Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

၁. ဇင္ႏြယ္ျမင့္က ၾကက္ဥ မႀကိဳက္ပါဘူး ။
အေဆာင္ကၾကက္ဥဟင္းေကြၽးတိုင္း
နန္းယုေဝ ကို ေပးပစ္တယ္ ။

အစပိုင္းေတာ့ နန္းယုေဝကေက်းဇူးတင္တယ္ ။
ေနာက္ၾကာလာေတာ့ အက်င့္ျဖစ္သြားေရာ
အက်င့္ျဖစ္သြားေတာ့ ျကက္ဥဟင္းခ်က္တိုင္း
နန္းယုေဝကိုု ေပးစားဖို႔တာဝန္လိုျဖစ္သြားတယ္ ။

တစ္ေန႔ ၾကက္ဥ ေၾကာ္ဟင္းရေတာ့ ဇင္ႏြယ္ျမင့္က
ခ်မ္းေျမ့ကိုေကြၽးပစ္လိုက္တယ္။

နန္းယုေဝကစိတ္တိုတယ္ ။ သူေမ့ေနတာ က
ၾကက္ဥကဇင္ႏြယ္ျမင့္ရဲ႕ၾကက္ဥ
သူဘယ္သူ႔ကိုေပးေပး… ေပးပိုင္ခြင့္႐ွိတယ္ ။

ဒါေပမယ့္ နန္းယုေဝက
ဇင္ႏြယ္ျမင့္ကိုစိတ္ေကာက္ၿပီးရန္ျဖစ္ၾကတယ္ ။
ၿပီးေတာ့မေခၚၾကေတာ့ဘူး ။

၂. တစ္ေန႔ရာသီဥတုကအရမ္းပူတယ္ ။
ဒါနဲ႔သူငယ္ခ်င္းတစ္စု လမ္းေလ်ွာက္ရင္း
အလည္ထြက္ၾကတယ္ ။ဒီလိုနဲ႔ေခ်ာင္းစပ္ကို
ေရာက္သြားၾကတယ္ ။

ေခ်ာင္းေဘးမွာထိုင္ၿပီး ေရထဲကို
ေျခေထာက္ေတြစိမ္ၾကတယ္.. ။
အဲ့အခ်ိန္မွာ နန္းယုေဝရဲ႕ဖိနပ္က ကြၽတ္ၿပီး
ေရစီးနဲ႔ေမ်ာပါသြားတယ္ လိုက္ဆယ္လဲမမွီေတာ့ဘူး…။

အျပန္ၾကေတာ့ ခ်စ္ခ်စ္ေတာက္ပူေနတဲ့
ကတၱရာလမ္းေပၚမွာ နန္းယုေဝကေျခဗလာနဲ႔
ေလွ်ာက္ရတယ္ ။ ျပန္ေရာက္ဖို႔က
အေဝးႀကီးလိုေသးတယ္ ။ ဒါေၾကာင့္နန္းယုေဝက
သူငယ္ခ်င္းေတြကိုဖိနပ္ ေပးစီးဖို႔ငွါးတယ္ …
ဒါေပမယ့္ လူတိုင္းကကိုယ္စီ တရံစီပဲ
ပါလာၾကေတာ့ငွါးေပးလို႔မရဘူး ။

အဲ့ေတာ့နန္းယုေဝက စိတ္တိုတယ္ ။
ခါတိုင္းဆိုသူကအျမဲအႏိုင္ယူေနက် နည္းနည္းေလး
စိတ္ေကာက္ျပလိုက္တာနဲ႔ သူငယ္ခ်င္းေတြကသူ႔ဆႏၵကို လိုက္ေလ်ာေပးေနက်
ျဖည့္ဆည္းေပးေနက် ။

ဒါေပမဲ့ဒီတစ္ႀကိမ္က်ေတာ့အဲ့လိုမျဖစ္လာဘူး..
ဒါေၾကာင့္သူ ပိုေဒါသထြက္လာတယ္ ။

နင္တို႔ေတြက ငါ့ကိုဒီေလာက္ေလးေတာင္
မလုပ္ေပးခ်င္ၾကဘူး ။ နင့္တို႔ေတြတစ္ေယာက္မွ
ငါ့အေပၚမေကာင္းၾကဘူးလို႔ေျပာတယ္ ။

အဲ့အခ်ိန္မွာပဲဇင္ႏြယ္ျမင့္ကသူ႔ရဲ႕ဖိနပ္ကိုခြၽတ္ၿပီးေတာ့
ေပးစီးတယ္ သူကေတာ့ေျခဗလာနဲ႔ ဖိနပ္မပါပဲ
ဆက္ေလွ်ာက္လာတယ္ ။နန္းယုေဝက

ေက်းဇူးတင္ပါတယ္လို့ေျပာတယ္ ။
ဇင္ႏြယ္ကေျပာတာ” မလိုပါဘူး နင္မွတ္ထားဖို႔က
သူငယ္ခ်င္းတိုင္းကနင့္ရဲ႕ ျပသနာအားလံုးကို
လိုက္ေျဖ႐ွင္းေပးေနဖို႔ဘယ္သူ႔မွာမွ
တာဝန္မ႐ွိဘူး အခုကူညီတာက
သူငယ္ခ်င္းမို႔လို႔ကူညီတာ ငါတို့မကူညီလဲ
ငါတို႔မမွားဘူး” နန္းယုေဝ ကအဲ့စကားကို မွတ္သားထားလိုက္တယ္
္ေနာက္ေနာင္သူမ်ားကို စိတ္ရင္းအမွန္နဲ႔
ျပန္ကူညီတတ္လာၿပီး ကိုယ္ခ်င္းစာ
စိတ္ထားတတ္လာတယ္ ။

ႀကိမ္ဖန္မ်ားစြာမွာ ကြၽန္ေတာ္တို႔ေတြဟာ တစ္ပါးသူက
ကိုယ့္ကိုကူညီေပးဖို႔ပဲ ေမွ်ာ္လင့္ေနခဲ့ၾကတယ္
အစပိုင္းေတာ့ ေက်းဇူးတင္တယ္ ။
ဒါေပမဲ့အခ်ိန္ၾကာလာေတာ့ အက်င့္လိုျဖစ္လာတယ္။
ကိုယ့္အေပၚသူမ်ားေကာင္တာကိုခံယူဖို႔
အက်င့္ပါလာတယ္ သူတို႔ကကိုယ့္အေပၚအျမဲတမ္း
ေကာင္းေနေပးဖို႔တာဝန္ဝတၱရား႐ွိေနသလို
အက်င့္ျဖစ္လာတယ္ တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္
ကိုယ့္အေပၚမေကာင္းတာနဲ႔
ကိုယ္ကသူတို႔အေပၚစိတ္ဆိုးတယ္ေဒါသျဖစ္တယ္။
တကယ္တမ္းေတာ့ သူတစ္ပါးက
ကိုယ့္အေပၚမေကာင္းေတာ့တာ မဟုတ္ပါဘူး
ကိုယ္ကသာ အလိုပိုႀကီးလာတာမို႔ပါ ။
သူတစ္ပါးက ကိုယ့္အေပၚအျမဲတမ္းေကာင္းမြန္ စြာနဲ႔
ဆက္ဆံဖို႔ ရယူဖို႔ ပဲ သိတတ္တဲ႔ အက်င္႔ပါသြားတာမို႔
ေက်းဇူးတရားေတြကိုေမ့သြားၾကတာပါ ။

၃. ဆိတ္တစ္ေကာင္ ကိုေျမေခြးတစ္ေကာင္က
စားမလို႔ ၾကံပါတယ္ ဆိတ္လည္းအစားမခံရ
ေအာင္ေျမေခြးကို သူ႔ခ်ိဳနဲ႔ျပန္တိုက္ခိုက္ရင္း
သူ႔သူငယ္ခ်င္းေတြကို အကူအညီေတာင္းပါတယ္ ။
ႏြား ကလွမ္းၾကည့္လိုက္ၿပီးေျမေခြးကိုျမင္ေတာ့
အၿမီးေထာင္ၿပီးေျပးပါေတာ့တယ္ ။
ျမင္းကလည္းအသံၾကားလို႔လွမ္းၾကည့္ၿပီး
ေျမေခြးကိုျမင္တာနဲ႔ တစ္ခ်ိဳးတည္းလစ္ေျပးပါေတာ့တယ္
လား ကလည္း ေျမေခြးကိုျမင္တာနဲ႔ အသာေလး
ေ႐ွာင္ေျပးသြားပါေတာ့တယ္
ဝက္ ေပါက္ခ်လာၿပီးေျမေခြးကိုျမင္ေတာ့
ျပန္ေပ်ာက္သြားျပန္ပါတယ္ ။
ယုန္ကေလး လည္းတစ္ခ်က္လာၾကည့္ုၿပီး
ေျမေခြးကိုျမင္တာနဲ႔ တစ္ျခားအေကာင္ေတြကို
ေက်ာ္ၿပီးတန္းေနေအာင္ေျပးပါေရာ …
အဲ့အခ်ိန္မွာပဲ ေခြးက ဆိတ္ေအာ္သံၾကားလို႔
ေျပးဝင္လာၿပီး ေျမေခြးကိုတိုက္ခိုက္ပါတယ္
ေျမေခြးလည္း ေခြးနဲ႔ဆိတ္ကိုမႏိုင္တာနဲ႔
ထြက္ေျပးသြားတယ္ ဆိတ္ဟာေသေဘးကေန
လြတ္လာၿပီးအိမ္ကိုျပန္ လာခဲ့ပါတယ္ ။
အိမ္ေရာက္ေတာ့သူ႔သူငယ္ခ်င္းေတြအားလံုး
စံုစံုညီညီေရာက္လာၾကၿပီးသတင္းလာေမးၾကပါတယ္
…ႏြားကေျပာတာ မင္းကငါ့ကိုမွမေျပာတာ
ငါတစ္ခါတည္း အဲ့ေျမေခြးကိုဗိုက္ေပါက္ၿပီး
အူပြင့္သြားေအာင္ေျပးေခြ႔ပစ္လိုက္မွာေပါ့ ..
ျမင္းကလည္းေျပာတာ မင္းသာငါ့ကိုလွမ္း
ေျပာရင္ငါ ေျပးၿပီးေနာက္ျပန္ကန္ထည့္လိုက္ရင္
အဲ့ေျမေခြးလြင့္ထြက္သြားမွာ တဲ့ ..
လားကလည္း ေျပာတာ မင္းငါ့ကိုမွမေျပာတာ
ငါ အဲ့ေျမေခြးလန့္ျပီးေသ သြားေအာင္
ေအာ္ထည့္ပစ္လိုက္မွာေပါ့တဲ့
ဝက္ကလည္း ငါ့ကိုသာေျပာရင္ငါအစြယ္နဲ႔
ေျပးထိုးလိုက္မွာတဲ့
ယုန္ကလည္း ငါသာသိလို႔ကေတာ့ငါအေျပးသန္တဲ့
အတြက္လစ္ခနဲေျပးၿပီးတစ္ျခားသူေတြကို
အကူအညီေခၚေပးမွာေပါ့တဲ့။
အဲ့လိုအားပါးတရေျပာေနၾကတဲ့ထဲမွာ
တစ္ေကာင္ပဲက်န္ေနတယ္ အဲ့တာကေခြးပါပဲ ။

စစ္မွန္တဲ့မိတ္ေဆြေကာင္းဆိုတာ ခ်ိဳသာတဲ့
အေျပာေလးေတြနဲ႔ ႏွစ္သိမ့္ေျပာဆိုတတ္တဲ့သူမွ
မဟုတ္ပါဘူး အၾကပ္အတည္းအခက္အခဲျကံုခ်ိန္မွာ
ကမ္းေပးလာတဲ့ လက္တစ္စံုသာျဖစ္ပါတယ္ ။
သင့္ေဘးမွာဝန္းရံေနတဲ့ သူေတြဟာသင့္ကို
စိ္တ္ခ်မ္းသာေစမွာျဖစ္ေပ မယ့္ မိတ္ေဆြေကာင္း
ဟုတ္ခ်င္မွ ဟုတ္မွာပါ ။
ဒါေပမဲ့ သင္နဲ႔ ကြာေဝးလွတယ္လို႔ထင္ရတဲ့
သင့္ကိုဂ႐ုတစိုက္႐ွိေနတဲ့သူကေတာ့
သင္ေပ်ာ္ရႊင္ေနခ်ိန္မွာ အတူ႐ွိေပးခ်င္မွ႐ွိေပးမွာပါ။
သင္အခက္အခဲကံုအကူအညီၾကံဳလာတဲ့အခါမွ
သင့္အေပၚဂ႐ုတစိုက္ စိုးရိမ္ေပးရင္း
တိတ္တဆိတ္သင့္အတြက္
ျဖည့္ဆည္းေဆာင္ရြက္ေပးပါလိမ့္မယ္ ။
အဲ့တာမွတစ္ကယ္လက္မလြတ္သင့္တဲ့ မိတ္ေဆြစစ္ မိတ္ေဆြေကာင္းပဲျဖစ္ပါေတာ့တယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သိမွတ္ဖြယ္ရာ ဗဟုသုတရြာ

# Unicode Version ျဖင့္ ဖတ္ပါ #
၁. ဇင်နွယ်မြင့်က ကြက်ဥ မကြိုက်ပါဘူး ။
အဆောင်ကကြက်ဥဟင်းကျွေးတိုင်း
နန်းယုဝေ ကို ပေးပစ်တယ် ။

အစပိုင်းတော့ နန်းယုဝေကကျေးဇူးတင်တယ် ။
နောက်ကြာလာတော့ အကျင့်ဖြစ်သွားရော
အကျင့်ဖြစ်သွားတော့ ကြက်ဥဟင်းချက်တိုင်း
နန်းယုဝေကိုု ပေးစားဖို့တာဝန်လိုဖြစ်သွားတယ် ။

တစ်နေ့ ကြက်ဥ ကြော်ဟင်းရတော့ ဇင်နွယ်မြင့်က
ချမ်းမြေ့ကိုကျွေးပစ်လိုက်တယ်။

နန်းယုဝေကစိတ်တိုတယ် ။ သူမေ့နေတာ က
ကြက်ဥကဇင်နွယ်မြင့်ရဲ့ကြက်ဥ
သူဘယ်သူ့ကိုပေးပေး… ပေးပိုင်ခွင့်ရှိတယ် ။

ဒါပေမယ့် နန်းယုဝေက
ဇင်နွယ်မြင့်ကိုစိတ်ကောက်ပြီးရန်ဖြစ်ကြတယ် ။
ပြီးတော့မခေါ်ကြတော့ဘူး ။

၂. တစ်နေ့ရာသီဥတုကအရမ်းပူတယ် ။
ဒါနဲ့သူငယ်ချင်းတစ်စု လမ်းလျှောက်ရင်း
အလည်ထွက်ကြတယ် ။ဒီလိုနဲ့ချောင်းစပ်ကို
ရောက်သွားကြတယ် ။

ချောင်းဘေးမှာထိုင်ပြီး ရေထဲကို
ခြေထောက်တွေစိမ်ကြတယ်.. ။
အဲ့အချိန်မှာ နန်းယုဝေရဲ့ဖိနပ်က ကျွတ်ပြီး
ရေစီးနဲ့မျောပါသွားတယ် လိုက်ဆယ်လဲမမှီတော့ဘူး…။

အပြန်ကြတော့ ချစ်ချစ်တောက်ပူနေတဲ့
ကတ္တရာလမ်းပေါ်မှာ နန်းယုဝေကခြေဗလာနဲ့
လျှောက်ရတယ် ။ ပြန်ရောက်ဖို့က
အဝေးကြီးလိုသေးတယ် ။ ဒါကြောင့်နန်းယုဝေက
သူငယ်ချင်းတွေကိုဖိနပ် ပေးစီးဖို့ငှါးတယ် …
ဒါပေမယ့် လူတိုင်းကကိုယ်စီ တရံစီပဲ
ပါလာကြတော့ငှါးပေးလို့မရဘူး ။

အဲ့တော့နန်းယုဝေက စိတ်တိုတယ် ။
ခါတိုင်းဆိုသူကအမြဲအနိုင်ယူနေကျ နည်းနည်းလေး
စိတ်ကောက်ပြလိုက်တာနဲ့ သူငယ်ချင်းတွေကသူ့ဆန္ဒကို လိုက်လျောပေးနေကျ
ဖြည့်ဆည်းပေးနေကျ ။

ဒါပေမဲ့ဒီတစ်ကြိမ်ကျတော့အဲ့လိုမဖြစ်လာဘူး..
ဒါကြောင့်သူ ပိုဒေါသထွက်လာတယ် ။

နင်တို့တွေက ငါ့ကိုဒီလောက်လေးတောင်
မလုပ်ပေးချင်ကြဘူး ။ နင့်တို့တွေတစ်ယောက်မှ
ငါ့အပေါ်မကောင်းကြဘူးလို့ပြောတယ် ။

အဲ့အချိန်မှာပဲဇင်နွယ်မြင့်ကသူ့ရဲ့ဖိနပ်ကိုချွတ်ပြီးတော့
ပေးစီးတယ် သူကတော့ခြေဗလာနဲ့ ဖိနပ်မပါပဲ
ဆက်လျှောက်လာတယ် ။နန်းယုဝေက

ကျေးဇူးတင်ပါတယ်လို့ပြောတယ် ။
ဇင်နွယ်ကပြောတာ” မလိုပါဘူး နင်မှတ်ထားဖို့က
သူငယ်ချင်းတိုင်းကနင့်ရဲ့ ပြသနာအားလုံးကို
လိုက်ဖြေရှင်းပေးနေဖို့ဘယ်သူ့မှာမှ
တာဝန်မရှိဘူး အခုကူညီတာက
သူငယ်ချင်းမို့လို့ကူညီတာ ငါတို့မကူညီလဲ
ငါတို့မမှားဘူး” နန်းယုဝေ ကအဲ့စကားကို မှတ်သားထားလိုက်တယ်
်နောက်နောင်သူများကို စိတ်ရင်းအမှန်နဲ့
ပြန်ကူညီတတ်လာပြီး ကိုယ်ချင်းစာ
စိတ်ထားတတ်လာတယ် ။

ကြိမ်ဖန်များစွာမှာ ကျွန်တော်တို့တွေဟာ တစ်ပါးသူက
ကိုယ့်ကိုကူညီပေးဖို့ပဲ မျှော်လင့်နေခဲ့ကြတယ်
အစပိုင်းတော့ ကျေးဇူးတင်တယ် ။
ဒါပေမဲ့အချိန်ကြာလာတော့ အကျင့်လိုဖြစ်လာတယ်။
ကိုယ့်အပေါ်သူများကောင်တာကိုခံယူဖို့
အကျင့်ပါလာတယ် သူတို့ကကိုယ့်အပေါ်အမြဲတမ်း
ကောင်းနေပေးဖို့တာဝန်ဝတ္တရားရှိနေသလို
အကျင့်ဖြစ်လာတယ် တစ်နေ့နေ့တစ်ချိန်ချိန်
ကိုယ့်အပေါ်မကောင်းတာနဲ့
ကိုယ်ကသူတို့အပေါ်စိတ်ဆိုးတယ်ဒေါသဖြစ်တယ်။
တကယ်တမ်းတော့ သူတစ်ပါးက
ကိုယ့်အပေါ်မကောင်းတော့တာ မဟုတ်ပါဘူး
ကိုယ်ကသာ အလိုပိုကြီးလာတာမို့ပါ ။
သူတစ်ပါးက ကိုယ့်အပေါ်အမြဲတမ်းကောင်းမွန် စွာနဲ့
ဆက်ဆံဖို့ ရယူဖို့ ပဲ သိတတ်တဲ့ အကျင့်ပါသွားတာမို့
ကျေးဇူးတရားတွေကိုမေ့သွားကြတာပါ ။

၃. ဆိတ်တစ်ကောင် ကိုမြေခွေးတစ်ကောင်က
စားမလို့ ကြံပါတယ် ဆိတ်လည်းအစားမခံရ
အောင်မြေခွေးကို သူ့ချိုနဲ့ပြန်တိုက်ခိုက်ရင်း
သူ့သူငယ်ချင်းတွေကို အကူအညီတောင်းပါတယ် ။
နွား ကလှမ်းကြည့်လိုက်ပြီးမြေခွေးကိုမြင်တော့
အမြီးထောင်ပြီးပြေးပါတော့တယ် ။
မြင်းကလည်းအသံကြားလို့လှမ်းကြည့်ပြီး
မြေခွေးကိုမြင်တာနဲ့ တစ်ချိုးတည်းလစ်ပြေးပါတော့တယ်
လား ကလည်း မြေခွေးကိုမြင်တာနဲ့ အသာလေး
ရှောင်ပြေးသွားပါတော့တယ်
ဝက် ပေါက်ချလာပြီးမြေခွေးကိုမြင်တော့
ပြန်ပျောက်သွားပြန်ပါတယ် ။
ယုန်ကလေး လည်းတစ်ချက်လာကြည့်ုပြီး
မြေခွေးကိုမြင်တာနဲ့ တစ်ခြားအကောင်တွေကို
ကျော်ပြီးတန်းနေအောင်ပြေးပါရော …
အဲ့အချိန်မှာပဲ ခွေးက ဆိတ်အော်သံကြားလို့
ပြေးဝင်လာပြီး မြေခွေးကိုတိုက်ခိုက်ပါတယ်
မြေခွေးလည်း ခွေးနဲ့ဆိတ်ကိုမနိုင်တာနဲ့
ထွက်ပြေးသွားတယ် ဆိတ်ဟာသေဘေးကနေ
လွတ်လာပြီးအိမ်ကိုပြန် လာခဲ့ပါတယ် ။
အိမ်ရောက်တော့သူ့သူငယ်ချင်းတွေအားလုံး
စုံစုံညီညီရောက်လာကြပြီးသတင်းလာမေးကြပါတယ်
…နွားကပြောတာ မင်းကငါ့ကိုမှမပြောတာ
ငါတစ်ခါတည်း အဲ့မြေခွေးကိုဗိုက်ပေါက်ပြီး
အူပွင့်သွားအောင်ပြေးခွေ့ပစ်လိုက်မှာပေါ့ ..
မြင်းကလည်းပြောတာ မင်းသာငါ့ကိုလှမ်း
ပြောရင်ငါ ပြေးပြီးနောက်ပြန်ကန်ထည့်လိုက်ရင်
အဲ့မြေခွေးလွင့်ထွက်သွားမှာ တဲ့ ..
လားကလည်း ပြောတာ မင်းငါ့ကိုမှမပြောတာ
ငါ အဲ့မြေခွေးလန့်ပြီးသေ သွားအောင်
အော်ထည့်ပစ်လိုက်မှာပေါ့တဲ့
ဝက်ကလည်း ငါ့ကိုသာပြောရင်ငါအစွယ်နဲ့
ပြေးထိုးလိုက်မှာတဲ့
ယုန်ကလည်း ငါသာသိလို့ကတော့ငါအပြေးသန်တဲ့
အတွက်လစ်ခနဲပြေးပြီးတစ်ခြားသူတွေကို
အကူအညီခေါ်ပေးမှာပေါ့တဲ့။
အဲ့လိုအားပါးတရပြောနေကြတဲ့ထဲမှာ
တစ်ကောင်ပဲကျန်နေတယ် အဲ့တာကခွေးပါပဲ ။

စစ်မှန်တဲ့မိတ်ဆွေကောင်းဆိုတာ ချိုသာတဲ့
အပြောလေးတွေနဲ့ နှစ်သိမ့်ပြောဆိုတတ်တဲ့သူမှ
မဟုတ်ပါဘူး အကြပ်အတည်းအခက်အခဲကြုံချိန်မှာ
ကမ်းပေးလာတဲ့ လက်တစ်စုံသာဖြစ်ပါတယ် ။
သင့်ဘေးမှာဝန်းရံနေတဲ့ သူတွေဟာသင့်ကို
စိတ်ချမ်းသာစေမှာဖြစ်ပေ မယ့် မိတ်ဆွေကောင်း
ဟုတ်ချင်မှ ဟုတ်မှာပါ ။
ဒါပေမဲ့ သင်နဲ့ ကွာဝေးလှတယ်လို့ထင်ရတဲ့
သင့်ကိုဂရုတစိုက်ရှိနေတဲ့သူကတော့
သင်ပျော်ရွှင်နေချိန်မှာ အတူရှိပေးချင်မှရှိပေးမှာပါ။
သင်အခက်အခဲကုံအကူအညီကြုံလာတဲ့အခါမှ
သင့်အပေါ်ဂရုတစိုက် စိုးရိမ်ပေးရင်း
တိတ်တဆိတ်သင့်အတွက်
ဖြည့်ဆည်းဆောင်ရွက်ပေးပါလိမ့်မယ် ။
အဲ့တာမှတစ်ကယ်လက်မလွတ်သင့်တဲ့ မိတ်ဆွေစစ် မိတ်ဆွေကောင်းပဲဖြစ်ပါတော့တယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit: သိမှတ်ဖွယ်ရာ ဗဟုသုတရွာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top