Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×

# Zawgyi Version ဖြင့် ဖတ်ပါ #

ထောပတ်သီးဟာ အမျိုးသားများအတွက် ယောက်ျားအားကို ပြည့်ဝစေပါသည်။








Ref: Avocado for Health


# Unicode Version ဖြင့် ဖတ်ပါ #

ထောပတ်သီးဟာ အမျိုးသားများအတွက် ယောကျ်ားအားကို ပြည့်ဝစေပါသည်။

 အမျိုးသမီးများအတွက် အသားအရည်ကို စိုပြေလှစေကာ ဆံကေသာကိုလည်း သန်စွမ်းနက်မှောင်စေပါသည်။ ဆံပင်ကောင်းစေရန် စားသုံးသင့်သော သစ်သီးဝလံထဲတွင် ထောပတ်သီးသည် ထိပ်ဆုံးမှ ပါဝင်နေ၏။

ထောပတ်သီးသည် နှလုံးကျန်းမာရေးကို အထောက်အကူပေးပြီး သက်လုံကောင်းမွန်စေသည့်အတွက် အားကစားသမားများ အစားသင့်ဆုံး အသီးဖြစ်ပါသည်။

ထောပတ်သီးတွင် ပါဝင်သည့် ဗီတာမင် B, ဗီတာမင် E တို့သည် နှလုံးကျန်းမာရေးကို အထောက်အကူပြုပေးပါသည်။

ထောပတ်သီးတွင် ပါဝင်သော ကိုလင်း (Cho line) ဓါတ်သည် လူ၏ ဦးနှောက်ကိုလည်း များစွာအထောက်အပံ့ပေးနိုင်ပါသည်။

ကိုလက်စထရော (LDL ) နည်းပါးသည့်အတွက် ဆိုးကျိုးများကို လုံးဝမဖြစ်စေပဲ အကျိုးပြု ကိုလက်စထရော (HDL) ကိုသာ ပေးစွမ်းပါသည်။

သွေးကြောရောင်ရမ်းမှုဒဏ်ရာများနှင့် သွေးကြောကျဉ်းရောဂါများ မဖြစ်အောင် ကာကွယ်ပေးနိုင်သည့် phenolic ဒြပ်ပေါင်းများ ထောပတ်သီးတွင်ပါဝင်နေပါသည်။

ထောပတ်သီးကို ဖျော်ရည်လုပ်ပြီး သောက်နိုင်သလို ဟင်းသီးဟင်းရွက်များနှင့် ရောစပ်၍ စားသောက်လျှင် ဟင်းသီးဟင်းရွက်များက ပေးစွမ်းသည့် အာဟာရများ အပြည့်အဝ ရရှိစေနိုင်ပါသည်။

Ref: Avocado for Health

ဖိုးသူတော် (www.phothutaw.com)
Credit: ဦးနေဆိုင် (ပူတာအို) ဘာသာပြန်သည်။
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top