မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×



“ကျမ တူမလေး ကျောင်းတက်နေရင်း မစားနိုင် မသောက်နိုင် အသားရေကမမှန်၊ မျက်နှာကလည်းညှိုးနွမ်းနေပြီး နားထင်များလည်းချိုင့်လို့ ဗိုက်ကလည်း တဖြေးဖြေးဆူထွက် လာတယ်၊ ပြီးတော့ ခဏခဏလဲ နေမကောင်းဖြစ်နေတော့ စိတ်ထဲမသင်္ကာလို့ စောင့်ကြည့်နေရင်း သြဂုတ်လ ၁၁ ရက်နေ့ နေ့လည်ခင်းမှာ အမှတ်မထင် သူတို့အိမ်ခန်းထဲမှာ ဖခင်​ဖြစ်​သူ မိုးဇော်က သမီးဖြစ်သူမမိုးမြတ်သူ၏ ရင်သားများကို ကိုင်နေတာ မြင်လိုက်ရတော့ ဟေ့ ဘာလုပ်နေကြတာလဲ လှမ်းအော်လိုက်တော့ ဘာမှပြန်မပြောကြဘူး၊ ဒါနဲ့ တူမလေးကိုလှမ်းခေါ်ပြီး နင်တို့ ဘာလုပ်နေကြတာလဲလို့မေးတော့ ဘာမှပြန်မပြောဘူး၊ ကျွန်မလည်း တူမလေးကိုကြည့်ပြီး ဗိုက်ဆူထွက်နေတာကို စိတ်ထဲမသင်္ကာလို့ ကိုယ်ဝန်ရှိ/မရှိ ဆီးစစ်တန်ဝယ်ပြီး တူမလေးကို အမျိုးမျိုးအကြိမ်ကြိမ် ချော့မော့ကာ ဆီးတောင်းယူစစ်လိုက်တော့ ကိုယ်ဝန်ရှိတဲ့ အမှတ်အသားပြနေတာကို တွေ့လိုက်ရတော့ လူတကိုယ်လုံးပူထူပြီး၊ ဒေါသလဲဖြစ်၊ ရှက်ကလည်း ရှက် တူမလေးတွက် ရင်ကျိုးမရဖြစ်ပြီး အမဖြစ်သူ ဒေါ်သန်းသန်းဦးကို အကျိုးအကြောင်းပြောပြကာ ရေဦးပြည်သူ့ဆေးရုံကိုသွားရောက် ထပ်မံ စစ်ဆေးစမ်းသပ်လိုက်တော့ကိုယ်ဝန်မှာ ၅ လခွဲခန့်ရှိနေကြောင်း သိရှိရသဖြင့် သြဂုတ် ၁၂ ရက်နေ့ ညနေ ၃ နာရီခန့်က ရေဦးမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားကြောင်း“အဒေါ်အရင်းဖြစ်သူ ဒေါ်စုစုဝေ ကပြောပြ၍ သိရသည်။


Credit: yomalan

#Unicode Version#

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် မကျည်းတောကျေးရွာ၌ ၁၃ နှစ် သမီးအား ဖခင်အရင်းမှသားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်မှုကြောင့် မြို့မရဲစခန်းသို့ တိုင်တန်း အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ရေဦးမြို့နယ် မကျည်းတောကျေးရွာနေ မိခင်ဖြစ်သူ ဒေါ်သန်းသန်းဦးမှာ ကောက်စိုက်သွားရာမှ နေအိမ်သို့ပြန်လည်ရောက်ရှိစဉ် ညီမအရင်းဖြစ်သူ ဒေါ်စုစုဝေ၏ ပြောပြချက်အရ မိခင်ဖြစ်သူ ဒေါ်သန်းသန်းဦး၏သမီး မမိုးမြတ်သူ ၁၃ နှစ် (သတ္တမတန်းကျောင်းတက်နေသူမှာ လွန်ခဲ့သော ၁၅ ရက်ခန့်က ကျန်းမာရေးမကောင်းသဖြင့် ကျောင်းမှခွင့်ယူထားသူ)သည် ကိုယ်ဝန်ရှိနေကြောင်း ပြောပြသိရှိရသဖြင့် သမီးဖြစ်သူ မမိုးမြတ်သူကို မိခင် ဒေါ်သန်းသန်းဦးမှ ထပ်မံမေးမြန်းရာ လွန်ခဲ့သော ၂ လခန့်က နေ့လည် ကျောင်းဆင်းချိန် အိမ်သို့ပြန်လာစဉ် မည်သူမျှမရှိခိုက် ဖခင်အရင်းဖြစ်သူ မိုးဇော်က အိမ်ခန်းအတွင်း သားမယားအဖြစ် တစ်ကြိမ်၊ ၅ ရက်ကြာခန့်တွင် ထပ်မံ၍ တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း ပြောပြသည်။

“ကျမ တူမလေး ကျောင်းတက်နေရင်း မစားနိုင် မသောက်နိုင် အသားရေကမမှန်၊ မျက်နှာကလည်းညှိုးနွမ်းနေပြီး နားထင်များလည်းချိုင့်လို့ ဗိုက်ကလည်း တဖြေးဖြေးဆူထွက် လာတယ်၊ ပြီးတော့ ခဏခဏလဲ နေမကောင်းဖြစ်နေတော့ စိတ်ထဲမသင်္ကာလို့ စောင့်ကြည့်နေရင်း သြဂုတ်လ ၁၁ ရက်နေ့ နေ့လည်ခင်းမှာ အမှတ်မထင် သူတို့အိမ်ခန်းထဲမှာ ဖခင်ဖြစ်သူ မိုးဇော်က သမီးဖြစ်သူမမိုးမြတ်သူ၏ ရင်သားများကို ကိုင်နေတာ မြင်လိုက်ရတော့ ဟေ့ ဘာလုပ်နေကြတာလဲ လှမ်းအော်လိုက်တော့ ဘာမှပြန်မပြောကြဘူး၊ ဒါနဲ့ တူမလေးကိုလှမ်းခေါ်ပြီး နင်တို့ ဘာလုပ်နေကြတာလဲလို့မေးတော့ ဘာမှပြန်မပြောဘူး၊ ကျွန်မလည်း တူမလေးကိုကြည့်ပြီး ဗိုက်ဆူထွက်နေတာကို စိတ်ထဲမသင်္ကာလို့ ကိုယ်ဝန်ရှိ/မရှိ ဆီးစစ်တန်ဝယ်ပြီး တူမလေးကို အမျိုးမျိုးအကြိမ်ကြိမ် ချော့မော့ကာ ဆီးတောင်းယူစစ်လိုက်တော့ ကိုယ်ဝန်ရှိတဲ့ အမှတ်အသားပြနေတာကို တွေ့လိုက်ရတော့ လူတကိုယ်လုံးပူထူပြီး၊ ဒေါသလဲဖြစ်၊ ရှက်ကလည်း ရှက် တူမလေးတွက် ရင်ကျိုးမရဖြစ်ပြီး အမဖြစ်သူ ဒေါ်သန်းသန်းဦးကို အကျိုးအကြောင်းပြောပြကာ ရေဦးပြည်သူ့ဆေးရုံကိုသွားရောက် ထပ်မံ စစ်ဆေးစမ်းသပ်လိုက်တော့ကိုယ်ဝန်မှာ ၅ လခွဲခန့်ရှိနေကြောင်း သိရှိရသဖြင့် သြဂုတ် ၁၂ ရက်နေ့ ညနေ ၃ နာရီခန့်က ရေဦးမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားထားကြောင်း“အဒေါ်အရင်းဖြစ်သူ ဒေါ်စုစုေ၀ ကပြောပြ၍ သိရသည်။

၎င်းဖြစ်စဉ်နှင့်ပါတ်သက်၍ ရေဦးမြို့မရဲစခန်းမှ(ပ)၂၇၅/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၇၆ ဖြင့် တရားခံ မိုးဇော် ၃၇ နှစ် (ဘ)ဦးစိန်ဝင်း မကျည်းတောကျေးရွာ၊ ရေဦးမြို့နယ်နေသူအား အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: yomalan
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top