Golden City Promotion
×

ပဲခူးတိုင္းေဒသႀကီး ေညာင္ေလးပင္ၿမိဳ႕မွာ ရဲတပ္သား တဦးက ခယ္မ ေတာ္စပ္သူကို အဓမၼျပဳက်င့္ တယ္လို႔ဆိုကာ ေအာက္တိုဘာလ ၉ ရက္ေန႔က မိခင္ ျဖစ္သူမွ လာေရာက္တိုင္တန္းထားတာေၾကာင့္ အမႈ ဖြင့္ အေရးယူထားတယ္လို႔ ၿမိဳ႕မစခန္းက သိရပါတယ္။

ျဖစ္စဥ္မွာ ပဲခူးၿမိဳ႕ေနသူ ၁၄ ႏွစ္အရြယ္ မိန္းကေလးဟာ ၾသဂုတ္လ ၂၀ ရက္ေန႔က အမျဖစ္သူနဲ႔ ခဲအိုေတာ္စပ္သူ ရဲတပ္သား သီဟေက်ာ္စိုး တို႔ရဲ႕ ေနအိမ္ အလည္သြားေရာက္ခဲ့ပါတယ္။ ၾသဂုတ္လ ၃၀ ရက္ေန႔က ရဲတပ္သား သီဟေက်ာ္စိုးက ဇနီးျဖစ္သူ ေဈးသြားေနခ်ိန္မွာ ခယ္မျဖစ္သူကို သားမယား တႀကိမ္ ျပဳက်င့္ခဲ့ေၾကာင္း ေျပာျပသိရွိခဲ့ရတဲ့အတြက္ မိခင္ျဖစ္သူမွ သမီးျဖစ္သူကို ေမးၾကည့္ရာ ရဲတပ္သား သီဟေက်ာ္စိုးမွ သားမယား အျဖစ္ တႀကိမ္ျပဳက်င့္ခဲ့တာ ဟုတ္မွန္ေၾကာင္းနဲ႔ အမျဖစ္သူကို ျပန္ေျပာရင္ တခုခုလုပ္မယ္လို႔ ေျပာတာေၾကာင့္ မေျပာရဲဘဲ ေနခဲ့ရေၾကာင္း ေျပာျပသိရွိခဲ့ရတယ္လို႔ ရဲမွတ္တမ္းအရ သိရပါတယ္။
ဒု-ရဲမႉးတင္ကိုက “က်ေနာ္တို႔ မေန႔က သူ ႔မိဘ ေတြ အမႈ လာဖြင့္လို႔ အမႈ ဖြင့္ထားပါတယ္။ ဖမ္းလည္းဖမ္းဆီးထားၿပီးပါၿပီ။ တရားစြဲဆိုနိုင္ဖို႔ ေဆာင္ရြက္ေနပါတယ္”လို႔ ဒီဗီြဘီကို ေျပာပါတယ္။

အမႈ နဲ႔ ပတ္သက္လို႔ ေညာင္ေလးပင္ၿမိဳ႕မရဲစခန္းက ရဲတပ္သား သီဟေက်ာ္စိုးကို (ပ) ၅၃၁/၂၀၁၇ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ နဲ႔ အမႈ ဖြင့္ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  DVB

#Unicode Version#
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့မှာ ရဲတပ်သား တဦးက ခယ်မ တော်စပ်သူကို အဓမ္မပြုကျင့် တယ်လို့ဆိုကာ အောက်တိုဘာလ ၉ ရက်နေ့က မိခင် ဖြစ်သူမှ လာရောက်တိုင်တန်းထားတာကြောင့် အမှု ဖွင့် အရေးယူထားတယ်လို့ မြို့မစခန်းက သိရပါတယ်။

ဖြစ်စဉ်မှာ ပဲခူးမြို့နေသူ ၁၄ နှစ်အရွယ် မိန်းကလေးဟာ သြဂုတ်လ ၂၀ ရက်နေ့က အမဖြစ်သူနဲ့ ခဲအိုတော်စပ်သူ ရဲတပ်သား သီဟကျော်စိုး တို့ရဲ့ နေအိမ် အလည်သွားရောက်ခဲ့ပါတယ်။ သြဂုတ်လ ၃၀ ရက်နေ့က ရဲတပ်သား သီဟကျော်စိုးက ဇနီးဖြစ်သူ ဈေးသွားနေချိန်မှာ ခယ်မဖြစ်သူကို သားမယား တကြိမ် ပြုကျင့်ခဲ့ကြောင်း ပြောပြသိရှိခဲ့ရတဲ့အတွက် မိခင်ဖြစ်သူမှ သမီးဖြစ်သူကို မေးကြည့်ရာ ရဲတပ်သား သီဟကျော်စိုးမှ သားမယား အဖြစ် တကြိမ်ပြုကျင့်ခဲ့တာ ဟုတ်မှန်ကြောင်းနဲ့ အမဖြစ်သူကို ပြန်ပြောရင် တခုခုလုပ်မယ်လို့ ပြောတာကြောင့် မပြောရဲဘဲ နေခဲ့ရကြောင်း ပြောပြသိရှိခဲ့ရတယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။
ဒု-ရဲမှူးတင်ကိုက “ကျနော်တို့ မနေ့က သူ့မိဘ တွေ အမှု လာဖွင့်လို့ အမှု ဖွင့်ထားပါတယ်။ ဖမ်းလည်းဖမ်းဆီးထားပြီးပါပြီ။ တရားစွဲဆိုနိုင်ဖို့ ဆောင်ရွက်နေပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။

အမှု နဲ့ ပတ်သက်လို့ ညောင်လေးပင်မြို့မရဲစခန်းက ရဲတပ်သား သီဟကျော်စိုးကို (ပ) ၅၃၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှု ဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  DVB


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top