မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×
VitamiN
Ref: viral4real
Credit: Thithtoolwin
#Unicode Version#
 လောကကြီးထဲမှာ သမ္မာအာဇီဝကျကျ ရှာဖွေစားသောက်ရဖို့ စိတ်ကူးမရှိသူများဟာ သူတစ်ပါး ကောင်းကောင်းမွန်မွန် ရှာဖွေထားတာတွေကို ညဏ်နီညဏ်နက်သုံးပြီး မသမာတဲ့နည်းနဲ့ ယူဆောင်ဖို့ ကြိုးစားတတ်ကြပါတယ်။ အခု ဒီလို မကောင်းမှုကို အကွက်ကျကျ လုပ်နေတတ်တဲ့ အမျိုးသမီးတစ်ဦးအကြောင်းကို ဖော်ပြပေးသွားပါမယ်။
 သူမကတော့ အသက် ၃၂နှစ်အရွှယ်ရှိ ထိုင်းနိုင်ငံသူ Jariyaporn “Nammon” Buayai ဖြစ်ပါတယ်။ သူမကတော့ အမျိုးသားများဆီကနေ မင်္ဂလာဆောင်အတွက် သတို့သမီးကို ပေးချေရမယ့် ငွေကြေးဥစ္စာတွေကို လိမ်ညာယူပြီး ထွက်ပြေးတိမ်းရှောင်နေသူဖြစ်လို့ ထိုင်းနိုင်ငံက ရဲတပ်ဖွဲ့တွေရဲ့အလိုရှိနေဆုံး ရာဇဝတ်သမားတစ်ဦး ဖြစ်လို့နေပါတယ်။ ပထမဆုံး ထိုအမျိုးသမီးရဲ့သားကောင်ဖြစ်ခဲ့သူကတော့ Prasarn Tiamyam ဆိုသူ ထိုင်းအမျိုးသားတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က Jariyaporn နဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ အကြောင်းပြချက်နဲ့ Prasarn Tiamyam ဟာ Jariyaporn ကို လက်ထပ်ခဲ့လိုက်တာဖြစ်ပြီး လက်ထပ်ပြီး နောက်တစ်ရက်မှာပဲ သတို့သမီးဘက်ကို ပေးချေရမယ့် ငွေကြေးဥစ္စာတွေကို ယူဆောင်ပြီး ထွက်ပြေးတိမ်းရှောင်
သွားခဲ့ပါတယ်။ Jariyaporn ဟာ အမျိုးသားများကို Facebook ပေါ်ကနေ စတင် စည်းရုံးခဲ့တာဖြစ်ပြီး ချစ်သူတွေ ဖြစ်သွားပြီဆိုပါက ပထမဆုံး ချိန်းတွေ့တဲ့နေ့မှာပဲ ထိုအမျိုးသားတွေနဲ့ အတူအိပ်စက်ခဲ့တာဖြစ်ပါတယ်။ ထို့နောက် ကိုယ်ဝန်ရှိနေပြီဆိုပြီး အမျိုးသားများကို မင်္ဂလာဆောင်ဖို့ တာဝန်ယူခိုင်းကာ မင်္ဂလာဆောင်အတွက် သတို့သမီးကို ပေးရမယ့် ပိုက်ဆံတွေကို ယူဆောင်ပြီး ထွက်ပြေးပုန်းရှောင်နေတာဖြစ်ပါတယ်။ Jariyaporn ဟာ ဒီပုံစံမျိုးနဲ့ အမျိုးသားပေါင်း ရှစ်ယောက်ကို လိမ်ညာလှည့်စားသွားခဲ့တာပဲ ဖြစ်ပါတယ်ခင်ဗျာ။
VitamiN
#knowledge.thithtoolwin.com
Ref: viral4real
ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top