ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕နယ္အတြင္း ေျမၿပိဳမႈျဖစ္ပြားၿပီးေနာက္ ေတြ႕ရစဥ္
 သဘာဝေဘး အႏၲရာယ္မ်ား က်ေရာက္မႈေၾကာင့္ ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္ႏိုင္ငံ၏ ဂ်ီဒီပီသံုးရာခိုင္ႏႈန္းခန္႔ ဆံုး႐ႈံးေနေၾကာင္း ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူက ေျပာသည္။

ေအာက္တိုဘာ ၉ ရက္က  ေနျပည္ေတာ္ရွိ သဂၤဟဟိုတယ္ တြင္ ျပဳလုပ္ေသာ ျမန္မာႏိုင္ငံ ေဘးအႏၲရာယ္ေၾကာင့္ ထိခုိက္ဆံုး ႐ႈံးႏိုင္ေျခ ေလွ်ာ့ခ်ေရး လုပ္ငန္းစီ မံခ်က္ (၂၀၁၇) အတည္ျပဳမိတ္ ဆက္ပြဲ မိန္႔ခြန္းတြင္ ဒုသမၼတက အထက္ပါအတိုင္း ထည့္သြင္းေျပာၾကားသည္။

ျမန္မာႏိုင္ငံေဘးအႏၲရာယ္ ေၾကာင့္ ထိခိုက္ဆံုး႐ႈံးႏိုင္ေျခ ေလွ်ာ့ခ်ေရး လုပ္ငန္းစီမံခ်က္ သည္ ေဘးအႏၲရာယ္စီမံခန္႔ခြဲမႈ လုပ္ငန္းမ်ား အေကာင္အထည္ ေဖာ္ရာတြင္ သာမန္လုပ္႐ိုးလုပ္ စဥ္ ကယ္ဆယ္ေထာက္ပံ့ေရးလုပ္ ငန္းမ်ားကို ေက်ာ္လြန္ၿပီး ႀကိဳ တင္ျပင္ဆင္ျခင္းႏွင့္ ႀကိဳတင္ကာ ကြယ္ျခင္းတို႔ကို အေလးေပး ေဆာင္ရြက္ရန္ ေရးဆြဲထားျခင္း ျဖစ္ေၾကာင္း ဦးဟင္နရီဗန္ထီးယူ က စီမံခ်က္ႏွင့္ပတ္သက္၍ ေျပာ ၾကားသည္။

ယင္းလုပ္ငန္းစီမံခ်က္တြင္ သဘာဝေဘးအႏၲရာယ္မ်ား အ ျပင္ လူ႔ပေယာဂေၾကာင့္ျဖစ္သည့္ မေတာ္တဆ အႏၲရာယ္ျဖစ္ပြားမႈ မ်ား၊ အသက္အိုးအိမ္ ပစၥည္းပိုင္ ဆိုင္မႈ၊ အသက္ေမြးဝမ္းေက်ာင္း လုပ္ငန္းမ်ားႏွင့္ သဘာဝပတ္ဝန္း က်င္တို႔အျပင္ တန္ဖိုးမျဖတ္ႏိုင္ သည့္ ယဥ္ေက်းမႈ အေမြအႏွစ္ မ်ားကိုပါ ကာကြယ္ေစာင့္ေရွာက္ ရန္ ေမွ်ာ္မွန္းေဆာင္ရြက္ထား ေၾကာင္း ၎ကေျပာသည္။

၂၀၁၆ ကမၻာ႔ဘဏ္၏ ထုတ္ ျပန္ခ်က္တြင္ ျမန္မာႏုိင္ငံ၏ဂ်ီဒီပီ ပမာဏက အေမရိကန္ေဒၚလာ ၆၇ ဘီလီယံရွိၿပီး ႏိုင္ငံေတာ္ ဒုတိယသမၼတ ေျပာၾကားသည့္ ၃ ရာခိုင္ႏႈန္းဆိုသည့္ ေငြေၾကးပမာ ဏ ကန္ေဒၚလာ ၂ ဒသမ ၀၁ ဘီလီယံျဖစ္သည္။

‘‘ေဘးအႏၲရာယ္မ်ားကို စီမံ ခန္႔ခြဲျခင္းထက္ အႏၲရာယ္ေၾကာင့္ ထိခုိက္ဆံုး႐ႈံးႏိုင္ေျခမ်ားကို ေလွ်ာ့ ခ်ႏိုင္ဖို႔ကို အေလးေပးအာ႐ံုစိုက္ ၿပီး စီမံခန္႔ခြဲသြားမွာျဖစ္ပါတယ္’’ ဟု ဦးဟင္နရီဗန္ထီးယူကေျပာ သည္။

ျမန္မာႏုိင္ငံသည္ လြန္ခဲ့ သည့္ သံုးႏွစ္အတြင္း ေဘးအႏၲ ရာယ္ေၾကာင့္ ထိခိုက္ဆံုး႐ႈံးမႈအ ေနအထားမ်ား ေျပာင္းလဲခဲ့ၿပီး အ ေသးစား၊ အလတ္စား ေဘးအႏၲ ရာယ္မ်ား၊ ရာသီဥတုေၾကာင့္ ျဖစ္ ေပၚလာသည့္ ေရလႊမ္းမိုးမႈေဘး ႏွင့္ မုန္တိုင္းအႏၲရာယ္မ်ား ပိုမိုတိုး ပြားလာသည္ကို ေတြ႕ျမင္ႏိုင္ ေၾကာင္း ဦးဟင္နရီဗန္ထီးယူက ေျပာသည္။

ထို႔အျပင္ မိုးရြာသြန္းမႈပံုစံ ေျပာင္းလဲမႈ၊ ပင္လယ္ေရမ်က္ႏွာ ျပင္ျမင့္တက္လာမႈႏွင့္ အပူခ်ိန္ တိုးျမင့္လာမႈမ်ားေၾကာင့္ ေဘးအ ႏၲရာယ္ျဖစ္ပြားမႈႏႈန္း ပိုမိုမ်ားျပား လာျခင္းျဖစ္ေၾကာင္း ဒုတိယ သမၼတက ေျပာသည္။

ျမန္မာႏိုင္ငံေဘးအႏၲရာယ္ ေၾကာင့္ ထိခိုက္ဆံုး႐ႈံးႏိုင္ေျခ ေလွ်ာ့ခ်ေရး လုပ္ငန္းစီမံခ်က္ (၂၀၁၇)တြင္ပါဝင္သည့္ အ ေၾကာင္းအရာမ်ားကို ျပည္သူမ်ား အား ရွင္းလင္းခ်ျပမည္ျဖစ္ၿပီး လုပ္ ငန္းစဥ္တြင္လည္း ပါဝင္လာ ေအာင္ေဆာင္ရြက္မည္ဟု လူမႈ ဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္ လည္ေနရာခ်ထားေရး ဝန္ႀကီးဌာ န ျပည္ေထာင္စုဝန္ႀကီးေဒါက္တာဝင္းျမတ္ေအးက ေျပာသည္။

အဆိုပါလုပ္ငန္းစီမံခ်က္ကို ေဆာင္ရြက္ျခင္းျဖင့္ ဆံုး႐ႈံးေန သည့္ ဂ်ီဒီပီရာခိုင္ႏႈန္း ေလွ်ာ့ခ်ႏိုင္  သလားဟု မီဒီယာမ်ားက ျပည္ ေထာင္စုဝန္ႀကီး ေဒါက္တာ ဝင္း ျမတ္ေအးကို ေမးျမန္းခဲ့သည္။

အဆိုပါေမးျမန္းမႈအေပၚ ျပည္ေထာင္စုဝန္ႀကီးက ‘‘ေလွ်ာ့ခ် ႏုိင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အေရးႀကီးဆံုးက ႀကိဳတင္ျပင္ဆင္ မႈ အေရးႀကီးဆံုးပဲ။ ျဖစ္လာရင္ ရင္ ဆိုင္ရမယ္၊ ရင္ဆိုင္ရရင္ ဘာျဖစ္ မယ္ဆိုတာ မသိဘူး။ သဘာဝ ေဘးက တျဖည္းျဖည္းနဲ႔ ႀကီးမား တဲ့ သဘာဝေဘးကမၻာတစ္ခုလံုး မွာ ျဖစ္ေပၚေနတယ္။ ႀကီးႀကီး မားမားလာရင္ အမ်ားႀကီးခံရ မယ္၊ မေမွ်ာ္မွန္းႏိုင္တဲ့ ဟာလည္း ျဖစ္ႏိုင္တယ္။ ဆံုး႐ႈံးမႈ ေလ်ာ့နည္း  ဖို႔ ဒီ Plan က အမ်ားႀကီး အက်ိဳး သက္ေရာက္မႈ ရွိပါတယ္’’ ဟု ေျပာသည္။

လြန္ခဲ့သည့္ ဆယ္စုႏွစ္အ တြင္း ေဘးအႏၲရာယ္မ်ား က် ေရာက္မႈေၾကာင့္ တစ္ကမၻာလံုးအ ေနျဖင့္ စီးပြားေရးက႑တြင္တိုက္ ႐ိုက္ထိခိုက္ဆံုး႐ႈံးမႈ အေမရိကန္ ေဒၚလာ ၁ ဒသမ ၄ ထရီလီယံခန္႔ ရွိေၾကာင္း ၎ကေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
သဘာဝဘေး အန္တရာယ်များ ကျရောက်မှုကြောင့် မြန်မာနိုင်ငံတွင် နှစ်စဉ်နိုင်ငံ၏ ဂျီဒီပီသုံးရာခိုင်နှုန်းခန့် ဆုံးရှုံးနေကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောသည်။

အောက်တိုဘာ ၉ ရက်က  နေပြည်တော်ရှိ သင်္ဂဟဟိုတယ် တွင် ပြုလုပ်သော မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံး ရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစီ မံချက် (၂၀၁၇) အတည်ပြုမိတ် ဆက်ပွဲ မိန့်ခွန်းတွင် ဒုသမ္မတက အထက်ပါအတိုင်း ထည့်သွင်းပြောကြားသည်။

မြန်မာနိုင်ငံဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစီမံချက် သည် ဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများ အကောင်အထည် ဖော်ရာတွင် သာမန်လုပ်ရိုးလုပ် စဉ် ကယ်ဆယ်ထောက်ပံ့ရေးလုပ် ငန်းများကို ကျော်လွန်ပြီး ကြို တင်ပြင်ဆင်ခြင်းနှင့် ကြိုတင်ကာ ကွယ်ခြင်းတို့ကို အလေးပေး ဆောင်ရွက်ရန် ရေးဆွဲထားခြင်း ဖြစ်ကြောင်း ဦးဟင်နရီဗန်ထီးယူ က စီမံချက်နှင့်ပတ်သက်၍ ပြော ကြားသည်။

ယင်းလုပ်ငန်းစီမံချက်တွင် သဘာဝဘေးအန္တရာယ်များ အ ပြင် လူ့ပယောဂကြောင့်ဖြစ်သည့် မတော်တဆ အန္တရာယ်ဖြစ်ပွားမှု များ၊ အသက်အိုးအိမ် ပစ္စည်းပိုင် ဆိုင်မှု၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် သဘာဝပတ်ဝန်း ကျင်တို့အပြင် တန်ဖိုးမဖြတ်နိုင် သည့် ယဉ်ကျေးမှု အမွေအနှစ် များကိုပါ ကာကွယ်စောင့်ရှောက် ရန် မျှော်မှန်းဆောင်ရွက်ထား ကြောင်း ၎င်းကပြောသည်။

၂၀၁၆ ကမ္ဘာ့ဘဏ်၏ ထုတ် ပြန်ချက်တွင် မြန်မာနိုင်ငံ၏ဂျီဒီပီ ပမာဏက အမေရိကန်ဒေါ်လာ ၆၇ ဘီလီယံရှိပြီး နိုင်ငံတော် ဒုတိယသမ္မတ ပြောကြားသည့် ၃ ရာခိုင်နှုန်းဆိုသည့် ငွေကြေးပမာ ဏ ကန်ဒေါ်လာ ၂ ဒသမ ၀၁ ဘီလီယံဖြစ်သည်။

‘‘ဘေးအန္တရာယ်များကို စီမံ ခန့်ခွဲခြင်းထက် အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများကို လျှော့ ချနိုင်ဖို့ကို အလေးပေးအာရုံစိုက် ပြီး စီမံခန့်ခွဲသွားမှာဖြစ်ပါတယ်’’ ဟု ဦးဟင်နရီဗန်ထီးယူကပြော သည်။

မြန်မာနိုင်ငံသည် လွန်ခဲ့ သည့် သုံးနှစ်အတွင်း ဘေးအန္တ ရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုအ နေအထားများ ပြောင်းလဲခဲ့ပြီး အ သေးစား၊ အလတ်စား ဘေးအန္တ ရာယ်များ၊ ရာသီဥတုကြောင့် ဖြစ် ပေါ်လာသည့် ရေလွှမ်းမိုးမှုဘေး နှင့် မုန်တိုင်းအန္တရာယ်များ ပိုမိုတိုး ပွားလာသည်ကို တွေ့မြင်နိုင် ကြောင်း ဦးဟင်နရီဗန်ထီးယူက ပြောသည်။

ထို့အပြင် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲမှု၊ ပင်လယ်ရေမျက်နှာ ပြင်မြင့်တက်လာမှုနှင့် အပူချိန် တိုးမြင့်လာမှုများကြောင့် ဘေးအ န္တရာယ်ဖြစ်ပွားမှုနှုန်း ပိုမိုများပြား လာခြင်းဖြစ်ကြောင်း ဒုတိယ သမ္မတက ပြောသည်။

မြန်မာနိုင်ငံဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစီမံချက် (၂၀၁၇)တွင်ပါဝင်သည့် အ ကြောင်းအရာများကို ပြည်သူများ အား ရှင်းလင်းချပြမည်ဖြစ်ပြီး လုပ် ငန်းစဉ်တွင်လည်း ပါဝင်လာ အောင်ဆောင်ရွက်မည်ဟု လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောသည်။

အဆိုပါလုပ်ငန်းစီမံချက်ကို ဆောင်ရွက်ခြင်းဖြင့် ဆုံးရှုံးနေ သည့် ဂျီဒီပီရာခိုင်နှုန်း လျှော့ချနိုင်  သလားဟု မီဒီယာများက ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ဝင်း မြတ်အေးကို မေးမြန်းခဲ့သည်။

အဆိုပါမေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ‘‘လျှော့ချ နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အရေးကြီးဆုံးက ကြိုတင်ပြင်ဆင် မှု အရေးကြီးဆုံးပဲ။ ဖြစ်လာရင် ရင် ဆိုင်ရမယ်၊ ရင်ဆိုင်ရရင် ဘာဖြစ် မယ်ဆိုတာ မသိဘူး။ သဘာဝ ဘေးက တဖြည်းဖြည်းနဲ့ ကြီးမား တဲ့ သဘာဝဘေးကမ္ဘာတစ်ခုလုံး မှာ ဖြစ်ပေါ်နေတယ်။ ကြီးကြီး မားမားလာရင် အများကြီးခံရ မယ်၊ မမျှော်မှန်းနိုင်တဲ့ ဟာလည်း ဖြစ်နိုင်တယ်။ ဆုံးရှုံးမှု လျော့နည်း  ဖို့ ဒီ Plan က အများကြီး အကျိုး သက်ရောက်မှု ရှိပါတယ်’’ ဟု ပြောသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်အ တွင်း ဘေးအန္တရာယ်များ ကျ ရောက်မှုကြောင့် တစ်ကမ္ဘာလုံးအ နေဖြင့် စီးပွားရေးကဏ္ဍတွင်တိုက် ရိုက်ထိခိုက်ဆုံးရှုံးမှု အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံခန့် ရှိကြောင်း ၎င်းကပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top