Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သရဲကားၾကည့္ၿပီဆုိတာနဲ႔ ေခါင္းၿမီးၿခံဳတဲ့ေယာင္းေတြ၊ သရဲမျမင္ခင္ကတည္းက ေအာ္ဖို႔ေခ်ာင္းတဲ့ေယာင္းေတြ၊ လက္ေခ်ာင္းၾကားထဲက သရဲကားၾကည့္တဲ့ေယာင္းတုိ႔ေရ…ဟိုဘက္ေလးနည္းနည္းဖယ္ေပးပါဦး။ ဒီေဆာင္းပါးကေတာ့ ညသန္းေခါင္ (၁၂)နာရီသရဲကားထိုင္ၾကည့္ေတာင္ မၿဖံဳတဲ့ အာဂသတၱိခဲေယာင္းေလးေတြအတြက္မို႔လို႔ပါ။ ေျပာရရင္ သရဲကားထုိင္ၾကည့္တိုင္း ေၾကာက္ဖို႔မေကာင္းလို႔ ဖီးက်ဲသြားသလို ခံစားေနရတဲ့ေယာင္းတုိ႔အတြက္ မုအျပည့္နဲ႔သရဲကား ၾကည့္ပံုၾကည့္နည္းအဆင့္ဆင့္ကိုမွ်ေဝေပးလိုက္ပါျပီ။

၁။ရုပ္ရွင္ဂရုစုိက္ေရြးပါ။

သရဲကားၾကည့္ေတာ့မယ္ဆုိ သရဲကားပဲေရြးပါ။ ဆိုလိုခ်င္တာက မိတ္ကပ္အဖာတစ္ရာနဲ႔ မေၾကာက္ေၾကာက္ေအာင္ေျခာက္မယ့္ သရဲကားမ်ိဳးဆို ေယာင္းတို႔ ပိုလို႔ေတာင္စိတ္ပါမွာမဟုတ္ပါဘူး။ ေကာင္း၊ မေကာင္းသိခ်င္ရင္ေတာ့ google ထဲကေခါက္ျပီး review ေလးေတြ ႀကိဳသိထားပါ။ သိထားရမွာတစ္ခုကေတာ့ သရဲဆိုတိုင္း ရုပ္ဆိုးတာခ်ည္းမဟုတ္ပါဘူး။ ဇာတ္လမ္းကိုဦးစားေပးေရြးပါ။

၂။ကိစၥရွင္းထားမယ္။

ေျပာရရင္ အေပါ့၊ အေလးႀကိဳသြားထားေပါ့။ နဂိုကမွသရဲကား မေၾကာက္တတ္ရတဲ့အထဲ ရုပ္ရွင္ကားတစ္ဝက္ေလာက္ေရာက္လို႔ ဆီးသြားခ်င္လာရင္ ဇာတ္လမ္းစျပတ္ၿပီး ဖီးပိုက်ဲတတ္ေလေရာ။ ဒါေၾကာင့္မို႔ သရဲကားထိုင္မၾကည့္ခင္ အေပါ့အပါးသြားထားပါ။ ေရအဝေသာက္ထားပါ။ တတ္ႏုိင္ရင္ ေရဘူးသယ္ထားပါ။

၃။အေမွာင္ခ်ထားပါ။

မီးေခ်ာင္းေတြအကုန္ဖြင့္ၿပီး သရဲကားထုိင္ၾကည့္တာက ဆားမပါတဲ့ဟင္းတစ္ခြက္လိုပါပဲ။ ျပတင္းေပါက္၊ လိုက္ကာေတြပိတ္လုိက္ပါ။ အဲကြန္းေလးကို ေအးစိမ့္စိမ့္ေလးျဖစ္ေအာင္ဖြင့္ထားလိုက္ပါ။ ဒါဆိုရင္အဆင္ေျပပါတယ္။

၄။ ေဆာင္းေဘာက္ခ်ိတ္ပါ။

ေဆာင္းေဘာက္ေလးဖြင့္ၿပီး တြဲၾကည့္ပါ။ ရုပ္ရွင္ရုံမွာ သရဲကားသြားၾကည့္တိုင္း sound effect နဲ႔ ၿဖဲေျခာက္သလိုမ်ိဳး ကိုယ္တိုင္အိမ္မွာ ေဆာင္းေဘာက္ေလးနဲ႔ မုသြင္းလို႔ရပါတယ္။ မရွိရင္လည္းေအးေဆးေပါ့။ အသံခ်ဲ႔ရုံပဲ။

၅။အေဖာ္မစပ္ပါနဲ႔။

မုအျပည့္နဲ႔ သရဲကားၾကည့္ခ်င္ရင္ တစ္ေယာက္တည္းၾကည့္ပါ။ သူငယ္ခ်င္းေတြနဲ႔ အုပ္စုလုိက္ေစာင္ျခံဳေကြးျပီးၾကည့္တာက တကယ့္ကိုဖီးက်ဲေစတဲ့ အေျခအေနပါ။ ဇာတ္လမး္တစ္ဝက္ေရာက္တာေတာင္ ဇာတ္ရည္မလည္ေသးပဲ ထေမးတဲ့သူနဲ႔၊ သရဲမလာခင္ကတည္းက တၿဗဲၿဗဲထေအာ္တဲ့သူနဲ႔၊ ဇာတ္လမ္းမၾကည့္ပဲ စကားထမ်ားတဲ့သူနဲ႔ သရဲကားရဲ႕အနွစ္သာရကို ေျဗာင္းဆန္သြားေစပါတယ္။ ဒါေၾကာင့္ကိုယ့္ဟာကိုယ္ၾကည့္ပါ။

၆။ဇာတ္လမး္ကိုေသခ်ာအာရုံစိုက္ပါ။

သရဲကားေတြမွာ သရဲကအဓိကမက်ပါဘူး။ ဇာတ္အိမ္ကသာအဓိကက်တာပါ။ ဒါေၾကာင့္မုိ႔ ေၾကာက္ခ်င္ရင္ေတာ့ ဇာတ္ရည္လည္ဖုိ႔လိုပါတယ္။ ဇာတ္လမ္းနားမလည္ပဲ သရဲခ်ည္းထုိင္ၾကည့္တာက ညသန္းေခါင္ယံ အိပ္ခ်င္မူးတူးအေျခအေနမွာ ကိုယ့္ရုပ္ကိုယ္မွန္ထဲထၾကည့္တာနဲ႔မျခားပါဘူး။

၇။ကိုယ္တုိင္ဝင္သြားပါ။

တီဗီထဲဝင္သြားခုိင္းတာမဟုတ္ပါဘူး။ ရုပ္ရွင္ဇာတ္ကားထဲကိုစိတ္နစ္ၿပီး ကိုယ္တိုင္ခံစားၾကည့္ရႈခုိင္းတာပါ။ ေျပာရရင္ကိုယ္တုိင္ေရာက္သြားသလိုမ်ိဳးေပါ့။ ကိုယ္အႀကိဳက္ဆံုး မင္းသားေခ်ာေလးပါတဲ့ ကိုရီးယားဇာတ္လမ္းတြဲၾကည့္တဲ့အခါ ကိုယ္တုိင္ဝင္ေရာက္ခံစားမိသလိုမ်ိဳးပါ။

ကဲ…ဘယ္လိုလဲေယာင္းတုိ႔။ ဒီနည္းအဆင့္ဆင့္လုိက္နာၿပီး ၾကည့္လိုက္တာနဲ႔ လံုးဝေၾကာက္ဖို႔ေကာင္းသြားမယ္လို႔မဆိုလိုပါဘူးေနာ္။ ဒါေပမဲ့ အက္ဒမင္ကိုယ္တုိင္စမ္းသပ္တာေတာ့ ဒီနည္းအဆင့္ဆင့္ ထိေရာက္သင့္သေလာက္ထိေရာက္တာမို႔ မွ်ေဝေပးတာပါ။

သရဲကားၾကည့္ၿပီး ေၾကာက္ႏုိင္ၾကပါေစ ေယာင္းတို႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Christina (For Her Myanmar)

# Unicode Version #
သရဲကားကြည့်ပြီဆိုတာနဲ့ ခေါင်းမြီးခြုံတဲ့ယောင်းတွေ၊ သရဲမမြင်ခင်ကတည်းက အော်ဖို့ချောင်းတဲ့ယောင်းတွေ၊ လက်ချောင်းကြားထဲက သရဲကားကြည့်တဲ့ယောင်းတို့ရေ…ဟိုဘက်လေးနည်းနည်းဖယ်ပေးပါဦး။ ဒီဆောင်းပါးကတော့ ညသန်းခေါင် (၁၂)နာရီသရဲကားထိုင်ကြည့်တောင် မဖြုံတဲ့ အာဂသတ္တိခဲယောင်းလေးတွေအတွက်မို့လို့ပါ။ ပြောရရင် သရဲကားထိုင်ကြည့်တိုင်း ကြောက်ဖို့မကောင်းလို့ ဖီးကျဲသွားသလို ခံစားနေရတဲ့ယောင်းတို့အတွက် မုအပြည့်နဲ့သရဲကား ကြည့်ပုံကြည့်နည်းအဆင့်ဆင့်ကိုမျှဝေပေးလိုက်ပါပြီ။

၁။ရုပ်ရှင်ဂရုစိုက်ရွေးပါ။

သရဲကားကြည့်တော့မယ်ဆို သရဲကားပဲရွေးပါ။ ဆိုလိုချင်တာက မိတ်ကပ်အဖာတစ်ရာနဲ့ မကြောက်ကြောက်အောင်ခြောက်မယ့် သရဲကားမျိုးဆို ယောင်းတို့ ပိုလို့တောင်စိတ်ပါမှာမဟုတ်ပါဘူး။ ကောင်း၊ မကောင်းသိချင်ရင်တော့ google ထဲကခေါက်ပြီး review လေးတွေ ကြိုသိထားပါ။ သိထားရမှာတစ်ခုကတော့ သရဲဆိုတိုင်း ရုပ်ဆိုးတာချည်းမဟုတ်ပါဘူး။ ဇာတ်လမ်းကိုဦးစားပေးရွေးပါ။

၂။ကိစ္စရှင်းထားမယ်။

ပြောရရင် အပေါ့၊ အလေးကြိုသွားထားပေါ့။ နဂိုကမှသရဲကား မကြောက်တတ်ရတဲ့အထဲ ရုပ်ရှင်ကားတစ်ဝက်လောက်ရောက်လို့ ဆီးသွားချင်လာရင် ဇာတ်လမ်းစပြတ်ပြီး ဖီးပိုကျဲတတ်လေရော။ ဒါကြောင့်မို့ သရဲကားထိုင်မကြည့်ခင် အပေါ့အပါးသွားထားပါ။ ရေအဝသောက်ထားပါ။ တတ်နိုင်ရင် ရေဘူးသယ်ထားပါ။

၃။အမှောင်ချထားပါ။

မီးချောင်းတွေအကုန်ဖွင့်ပြီး သရဲကားထိုင်ကြည့်တာက ဆားမပါတဲ့ဟင်းတစ်ခွက်လိုပါပဲ။ ပြတင်းပေါက်၊ လိုက်ကာတွေပိတ်လိုက်ပါ။ အဲကွန်းလေးကို အေးစိမ့်စိမ့်လေးဖြစ်အောင်ဖွင့်ထားလိုက်ပါ။ ဒါဆိုရင်အဆင်ပြေပါတယ်။

၄။ ဆောင်းဘောက်ချိတ်ပါ။

ဆောင်းဘောက်လေးဖွင့်ပြီး တွဲကြည့်ပါ။ ရုပ်ရှင်ရုံမှာ သရဲကားသွားကြည့်တိုင်း sound effect နဲ့ ဖြဲခြောက်သလိုမျိုး ကိုယ်တိုင်အိမ်မှာ ဆောင်းဘောက်လေးနဲ့ မုသွင်းလို့ရပါတယ်။ မရှိရင်လည်းအေးဆေးပေါ့။ အသံချဲ့ရုံပဲ။

၅။အဖော်မစပ်ပါနဲ့။

မုအပြည့်နဲ့ သရဲကားကြည့်ချင်ရင် တစ်ယောက်တည်းကြည့်ပါ။ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်စောင်ခြုံကွေးပြီးကြည့်တာက တကယ့်ကိုဖီးကျဲစေတဲ့ အခြေအနေပါ။ ဇာတ်လမ်းတစ်ဝက်ရောက်တာတောင် ဇာတ်ရည်မလည်သေးပဲ ထမေးတဲ့သူနဲ့၊ သရဲမလာခင်ကတည်းက တဗြဲဗြဲထအော်တဲ့သူနဲ့၊ ဇာတ်လမ်းမကြည့်ပဲ စကားထများတဲ့သူနဲ့ သရဲကားရဲ့အနှစ်သာရကို ဗြောင်းဆန်သွားစေပါတယ်။ ဒါကြောင့်ကိုယ့်ဟာကိုယ်ကြည့်ပါ။

၆။ဇာတ်လမ်းကိုသေချာအာရုံစိုက်ပါ။

သရဲကားတွေမှာ သရဲကအဓိကမကျပါဘူး။ ဇာတ်အိမ်ကသာအဓိကကျတာပါ။ ဒါကြောင့်မို့ ကြောက်ချင်ရင်တော့ ဇာတ်ရည်လည်ဖို့လိုပါတယ်။ ဇာတ်လမ်းနားမလည်ပဲ သရဲချည်းထိုင်ကြည့်တာက ညသန်းခေါင်ယံ အိပ်ချင်မူးတူးအခြေအနေမှာ ကိုယ့်ရုပ်ကိုယ်မှန်ထဲထကြည့်တာနဲ့မခြားပါဘူး။

၇။ကိုယ်တိုင်ဝင်သွားပါ။

တီဗီထဲဝင်သွားခိုင်းတာမဟုတ်ပါဘူး။ ရုပ်ရှင်ဇာတ်ကားထဲကိုစိတ်နစ်ပြီး ကိုယ်တိုင်ခံစားကြည့်ရှုခိုင်းတာပါ။ ပြောရရင်ကိုယ်တိုင်ရောက်သွားသလိုမျိုးပေါ့။ ကိုယ်အကြိုက်ဆုံး မင်းသားချောလေးပါတဲ့ ကိုရီးယားဇာတ်လမ်းတွဲကြည့်တဲ့အခါ ကိုယ်တိုင်ဝင်ရောက်ခံစားမိသလိုမျိုးပါ။

ကဲ…ဘယ်လိုလဲယောင်းတို့။ ဒီနည်းအဆင့်ဆင့်လိုက်နာပြီး ကြည့်လိုက်တာနဲ့ လုံးဝကြောက်ဖို့ကောင်းသွားမယ်လို့မဆိုလိုပါဘူးနော်။ ဒါပေမဲ့ အက်ဒမင်ကိုယ်တိုင်စမ်းသပ်တာတော့ ဒီနည်းအဆင့်ဆင့် ထိရောက်သင့်သလောက်ထိရောက်တာမို့ မျှဝေပေးတာပါ။

သရဲကားကြည့်ပြီး ကြောက်နိုင်ကြပါစေ ယောင်းတို့။

ဖိုးသူတော် (www.phothutaw.com)
Credit: Christina (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top