Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ျဖိဳးကုိကုိတင့္ဆန္းအမႈႏွင့္ ငါးေလာင္းၿပိဳင္လူသတ္မႈကုိ ေဖ့စ္ ဘြတ္ခ္လူမႈကြန္ရက္တြင္ ခ်ိတ္ ဆက္ေ၀ဖန္ခဲ့၍ ဖမ္းဆီးခံခဲ့ရ သည့္ ရဲအရာရွိ၏မိသားစုအိမ္သုိ႔ ေဒသခံလူမႈကူညီေရးအသင္းမ်ား က သြားေရာက္၍ ေထာက္ပံ့ေငြ ေပးအပ္ခဲ့ေၾကာင္း ျပည္ၿမိဳ႕ မုိး ေမတၱာနာေရးကူညီမႈအသင္းမွ ဦးညီညီေအာင္က ေျပာသည္။

ေအာက္တိုဘာ ၂၉ ရက္ ညေနက ျပည္ေဒသခံ မုိးေမတၱာ နာေရးကူညီမႈအသင္း၊ အျဖဴ ေရာင္လူငယ္မ်ားအသင္း၊ ရြာဘဲ နာေရးကူညီမႈအသင္း၊ ဗုိလ္တစ္ ေထာင္လူမႈကူညီေရးအသင္း၊ ဥ ရွစ္ပင္ၿမိဳ႕ေဒသခံေအးသုခနာေရး ကူညီမႈအသင္းႏွင့္ ထုံးဘုိေစတ နာရွင္မ်ားအသင္း၀င္အခ်ိဳ႕က ရဲ အရာရွိဇနီးေနထုိင္ရာ ထုံးဘုိရဲ စခန္း ၀န္ထမ္းအိမ္ရာသုိ႔သြား ေရာက္၍ ကူညီေထာက္ပ့ံေငြက်ပ္ ေလးသိန္းငါးေသာင္းသုံးေထာင္ ေပးအပ္ခဲ့ေၾကာင္း ၎က ေျပာ သည္။

‘‘ႏုိင္ငံ့၀န္ထမ္းတစ္ေယာက္ ရဲ႕ အခြင့္အေရးဆုံး႐ႈံးတယ္။ အခု လုိ အေရးယူခံရမႈဟာ မွ်တတဲ့ ဥပေဒတစ္ရပ္မဟုတ္ဘူးလုိ႔ယူဆ တာေၾကာင့္ လူသားခ်င္းစာနာတဲ့ အေနနဲ႔ သြားေရာက္ေထာက္ပံ့ ၾကတာပါ’’ ဟု ဦးညီညီေအာင္က ေျပာသည္။

ၿဖိဳးကုိကိုတင့္ဆန္းအမႈမွ ဖမ္းမိသည့္က်ည္ဆန္မ်ားႏွင့္ ငါး ေလာင္းၿပိဳင္လူသတ္မႈမွ က်ည္ ဆန္မ်ားတူညီေနသည္ဟု ေဖ့စ္ ဘြတ္ခ္လူမႈကြန္ရက္တြင္ ေ၀ဖန္ ေရးသားခဲ့၍ ပန္းေတာင္းၿမိဳ႕နယ္ ထုံးဘုိနယ္ေျမရဲစခန္းတြင္ တာ ၀န္ထမ္းေဆာင္ေနသည့္ ရဲအုပ္ ၀င္းထြန္းႏုိင္ကုိ ရဲစည္းကမ္းဥပေဒ ခ်ိဳးေဖာက္မႈျဖင့္ ေအာက္တိုဘာ ၁၇ ရက္က ဖမ္းဆီးကာ ျပည္ၿမိဳ႕ အမွတ္(၃)ရဲစခန္းအခ်ဳပ္တြင္ ထိန္းသိမ္းထားသည္။

ေနျပည္ေတာ္တြင္ ဖမ္းမိ သည့္ ေသနတ္က်ည္ဆန္မ်ားႏွင့္ ရန္ကုန္ၿမိဳ႕စိမ္းလဲ့ကန္သာတြင္ ျဖစ္ပြားခဲ့သည့္ ငါးေလာင္းၿပိဳင္လူ သတ္မႈမွ က်ည္ဆန္မ်ား အမ်ိဳး အစားတူေၾကာင္း ရဲအုပ္၀င္းထြန္းႏုိင္က ေအာက္တိုဘာ ၁၇ ရက္တြင္ ၎၏ေဖ့စ္ဘြတ္ခ္အေကာင့္၌ ေရးသားသျဖင့္ ယခုကဲ့သုိ႔အေရးယူစစ္ေဆးခံရျခင္းျဖစ္သည္။

‘‘အခုလုိ ကူညီေထာက္ပံ့ တာ ၀မ္းသာပီတိျဖစ္သလုိ ေက်း ဇူးတင္ပါတယ္။ တပ္ဖြဲ႕၀င္တစ္ ေယာက္ရဲ႕ ဇနီးျဖစ္တာေၾကာင့္ ခံစားခ်က္ကုိ လြတ္လပ္စြာမေျပာ ဆုိႏုိင္တာ နားလည္ေပးပါ’’ ဟု ရဲအရာရွိဇနီး ေဒၚေၾကးမႈံေဌးက ေျပာသည္။

ရဲအရာရွိကုိ ဖမ္းဆီးထား ေသာ္လည္း ရဲအရာရွိ၏ဇနီး၊ သားျဖစ္သူ ပထမႏွစ္တကၠသုိလ္ ေက်ာင္းသားႏွင့္ သမီးျဖစ္သူ ဒုတိ ယတန္းေက်ာင္းသူတို႔ကုိ ထုံးဘုိ နယ္ေျမရဲစခန္း၀န္ထမ္းအိမ္ရာ တြင္ ဆက္လက္ေနထုိင္ခြင့္ျပဳ ထားေၾကာင္း ျပည္ခ႐ုိင္ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ဖြိုးကိုကိုတင့်ဆန်းအမှုနှင့် ငါးလောင်းပြိုင်လူသတ်မှုကို ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်တွင် ချိတ် ဆက်ဝေဖန်ခဲ့၍ ဖမ်းဆီးခံခဲ့ရ သည့် ရဲအရာရှိ၏မိသားစုအိမ်သို့ ဒေသခံလူမှုကူညီရေးအသင်းများ က သွားရောက်၍ ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း ပြည်မြို့ မိုး မေတ္တာနာရေးကူညီမှုအသင်းမှ ဦးညီညီအောင်က ပြောသည်။

အောက်တိုဘာ ၂၉ ရက် ညနေက ပြည်ဒေသခံ မိုးမေတ္တာ နာရေးကူညီမှုအသင်း၊ အဖြူ ရောင်လူငယ်များအသင်း၊ ရွာဘဲ နာရေးကူညီမှုအသင်း၊ ဗိုလ်တစ် ထောင်လူမှုကူညီရေးအသင်း၊ ဥ ရှစ်ပင်မြို့ဒေသခံအေးသုခနာရေး ကူညီမှုအသင်းနှင့် ထုံးဘိုစေတ နာရှင်များအသင်းဝင်အချို့က ရဲ အရာရှိဇနီးနေထိုင်ရာ ထုံးဘိုရဲ စခန်း ဝန်ထမ်းအိမ်ရာသို့သွား ရောက်၍ ကူညီထောက်ပံ့ငွေကျပ် လေးသိန်းငါးသောင်းသုံးထောင် ပေးအပ်ခဲ့ကြောင်း ၎င်းက ပြော သည်။

‘‘နိုင်ငံ့ဝန်ထမ်းတစ်ယောက် ရဲ့ အခွင့်အရေးဆုံးရှုံးတယ်။ အခု လို အရေးယူခံရမှုဟာ မျှတတဲ့ ဥပဒေတစ်ရပ်မဟုတ်ဘူးလို့ယူဆ တာကြောင့် လူသားချင်းစာနာတဲ့ အနေနဲ့ သွားရောက်ထောက်ပံ့ ကြတာပါ’’ ဟု ဦးညီညီအောင်က ပြောသည်။

ဖြိုးကိုကိုတင့်ဆန်းအမှုမှ ဖမ်းမိသည့်ကျည်ဆန်များနှင့် ငါး လောင်းပြိုင်လူသတ်မှုမှ ကျည် ဆန်များတူညီနေသည်ဟု ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်တွင် ဝေဖန် ရေးသားခဲ့၍ ပန်းတောင်းမြို့နယ် ထုံးဘိုနယ်မြေရဲစခန်းတွင် တာ ဝန်ထမ်းဆောင်နေသည့် ရဲအုပ် ဝင်းထွန်းနိုင်ကို ရဲစည်းကမ်းဥပဒေ ချိုးဖောက်မှုဖြင့် အောက်တိုဘာ ၁၇ ရက်က ဖမ်းဆီးကာ ပြည်မြို့ အမှတ်(၃)ရဲစခန်းအချုပ်တွင် ထိန်းသိမ်းထားသည်။

နေပြည်တော်တွင် ဖမ်းမိ သည့် သေနတ်ကျည်ဆန်များနှင့် ရန်ကုန်မြို့စိမ်းလဲ့ကန်သာတွင် ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင်လူ သတ်မှုမှ ကျည်ဆန်များ အမျိုး အစားတူကြောင်း ရဲအုပ်ဝင်းထွန်းနိုင်က အောက်တိုဘာ ၁၇ ရက်တွင် ၎င်း၏ဖေ့စ်ဘွတ်ခ်အကောင့်၌ ရေးသားသဖြင့် ယခုကဲ့သို့အရေးယူစစ်ဆေးခံရခြင်းဖြစ်သည်။

‘‘အခုလို ကူညီထောက်ပံ့ တာ ဝမ်းသာပီတိဖြစ်သလို ကျေး ဇူးတင်ပါတယ်။ တပ်ဖွဲ့ဝင်တစ် ယောက်ရဲ့ ဇနီးဖြစ်တာကြောင့် ခံစားချက်ကို လွတ်လပ်စွာမပြော ဆိုနိုင်တာ နားလည်ပေးပါ’’ ဟု ရဲအရာရှိဇနီး ဒေါ်ကြေးမှုံဌေးက ပြောသည်။

ရဲအရာရှိကို ဖမ်းဆီးထား သော်လည်း ရဲအရာရှိ၏ဇနီး၊ သားဖြစ်သူ ပထမနှစ်တက္ကသိုလ် ကျောင်းသားနှင့် သမီးဖြစ်သူ ဒုတိ ယတန်းကျောင်းသူတို့ကို ထုံးဘို နယ်မြေရဲစခန်းဝန်ထမ်းအိမ်ရာ တွင် ဆက်လက်နေထိုင်ခွင့်ပြု ထားကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top