံ့သက်လှသော်လည်း အသံသည် ကြည်လင်၏။ သာယာ၏။ ကျက်သရေ အပေါင်း၏ ရပ်ဝန်းသဖွယ် မှတ် ထင်ရသည်။ စစ်မြူတို့နှင့်ဆန့်ကျင်ဘက် အနုသုခုမ၏အလှရပ်ဝန်းမှာ ကောသလမင်းနစ်မြောသွားမိသည်။

မြင်းကို တစ်ချက်ဆွဲကာ အသံလာရာဆီကို ဦးတည်လိုက်သည်။ လှပသော ပန်းခင်းထဲတွင် လှပသော နတ်သမီးတစ်ပါး သက်ဆင်းနေရော့သလား။ ရွှေစင်ရုပ်မယ်တမျှသောသူအား ကောသလ မင်း တွေ့လိုက်ရသည်။

ချိုသာသောအသံနှင့်အနီးဆုံးရောက်သော် မြင်းကိုဇက်သတ်လိုက်သည်။ မိန်းမပျိုသည် မိမိ ၏ခြံဝင်းအတွင်း အပြင်းနှင်လာသော မြင်းကိုမြင်လိုက်ချိန်တွင် ကြောက်၍ပင်ထွက်မပြေး။ မြင်းဇက် ကြိုးကိုပင် ဆွဲယူလိုက်လေသည်။ အို..ရဲရင့်လှပါသော မလ္လိကာ။

မမြင်စဖူး မြင်ရပုံထူးပါဘိ လေတသိမ်းသိမ်း ရနံ့စိမ်းနှင့် ညိုမှောင်နေသည့် ပန်းခင်းများ အလယ် သောက်ရှူးကြယ်အလား မျက်ဝန်းများနှင့် လှပလွန်းလှသော အိုအမိငယ်။ ပိတုန်းရောင် ဆံကေသာကို ဦးခေါင်းထက်တွင် မို့မို့လေးနှင့် မြိတ်စို့ထုံးထားသောမယ်ကလေး။ အိမ်ထောင်မရှိ ဟုသိရာ ကောသလမင်း သည် ရဲရင့်သူ အမိငယ်မလ္လိကာအား နန်းတော်ခေါ်၍ အဂ္ဂမဟေသီ မိဖုရား မြောက်ခဲ့လေသည်။
         
ထိုမျှလောက်သော အချိန်ခဏဖြင့် သူတို့ဘာကြောင့် မေတ္တာသက်ဝင်ချစ်ခင်ကြရလေသနည်း။
    
" နန်းလယ်ဘုံခွင် ဆင်ပြင်ကိုးစား
  မယားကိုယ်တူ မဟူစရ "

ရွှေနန်းဆောင်မှာ ရွေသန်းထောင်နှင့် တခါမျှမခံဖူးခဲ့သူ။ သူမ၏လှပသော ရုပ်အဆင်းကို အားထားပြုလျက် ကြော့ရှင်းရုပ်သွင်၊ တင့်ဆင်းပြင်နှင့် မိန်းကလေးသည် ရူပါရုံအဆင်းဂုဏ် ကြောင့်လည်းကောင်း၊ ကောသလမင်းက လွန်စွာချစ်မြတ်နိုးသည်ကို အခွင့်ကောင်းယူကာ မာန ထောင်လွှား အဆင်းမာန်အားကိုးနှင့် ဆိုးချင်တိုင်းဆိုးလေသည်။

ကောသလမင်းကြီးက မိဖုရားတန်မဲ့နှုတ်သီးကောင်းလျှာပါး ငါ့အား ပြန်လှန်ပြောဆိုခြင်းမှာ မသင့်။ဤသို့မဆို လင့်၊ ဤသို့မပြောလင့် စသည်ဖြင့် အတန်တန်ဆုံးမသော်ငြားလည်း လေးစားနားဝင်ခြင်းမရှိ။ မင်းကြီးအား မာန်တ စောင်စောင် ရန်ထောင်ခြင်းမကြာခဏပြုလေသည်။

စင်စစ် ချစ်ခြင်းမေတ္တာဟူသည်မှာ အချစ်နှင့် မေတ္တာနှစ်ရပ်ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ၁၅၀၀ ဆိုသော အချစ်နှင့် ၅၂၈ ဆိုသော မေတ္တာသည် ကွဲပြားခြားနားပါသည်။ ၁၅၀၀ အချစ်မှာ တဏှာအရင်းခံ၍ လွန်စွာ ကြမ်းတမ်းသော လေနီကြမ်းကြီးနှင့်အလားတူ၏။ ပရမ်းပတာနှင့် ပျက်စီးစေတတ် လွယ်သည်။ စန္ဒကူးလူးထားကဲ့သို့သော တစိမ့်စိမ့်နှင့် အေးမြစိမ့်ဝင်စေသော ၅၂၈ မေတ္တာမှာမူ လေညှင်းလေးနှင့်တူကာ အေးချမ်းစေနိုင်လေသည်။ တစ်ယောက်နှင့် တစ်ယောက် ချစ်မြတ်နိုးကြရာတွင် နားလည်မှုသည်လည်း အဓိကနေရာတွင်ပါသည်။

ဆိုးဖန်များလှသော် လျှာနှင့်သွားဖြစ်သော လင်နှင့်မယားတို့မသင့်မတင့် ဖြစ်ကြလေသည်။ ကောသလ မင်းသည် နွဲ့ဆိုးဒဏ်ကို မခံနိုင်သည့်အဆုံး လျစ်လျူရှုထားလိုက်သည်။ မာန်စောင် ရန်ထောင်မှုပြုလေသော မလ္လိကာ အား ကောသလမင်းကြီး ဒေါသမျက်ခြောင်းထွက်ကာ မရေးမယူ ပြောဆိုခြင်းမပြုတော့ဘဲ ပစ်ထားလိုက်လေသည်။ အချစ်ကြီးလျှင်အမျက်ကြီးသော ကောသလမင်း သည် တောင်ညာနတ်အဖြစ် မြှောက်စားကာ အသက်နှင့်မခြား ချစ်မြတ် နိုးခဲ့သော သူမအား မကြည့်မ မျှော် စွန့်ပစ်ထားလေသော် မလ္လိကာမာနရှင်လေးမှာ မီးလောင်လေပမာ ပူပန်နှလုံး ဖြစ်ရလေတော့ သည်။

အသက်လောက်ချစ်ခြင်းများသည် တစ်စုံတစ်ခုသောအကြောင်းကြောင့် အလွယ်တကူပင် ချစ်သူချင်း တို့မုန်း၍ ရန်သူသဖွယ် မေတ္တာမနွယ် အစေးပြယ်နိုင်ပါသလား။ မလ္လိကာ မတွေးတတ် တော့။ ချစ်ခြင်းအရင်းခံ လျက်တည် ဆောက်ခဲ့သော အိမ်ထောင်ရေးအဆောက်အအုံကြီးမှာ ပြိုကွဲ ပျက်စီးလေတော့မလား။
သောကဝိုင်းလည် မှီခိုရာမရှိ။ ချမ်းမြေ့ကြည်နှူးဖွယ်ဟူသမျှတို့သည် သူမရင်ထဲမှ ပွင့်ထွက် လွင့်စဉ် ကုန်ကြသွားလေကုန်ပြီ။

ကောသလမင်းကြီးအား မချေမငံ နှုတ်လှံထိုးကာ အမျိုးမျိုးပြောမိသည်မှန်သော်ငြား မုန်း၍ မမြတ်နိုး၍မဟုတ်။ အချစ်အားကိုးဖြင့် နွဲ့ဆိုးဆိုးခြင်းသာဖြစ်လေရာ ကောသလမင်းကြီးက ဤ သို့ပြစ်ပြစ်ခါခါစွန့်ပစ်သော်လည်း သူမမှာ မုန်းစိတ်မဝင် မေတ္တာသက်လျက်ပင်ရှိရာ ချစ်သူနှင့် ကွေကွင်းရသည့်အတွက် ဆွေးတသက်သက်နှင့်ဖြစ်ရလေသည်။

မိမိ၏တသက်လျာတွင် အားကိုးရာ ဘုရားသာလျှင်ရှိတော့သည်။ ရှေးမဆွကပင် ဘုရားရှင်အား သဒ္ဓါကဲမိုးသည့် ဥပါသိကာမဖြစ်ရာ သောကပူမီးလောင်မြိုက်သည့်ချိန်တွင် ဘုရားရှင်သီတင်းသုံးရာ ဇေတဝန်ကျောင်းတော်ဆီသို့ မှန်းဆကာလက်အုပ်ချီမိုး တမ်းတပင့်လျှောက်လေပြီ။

တနေ့သောနံနက်တွင် ဘုရားရှင်နှင့်ရဟန်း သံဃာများသည် ကောသလမင်းကြီး၏နန်းတော် သို့ကြွတော်မူရာ ကောသလမင်းကြီးသာလျှင် ဘုရားအမှူးရှိသော သံဃာတော်များအားရိုသေစွာ ဆွမ်းလုပ်ကျွေးမှုပြုလေသည်။ လှူတန်းရေးတွင် မြင်နေကျ မလ္လိကာအားမမြင်၍ ဘုရားရှင်က မေး တော်မူလေသည်။

"ဘုန်းတော်ကြီးမြတ်သော မြတ်စွာဘုရား အမေးတော်ရှိ၍သာ တပည့်တော် လျှောက်ထား ရပါသည်။ တပည့်တော်အနေဖြင့် သူမနှင့်ပက်သက်သည့် စကားကိုပင်ကြားရုံမျှ မကြားလိုပါ။ သည် ပန်းသည်မကား မြင်မိုရ်တောင် လောက် လှဂုဏ်မောက်နေပါသည်။ နွားချေးပုံပေါ်ရောက်နေသော ဖားသူငယ်နှင့်တူပါသည်ဘုရား။ အမြင့်သို့မရောက်စဖူး အမြင့်သို့ရောက်နေသဖြင့် သူ့ကိုယ်သူ ခင်္သြေ့မင်းထင် ခင်္သြေ့စိတ်ပေါက်ပြီး ဟိန်းလားဟောက်လား ဒေါသသံပွားကာ တအောင့်အောင့်နှင့် ကွယ်ထောင့်ကွယ်ရာတွင် နေနေပါသည် ဘုရား"
" အို တကာတော် မင်းကြီး ၊ အသို့ဆိုသနည်း။ သင်နှင့် မလ္လိကာတို့သည် အတိတ်၏အရိပ်တွင် ချောင်းရေ ခြားသဖြင့် တစ်ညတာ ကွဲကွာကာမျှဖြင့် ခုနှစ်ရာနှစ်တို့ကာလပတ်လုံး မျက်ရည်ဖုံးအောင် ငိုမဆုံးဖြစ်ခဲ့ဖူးချေသည်။ ကိန္နရာ ဘဝဖြစ်စဉ်က သင်တို့မောင်နှံသည် စံပြရလောက်အောင် ချစ်ကြင်နာခဲ့ကြသည်။ သင်မြတ်နိုးခဲ့သော မလ္လိကာအား ဤသို့ရင့်သီးစွာမဆိုလင့်ပေ။ "

ဘုရားရှင်သည် မလ္လိကာအားကယ်တင်တော်မူလို၍ အချင်းများကာ စိတ်ဝမ်းကွဲပြားနေသော မင်းမိဖုရား နှစ်ပါးတို့အား လင်နှင့်မယားကြင်နာရာတွင် စံပြုရသော ဘလ္လာတိယဇာတ်တော်ကို ဟောတော်မူလေသည်။
ရာသီမလပ် တရစပ် မပြတ်စီးဆင်းသော နေရဉ္ဖရာမြစ်အနီးတွင် သာယာပျော်မြူးနေသော ကိန္နရာ မောင်နှံ အပါအဝင် ငှက်ကျေးသရကာများနှင့် ဖူးပွင့်လှပနေသော ပန်းအလှတို့သည် မြင်ရသူ၏ ရင်ကိုအေးမြစေလေသည်။ ထိုအခိုက် မိုးလုံးမှိုင်းလျက် မုန်တိုင်းရိုက်ခြမ်း လိုက်သောအခါ တွင် လေဒဏ်မိုးဒဏ်ကြောင့် သစ်စိမ်းဝါးပင်များ ကျိုးပြတ်ကုန်လေသည်။ မိုးသည် ကိန္နရီမောင်နှံတို့ အား သွေးပျက်အောင် နှိပ်စက်လေသည်။ သူတို့နှစ်ဦးအလယ်တွင် မြစ်ကတားဆီးထား၍ သက်ခင် ပြတ်မျှ ဖျပ်ဖျပ်လူးနေကြသည်။

မိုးဒေဝါကား ရှစ်ခွင်ပတ်လုံး တဝုန်းဝုန်းနှင့် ရှိချေသည်။ ဖော်ကွာဝေးနေသော သူတို့ အတွက်ကမူ မပြေနိုင် ရန်ငြိုးနှင့် စက်ခွင်းနေသည်ဟုထင်နေကြသည်။ မြိုင်ရဂုံဝယ် ကိန္နရာဖိုမ တို့သည် တစ်ညတာကွဲရရုံမျှဖြင့် မျက်ရည် ခက်ဖြာခဲ့ကြရသည်။ ပြန်ဆုံဆည်းသော် မယ်ကခွန်းချို မောင်ကဆို၍ ပီယဝါစာ စေတနာနှင့် မေတ္တာဆင့်တိုးခဲ့ကြဖူးလေသည်။

လူတို့၏အသက်သည်ကား လွန်စွာတိုတောင်းလှချေ၏။ ရခဲသော လူ့ဘဝတွင် မေတ္တာစက်၍ ချစ်သက်လာသူ သင်နှင့် မလ္လိကာသည်လည်း ကိန္နရီမောင်နှံထုံး နှလုံးမူကာ ရွှင်မြူးကြည်သာ စေတနာဖြင့် ကြင်နာသင့်လှကြောင်း တိုက်တွန်းလေသည်။

လင်နှင့်မယား ချစ်လျက်သားနှင့် မျက်ပွားရန်လို အငြိုးသိုလျှင် ပျက်စီးစေမည်။ ထိုသို့ဖြစ်လျှင် သင်တို့ကို မှီ၍ နေကြကုန်သော ကျေးကျွန်အပေါင်းသည်လည်း အသည်းထောင်းကာ အနေကျဉ်း မြောင်းရာ၏။ ထို့တွက် သင်တို့ နှစ်ဖြာ မေတ္တာမပျက် ရှေးထက်မြဲ၍ ချစ်ကြည်ကြစေသားဟု ဆိုလေ သည်။
စင်စစ် မယားတွက်ကြောင့် မျက်ရည်မဆည်နိုင် ငိုကြွေးခဲ့သော ကိန္နရာဖိုကား ကောသလ မင်းဖြစ်၍ ကိန္နရီမေ သည် ခန္ဓာအိပ်ပေါင်း အသစ်ပြောင်းသော်  မုယောမုန့်သုံးဆုပ်ကို ဘုရားရှင်အား လောင်းလှူဖူးသော ကျေးဇူးကြောင့် ပန်းသည်ဘဝမှသည် ရွှေဘုံမြနန်းတွင် မိဖုရားအဖြစ် စံမြန်း ရသော မလ္လိကာ ဖြစ်လေသည်။ ထိုကဲ့သို့သော ဘဝများစွာမှ ပေါင်းဆုံခဲ့သူများဖြစ်၍ ခဏတာမျှ တွေ့ဆုံရသည်အခိုက်မျှဖြင့် မိဖုရားခေါင်အဖြစ် တင်မြှောက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့တရားတော်ကိုနာကြားတော်မူရသောအခါမှ ကောသလမင်းကြီးသည် မုှန်ဆန်ဖြေ အမျက်တော်ပြေ၍ မလ္လိကာသဘော သိမြင်ချစ်ခင်ကာ သက်ဆုံးတိုင် မေတ္တာမျှတော်မူလေသည်။ ရှေးကလို အငြင်းမပွား ဆကဲကာ ချစ်ကြလေသည်။

ကိန္နရာမောင်နှံတို့အား ချစ်ခြင်းမေတ္တာများကိုညွှန်းဆိုကြရာမှာ အကောင်းဆုံးသက်သေလေး အဖြစ်လည်း တော်တော်များများက သုံးခဲ့ကြပါသည်။ တစ်ယောက်နှင့် တစ်ယောက်တကယ်ပဲ လိုအပ် လာရင် အေးအတူ ပူအမျှ နေနိုင်ကြရမည်သာဖြစ်သည်။

ကိန္နရာဖိုမ
သက်ချင်းမျှလျက်
တကွမကွာ
ဖြစ်ကြရာတွင်
စေတနာရှက်ကူး
ချစ်ဖူးသည်များ
နှလုံးထားလော့
ချောင်းခြားလှည့်တုံ
တညရုံကို
တစုံမက်မက်
ချစ်သက်ရွှင်ဖြိုး
ချစ်ညွှန့်တိုး၍
ချစ်ကြိုးတင့်လွန်း
ချစ်ရည်ညွှန်းလျက်
ချစ်ပန်းပွင့်ကြသည်တကား။

မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဆန်လှသော အိမ်ထောင်ရေး၏ သုခနှင့် ဒုက္ခတွင် လင်သာမက မယားတွင်ပါ သတိထားစရာများစွာရှိလေသည်။ ကိန္နရီမောင်နှံတို့၏ ချစ်ခြင်းမေတ္တာတရားအတိုင်း ချစ်ခင်နှစ်သက်သွားကြမည်ဆိုလျှင် ကမ္ဘာတလွှားတွင် လင်ကွဲ မယားကွဲပြဿနာဟူ၍ မရှိနိုင် တော့ပေ။ မလ္လိကာအသွင် ဇနီးမယားလေးတို့သည် လည်း မချေမငံ နှုတ်လှံမထိုးဘဲ လေးစားချစ်ခင် သင့်သခင်ကို ချစ်နိုင်ကြပြီး ဇနီးမောင်နှံ အားလုံး ရာသက်ပန် ချမ်းသာစွာပေါင်းသင်းနိုင်ကြပါစေရန် ဤမလ္လိကာဟူသော စာစုကို တုကာ ရေးသားခြင်းဖြစ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဧပရယ်ဆွေဆွေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top