Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

Social Media ေခတ္ကိုေရာက္လာတာနဲ႕အမွ် တစ္ေန႔တစ္ေန႔ သတင္းေတြကို ပိုပိုၿပီးသိလာရတယ္။ မႈခင္းေတြနဲ႕ ပတ္သတ္ျပီးေတာ့လည္း ျမင္ရၾကားလာရတာဟာ အရင္ထက္မ်ားလာတယ္။ ဒီတစ္ခါေတာ့ ကေလးေတြအေပၚ မတရားျပဳမူတာေတြနဲ႔ ပတ္သတ္ျပီး ေျပာျပခ်င္ပါတယ္။ ကေလးေတြဆိုတာဟာ အနာဂတ္ရဲ႕ ၾကယ္ပြင့္ေတြပါ။ ကေလးေတြရဲ႕ အနာဂတ္ေတြဟာ တိုင္းျပည္တစ္ျပည္၊ လူမ်ိဳးတစ္မ်ိဳးရဲ႕ အနာဂတ္ပါ။ လူတိုင္းရဲ႕ ငယ္ဘဝေတြဟာ သူတို႔ႀကီးလာတဲ့အခါ အပန္းေျဖစရာ လြမ္းေမာစရာ ပံုရိပ္ေတြပါ။ ကေလးေတြရဲ႕ ငယ္ဘဝမွာ စိတ္ဒဏ္ရာ၊ အနာတရေတြဟာ ေနာင္တစ္ခ်ိန္ သူတို႔ဘဝကို ထိခိုက္ေစရံုမက တိုင္းျပည္ရဲ႕ အနာဂတ္လူမ်ိဳးရဲ႕ အနာဂတ္ေတြကိုပါထိခိုက္ေစႏိုင္ပါတယ္။ ဘယ္လိုမ်ိဳး အေျခအေနေတြက ကေလးေတြေပၚ မတရား ႏွိပ္စက္ရာေရာက္သလဲ။ ကေလးေတြကို အမ်ိဳးမ်ိဳး ဆက္ဆံႏိုင္ၾကပါတယ္။ သိသိႀကီးနဲ႔ ျဖစ္ျဖစ္ မသိလိုက္ မသိဖာသာ ျဖစ္ျဖစ္ ကေလးေတြအေပၚ မတရားဆက္ဆံတာမ်ိဳးနဲ႔ စိတ္ဒဏ္ရာေတြ မေပးသင့္ပါဘူး။

Related Article>>> ကေလးငယ္ေတြကို အခ်စ္ေတာ္တိရိစၦာန္ေမြးခြင့္ ေပးလိုက္ပါ

လ်စ္လ်ဴ႐ႈ ဂ႐ုမစိုက္ျခင္း

ကေလးေတြကို လ်စ္လ်ဴ႐ႈတာ၊ သူတို႔ရဲ႕ လုပ္ဆာင္ခ်က္ေတြကို အေလးမထားတာဟာ ကေလးေတြအတြက္ ခံစားရခက္ပါတယ္။ သူတို႔ေလးေတြဟာ ကေလးဘဝမွာ သူတို႔ရဲ႕ ဖန္တီးႏိုင္စြမ္း၊ လုပ္ေဆာင္ႏိုင္စြမ္းေတြကို သူတို႔ခ်စ္ရတဲ့ ေဖေဖ၊ ေမေမ၊ ဖိုးဖိုး၊ ဖြားဖြားေတြ ၊သူတို႔ အနီးနားက သူတို႔ခင္တြယ္ရသူေတြ၊ ဆရာ၊ဆရာမေတြဆီက ခ်ီးက်ဴးစကားကို အရမ္းလိုလားၾကပါတယ္။ သူတို႔ေလးေတြရဲ႕ လုပ္ဆာင္မႈကို အသိအမွတ္ျပဳေပးတာဟာ သူတို႔အတြက္ေ႐ွ႕ေျခလွမ္းေတြ အတြက္ အားေတြပါပဲ။ အဲ့ဒီအစား လ်စ္လ်ဴ႐ႈမႈေတြကို ရ႐ွိခဲ့ရင္ အဲ့ဒီကေလးကို စိတ္ဒဏ္ရာေပးလိုက္သလိုပါပဲ။ ငယ္ငယ္က သူငယ္ခ်င္းတစ္ေယာက္က အရမ္းစာလုပ္တယ္။ သူ႔မွာ အမွတ္နည္းရင္ သူမအရမ္းဝမ္းနည္းေလ့႐ွိိတယ္။ ေနာက္စာေမးပြဲမေျဖမခ်င္း သူစိတ္ညစ္ေန ဝမ္းနည္းေနရတယ္။ အေၾကာင္းက သူအမွတ္နည္းရင္ သူ႔အေဖက သူ႔ကိုစကားမေျပာေတာ့ဘူးတဲ့။ သူသူ႔အေဖစကားမေျပာမွာကို သူအရမ္းေၾကာက္တယ္။ အျမဲစိုးရိမ္ေနရတယ္။ သူအေကာင္းဆံုး ႀကိဳးစားထားတာေတာင္ လြဲေခ်ာ္သြားရင္ဆိုတဲ့ စိတ္က ကေလးနဲ႔ မလိုကိေအာင္ ဝန္ပိေနတတ္တယ္။ သူမႀကိဳးစားေတြကို အသိအမွတ္ျပဳ ခ်ီးက်ဴးေပးရင္ သူမ စာလုပ္ရတာ ပိုၿပီး ေပ်ာ္ရႊင္စရာေကာင္းမွာပါ။ ကေလးေတြကို လ်စ္လ်ဴ႐ႈျခင္းနဲ႔ စိတ္ဒုကၡမေပးမိၾကပါေစနဲ့ေနာ္။

Related Article>>>ကိုယ္ဝန္ပ်က္က်ၿပီးတဲ့ေနာက္မွာ ဘာေတြကို ဂရုစိုက္ရမလဲ။

႐ိုက္ႏွက္ဆံုးမျခင္း
လ်စ္လ်ဴ႐ႈသလိုမ်ိဳး ေနာက္ထပ္ဆိုးတာ တစ္ခုက ႐ိုက္ႏွက္ဆံုးမတာပါပဲ။ ႐ိုက္ႏွက္ ဆံုးမလို႔ ကေလးက လိုက္နာေကာင္း လိုက္နာမယ္။ ဒါေပမယ့့့္ ကေလးမွာ ခ်င့္ခ်ိန္ႏိုင္စြမ္း မဲ့သြားႏိုင္တယ္။ ဒီကိစၥကို ငါလုပ္ရင္ ငါ့ကို ႐ိုက္လိမ့္မယ္ဆိုၿပီး မလုပ္တာပါ။ စဥ္းစားဆင္ျခင္ႏိုင္စြမ္း အမွားအမွန္ ခ်င့္ခ်ိန္ႏိုင္စြမ္းေတြ ေပ်ာက္သြားပါလိမ့္မယ္။ ေခြးေလးေတြ ေၾကာင္ေလးေတြ ကို ဆံုးမတဲ့အခါ စကားနဲ႔ ေျပာလို႔ နားမလည္ၾကပါဘူး ဆိုေတာ့ သူတို႔ကို ဥပမာ ဖိနပ္ကိုက္ရင္ ဖိနပ္ကို ျပၿပီး႐ိုက္တဲ့အခါ ေနာက္တစ္ခါဖိနပ္မကိုက္ေတာ့တာမ်ိဳးေပါ့။ ကေလးေတြက စကားနဲ႔ ေျပာလို႔နားလည္ၾကပါတယ္။ စဥး္စားဆင္ျခင္ႏိုင္တဲ့ ဦးေႏွာက္ေတြလည္း ပိုင္ဆိုင္ၾကပါတယ္။ ႐ိုက္ႏွက္လို႔ ေ႐ွာင္တာမ်ိဳးထက္ မလုပ္သင့္လို႔ မလုပ္တာမ်ိဳးက ကေလးေတြအတြက္ မ်ားစြာအက်ိဳး႐ွိပါတယ္။

လိင္ပိုင္းဆိုင္ရာ မဖြယ္မရာျပဳက်င့္မႈ
ဒါကေတာ့ အုပ္ထိန္းသူေတြ အေနနဲ႔ ကေလးေတြအေပၚ တကယ္ကို အေလးထား ေစာင့္ေ႐ွာက္သင့္ပါတယ္။ ဒီေန႔ေခတ္မွာ ပိုၿပီးၾကားၾကားလာရတဲ့ ကေလးေတြအေပၚ လိင္ပိုင္္းဆိုင္ရာ မဖြယ္မရာ ျပဳက်င့္တာေတြ မ်ားျပားလာပါတယ္။ အုပ္ထိန္းသူေတြအေနနဲ႔ ကေလးေတြကို သူစိမ္းေတြနဲ႔ စိတ္ခ်လက္ခ် မထားသင့္ပါဘူး။ ၿပီးေတာ့ အသက္အရြယ္အလိုက္ လိင္ပိုင္းဆိုင္ရာ ပညာေပးေတြကို ေျပာျပ နားခ်သင့္ပါတယ္။ ျဖစ္သြားၿပီးမွ ယူၾကံဳးမရ ျဖစ္ေနမွာထက္ ကေလးအေပၚ က်ေရာက္လာတဲ့ အႏၱရာယ္ေတြကို မျဖစ္ခင္က ႀကိဳတင္ကာကြယ္သင့္ပါတယ္။ မိမိတို႔ ကိုယ္တိုင္လည္း ကေလးနဲ႔ဆိုင္တဲ့ ဗဟုသုတစာေပမ်ားစြာကို ဖတ္သင့္ပါတယ္။

Related Article>>>မိသားစုထဲမွာ ကေလးငယ္ေလးရွိသူတိုင္း သိထားသင့္တဲ့ အေၾကာင္းမ်ား

စိတ္ပိုင္းဆိုင္ရာ ခံစားခ်က္မ်ားအေပၚ အေလးမထားမႈ
ကေလးေတြရဲ႕ စိတ္ဒဏ္ရာေတြဟာ သူတို႔ အုပ္ထိန္းသူေတြနဲ႔ တိုက္႐ိုက္နီးပါးကို သက္ဆိုင္ေနပါတယ္။ ကေလးဘဝမွာ လြတ္လပ္စြာ ေတြးေခၚတယ္ ခံစားၾကတယ္။ သူတို႔ရဲ႕ စိတ္ခံစားမႈေလးေတြဟာ တကယ္ကို ထိလြယ္႐ွလြယ္ပါတယ္။ သူတို႔ရဲ႕ ခံစားမႈေတြကို ျပက္ရယ္ျပဳျခင္း၊ အေလးမေပးျခင္း၊ လ်စ္လ်ဴ႐ႈျခင္းေတြဟာ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ေအာင္ျပဳလုပ္သလိုပါပဲ။ တစ္ခါတစ္ေလမွာ သူတို႔ရဲ႕ဝါသနာ၊ ဆႏၵေတြကို နင္းေျခဖ်က္ဆီးၿပီး ကိုယ့္ဆႏၵေတြကို ဦးစားေပးတဲ့အခါ သူတို႔လမ္းေပ်ာက္ၿပီး ထြန္းထြန္းေပါက္ေပါက္ ျဖစ္လာမွာ မဟုတ္တဲ့အျပင္ စိတ္ခံစားမႈေတြပါ ေျပာင္းလဲသြားႏိုင္ပါတယ္။

ေျခာက္လွန္႔ ဆံုးမျခင္း
ကိုယ္ေတြ ငယ္ငယ္ထဲက ေတာ္ေတာ္မ်ားမ်ား မိဘေတြေလ ေခ်ာ့သိပ္ရင္ ‘အိပ္ေတာ့ ေဒေဝါႀကီးလာလိမ့္မယ္’ ‘ေဒေဝါ ႀကီးေရ’ ဘာညာနဲ႔ ေျခာက္ေလ့႐ွိၾကတယ္။ ကေလးကလည္း ေဒေဝါ ဘာမွန္းမသိ ေၾကာက္တတ္ၾကတယ္။ ဘာမွန္းမသိဘဲ ေၾကာက္တတ္တဲ့ အက်င့္ကို ငယ္ငယ္ေလးထဲက ေမြးေပးလိုက္ၾကတာ ဥသ်ွစ္သီးနဲ႔ ယုန္သူငယ္လို ဘာမစဥ္းစား ညာမစဥ္းစားနဲ႔ ေၾကာက္တတ္တဲ့အက်င္ ႀကီးတဲ့ထိကပ္ပါလာၾကေရာ။ လူေတြကို ေၾကာက္စိတ္နဲ႔ ဖိႏွိပ္ရတာ အလြယ္ဆံုးပဲ ။ ၿခိမ္းေျခာက္ၿပီး တစ္ပါးသူက ဖိႏွိပ္တဲ့အခါ ဘာမသိ ညာမသိနဲ့ အဖိႏွိပ္ခံေတြ ျဖစ္တတ္ၾကတယ္။ ဒါေၾကာင့္ ကေလးေတြကို ေျခာက္လွန္႔ၿပီး မထိန္းခ်ဳပ္ဖို႔ တကယ္ကို အေရးႀကီးပါတယ္။
အနာဂတ္ရဲ႕ သားေကာင္းေလးေတြ ကို စိတ္ဒဏ္ရာေလးေတြ မေပးၾကမိေအာင္ ဒီအခ်က္ေလးေတြကို သတိခ်ပ္ေစခ်င္ပါတယ္ေယာင္းတို႔ေရ….

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myat Lay ( For Her Myanmar )

# Unicode Version #
ocial Media ခေတ်ကိုရောက်လာတာနဲ့အမျှ တစ်နေ့တစ်နေ့ သတင်းတွေကို ပိုပိုပြီးသိလာရတယ်။ မှုခင်းတွေနဲ့ ပတ်သတ်ပြီးတော့လည်း မြင်ရကြားလာရတာဟာ အရင်ထက်များလာတယ်။ ဒီတစ်ခါတော့ ကလေးတွေအပေါ် မတရားပြုမူတာတွေနဲ့ ပတ်သတ်ပြီး ပြောပြချင်ပါတယ်။ ကလေးတွေဆိုတာဟာ အနာဂတ်ရဲ့ ကြယ်ပွင့်တွေပါ။ ကလေးတွေရဲ့ အနာဂတ်တွေဟာ တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုးရဲ့ အနာဂတ်ပါ။ လူတိုင်းရဲ့ ငယ်ဘဝတွေဟာ သူတို့ကြီးလာတဲ့အခါ အပန်းဖြေစရာ လွမ်းမောစရာ ပုံရိပ်တွေပါ။ ကလေးတွေရဲ့ ငယ်ဘဝမှာ စိတ်ဒဏ်ရာ၊ အနာတရတွေဟာ နောင်တစ်ချိန် သူတို့ဘဝကို ထိခိုက်စေရုံမက တိုင်းပြည်ရဲ့ အနာဂတ်လူမျိုးရဲ့ အနာဂတ်တွေကိုပါထိခိုက်စေနိုင်ပါတယ်။ ဘယ်လိုမျိုး အခြေအနေတွေက ကလေးတွေပေါ် မတရား နှိပ်စက်ရာရောက်သလဲ။ ကလေးတွေကို အမျိုးမျိုး ဆက်ဆံနိုင်ကြပါတယ်။ သိသိကြီးနဲ့ ဖြစ်ဖြစ် မသိလိုက် မသိဖာသာ ဖြစ်ဖြစ် ကလေးတွေအပေါ် မတရားဆက်ဆံတာမျိုးနဲ့ စိတ်ဒဏ်ရာတွေ မပေးသင့်ပါဘူး။

Related Article>>> ကလေးငယ်တွေကို အချစ်တော်တိရိစ္ဆာန်မွေးခွင့် ပေးလိုက်ပါ

လျစ်လျူရှု ဂရုမစိုက်ခြင်း

ကလေးတွေကို လျစ်လျူရှုတာ၊ သူတို့ရဲ့ လုပ်ဆာင်ချက်တွေကို အလေးမထားတာဟာ ကလေးတွေအတွက် ခံစားရခက်ပါတယ်။ သူတို့လေးတွေဟာ ကလေးဘဝမှာ သူတို့ရဲ့ ဖန်တီးနိုင်စွမ်း၊ လုပ်ဆောင်နိုင်စွမ်းတွေကို သူတို့ချစ်ရတဲ့ ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွားဖွားတွေ ၊သူတို့ အနီးနားက သူတို့ခင်တွယ်ရသူတွေ၊ ဆရာ၊ဆရာမတွေဆီက ချီးကျူးစကားကို အရမ်းလိုလားကြပါတယ်။ သူတို့လေးတွေရဲ့ လုပ်ဆာင်မှုကို အသိအမှတ်ပြုပေးတာဟာ သူတို့အတွက်ရှေ့ခြေလှမ်းတွေ အတွက် အားတွေပါပဲ။ အဲ့ဒီအစား လျစ်လျူရှုမှုတွေကို ရရှိခဲ့ရင် အဲ့ဒီကလေးကို စိတ်ဒဏ်ရာပေးလိုက်သလိုပါပဲ။ ငယ်ငယ်က သူငယ်ချင်းတစ်ယောက်က အရမ်းစာလုပ်တယ်။ သူ့မှာ အမှတ်နည်းရင် သူမအရမ်းဝမ်းနည်းလေ့ရှိတယ်။ နောက်စာမေးပွဲမဖြေမချင်း သူစိတ်ညစ်နေ ဝမ်းနည်းနေရတယ်။ အကြောင်းက သူအမှတ်နည်းရင် သူ့အဖေက သူ့ကိုစကားမပြောတော့ဘူးတဲ့။ သူသူ့အဖေစကားမပြောမှာကို သူအရမ်းကြောက်တယ်။ အမြဲစိုးရိမ်နေရတယ်။ သူအကောင်းဆုံး ကြိုးစားထားတာတောင် လွဲချော်သွားရင်ဆိုတဲ့ စိတ်က ကလေးနဲ့ မလိုကိအောင် ဝန်ပိနေတတ်တယ်။ သူမကြိုးစားတွေကို အသိအမှတ်ပြု ချီးကျူးပေးရင် သူမ စာလုပ်ရတာ ပိုပြီး ပျော်ရွှင်စရာကောင်းမှာပါ။ ကလေးတွေကို လျစ်လျူရှုခြင်းနဲ့ စိတ်ဒုက္ခမပေးမိကြပါစေနဲ့နော်။

Related Article>>>ကိုယ်ဝန်ပျက်ကျပြီးတဲ့နောက်မှာ ဘာတွေကို ဂရုစိုက်ရမလဲ။

ရိုက်နှက်ဆုံးမခြင်း
လျစ်လျူရှုသလိုမျိုး နောက်ထပ်ဆိုးတာ တစ်ခုက ရိုက်နှက်ဆုံးမတာပါပဲ။ ရိုက်နှက် ဆုံးမလို့ ကလေးက လိုက်နာကောင်း လိုက်နာမယ်။ ဒါပေမယ့့် ကလေးမှာ ချင့်ချိန်နိုင်စွမ်း မဲ့သွားနိုင်တယ်။ ဒီကိစ္စကို ငါလုပ်ရင် ငါ့ကို ရိုက်လိမ့်မယ်ဆိုပြီး မလုပ်တာပါ။ စဉ်းစားဆင်ခြင်နိုင်စွမ်း အမှားအမှန် ချင့်ချိန်နိုင်စွမ်းတွေ ပျောက်သွားပါလိမ့်မယ်။ ခွေးလေးတွေ ကြောင်လေးတွေ ကို ဆုံးမတဲ့အခါ စကားနဲ့ ပြောလို့ နားမလည်ကြပါဘူး ဆိုတော့ သူတို့ကို ဥပမာ ဖိနပ်ကိုက်ရင် ဖိနပ်ကို ပြပြီးရိုက်တဲ့အခါ နောက်တစ်ခါဖိနပ်မကိုက်တော့တာမျိုးပေါ့။ ကလေးတွေက စကားနဲ့ ပြောလို့နားလည်ကြပါတယ်။ စဥ်းစားဆင်ခြင်နိုင်တဲ့ ဦးနှောက်တွေလည်း ပိုင်ဆိုင်ကြပါတယ်။ ရိုက်နှက်လို့ ရှောင်တာမျိုးထက် မလုပ်သင့်လို့ မလုပ်တာမျိုးက ကလေးတွေအတွက် များစွာအကျိုးရှိပါတယ်။

လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်မှု
ဒါကတော့ အုပ်ထိန်းသူတွေ အနေနဲ့ ကလေးတွေအပေါ် တကယ်ကို အလေးထား စောင့်ရှောက်သင့်ပါတယ်။ ဒီနေ့ခေတ်မှာ ပိုပြီးကြားကြားလာရတဲ့ ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့်တာတွေ များပြားလာပါတယ်။ အုပ်ထိန်းသူတွေအနေနဲ့ ကလေးတွေကို သူစိမ်းတွေနဲ့ စိတ်ချလက်ချ မထားသင့်ပါဘူး။ ပြီးတော့ အသက်အရွယ်အလိုက် လိင်ပိုင်းဆိုင်ရာ ပညာပေးတွေကို ပြောပြ နားချသင့်ပါတယ်။ ဖြစ်သွားပြီးမှ ယူကြုံးမရ ဖြစ်နေမှာထက် ကလေးအပေါ် ကျရောက်လာတဲ့ အန္တရာယ်တွေကို မဖြစ်ခင်က ကြိုတင်ကာကွယ်သင့်ပါတယ်။ မိမိတို့ ကိုယ်တိုင်လည်း ကလေးနဲ့ဆိုင်တဲ့ ဗဟုသုတစာပေများစွာကို ဖတ်သင့်ပါတယ်။

Related Article>>>မိသားစုထဲမှာ ကလေးငယ်လေးရှိသူတိုင်း သိထားသင့်တဲ့ အကြောင်းများ

စိတ်ပိုင်းဆိုင်ရာ ခံစားချက်များအပေါ် အလေးမထားမှု
ကလေးတွေရဲ့ စိတ်ဒဏ်ရာတွေဟာ သူတို့ အုပ်ထိန်းသူတွေနဲ့ တိုက်ရိုက်နီးပါးကို သက်ဆိုင်နေပါတယ်။ ကလေးဘဝမှာ လွတ်လပ်စွာ တွေးခေါ်တယ် ခံစားကြတယ်။ သူတို့ရဲ့ စိတ်ခံစားမှုလေးတွေဟာ တကယ်ကို ထိလွယ်ရှလွယ်ပါတယ်။ သူတို့ရဲ့ ခံစားမှုတွေကို ပြက်ရယ်ပြုခြင်း၊ အလေးမပေးခြင်း၊ လျစ်လျူရှုခြင်းတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင်ပြုလုပ်သလိုပါပဲ။ တစ်ခါတစ်လေမှာ သူတို့ရဲ့ဝါသနာ၊ ဆန္ဒတွေကို နင်းခြေဖျက်ဆီးပြီး ကိုယ့်ဆန္ဒတွေကို ဦးစားပေးတဲ့အခါ သူတို့လမ်းပျောက်ပြီး ထွန်းထွန်းပေါက်ပေါက် ဖြစ်လာမှာ မဟုတ်တဲ့အပြင် စိတ်ခံစားမှုတွေပါ ပြောင်းလဲသွားနိုင်ပါတယ်။

ခြောက်လှန့် ဆုံးမခြင်း
ကိုယ်တွေ ငယ်ငယ်ထဲက တော်တော်များများ မိဘတွေလေ ချော့သိပ်ရင် ‘အိပ်တော့ ဒေဝေါကြီးလာလိမ့်မယ်’ ‘ဒေဝေါ ကြီးရေ’ ဘာညာနဲ့ ခြောက်လေ့ရှိကြတယ်။ ကလေးကလည်း ဒေဝေါ ဘာမှန်းမသိ ကြောက်တတ်ကြတယ်။ ဘာမှန်းမသိဘဲ ကြောက်တတ်တဲ့ အကျင့်ကို ငယ်ငယ်လေးထဲက မွေးပေးလိုက်ကြတာ ဥသျှစ်သီးနဲ့ ယုန်သူငယ်လို ဘာမစဉ်းစား ညာမစဉ်းစားနဲ့ ကြောက်တတ်တဲ့အကျင် ကြီးတဲ့ထိကပ်ပါလာကြရော။ လူတွေကို ကြောက်စိတ်နဲ့ ဖိနှိပ်ရတာ အလွယ်ဆုံးပဲ ။ ခြိမ်းခြောက်ပြီး တစ်ပါးသူက ဖိနှိပ်တဲ့အခါ ဘာမသိ ညာမသိနဲ့ အဖိနှိပ်ခံတွေ ဖြစ်တတ်ကြတယ်။ ဒါကြောင့် ကလေးတွေကို ခြောက်လှန့်ပြီး မထိန်းချုပ်ဖို့ တကယ်ကို အရေးကြီးပါတယ်။
အနာဂတ်ရဲ့ သားကောင်းလေးတွေ ကို စိတ်ဒဏ်ရာလေးတွေ မပေးကြမိအောင် ဒီအချက်လေးတွေကို သတိချပ်စေချင်ပါတယ်ယောင်းတို့ရေ….

ဖိုးသူတော် (www.phothutaw.com)
Credit: Myat Lay ( For Her Myanmar )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top