Golden City Promotion
×

လက္ရွိတြင္ ကုိယ္ဝန္ ၃၃ ပတ္ထဲေရာက္ေနၿပီျဖစ္သလို ဝိတိုရိယေဆး႐ံု၌ သဘာဝအတိုင္း ေမြးဖြားမည္ျဖစ္ေၾကာင္း သ႐ုပ္ ေဆာင္ သၪၨာႏြယ္ဝင္းက ေျပာ သည္။
 ‘႐ိုး႐ိုးေမြးလို႔ရွိရင္ တစ္ႏွစ္ ေလာက္ေနၿပီးရင္ ကေလးထပ္ယူ လုိ႔ရတယ္။ ခြဲေမြးရင္က ၂ ႏွစ္၊ သံုးႏွစ္ေလာက္ေနမွ ထပ္ယူလုိ႔ရ တယ္ဆုိေတာ့ ကိုယ္က ကေလး ကို သံုးေယာက္ယူခ်င္တာဆုိ ေတာ့ ကေလးကို တစ္ေယာက္နဲ႔ တစ္ေယာက္ သိပ္မကြာခ်င္လို႔ တစ္ခါတည္း ေပါင္းထိန္းလိုက္ ခ်င္လို႔ပါ။ ေမြးမယ့္ရက္က ၁၁ လပိုင္း လလယ္ (သို႔မဟုတ္) လကုန္ပိုင္းေလာက္ ေျပာထားပါ တယ္’’ဟု ၎က ေျပာသည္။
သဘာဝအတိုင္း ေမြးဖြားရ မည္ကို စိတ္လႈပ္ရွားၿပီး ေၾကာက္ ေနေသာ္လည္း ရင္ေသြးေလးကို ေတြ႕ခ်င္လွၿပီဟု ၎က ဆုိသည္။
‘‘သၪၨာ ကိုယ္ဝန္ရင့္လာတဲ့ အတြက္ ေခ်ာ္လဲမွာေၾကာက္ တယ္။ မတည့္တဲ့ အစားအစာ ေတြကို မစားျဖစ္ေအာင္ ဆင္ျခင္ တယ္။ ဗိုက္ထဲမွာ ကေလးက မလႈပ္ေတာ့ဘူးဆုိရင္ သူေန မေကာင္းဘူးလား။ ဘာျဖစ္လို႔ မလႈပ္ေတာ့တာလဲ၊ ငါမ်ားအစား မွားလားဆုိၿပီး ေလွ်ာက္ေတြးျဖစ္ တယ္။ ေနာက္ၿပီး မိဘတစ္ ေယာက္ရဲ႕ တာဝန္ေတြ ပိုသိလာ တယ္’’ဟု သၪၨာႏြယ္ဝင္းက ေျပာ သည္။ကိုယ္ဝန္စရွိကတည္းက ကေလးႏွင့္ပတ္သက္သည့္ အသံုး အေဆာင္ပစၥည္းမ်ား ဝယ္ယူစု ေဆာင္းခ်င္ေသာ္လည္း လူႀကီး မ်ား၏ ေျပာစကားအရ ကိုယ္ဝန္ လရင့္မွ ဝယ္ရမည္ဆုိသျဖင့္ ယခု အခ်ိန္မွသာ ဝယ္ယူစုေဆာင္းျဖစ္ ေၾကာင္း ဆုိသည္။
‘‘ကေလးအသံုးအေဆာင္ ပစၥည္းေလးေတြ ျပင္ဆင္ထား တယ္။ ခုတင္ေလးေတြ၊ ပုခက္ ကေလးေတြ၊ သူ႔ကိုတိုက္မယ့္ ႏို႔ ဘူးေလးေတြ၊ သူဝတ္မယ့္ အဝတ္ အစားေလးေတြ အဲဒါေလးေတြ ျပင္ဆင္ထားတယ္’’ဟု ၎က ေျပာသည္။
ကိုယ္ဝန္လရင့္လာၿပီျဖစ္ ေသာေၾကာင့္ အျပင္မထြက္ျဖစ္ ဘဲ အိမ္မွာသာ အေနမ်ားသည္ဟု ဆုိသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  7DayDaily
#Unicode Version#
လက်ရှိတွင် ကိုယ်ဝန် ၃၃ ပတ်ထဲရောက်နေပြီဖြစ်သလို ဝိတိုရိယဆေးရုံ၌ သဘာဝအတိုင်း မွေးဖွားမည်ဖြစ်ကြောင်း သရုပ် ဆောင် သဉ္ဇာနွယ်ဝင်းက ပြော သည်။

 ‘ရိုးရိုးမွေးလို့ရှိရင် တစ်နှစ် လောက်နေပြီးရင် ကလေးထပ်ယူ လို့ရတယ်။ ခွဲမွေးရင်က ၂ နှစ်၊ သုံးနှစ်လောက်နေမှ ထပ်ယူလို့ရ တယ်ဆိုတော့ ကိုယ်က ကလေး ကို သုံးယောက်ယူချင်တာဆို တော့ ကလေးကို တစ်ယောက်နဲ့ တစ်ယောက် သိပ်မကွာချင်လို့ တစ်ခါတည်း ပေါင်းထိန်းလိုက် ချင်လို့ပါ။ မွေးမယ့်ရက်က ၁၁ လပိုင်း လလယ် (သို့မဟုတ်) လကုန်ပိုင်းလောက် ပြောထားပါ တယ်’’ဟု ၎င်းက ပြောသည်။

သဘာဝအတိုင်း မွေးဖွားရ မည်ကို စိတ်လှုပ်ရှားပြီး ကြောက် နေသော်လည်း ရင်သွေးလေးကို တွေ့ချင်လှပြီဟု ၎င်းက ဆိုသည်။

‘‘သဉ္ဇာ ကိုယ်ဝန်ရင့်လာတဲ့ အတွက် ချော်လဲမှာကြောက် တယ်။ မတည့်တဲ့ အစားအစာ တွေကို မစားဖြစ်အောင် ဆင်ခြင် တယ်။ ဗိုက်ထဲမှာ ကလေးက မလှုပ်တော့ဘူးဆိုရင် သူနေ မကောင်းဘူးလား။ ဘာဖြစ်လို့ မလှုပ်တော့တာလဲ၊ ငါများအစား မှားလားဆိုပြီး လျှောက်တွေးဖြစ် တယ်။ နောက်ပြီး မိဘတစ် ယောက်ရဲ့ တာဝန်တွေ ပိုသိလာ တယ်’’ဟု သဉ္ဇာနွယ်ဝင်းက ပြော သည်။ကိုယ်ဝန်စရှိကတည်းက ကလေးနှင့်ပတ်သက်သည့် အသုံး အဆောင်ပစ္စည်းများ ဝယ်ယူစု ဆောင်းချင်သော်လည်း လူကြီး များ၏ ပြောစကားအရ ကိုယ်ဝန် လရင့်မှ ဝယ်ရမည်ဆိုသဖြင့် ယခု အချိန်မှသာ ဝယ်ယူစုဆောင်းဖြစ် ကြောင်း ဆိုသည်။

‘‘ကလေးအသုံးအဆောင် ပစ္စည်းလေးတွေ ပြင်ဆင်ထား တယ်။ ခုတင်လေးတွေ၊ ပုခက် ကလေးတွေ၊ သူ့ကိုတိုက်မယ့် နို့ ဘူးလေးတွေ၊ သူဝတ်မယ့် အဝတ် အစားလေးတွေ အဲဒါလေးတွေ ပြင်ဆင်ထားတယ်’’ဟု ၎င်းက ပြောသည်။

ကိုယ်ဝန်လရင့်လာပြီဖြစ် သောကြောင့် အပြင်မထွက်ဖြစ် ဘဲ အိမ်မှာသာ အနေများသည်ဟု ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top