Golden City Promotion
×




"ဟာ..သေစမ်း..ဘာကျကျတာလဲတော့ သိဘူး" လို့ အရွှမ်းဖောက်ရေးသားပြီး အောင်လေးက ဗီဒီိုဖိုင်ကို တင်ထားတာ ဖြစ်ပါတယ်။


Credit: Duwun
#Unicode Version#
အောင်လေးနဲ့ ဟန်လေးတို့ စုံတွဲဟာ ကျိုက်ထိုမြို့မှာ အပန်းဖြေနေကြတာဖြစ်ပါတယ်။
အောင်လေးနဲ့ ဟန်လေးတို့ စုံတွဲဟာ ကျိုက်ထိုမြို့မှာ အပန်းဖြေနေကြတာဖြစ်ပြီး သူတို့တည်းတဲ့ ဟိုတယ်က ရှုခင်းနောက်ခံနဲ့ ရေကူးကန်ကြီးကို တော်တော်သဘောကျပုံရပါတယ်။
အောင်လေးရော ဟန်လေးပါ ရေကူးကန်နဲ့ တောင်တန်းတွေကို နောက်ခံထားကာ ပို့စ်အမျိုးမျိုးပေးပြီး ဓာတ်ပုံ ရိုက်နေကြတာကို တွေ့ရပါတယ်။

အောင်လေးကတော့ သူ့ရဲ့ကျွမ်းထိုးအစွမ်းကိုတောင် ပြခဲ့ပါသေးတယ်။
အောက်တိုဘာလ ၉ ရက်နေ့ နေ့လယ်မှာတော့ အောင်လေးက ရေကန်ထဲကို နောက်ကျွမ်းထိုးခုန်ချလိုက်ပုံကို ဗီဒီယိုရိုက်ပြီး သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ တင်ခဲ့ပါတယ်။
"ဟာ..သေစမ်း..ဘာကျကျတာလဲတော့ သိဘူး" လို့ အရွှမ်းဖောက်ရေးသားပြီး အောင်လေးက ဗီဒီုဖိုင်ကို တင်ထားတာ ဖြစ်ပါတယ်။

အနုပညာလောကထဲက သူနှစ်ဦးဖြစ်တဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေးကတော့ ပျော်ရွှင်စရာ ကောင်းလှပါတယ်။ အောင်လေးကတော့ မော်ဒယ်လောကမှာ ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်သလို ယခုနောက်ပိုင်းမှာလည်း ဇာတ်ကားရိုက်ကူးမှုတွေ လုပ်လာတာပါတွေ့ရပါတယ်။
ဟန်လေးကတော့ သရုပ်ဆောင်ပိုင်းအတွက် သေချာပြင်ဆင်ပြီးမှ ရိုက်ကူးသွားမယ်လို့ ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top