Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ညိဳရီ ညရီ, ေကာင္းကင္တခြင္၌အနီလိႈင္းယွက္တဲ႔အခ်ိန္မွာ တိမ္ေတြဟာနီနီရဲျဖစ္ကုန္တယ္ ၊ တစ္ေန႔,က်ြန္ေတာ္ အိမ္မက္တခုျမင္မက္တယ္. . . အဲ႔ဒီအိမ္မက္ထဲမွာ က်ြန္ေတာ္ဟာ လယ္သမား, , , ဒါေပမယ့္ . . . က်ြန္ေတာ္ဟာ က်ြန္ေတာ္ခႏၶာကိုယ္ရဲ႕ လယ္ပိုင္ရွင္ျဖစ္ခဲ႔တယ္. . . အဲ႔ဒီမွာတင္ က်ြန္ေတာ္ရဲ႕အိမ္မက္ႀကီးက ,
အိပ္စက္သြားခဲ႔ျပီး , က်ြန္ေတာ္က ပ်ံ သန္းျခင္းျဖင့္ နိုးထလာခဲ႔တယ္ ၊
သန္းေခါင္ယံရဲ႕ေမြးဖြားျခင္းနွင့္အတူ က်ြန္ေတာ္ဟာ , ညရဲ႕မင္းျဖစ္ခ်င္တယ္
 ၊ ဘာလို႔ဆို . . . အေမွာင္ေတြ အားလံုးရဲ႕ဘုရင္ျဖစ္ခ်င္လို႔ ၊ ျပီးေတာ့ . . . အဲ႔အေမွာင္ေတြအားလံုးကို  ဖ်က္စီးပစ္ျပီး , ဒီေလာကကို အလင္းေဆာင္ေပးမယ့္
ထာဝရ''ေနမင္း''ကို ဖန္ဆင္းခ်င္တယ္ ၊ ဒါမွ , အေမွာင္ဆိုတာ ကြယ္ေပ်ာက္မွာ ၊
ဒါေပမယ့္ . . .က်ြန္ေတာ္က စိတ္ကူးမယဥ္တတ္ဘူး ၊
အေတြးနဲ႔မေျဖတတ္ဘူး ၊ ၾကိတ္ျပီးမေဆြးတတ္ဘူး ၊ ၾကိတ္ျပီးမခံစားတတ္ဘူး ၊ ရွင္းရွင္းပဲ ဖြင့္ထုတ္ျပတတ္တယ္ ၊  ခံစားမႈ႕မရွိရင္ က်ြန္ေတာ္ရဲ႕ဝိညာဥ္ဟာ ထာဝရ အနားယူေနတာ ႀကာခဲ႔ျပီ ။
လူအမ်ားအုပ္က . . . .
''ေပါက္တူး''ကိုင္တဲ႔လက္ကို , လက္ဖဝါးမွာ,အမာရြတ္က ႀကမ္းေထာ္ေနတာပဲလို႔ ေျပာမိရင္ , ေျပာခဲ႔ရင္, က်ြန္ေတာ္က ဘာျပန္ေျပာမလဲ သိလား
'' ''မသာ''ေတြရဲ႕ေနာက္ဆံုးခရီး ျပီးေျမာက္ေစဖို႔ကို ေကာင္းက်ိဴ းေဆာင္ျပီး , ေျမတြင္း''တူး''ေပးေနတဲ႔ ''ေပါက္တူးသမား''ပါလို႔ ျပန္ေျပာခ်င္တယ္ ,
'' အဲ႔လိုဆို ေက်နပ္ေပးနိုင္မလား ''
ဆင္းရဲတိုင္း စာရိတၱပ်က္မယ္လို႔ထင္ရင္
က်ြန္ေတာ္က ဘာျပန္ေျပာမလဲသိလား
'' ကုန္ေစ်းးနႈန္း,
စီးပြားေရးရွင္သမားတိုင္းဟာ ,
လူလိမ္ ၊ လူညာလို႔ , ေျပာမိမွာပဲ ''
အဲ႔လိုျပန္ေျပာရင္ ေက်နပ္ေပးနိုင္မလား ၊
သရဲမျမင္ဖူးတဲ႔ မ်က္ကန္းက, က်ြန္ေတာ္ကို , သရဲကဘယ္လိုပံုစံမ်ိဴ းႀကီးကြလို႔ '' လာေျခာက္တိုင္း , ေႀကာက္စိတ္ကို ေဖာက္ထုတ္ပစ္မယ္ ,
ဘာလို႔ဆို . . . ဘဝျဖစ္ေနလို႔ပဲ ။
လူ႔ဘဝရဲ႕ဆင္းရဲမႈ႕ကို ေႀကာက္ေနရင္
က်ြန္ေတာ္ , အေမရဲ႕ဗိုက္ထဲ ျပန္ဝင္ေနလိုက္မယ္ ၊ ဒါေပမယ့္ အဲ႔ဒီလို လုပ္လို႔ရရင္ေပါ့ေလ,တခါခါလဲ စိတၱဇဆန္ဆန္ ဇာတ္လမ္းတစ္ပုဒ္ထဲက , အရူးမင္းသားျဖစ္ခ်င္မိတယ္ ၊ ဒါေပမယ့္လည္း . . . ေဆးတိုက္ေပးမယ့္ သူနာျပဳကလဲ အနားမွာမရွိေတာ့ , ''ဘယ္လိုမ်ိဴ းက  ဘယ္လိုမ်ိဴ းလဲ''ဆိုတဲ႔
ေမးခြန္းထက္ကို ေျဖရတာခက္ခဲ႔တယ္ ၊ က်ြန္ေတာ္ ငယ္ငယ္က ေတြးခဲ႔ဖူးတယ္. . .ဒီေလာကႀကီးထဲမွာ ငါ,တစ္ေယာက္ထဲသာ ျဖစ္ခဲ႔ရင္ , ပ်င္းေျခာက္ေျခာက္နဲ႔ေနရခက္မွာပဲလို႔ ., , ဒါေပမယ့္ . . . အခု,က်ြန္ေတာ္ တစ္ေယာက္တည္း ,အနီးအနားမွာ ဒီေလာကရဲ႕လူသားေတြ အမ်ားအျပား ရွိခဲ႔လဲ ရွိေနလဲ , က်ြန္ေတာ္ရဲ႕အိမ္မွာေတာ့ , က်ြန္ေတာ္တစ္ေယာက္တည္းပဲ ၊ မနက္ဆို , မနက္စာျပင္ေပးမယ့္သူ, မရွိသလို ၊ ညဆိုလဲ , ထြက္ေစာင့္ႀကိဳ သူ,မရွိခဲ႔ဘူး ၊ ဘာျဖစ္လဲ ၊ က်ြန္ေတာ္က လူ ၊ က်ြန္ေတာ္က အပူမဟုတ္ေတာ့ , အထီးမက်န္ခဲ႔ဘူး ၊ ျပီးေတာ့ ,က်ြန္ေတာ္မွာ ပ်င္းခ်ိန္ေတာင္ မရဘူး ၊ အလုပ္က ျပန္လာရင္ , ထမင္းခ်က္ထားရင္း,ေရခ်ိဴ းတယ္ ၊ ဟင္း,ကေတာ့ ႀကံဳရာေပါ့ ၊ ဒါေပမယ့္ . . ေပ်ာ္ေအာင္ေနရင္ေတာ့  ေပ်ာ္လာပါလိမ့္မယ္ ၊
ပ်င္းခဲ႔ရင္လဲ . . . . ကမာၻ႔ေက်ာ္,စာေရးဆရာႀကီးေတြရဲ႕စာေပေတြကို ဖတ္တယ္ ၊ တခါတေလဆို ကဗ်ာေတြေရးတယ္ ၊ ျပီးရင္,ကိုယ္ေရးတဲ႔ကဗ်ာကို  ကိုယ္ျပန္ဖတ္ျပီး '' ငါ,ေတာ္ေတာ္ ရူးပါလား''ဆိုျပီး ဘယ္သူမွမႀကားေအာင္
ရီမိတယ္ ၊
 ညအိပ္ခါနီးရင္လဲ အနမ္းေပးတတ္တဲ႔ ''ဖူးစာရွင္မေလး''ကို  သတိရလာမိတယ္ ၊ တစ္ေယာက္ထဲ ငိုမိတယ္ ၊ ရင္ထဲက မီးေတြမကုန္သ၍ေတာ့ သူမကိုသတိရအုန္းမွာပဲ . . . တားလို႔မွမရတာ ၊ ေလေဖာင္းေနတဲ႔ ''အိတ္''ကို , ဓားနဲ႔ခုတ္လို႔ရေပမယ့္ . . . ေလကိုေတာ့  ခုတ္ပိုင္းလို႔မရပါဘူး ၊ က်ြန္ေတာ္ သူမကိုစေတြ႕တဲ႔အခ်ိန္က ,သူမဟာ , ပါးမို႔နီနီေလးနွင့္ ျပီးေတာ့ , သူမ,ရီလိုက္တဲ႔အခါက်ရင္,ပါးခ်ိဴ င့္ေလးနွင့္ခ်စ္စရာေကာင္းခဲ႔ျပီး . . ., စမ္းေရေလးေတြဟာ ငွက္ကေလးတစ္ေကာင္လို ပ်ံ ျဖန္႔သြားခဲ႔တယ္ ၊ ဘာလို႔ဆို. . . သူမရဲ႕အျပံဳးဟာ ေအးျမမႈ႕ျဖင့္ဝဲပ်ံေနလို႔ပဲ ၊ သူမ,အတြက္ ဘာမွမလိုအပ္ေပမယ့္ ,က်ြန္ေတာ္ရဲ႕ ႀကင္နာမႈ႕ကိုေတာ့ လိုအပ္တယ္ ၊ က်ြန္ေတာ္အတြက္ ဘာမွမလိုအပ္ေပမယ့္ , သူမရဲ႕ေမတၱာကိုေတာ့ လိုအပ္တယ္ ၊
နွစ္ဦးသား, , , တမိုးေအာက္မွာ ေတြ႕ဆံုခဲ႔ေပမယ့္ . . . တမိုးရိပ္ေအာက္မွာပဲ အခ်စ္ေတြဟာ ေပ်ာက္ဆံုးမသြားခဲ႔ပါ ၊ ညိဳ ခ်မ္းရီ  ေနေစာင္းတဲ႔အခ်ိန္တိုင္း သူမ,က်ြန္ေတာ္အျပန္အလာကို  အိမ္ေရွ႕ခံုတန္းေလးမွာ အျမဲေမ်ွာ္ေနတတ္တယ္ ၊
မနီးမေဝး၌ က်ြန္ေတာ္,သူမရဲ႕ ရိပ္သဲ႔သဲ႔ျမင္ခဲ႔တယ္ ၊  သူမ,က်ြန္ေတာ္ရဲ႕အျပန္လာကို တကယ္ေစာင့္ေမ်ွာ္ေနတာပဲလို႔ ေပ်ာ္ခဲ႔ျပီး . . . ထိုခံုတန္းဆီ ေျပးသြားခဲ႔တယ္ ၊ အေဝးကေန လွမ္းျမင္ရတာေတာ့ သူမဟာ,ခံုတန္းေလးမွာ ထိုင္ေနလ်ွက္ က်ြန္ေတာ္ကို ေစာင့္ေမ်ွာ္ေနတယ္ . . . အနီးကပ္ေရာက္ရွိခ်ိန္မွာေတာ့ , ခံုတန္းအိုေလးဟာ , ''တက်ြီက်ြီနဲ႔ ''ေဆြးျမည့္ေနတယ္ ၊ ဟုတ္သားပဲ ၊
က်ြန္ေတာ္ေမ႔သြားခဲ႔တယ္ ၊ သူမ,က တျခားကမာၻ႔ရဲ႕ လူျဖစ္သြားခဲ႔ျပီပဲ . . . ခံုတန္းအိုေလးကို ျဖည္းဖြဖြကိုင္ေနရင္းက်ြန္ေတာ္, သူ႔ကိုႀကည့္ရင္း စိတ္မေကာင္းျဖစ္မိတယ္ ၊ က်ြန္ေတာ္က ေျဖတတ္ေပမယ့္ . . . ဒီခံုတန္းအိုကေတာ့ ေျဖနိုင္လိမ့္မယ္မထင္ . . . ညေနတိုင္း ညေနတိုင္း ထိုင္ေလ႔ရွိတဲ႔ သူမ,မရွိေတာ့တဲ႔ ေနာက္ပိုင္း,ဒီခံုတန္းအိုဟာ  ညေန.,ေနဝင္ခါနီးတိုင္း '' တက်ြီက်ြီ''နဲ႔ ေခၚေနရွာတယ္ ၊ ေမ်ွာ္တမ္းေနတယ္ ၊
မ်က္ရည္မရွိေပမယ့္ . . . သံေယာဇဥ္ေတာ့, သူ႔မွာရွိလိမ့္မယ္ ၊
ဒီညခ်မ္းမွာေတာ့ ခံုတန္းအိုဟာ,တစစနဲ႔ေဆြးျမည့္က်ိဴ းပဲ႔ထြက္ျပီး,မနက္ဦးမွာေတာ့ . . . ခံုတန္းအိုဟာ,မရွိေခ်ေတာ့ပါ ၊ အခုဆို က်ြန္ေတာ္အနားမွာ  ,သူမေကာ ,သူမ,ထိုင္ေနက် , ခံုတန္းအိုပါ မရွိခဲ႔ ၊
က်ြန္ေတာ္ရဲ႕ မ်က္ဝန္းထဲမွာ မ်က္ရည္ေတာ့ နည္းနည္းလြယ္လာမိတယ္ ၊ မငိုမိေအာင္ေတာ့ ထိန္းထားနိုင္ခဲ႔တယ္ ၊
ပံုမွန္ေန႔စဥ္ ဘဝအတိုင္း,ရုန္းကန္မႈ႕ျဖင့္ က်ြန္ေတာ္ဟာ ခ်ီတတ္ခဲ႔တယ္ ၊ တေနထြက္ တေနဝင္ေပါ့ . . . ဒီလိုနဲ႔ တညမွာေတာ့ , အလုပ္ပင္ပန္းလာေသာ က်ြန္ေတာ္ဟာ ခဏလဲေလ်ာင္းရင္း အိပ္ေမာက် ျပီး  အိပ္ေပ်ာ္သြားေလခဲ႔တယ္ ၊ ထိုအခိ်န္မွာေတာ့ . . . သူခိုးတစ္ေယာက္ က်ြန္ေတာ္အိမ္ထဲသို႔ ဝင္လာေလတယ္ ၊ ဒါေပမယ့္ . . . က်ြန္ေတာ္ကေတာ့ မသိ . . . တေနကုန္အလုပ္ပင္ပန္းခဲ႔လို႔ အိပ္ေကာင္းေကာင္းေပါ့ , , , ျပီးေတာ့ . . . သူခိုးက က်ြန္ေတာ္ကို လာေခၚနိုးတယ္ ၊ အဲ႔ေတာ့မွ က်ြန္ေတာ္က ရုတ္တရက္လန္႔နိုးသြားျပီး , လူစိမ္းမ်က္နွာကို ျမင္ရေတာ့ , အံ႔ၾသေတာ့ အံ႔ၾသေပမယ့္  အခ်ိန္ေတာ့မဆိုင္းဘူး , နီးရာ သံပိုက္ကို ေျပးဆြဲယူေတာ့ . . . သူခိုးက လက္ကာျပတယ္ ၊ မလုပ္နဲ႔အုန္းေပါ့ ၊ ဒါနဲ႔ သူက ဆက္ေျပာတယ္ . . . '' က်ြန္ေတာ္ ,ဒီအိမ္ကိုဝင္လာတာ ခိုးဖို႔ဝင္လာတာ ..ဒါေပမယ့္ . . . အကို႔ကိုႀကည့္ျပီး က်ြန္ေတာ္ စိတ္မေကာင္းလို႔ , ခိုးဖို႔စိတ္ကူးမရွိေတာ့ဘူးဆိုျပီး '' သူ႔ ဝတ္ထားတဲ႔ အက်ၤ ီကို ခ်ြတ္ေပးတယ္ ၊ ေအးေပါ့ ဟုတ္သားပဲ ၊  က်ြန္ေတာ္အိမ္မွာ ဘာမွမွမရွိပဲ . . . က်ြန္ေတာ္ေတာင္မွ ဝတ္ထားတဲ႔အက်ၤ ီက စုတ္ျပတ္လို႔ အဖာတစ္ရာနဲ႔ , ဒါကိုျမင္မေကာင္းလို႔ဆိုျပီး သူခိုးက ,သူ႔အက်ၤ ီ က်ြန္ေတာ္ကို ခ်ြတ္ေပးတာေပါ့ ၊ သူခိုးကလဲ သူ႔အက်ၤ ီခ်ြတ္ေပးခဲ႔ျပီး  ျပန္သြားေလခဲ႔တယ္ ၊ သူခိုးေပးခဲ႔တဲ႔ အက်ၤ ီကို က်ြန္ေတာ္ကိုင္ႀကည့္လိုက္ေတာ့ , , , အလိုေလး ၊ တစ္သိန္းတန္အက်ၤ ီဆိုပါလား ၊ ေၾသာ္ , သူခိုး , သူခိုး , နာမည္ကတာ ဆိုးတာ , လူကေတာ့ ျမင့္ပါ့ဆိုျပီး , ေတြးေနမိတယ္ ၊ ေအးေပါ့ ,တို႔ေတြက  ဆင္းရဲေပမယ့္ ရိုးသားႀကတယ္. . . သူခိုးေတြလိုေတာ့  ဘယ္ျမင့္ပါ့မလဲ ၊
ေၾသာ္ ,ငါဘဝ  ဘယ္ေလာက္ထိအဆင္ေျပသလဲဆိုရင္ , ကိုယ့္အိမ္ကို လာခိုးတဲ႔သူခိုးေတာင္မွ မခိုးရက္ေတာ့တဲ႔ ဘဝပါလားေနာ္ ဆိုျပီး ကိုယ္ဖာသာကိုယ္ေတြးျပီး ဘယ္သူမွမႀကားေအာင္ ရီေနမိတယ္ ။

တကယ္ေတာ့ . . . ဘဝဆိုတာ ,
ၾကိဳးေပါင္း,အေျမာက္အမ်ား,မ်ားစြာျဖင့္ ခ်ည္တုတ္ျခင္းခံရေသာ အရာကို ''ဘဝဟု''ေခၚရင္ မွန္နိုင္မည္လား ၊
က်ြန္ေတာ္ရဲ႕ဘဝက လင္းတတစ္ေကာင္လို စုတ္ျပတ္ေနျပီး ,က်ြန္ေတာ္ရဲ႕အခ်စ္ကလဲ လင္းတတစ္ေကာင္လိုပဲ မတင့္တယ္ခဲ႔ဘူး ၊
အဲ႔ေတာ့ . . . ဘယ္လိုျပန္ေျပာမလဲသိလား ၊

ဘဝက ''လင္းတ '' ,
အခ်စ္က, '' ေစာက္သံုးမက်''လို႔ ေျပာခ်င္မိတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
#Unicode Version#
ညိုရီ ညရီ, ကောင်းကင်တခွင်၌အနီလှိုင်းယှက်တဲ့အချိန်မှာ တိမ်တွေဟာနီနီရဲဖြစ်ကုန်တယ် ၊ တစ်နေ့,ကျွန်တော် အိမ်မက်တခုမြင်မက်တယ်. . . အဲ့ဒီအိမ်မက်ထဲမှာ ကျွန်တော်ဟာ လယ်သမား, , , ဒါပေမယ့် . . . ကျွန်တော်ဟာ ကျွန်တော်ခန္ဓာကိုယ်ရဲ့ လယ်ပိုင်ရှင်ဖြစ်ခဲ့တယ်. . . အဲ့ဒီမှာတင် ကျွန်တော်ရဲ့အိမ်မက်ကြီးက ,
အိပ်စက်သွားခဲ့ပြီး , ကျွန်တော်က ပျံ သန်းခြင်းဖြင့် နိုးထလာခဲ့တယ် ၊
သန်းခေါင်ယံရဲ့မွေးဖွားခြင်းနှင့်အတူ ကျွန်တော်ဟာ , ညရဲ့မင်းဖြစ်ချင်တယ်
 ၊ ဘာလို့ဆို . . . အမှောင်တွေ အားလုံးရဲ့ဘုရင်ဖြစ်ချင်လို့ ၊ ပြီးတော့ . . . အဲ့အမှောင်တွေအားလုံးကို  ဖျက်စီးပစ်ပြီး , ဒီလောကကို အလင်းဆောင်ပေးမယ့်
ထာဝရ''နေမင်း''ကို ဖန်ဆင်းချင်တယ် ၊ ဒါမှ , အမှောင်ဆိုတာ ကွယ်ပျောက်မှာ ၊
ဒါပေမယ့် . . .ကျွန်တော်က စိတ်ကူးမယဉ်တတ်ဘူး ၊
အတွေးနဲ့မဖြေတတ်ဘူး ၊ ကြိတ်ပြီးမဆွေးတတ်ဘူး ၊ ကြိတ်ပြီးမခံစားတတ်ဘူး ၊ ရှင်းရှင်းပဲ ဖွင့်ထုတ်ပြတတ်တယ် ၊  ခံစားမှု့မရှိရင် ကျွန်တော်ရဲ့ဝိညာဉ်ဟာ ထာဝရ အနားယူနေတာ ကြာခဲ့ပြီ ။
လူအများအုပ်က . . . .
''ပေါက်တူး''ကိုင်တဲ့လက်ကို , လက်ဖဝါးမှာ,အမာရွတ်က ကြမ်းထော်နေတာပဲလို့ ပြောမိရင် , ပြောခဲ့ရင်, ကျွန်တော်က ဘာပြန်ပြောမလဲ သိလား
'' ''မသာ''တွေရဲ့နောက်ဆုံးခရီး ပြီးမြောက်စေဖို့ကို ကောင်းကျိူ းဆောင်ပြီး , မြေတွင်း''တူး''ပေးနေတဲ့ ''ပေါက်တူးသမား''ပါလို့ ပြန်ပြောချင်တယ် ,
'' အဲ့လိုဆို ကျေနပ်ပေးနိုင်မလား ''
ဆင်းရဲတိုင်း စာရိတ္တပျက်မယ်လို့ထင်ရင်
ကျွန်တော်က ဘာပြန်ပြောမလဲသိလား
'' ကုန်ဈေးးနှုန်း,
စီးပွားရေးရှင်သမားတိုင်းဟာ ,
လူလိမ် ၊ လူညာလို့ , ပြောမိမှာပဲ ''
အဲ့လိုပြန်ပြောရင် ကျေနပ်ပေးနိုင်မလား ၊
သရဲမမြင်ဖူးတဲ့ မျက်ကန်းက, ကျွန်တော်ကို , သရဲကဘယ်လိုပုံစံမျိူ းကြီးကွလို့ '' လာခြောက်တိုင်း , ကြောက်စိတ်ကို ဖောက်ထုတ်ပစ်မယ် ,
ဘာလို့ဆို . . . ဘဝဖြစ်နေလို့ပဲ ။
လူ့ဘဝရဲ့ဆင်းရဲမှု့ကို ကြောက်နေရင်
ကျွန်တော် , အမေရဲ့ဗိုက်ထဲ ပြန်ဝင်နေလိုက်မယ် ၊ ဒါပေမယ့် အဲ့ဒီလို လုပ်လို့ရရင်ပေါ့လေ,တခါခါလဲ စိတ္တဇဆန်ဆန် ဇာတ်လမ်းတစ်ပုဒ်ထဲက , အရူးမင်းသားဖြစ်ချင်မိတယ် ၊ ဒါပေမယ့်လည်း . . . ဆေးတိုက်ပေးမယ့် သူနာပြုကလဲ အနားမှာမရှိတော့ , ''ဘယ်လိုမျိူ းက  ဘယ်လိုမျိူ းလဲ''ဆိုတဲ့
မေးခွန်းထက်ကို ဖြေရတာခက်ခဲ့တယ် ၊ ကျွန်တော် ငယ်ငယ်က တွေးခဲ့ဖူးတယ်. . .ဒီလောကကြီးထဲမှာ ငါ,တစ်ယောက်ထဲသာ ဖြစ်ခဲ့ရင် , ပျင်းခြောက်ခြောက်နဲ့နေရခက်မှာပဲလို့ ., , ဒါပေမယ့် . . . အခု,ကျွန်တော် တစ်ယောက်တည်း ,အနီးအနားမှာ ဒီလောကရဲ့လူသားတွေ အများအပြား ရှိခဲ့လဲ ရှိနေလဲ , ကျွန်တော်ရဲ့အိမ်မှာတော့ , ကျွန်တော်တစ်ယောက်တည်းပဲ ၊ မနက်ဆို , မနက်စာပြင်ပေးမယ့်သူ, မရှိသလို ၊ ညဆိုလဲ , ထွက်စောင့်ကြို သူ,မရှိခဲ့ဘူး ၊ ဘာဖြစ်လဲ ၊ ကျွန်တော်က လူ ၊ ကျွန်တော်က အပူမဟုတ်တော့ , အထီးမကျန်ခဲ့ဘူး ၊ ပြီးတော့ ,ကျွန်တော်မှာ ပျင်းချိန်တောင် မရဘူး ၊ အလုပ်က ပြန်လာရင် , ထမင်းချက်ထားရင်း,ရေချိူ းတယ် ၊ ဟင်း,ကတော့ ကြုံရာပေါ့ ၊ ဒါပေမယ့် . . ပျော်အောင်နေရင်တော့  ပျော်လာပါလိမ့်မယ် ၊
ပျင်းခဲ့ရင်လဲ . . . . ကမ္ဘာ့ကျော်,စာရေးဆရာကြီးတွေရဲ့စာပေတွေကို ဖတ်တယ် ၊ တခါတလေဆို ကဗျာတွေရေးတယ် ၊ ပြီးရင်,ကိုယ်ရေးတဲ့ကဗျာကို  ကိုယ်ပြန်ဖတ်ပြီး '' ငါ,တော်တော် ရူးပါလား''ဆိုပြီး ဘယ်သူမှမကြားအောင်
ရီမိတယ် ၊
 ညအိပ်ခါနီးရင်လဲ အနမ်းပေးတတ်တဲ့ ''ဖူးစာရှင်မလေး''ကို  သတိရလာမိတယ် ၊ တစ်ယောက်ထဲ ငိုမိတယ် ၊ ရင်ထဲက မီးတွေမကုန်သ၍တော့ သူမကိုသတိရအုန်းမှာပဲ . . . တားလို့မှမရတာ ၊ လေဖောင်းနေတဲ့ ''အိတ်''ကို , ဓားနဲ့ခုတ်လို့ရပေမယ့် . . . လေကိုတော့  ခုတ်ပိုင်းလို့မရပါဘူး ၊ ကျွန်တော် သူမကိုစတွေ့တဲ့အချိန်က ,သူမဟာ , ပါးမို့နီနီလေးနှင့် ပြီးတော့ , သူမ,ရီလိုက်တဲ့အခါကျရင်,ပါးချိူ င့်လေးနှင့်ချစ်စရာကောင်းခဲ့ပြီး . . ., စမ်းရေလေးတွေဟာ ငှက်ကလေးတစ်ကောင်လို ပျံ ဖြန့်သွားခဲ့တယ် ၊ ဘာလို့ဆို. . . သူမရဲ့အပြုံးဟာ အေးမြမှု့ဖြင့်ဝဲပျံနေလို့ပဲ ၊ သူမ,အတွက် ဘာမှမလိုအပ်ပေမယ့် ,ကျွန်တော်ရဲ့ ကြင်နာမှု့ကိုတော့ လိုအပ်တယ် ၊ ကျွန်တော်အတွက် ဘာမှမလိုအပ်ပေမယ့် , သူမရဲ့မေတ္တာကိုတော့ လိုအပ်တယ် ၊
နှစ်ဦးသား, , , တမိုးအောက်မှာ တွေ့ဆုံခဲ့ပေမယ့် . . . တမိုးရိပ်အောက်မှာပဲ အချစ်တွေဟာ ပျောက်ဆုံးမသွားခဲ့ပါ ၊ ညို ချမ်းရီ  နေစောင်းတဲ့အချိန်တိုင်း သူမ,ကျွန်တော်အပြန်အလာကို  အိမ်ရှေ့ခုံတန်းလေးမှာ အမြဲမျှော်နေတတ်တယ် ၊
မနီးမဝေး၌ ကျွန်တော်,သူမရဲ့ ရိပ်သဲ့သဲ့မြင်ခဲ့တယ် ၊  သူမ,ကျွန်တော်ရဲ့အပြန်လာကို တကယ်စောင့်မျှော်နေတာပဲလို့ ပျော်ခဲ့ပြီး . . . ထိုခုံတန်းဆီ ပြေးသွားခဲ့တယ် ၊ အဝေးကနေ လှမ်းမြင်ရတာတော့ သူမဟာ,ခုံတန်းလေးမှာ ထိုင်နေလျှက် ကျွန်တော်ကို စောင့်မျှော်နေတယ် . . . အနီးကပ်ရောက်ရှိချိန်မှာတော့ , ခုံတန်းအိုလေးဟာ , ''တကျွီကျွီနဲ့ ''ဆွေးမြည့်နေတယ် ၊ ဟုတ်သားပဲ ၊
ကျွန်တော်မေ့သွားခဲ့တယ် ၊ သူမ,က တခြားကမ္ဘာ့ရဲ့ လူဖြစ်သွားခဲ့ပြီပဲ . . . ခုံတန်းအိုလေးကို ဖြည်းဖွဖွကိုင်နေရင်းကျွန်တော်, သူ့ကိုကြည့်ရင်း စိတ်မကောင်းဖြစ်မိတယ် ၊ ကျွန်တော်က ဖြေတတ်ပေမယ့် . . . ဒီခုံတန်းအိုကတော့ ဖြေနိုင်လိမ့်မယ်မထင် . . . ညနေတိုင်း ညနေတိုင်း ထိုင်လေ့ရှိတဲ့ သူမ,မရှိတော့တဲ့ နောက်ပိုင်း,ဒီခုံတန်းအိုဟာ  ညနေ.,နေဝင်ခါနီးတိုင်း '' တကျွီကျွီ''နဲ့ ခေါ်နေရှာတယ် ၊ မျှော်တမ်းနေတယ် ၊
မျက်ရည်မရှိပေမယ့် . . . သံယောဇဉ်တော့, သူ့မှာရှိလိမ့်မယ် ၊
ဒီညချမ်းမှာတော့ ခုံတန်းအိုဟာ,တစစနဲ့ဆွေးမြည့်ကျိူ းပဲ့ထွက်ပြီး,မနက်ဦးမှာတော့ . . . ခုံတန်းအိုဟာ,မရှိချေတော့ပါ ၊ အခုဆို ကျွန်တော်အနားမှာ  ,သူမကော ,သူမ,ထိုင်နေကျ , ခုံတန်းအိုပါ မရှိခဲ့ ၊
ကျွန်တော်ရဲ့ မျက်ဝန်းထဲမှာ မျက်ရည်တော့ နည်းနည်းလွယ်လာမိတယ် ၊ မငိုမိအောင်တော့ ထိန်းထားနိုင်ခဲ့တယ် ၊
ပုံမှန်နေ့စဉ် ဘဝအတိုင်း,ရုန်းကန်မှု့ဖြင့် ကျွန်တော်ဟာ ချီတတ်ခဲ့တယ် ၊ တနေထွက် တနေဝင်ပေါ့ . . . ဒီလိုနဲ့ တညမှာတော့ , အလုပ်ပင်ပန်းလာသော ကျွန်တော်ဟာ ခဏလဲလျောင်းရင်း အိပ်မောကျ ပြီး  အိပ်ပျော်သွားလေခဲ့တယ် ၊ ထိုအချိန်မှာတော့ . . . သူခိုးတစ်ယောက် ကျွန်တော်အိမ်ထဲသို့ ဝင်လာလေတယ် ၊ ဒါပေမယ့် . . . ကျွန်တော်ကတော့ မသိ . . . တနေကုန်အလုပ်ပင်ပန်းခဲ့လို့ အိပ်ကောင်းကောင်းပေါ့ , , , ပြီးတော့ . . . သူခိုးက ကျွန်တော်ကို လာခေါ်နိုးတယ် ၊ အဲ့တော့မှ ကျွန်တော်က ရုတ်တရက်လန့်နိုးသွားပြီး , လူစိမ်းမျက်နှာကို မြင်ရတော့ , အံ့သြတော့ အံ့သြပေမယ့်  အချိန်တော့မဆိုင်းဘူး , နီးရာ သံပိုက်ကို ပြေးဆွဲယူတော့ . . . သူခိုးက လက်ကာပြတယ် ၊ မလုပ်နဲ့အုန်းပေါ့ ၊ ဒါနဲ့ သူက ဆက်ပြောတယ် . . . '' ကျွန်တော် ,ဒီအိမ်ကိုဝင်လာတာ ခိုးဖို့ဝင်လာတာ ..ဒါပေမယ့် . . . အကို့ကိုကြည့်ပြီး ကျွန်တော် စိတ်မကောင်းလို့ , ခိုးဖို့စိတ်ကူးမရှိတော့ဘူးဆိုပြီး '' သူ့ ဝတ်ထားတဲ့ အင်္ကျ ီကို ချွတ်ပေးတယ် ၊ အေးပေါ့ ဟုတ်သားပဲ ၊  ကျွန်တော်အိမ်မှာ ဘာမှမှမရှိပဲ . . . ကျွန်တော်တောင်မှ ဝတ်ထားတဲ့အင်္ကျ ီက စုတ်ပြတ်လို့ အဖာတစ်ရာနဲ့ , ဒါကိုမြင်မကောင်းလို့ဆိုပြီး သူခိုးက ,သူ့အင်္ကျ ီ ကျွန်တော်ကို ချွတ်ပေးတာပေါ့ ၊ သူခိုးကလဲ သူ့အင်္ကျ ီချွတ်ပေးခဲ့ပြီး  ပြန်သွားလေခဲ့တယ် ၊ သူခိုးပေးခဲ့တဲ့ အင်္ကျ ီကို ကျွန်တော်ကိုင်ကြည့်လိုက်တော့ , , , အလိုလေး ၊ တစ်သိန်းတန်အင်္ကျ ီဆိုပါလား ၊ သြော် , သူခိုး , သူခိုး , နာမည်ကတာ ဆိုးတာ , လူကတော့ မြင့်ပါ့ဆိုပြီး , တွေးနေမိတယ် ၊ အေးပေါ့ ,တို့တွေက  ဆင်းရဲပေမယ့် ရိုးသားကြတယ်. . . သူခိုးတွေလိုတော့  ဘယ်မြင့်ပါ့မလဲ ၊
သြော် ,ငါဘဝ  ဘယ်လောက်ထိအဆင်ပြေသလဲဆိုရင် , ကိုယ့်အိမ်ကို လာခိုးတဲ့သူခိုးတောင်မှ မခိုးရက်တော့တဲ့ ဘဝပါလားနော် ဆိုပြီး ကိုယ်ဖာသာကိုယ်တွေးပြီး ဘယ်သူမှမကြားအောင် ရီနေမိတယ် ။

တကယ်တော့ . . . ဘဝဆိုတာ ,
ကြိုးပေါင်း,အမြောက်အများ,များစွာဖြင့် ချည်တုတ်ခြင်းခံရသော အရာကို ''ဘဝဟု''ခေါ်ရင် မှန်နိုင်မည်လား ၊
ကျွန်တော်ရဲ့ဘဝက လင်းတတစ်ကောင်လို စုတ်ပြတ်နေပြီး ,ကျွန်တော်ရဲ့အချစ်ကလဲ လင်းတတစ်ကောင်လိုပဲ မတင့်တယ်ခဲ့ဘူး ၊
အဲ့တော့ . . . ဘယ်လိုပြန်ပြောမလဲသိလား ၊

ဘဝက ''လင်းတ '' ,
အချစ်က, '' စောက်သုံးမကျ''လို့ ပြောချင်မိတယ် ။


ဖိုးသူတော် (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top