Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

အမ်ိဳးသမီး​ေတြရဲ႕၈၀ရာခိုင္​နႈန္​း​ေလာက္​ကသူတို႔ရဲ႕ဘဝမွာHPV ( ကာလသား​ေရာဂါ ) ျဖစ္​ဖူးၾကပါတယ္​။

ဒီ HPV အမ်ိဳးအစား​ေတြက လူ​ေတြကို ​ေၾကာက္​႐ြ႔ံထိတ္လန္​႔​ေစတဲ့ကင္​ဆာ​ေတြျဖစ္​နိုင္​ပါတယ္​။သင္​့က်န္​းမာ​ေရးမွာ တစ္​ခုခုမူမမွန္​တာ ​ေတြ႕တာနဲ႔ ဆရာဝန္​ဆီသြားပါ။

အသက္​ရွဴမဝျခင္​း။
ခ်က္​ခ်င္​းဆိုသလို အသက္​ရွဴမဝ​ေနတာက ပံုမွန္​မဟုတ္​ပါဘူး။ ဒါပမယ္​့ဒါကသားအိမ္​​ေခါင္​းကင္​ဆာ တစ္​ခုတည္​းရဲ႕​ေရာဂါလကၡဏာလို႔​ေတာ့ ​ေျပာလို႔မရပါဘူး။ ဒါကသင္​့က်န္​းမာ​ေရးအ​ေျခအ​ေနဆိုးလာ​ေၾကာင္​းအခ်က္​ျပ​ေနတာပါ။ တကယ္​လို႔သင္​ဟာမၾကာခဏဆိုသလို အသက္​ရွဴမဝျဖစ္​​ေနရင္ ​သင္​့ဆရာဝန္​ကို​ေျပာပါ။

ရင္​ပူျခင္​း၊အစာမ​ေၾကျခင္​း
အဆီပါတဲ့ အစာ​ေတြစပ္​တဲ႔ အစာ​ေတြအမ်ားႀကီးစားမိတဲ့အခါ သက္​​ေတာင္​့သက္​သာမျဖစ္​ဘဲ နာက်င္​တာကပံုမွန္​ဆို​ေပမယ္​့ တကယ္​လို႔မၾကာခဏ ဒီလိုခံစား​ေနရတယ္​ဆိုရင္​​ေတာ့ ဆရာဝန္​ဆီသြားျပသင္​့ပါတယ္​။

မိန္​းမကိုယ္​အ​ေၾကာင္​းမဲ့​ေသြးယိုျခင္​း
ရာသီလာခ်ိန္​ၾကားမွာ ​ေသြးဆင္​းတာက ကိုယ္​ဝန္​တား​ေဆး​ေတြ​ေၾကာင္​့ပံုမွန္​ျဖစ္​​ေပမယ္​့ လိင္​ဆက္​ဆံၿပီးၿပီးခ်င္​း​ ေသြးယိုတာ၊ ​ေသြးဆံုးၿပီးမွ​ေသြးယိုတာ​ေတြကဆရာဝန္​နဲ႔​ေသခ်ာျပသင္​့ပါတယ္​။

အသံဝင္​ျခင္​း၊အသံ​ေျပာင္​းျခင္​း
အသံဝင္​တာ​ေတြ အသံ​ေျပာင္​းတာ​ေတြက အ​ေအးမိရင္ ​အျဖစ္​မ်ားပါတယ္​။ တကယ္​လို႔ ဒါ​ေတြကအပတ္​​ေပါင္​းမ်ားစြာမ​ေပ်ာက္​ဘဲ ဆက္​ျဖစ္​​ေနရင္​​ေတာ့ ဆရာဝန္​ဆီသြားသင္​့ပါၿပီ။

အစာၿမိဳရခက္​ျခင္​း
က်န္​းမာ​ေရးအ​ေျခအ​ေန​ေတြ အမ်ိဳးမ်ိဳးက အစားအစာၿမိဳရခက္​​ေစ​ေပမယ္​့ သင္​့မွာဒီလိုၿမိဳရခက္​တာက ရက္သတၱပတ္ၾကာတဲ့ထိ မ​ေပ်ာက္​ဘူးဆိုရင္​​ေတာ့ဆရာဝန္​ဆီ သြားသင္​့ပါၿပီ။

မၾကာခဏေလ​ပြျခင္​း
အမ်ိဳးသမီး​ေတြမွာ ေလပြတာကျဖစ္​ၿပီးရင္​​ ေပ်ာက္​သြားတာပံုမွန္​ပါဘဲ။တကယ္​လို႔ ဒါကျဖစ္​​ေနတာ ရက္သတၱပတ္ၾကာ​ေနၿပီဆိုရင္​​ေတာ့ ဆရာဝန္​ဆီသြားပါ။

အနာမက်က္​ျခင္​း
အ​ေရျပားဟာထိခိုက္​မႈ​ေတြျဖစ္​ရင္​ တစ္​ပတ္​​ေလာက္​နဲ႔ျပန္​က်က္​ပါတယ္​။တကယ္​လို႔အနာက အပတ္​မ်ားစြာထိ မက်က္​ဘူးဆိုရင္​​ေတာ့ ဆရာဝန္​ဆီသြားသင္​့ပါၿပီ။

ညဘက္​​ေခ်ြးထြက္​လြန္​ျခင္​း
ညဘက္​​ေခ်ြးထြက္​လြန္​တာက ​ေရာဂါပိုး ဝင္​ျခင္​း​ေၾကာင္​့ျဖစ္​နိုင္​သလို တခ်ိဳ႕​ေဆး​ေတြရဲ႕ ဓာတ္​ျပဳမႈ​ေၾကာင္​့ လည္​းျဖစ္​နိုင္​ပါတယ္​။ အမ်ိဳးသမီး​ေတြက ​ေသြးဆံုးခ်ိန္​တဝိုက္​မွာလည္​း ညဘက္​​ေခ်ြးထြက္​မ်ားၾကပါတယ္​။ ဒါ​ေပမယ္​့ ညဘက္​​ေခ်ြးအလြန္​အက်ြံထြက္​ျခင္​းက ကင္​ဆာရဲ႕လကၡဏာလည္​း ျဖစ္​နိုင္​တဲ့အတြက္​ ဆရာဝန္​ဆီသြားသင္​့ပါတယ္​။

ပါးစပ္​နဲ႔ခံတြင္​းျပည္​တည္​နာ​ေတြအပူ​ေတြမက်က္​ျခင္​း

သင္​့ပါးစပ္​မွာအပူ​ေတြ ျပည္​တည္​နာ​ေတြ ျဖစ္​တာကပံုမွန္​ပါ။ ပါးစပ္​ရဲ႕မ်က္​နွာျပင္​သားက၂ပတ္​တစ္​ခါ​ေလာက္​ သူ႔အလိုလိုအသစ္​ျဖစ္​ပါတယ္​။ ဒါ​ေၾကာင္​့အပူ​ေတြျပည္​တည္​နာ​ေတြက ဒီအခ်ိန္​​ေလာက္​ဆိုက်က္​သင္​့ပါၿပီ။ တကယ္​လို႕ ၃ပတ္​​ေျမာက္​တဲ့ထိ အနာမက်က္​ဘူးဆိုရင္​​ေတာ့ သင္​့ဆရာဝန္​ သို႔မဟုတ္ ​သြားနဲ႔ခံတြင္​းဆရာဝန္​ဆီသြားပါ။

ရင္​သားမ်ား​ေျပာင္​းလဲျခင္​း

အဆီခဲ​ေတြကိုရင္​သား​ေတြက ​ေျပာင္​းလဲတာမဟုတ္​ပါဘူး။ ဒါ့အျပင္​ရင္​သားရဲ႕အ႐ြယ္​အစား၊ ပံုပန္​းသြင္​ျပင္​၊ ခံစားမႈ၊ အ​ေရျပားအ​ေရာင္​​ေျပာင္​းမႈ၊ နီရမ္​းမႈ၊ ရင္​သားထဲနာက်င္​မႈ၊ နို႔သီး​ေခါင္​း​ေျပာင္​းလဲမႈ၊ နို႔တိုက္​​ေနခ်ိန္​/ကိုယ္​ဝန္​​ေဆာင္​​ေနခ်ိန္ ​မဟုတ္​ဘဲနို႔သီး​ေခါင္​းမွ အရည္​ထြက္​ျခင္​းစတာ​ေတြကိုလည္​း ဂရုစိုက္​သင္​့ပါတယ္​။

မၾကာခဏဝမ္​းသြားျခင္​း

တကယ္​လို႔ သင္​ကဝမ္​းသြားတာမ်ား​ေနတယ္​ဆိုရင္​ သင္​့အူမႀကီးကအစာအိမ္​ပိုးမႊား​ေတြ၊ အစာအဆိပ္​သင္​့တာ​ေတြ​ေၾကာင္႔ ျဖစ္​နိုင္​ပါတယ္​။ တကယ္​လို႔ဒါက ၄ပတ္​က​ေန၆ပတ္​ထိ ၾကာသြားၿပီဆိုရင္​​ေတာ့ ဆရာဝန္​နဲ႔စကား​ေျပာၾကည္​့တာ အ​ေကာင္​းဆံုးပါ။

ဆီးထဲ​ေသြးပါျခင္​း
​ဆီးထဲမွာ​ေသြးပါတိုင္​း သင္​့ဆရာဝန္​ကို ​ေျပာသင္​့ပါတယ္​။ ပံုမွန္​အားျဖင္​့ ဒါကကင္​ဆာ​ေၾကာင္​့ျဖစ္​တာမဟုတ္​​ေပမယ္​့ အလြယ္​တကူ​ေပါက္​နိုင္​ပါတယ္​။ ဒါ​ေပမယ္​့ဒါကကင္​ဆာရဲ႕ လကၡဏာလည္​းျဖစ္​နိုင္​ပါတယ္​။ သင္​့ဆရာဝန္​နဲ႔ျပၾကည္​့တာ အ​ေကာင္​းဆံုးပါ။

ဝမ္​းထဲ​ေသြးပါျခင္​း။
ဝမ္​းထဲမွာ​ေသြးပါရတဲ့ အဓိကအ​ေၾကာင္းက​ေတာ ့လိပ္ေခါင္းေၾကာင့္ပဲျဖစ္ပါတယ္။ ဒါ​ေပမယ္​့ဒါက ကင္​ဆာလကၡဏာလည္​း ျဖစ္​နိုင္​တဲ့အတြက္​ ဆရာဝန္​ကိုျပပါ။

​ေခ်ာင္​းဆိုး​ေသြးပါျခင္​း
သင္​​ေခ်ာင္​းဆိုးရင္​​ ေသြးပါ​ေနရင္​​ေတာ့ ခ်က္​ခ်င္​းဆရာဝန္​ကို သြားျပသင္​့ပါတယ္​။ ဒါကရိုးရွင္​းနိုင္​​ေပမယ္​့ စစ္​​ေဆးၾကည္​့တာ မရွံုးပါဘူး။

ထူးဆန္​းတဲ့နာက်င္​မႈ / ကိုက္​ခဲမႈ
နာက်င္​ျခင္​းက တစ္​ခုခုမွား​ေန​ေၾကာင္​း မိတ္​ဆက္​တဲ့သ​ေဘာပါ။ က်ြန္​​ေတာ္​တို႔အသက္​ႀကီးလာတာနဲ႔အမ်ွ နာက်င္​ျခင္​းကိုက္​ခဲျခင္း​ေတြ ကိုပိုခံစားတတ္​ရပါတယ္​။ တကယ္​လို႔ရွင္​းမျပနိုင္​တဲ့ နာက်င္​မႈ​ေတြ၊ နာက်င္​မႈပိုဆိုးလာျခင္​း​ေတြ၊ ၄ပတ္​ထက္​ၾကာ​ေအာင္​ နာက်င္​ျခင္​းျဖစ္​​ေနတာ​ေတြ ရွိရင္​​ေတာ့ ဆရာဝန္​ဆီမၾကာခင္​သြားပါ။

ဆီးသြားရခက္​ခဲျခင္​း
ဒီထဲမွာကဆီးပံုမွန္​သြားဖို႔ ခက္​ခဲျခင္​း၊ ဆီးသြားခ်င္​တဲ့အခ်ိန္​ သြားမရျခင္​း၊ နာက်င္​ျခင္​းတို႔ပါဝင္​ပါတယ္​။ ဒါ​ေတြကိုျဖစ္​​ေစနိုင္​တဲ့ က်န္​းမာ​ေရးအ​ေျခအ​ေန​ေတြ မ်ားစြာရွိ​ေပမယ္​့ဆရာဝန္​ဆီ သြားျပဖို႔​ေတာ့ လိုပါလိမ္​့မယ္​။

မူမမွန္​တဲ့အဆီဖုျဖစ္​ျခင္​း၊ ​ေရာင္​ရမ္​းျခင္​း
သင္​့ရဲ႕ကိုယ္​ရဲ႕ဘယ္​​ေနရာမွ မဆိုဆက္​တိုက္​ျဖစ္​လာတဲ့အဆီဖု​ေတြ ​ေရာင္​ရမ္​းျခင္​း​ေတြ ျဖစ္​လာရင္​​ေတာ့ သင္​လံုးဝ သတိထားရပါ​ေတာ့မယ္​။ အထူးသျဖင္​့လည္​ပင္​း၊ ဂ်ိဳင္​း၊ အစာအိမ္​၊​ ေပါင္​ၿခံ၊ ရင္​ဘတ္​၊ ရင္​သားနဲ႔ ​ေဝွးေစ့ တို႔မွာျဖစ္​ပါတယ္​။ ျဖစ္​လာတဲ့အခါဆရာဝန္​ကို ခ်က္​ခ်င္​းသြားျပပါ။

အ​ေပၚက​ေျပာသြားတဲ့ လကၡဏာ​ေတြက သားအိမ္​​ေခါင္​းကင္​ဆာတစ္​ခုတည္​း အတြက္​မဟုတ္​ပါဘူး။ တျခားျဖစ္​နိုင္​တဲ့ က်န္​းမာ​ေရးအ​ေျခအ​ေန​ေတြ​ ေၾကာင္​့လည္​းျဖစ္​နိုင္​ပါတယ္​ ။ ျဖစ္​လာတဲ့အခါ ဆရာဝန္​ဆီသြားဖို႔ဘဲ အ​ေရးႀကီးတာပါ။

ေရးသားသူ Kyaw Thura Htun

ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Kaung Thar

ဖိုးသူေတာ္ (www.phothutaw.com)
Credit: hellosayarwon

# Unicode Version ျဖင့္ ဖတ္ရန္ #
အမျိုးသမီးတွေရဲ့၈၀ရာခိုင်နှုန်းလောက်ကသူတို့ရဲ့ဘဝမှာHPV ( ကာလသားရောဂါ ) ဖြစ်ဖူးကြပါတယ်။

ဒီ HPV အမျိုးအစားတွေက လူတွေကို ကြောက်ရွံ့ထိတ်လန့်စေတဲ့ကင်ဆာတွေဖြစ်နိုင်ပါတယ်။သင့်ကျန်းမာရေးမှာ တစ်ခုခုမူမမှန်တာ တွေ့တာနဲ့ ဆရာဝန်ဆီသွားပါ။

အသက်ရှူမဝခြင်း။
ချက်ချင်းဆိုသလို အသက်ရှူမဝနေတာက ပုံမှန်မဟုတ်ပါဘူး။ ဒါပမယ့်ဒါကသားအိမ်ခေါင်းကင်ဆာ တစ်ခုတည်းရဲ့ရောဂါလက္ခဏာလို့တော့ ပြောလို့မရပါဘူး။ ဒါကသင့်ကျန်းမာရေးအခြေအနေဆိုးလာကြောင်းအချက်ပြနေတာပါ။ တကယ်လို့သင်ဟာမကြာခဏဆိုသလို အသက်ရှူမဝဖြစ်နေရင် သင့်ဆရာဝန်ကိုပြောပါ။

ရင်ပူခြင်း၊အစာမကြေခြင်း
အဆီပါတဲ့ အစာတွေစပ်တဲ့ အစာတွေအများကြီးစားမိတဲ့အခါ သက်တောင့်သက်သာမဖြစ်ဘဲ နာကျင်တာကပုံမှန်ဆိုပေမယ့် တကယ်လို့မကြာခဏ ဒီလိုခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားပြသင့်ပါတယ်။

မိန်းမကိုယ်အကြောင်းမဲ့သွေးယိုခြင်း
ရာသီလာချိန်ကြားမှာ သွေးဆင်းတာက ကိုယ်ဝန်တားဆေးတွေကြောင့်ပုံမှန်ဖြစ်ပေမယ့် လိင်ဆက်ဆံပြီးပြီးချင်း သွေးယိုတာ၊ သွေးဆုံးပြီးမှသွေးယိုတာတွေကဆရာဝန်နဲ့သေချာပြသင့်ပါတယ်။

အသံဝင်ခြင်း၊အသံပြောင်းခြင်း
အသံဝင်တာတွေ အသံပြောင်းတာတွေက အအေးမိရင် အဖြစ်များပါတယ်။ တကယ်လို့ ဒါတွေကအပတ်ပေါင်းများစွာမပျောက်ဘဲ ဆက်ဖြစ်နေရင်တော့ ဆရာဝန်ဆီသွားသင့်ပါပြီ။

အစာမြိုရခက်ခြင်း
ကျန်းမာရေးအခြေအနေတွေ အမျိုးမျိုးက အစားအစာမြိုရခက်စေပေမယ့် သင့်မှာဒီလိုမြိုရခက်တာက ရက်သတ္တပတ်ကြာတဲ့ထိ မပျောက်ဘူးဆိုရင်တော့ဆရာဝန်ဆီ သွားသင့်ပါပြီ။

မကြာခဏလေပွခြင်း
အမျိုးသမီးတွေမှာ လေပွတာကဖြစ်ပြီးရင် ပျောက်သွားတာပုံမှန်ပါဘဲ။တကယ်လို့ ဒါကဖြစ်နေတာ ရက်သတ္တပတ်ကြာနေပြီဆိုရင်တော့ ဆရာဝန်ဆီသွားပါ။

အနာမကျက်ခြင်း
အရေပြားဟာထိခိုက်မှုတွေဖြစ်ရင် တစ်ပတ်လောက်နဲ့ပြန်ကျက်ပါတယ်။တကယ်လို့အနာက အပတ်များစွာထိ မကျက်ဘူးဆိုရင်တော့ ဆရာဝန်ဆီသွားသင့်ပါပြီ။

ညဘက်ချွေးထွက်လွန်ခြင်း
ညဘက်ချွေးထွက်လွန်တာက ရောဂါပိုး ဝင်ခြင်းကြောင့်ဖြစ်နိုင်သလို တချို့ဆေးတွေရဲ့ ဓာတ်ပြုမှုကြောင့် လည်းဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေက သွေးဆုံးချိန်တဝိုက်မှာလည်း ညဘက်ချွေးထွက်များကြပါတယ်။ ဒါပေမယ့် ညဘက်ချွေးအလွန်အကျွံထွက်ခြင်းက ကင်ဆာရဲ့လက္ခဏာလည်း ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ဆီသွားသင့်ပါတယ်။

ပါးစပ်နဲ့ခံတွင်းပြည်တည်နာတွေအပူတွေမကျက်ခြင်း

သင့်ပါးစပ်မှာအပူတွေ ပြည်တည်နာတွေ ဖြစ်တာကပုံမှန်ပါ။ ပါးစပ်ရဲ့မျက်နှာပြင်သားက၂ပတ်တစ်ခါလောက် သူ့အလိုလိုအသစ်ဖြစ်ပါတယ်။ ဒါကြောင့်အပူတွေပြည်တည်နာတွေက ဒီအချိန်လောက်ဆိုကျက်သင့်ပါပြီ။ တကယ်လို့ ၃ပတ်မြောက်တဲ့ထိ အနာမကျက်ဘူးဆိုရင်တော့ သင့်ဆရာဝန် သို့မဟုတ် သွားနဲ့ခံတွင်းဆရာဝန်ဆီသွားပါ။

ရင်သားများပြောင်းလဲခြင်း

အဆီခဲတွေကိုရင်သားတွေက ပြောင်းလဲတာမဟုတ်ပါဘူး။ ဒါ့အပြင်ရင်သားရဲ့အရွယ်အစား၊ ပုံပန်းသွင်ပြင်၊ ခံစားမှု၊ အရေပြားအရောင်ပြောင်းမှု၊ နီရမ်းမှု၊ ရင်သားထဲနာကျင်မှု၊ နို့သီးခေါင်းပြောင်းလဲမှု၊ နို့တိုက်နေချိန်/ကိုယ်ဝန်ဆောင်နေချိန် မဟုတ်ဘဲနို့သီးခေါင်းမှ အရည်ထွက်ခြင်းစတာတွေကိုလည်း ဂရုစိုက်သင့်ပါတယ်။

မကြာခဏဝမ်းသွားခြင်း

တကယ်လို့ သင်ကဝမ်းသွားတာများနေတယ်ဆိုရင် သင့်အူမကြီးကအစာအိမ်ပိုးမွှားတွေ၊ အစာအဆိပ်သင့်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။ တကယ်လို့ဒါက ၄ပတ်ကနေ၆ပတ်ထိ ကြာသွားပြီဆိုရင်တော့ ဆရာဝန်နဲ့စကားပြောကြည့်တာ အကောင်းဆုံးပါ။

ဆီးထဲသွေးပါခြင်း
ဆီးထဲမှာသွေးပါတိုင်း သင့်ဆရာဝန်ကို ပြောသင့်ပါတယ်။ ပုံမှန်အားဖြင့် ဒါကကင်ဆာကြောင့်ဖြစ်တာမဟုတ်ပေမယ့် အလွယ်တကူပေါက်နိုင်ပါတယ်။ ဒါပေမယ့်ဒါကကင်ဆာရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ သင့်ဆရာဝန်နဲ့ပြကြည့်တာ အကောင်းဆုံးပါ။

ဝမ်းထဲသွေးပါခြင်း။
ဝမ်းထဲမှာသွေးပါရတဲ့ အဓိကအကြောင်းကတော့လိပ်ခေါင်းကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမယ့်ဒါက ကင်ဆာလက္ခဏာလည်း ဖြစ်နိုင်တဲ့အတွက် ဆရာဝန်ကိုပြပါ။

ချောင်းဆိုးသွေးပါခြင်း
သင်ချောင်းဆိုးရင် သွေးပါနေရင်တော့ ချက်ချင်းဆရာဝန်ကို သွားပြသင့်ပါတယ်။ ဒါကရိုးရှင်းနိုင်ပေမယ့် စစ်ဆေးကြည့်တာ မရှုံးပါဘူး။

ထူးဆန်းတဲ့နာကျင်မှု / ကိုက်ခဲမှု
နာကျင်ခြင်းက တစ်ခုခုမှားနေကြောင်း မိတ်ဆက်တဲ့သဘောပါ။ ကျွန်တော်တို့အသက်ကြီးလာတာနဲ့အမျှ နာကျင်ခြင်းကိုက်ခဲခြင်းတွေ ကိုပိုခံစားတတ်ရပါတယ်။ တကယ်လို့ရှင်းမပြနိုင်တဲ့ နာကျင်မှုတွေ၊ နာကျင်မှုပိုဆိုးလာခြင်းတွေ၊ ၄ပတ်ထက်ကြာအောင် နာကျင်ခြင်းဖြစ်နေတာတွေ ရှိရင်တော့ ဆရာဝန်ဆီမကြာခင်သွားပါ။

ဆီးသွားရခက်ခဲခြင်း
ဒီထဲမှာကဆီးပုံမှန်သွားဖို့ ခက်ခဲခြင်း၊ ဆီးသွားချင်တဲ့အချိန် သွားမရခြင်း၊ နာကျင်ခြင်းတို့ပါဝင်ပါတယ်။ ဒါတွေကိုဖြစ်စေနိုင်တဲ့ ကျန်းမာရေးအခြေအနေတွေ များစွာရှိပေမယ့်ဆရာဝန်ဆီ သွားပြဖို့တော့ လိုပါလိမ့်မယ်။

မူမမှန်တဲ့အဆီဖုဖြစ်ခြင်း၊ ရောင်ရမ်းခြင်း
သင့်ရဲ့ကိုယ်ရဲ့ဘယ်နေရာမှ မဆိုဆက်တိုက်ဖြစ်လာတဲ့အဆီဖုတွေ ရောင်ရမ်းခြင်းတွေ ဖြစ်လာရင်တော့ သင်လုံးဝ သတိထားရပါတော့မယ်။ အထူးသဖြင့်လည်ပင်း၊ ဂျိုင်း၊ အစာအိမ်၊ ပေါင်ခြံ၊ ရင်ဘတ်၊ ရင်သားနဲ့ ဝှေးစေ့ တို့မှာဖြစ်ပါတယ်။ ဖြစ်လာတဲ့အခါဆရာဝန်ကို ချက်ချင်းသွားပြပါ။

အပေါ်ကပြောသွားတဲ့ လက္ခဏာတွေက သားအိမ်ခေါင်းကင်ဆာတစ်ခုတည်း အတွက်မဟုတ်ပါဘူး။ တခြားဖြစ်နိုင်တဲ့ ကျန်းမာရေးအခြေအနေတွေ ကြောင့်လည်းဖြစ်နိုင်ပါတယ် ။ ဖြစ်လာတဲ့အခါ ဆရာဝန်ဆီသွားဖို့ဘဲ အရေးကြီးတာပါ။

ရေးသားသူ Kyaw Thura Htun

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

ဖိုးသူတော် (www.phothutaw.com)
Credit: hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top