Golden City Promotion
×

အဆိုပါ လုပ္ရပ္သည္ ေျမာက္ကိုရီးယားကို အႀကီးအက်ယ္ ေဒါသထြက္ေစမည့္ လံႈ႕ေဆာ္မႈဟုလည္း ဆိုႏုိင္သည္။ ေျမာက္ကိုရီးယားက ၎တုိ႔ကို အေမရိကန္က စစ္ေၾကညာထားသည္ဟု ယူဆေၾကာင္းႏွင့္ လိုအပ္လွ်င္ အေမရိကန္ ဗံုးႀကဲေလယာဉ္မ်ားကို ပစ္ခ်ရန္ လက္႐ြံ႕ေနမည္ မဟုတ္ေၾကာင္း ကုလသမဂၢ အေထြေထြ ညီလာခံ၌ ၿခိမ္းေျခာက္ ေျပာၾကားထားသည္။

သို႔ေသာ္ ယခုသီတင္းပတ္ အတြင္းတြင္မူ အေမရိကန္က ေတာင္ကိုရီးယားႏွင့္ ပူးေပါင္း၍ စစ္ေရးေလ့က်င့္ရာ၌ B-1B မဟာဗ်ဴဟာ ဗံုးႀကဲေလယာဉ္ ႏွစ္စီးက ေတာင္ကိုရီးယား၏ F-15K တိုက္ေလယာဉ္ ႏွစ္စီး ၿခံရံ ပ်ံသန္းသြားခဲ့သည္။ ထိုစစ္ေရးေလ့က်င့္မႈသည္ ေဝဟင္မွ ေျမျပင္ပစ္မွတ္မ်ားကို ေခ်မႈန္းတိုက္ခိုက္ရန္ ရည္ရြယ္ျခင္း ျဖစ္သည္။

ေျမာက္ကိုရီးယား၏ တိုက္ခ်င္းပစ္ ဒံုးက်ည္ႏွင့္ ႏ်ဴကလီးယားလက္နက္ နည္းပညာ ပိုင္ဆိုင္ေရး ႀကိဳးပမ္းမႈမ်ား အရွိန္ျမႇင့္တင္လာျခင္းႏွင့္အတူ ကိုရီးယား ကၽြန္းဆြယ္တြင္ တင္းမာမႈမ်ား အျမင့္ဆံုး အဆင့္သို႔ ေရာက္ရွိေနသည္။

ေျမာက္ကိုရီးယားက အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔ ပူးေပါင္း၍ စစ္ေရးေလ့က်င့္မႈမ်ားအေပၚ အလြန္မုန္းတီး စက္ဆုပ္ၿပီး ၎တို႔ကို တိုက္႐ိုက္ ရန္စျခင္းဟု ယူဆေၾကာင္း ၿခိမ္းေျခာက္ေလ့ရွိသည္။ ယခုစစ္ေရးေလ့က်င့္မႈတြင္ ဂ်ပန္ေလတပ္လည္း ပူးေပါင္း ပါဝင္ခဲ့ေၾကာင္း အေမရိကန္က ေၾကညာခဲ့သည္။

ထိုအေတာအတြင္း ၿပီးခဲ့သည့္ႏွစ္က ေျမာက္ကိုရီးယား ဟက္ကာမ်ားသည္ အေမရိကန္ႏွင့္ ေတာင္ကိုရီးယားတို႔က ကိုရီးယားကၽြန္းဆြယ္တြင္ စစ္ျဖစ္လာပါက တံု႔ျပန္ရန္ ေရးဆြဲထားသည့္ အစီအမံမ်ား အပါအဝင္ အခ်က္အလက္ အမ်ားအျပားကို ဆိုက္ဘာ ရာဇဝတ္ နည္းလမ္းျဖင့္ ေဖာက္ထြင္း ခုိးယူသြားေၾကာင္း ေတာင္ကိုရီးယား လႊတ္ေတာ္ အမတ္ တစ္ဦးက ေျပာၾကားခဲ့သည္။

ထိုကိစၥကို ေျမာက္ကိုရီးယားက ျငင္းဆိုထားၿပီး ေတာင္ကိုရီးယား ကာကြယ္ေရး ဝန္ႀကီးဌာနကလည္း မွတ္ခ်က္ေပး ေျဖရွင္းျခင္း မရွိဟု သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
အဆိုပါ လုပ်ရပ်သည် မြောက်ကိုရီးယားကို အကြီးအကျယ် ဒေါသထွက်စေမည့် လှုံ့ဆော်မှုဟုလည်း ဆိုနိုင်သည်။ မြောက်ကိုရီးယားက ၎င်းတို့ကို အမေရိကန်က စစ်ကြေညာထားသည်ဟု ယူဆကြောင်းနှင့် လိုအပ်လျှင် အမေရိကန် ဗုံးကြဲလေယာဉ်များကို ပစ်ချရန် လက်ရွံ့နေမည် မဟုတ်ကြောင်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ ခြိမ်းခြောက် ပြောကြားထားသည်။

သို့သော် ယခုသီတင်းပတ် အတွင်းတွင်မူ အမေရိကန်က တောင်ကိုရီးယားနှင့် ပူးပေါင်း၍ စစ်ရေးလေ့ကျင့်ရာ၌ B-1B မဟာဗျူဟာ ဗုံးကြဲလေယာဉ် နှစ်စီးက တောင်ကိုရီးယား၏ F-15K တိုက်လေယာဉ် နှစ်စီး ခြံရံ ပျံသန်းသွားခဲ့သည်။ ထိုစစ်ရေးလေ့ကျင့်မှုသည် ဝေဟင်မှ မြေပြင်ပစ်မှတ်များကို ချေမှုန်းတိုက်ခိုက်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား၏ တိုက်ချင်းပစ် ဒုံးကျည်နှင့် နျူကလီးယားလက်နက် နည်းပညာ ပိုင်ဆိုင်ရေး ကြိုးပမ်းမှုများ အရှိန်မြှင့်တင်လာခြင်းနှင့်အတူ ကိုရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေသည်။

မြောက်ကိုရီးယားက အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးပေါင်း၍ စစ်ရေးလေ့ကျင့်မှုများအပေါ် အလွန်မုန်းတီး စက်ဆုပ်ပြီး ၎င်းတို့ကို တိုက်ရိုက် ရန်စခြင်းဟု ယူဆကြောင်း ခြိမ်းခြောက်လေ့ရှိသည်။ ယခုစစ်ရေးလေ့ကျင့်မှုတွင် ဂျပန်လေတပ်လည်း ပူးပေါင်း ပါဝင်ခဲ့ကြောင်း အမေရိကန်က ကြေညာခဲ့သည်။

ထိုအတောအတွင်း ပြီးခဲ့သည့်နှစ်က မြောက်ကိုရီးယား ဟက်ကာများသည် အမေရိကန်နှင့် တောင်ကိုရီးယားတို့က ကိုရီးယားကျွန်းဆွယ်တွင် စစ်ဖြစ်လာပါက တုံ့ပြန်ရန် ရေးဆွဲထားသည့် အစီအမံများ အပါအဝင် အချက်အလက် အများအပြားကို ဆိုက်ဘာ ရာဇဝတ် နည်းလမ်းဖြင့် ဖောက်ထွင်း ခိုးယူသွားကြောင်း တောင်ကိုရီးယား လွှတ်တော် အမတ် တစ်ဦးက ပြောကြားခဲ့သည်။

ထိုကိစ္စကို မြောက်ကိုရီးယားက ငြင်းဆိုထားပြီး တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနကလည်း မှတ်ချက်ပေး ဖြေရှင်းခြင်း မရှိဟု သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top