Golden City Promotion
×

ခ်င္းဟာ ဟင္းလ်ာခ်က္ ျပဳတ္ရာမွာသာမက ေဆးဖက္ လည္း၀င္တယ္ဆုိတာ သိၾကေပ မယ့္ ခ်င္းရဲ႕ အလွအပအတြက္ အသံုး၀င္ပံုကိုေတာ့ သိရွိသူနည္း ပါတယ္။ အလွအပနဲ႔ခ်င္းနဲ႔ ဘယ္လိုေတြ ဆက္စပ္သလဲဆုိ ရင္...

၀က္ၿခံေပ်ာက္ကင္းေစျခင္း

ခ်င္းကို ေရေႏြးဆူဆူထဲမွာ စိမ္ထားၿပီး ေအးသြားတဲ့အခါ ဂြမ္းလံုးေလးနဲ႔  ၀က္ၿခံရွိတဲ့ေနရာေတြကိုသုတ္ၿပီး မိနစ္ ၂၀ ေလာက္ထားၿပီး မ်က္ႏွာသစ္ေပးႏုိင္ပါတယ္။

အေရးအေၾကာင္းေပ်ာက္ေစျခင္း

အထက္ပါနည္းနဲ႔ပဲ ခ်င္း လက္ဖက္ရည္ေလးလုပ္ၿပီး မ်က္ ႏွာေပၚက အေရးအေၾကာင္းေတြ ကို သုတ္ေပးတာမ်ိဳးလုပ္ႏုိင္သလို ခ်င္းကို လတ္လတ္ဆတ္ဆတ္ ႀကိတ္ေျခၿပီး ပ်ားရည္(ဒါမွမဟုတ္) သံပရာရည္အနည္းငယ္ေရာၿပီး ေသာက္ေပးတာမ်ိဳးလုပ္ေပးႏုိင္ ပါတယ္။

အမာရြတ္ေပ်ာက္ေစျခင္း

အေရျပားေပၚမွ အမာရြတ္ ေတြထင္းထင္းႀကီးျဖစ္ေနလို႔ စိတ္ ညစ္ေနရင္လည္း ခ်င္းအနည္း ငယ္ကုိ ႏုပ္ႏုပ္စဥ္းၿပီးထြက္လာ တဲ့အရည္ကို အမာရြတ္ေပၚ လိမ္းေပးရင္ ေပ်ာက္ကင္းေစပါတယ္။

အသားအေရၾကည္လင္ေစျခင္း

မ်က္ႏွာအသားအေရမဲြ ေျခာက္ေနရင္လည္း ခ်င္းတက္ ကို အနည္းငယ္လွီးျဖတ္ၿပီး မ်က္ ႏွာအႏွံ႔ပြတ္ေပးရင္ ဆဲလ္ေသ ေတြဖယ္ရွားၿပီး ေသြးလည္ပတ္မႈ ေကာင္းေစကာ အသားအေရ ၾကည္လင္ေစပါတယ္။

ဆံပင္ေကာင္းေစျခင္း

အထက္ပါနည္းေတြလုိပဲ ခ်င္းလက္ဖက္ရည္ေလးလုပ္ၿပီး ေရမခ်ိဳးခင္ ဦးေရျပားအႏွံ႔သုတ္ လိမ္းၿပီး ေရခ်ိဳးတာမ်ိဳးလုပ္ေပးႏုိင္ ပါတယ္။     

Ref:wellnessbin

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 DayDaily

# Unicode Version #
ချင်းဟာ ဟင်းလျာချက် ပြုတ်ရာမှာသာမက ဆေးဖက် လည်းဝင်တယ်ဆိုတာ သိကြပေ မယ့် ချင်းရဲ့ အလှအပအတွက် အသုံးဝင်ပုံကိုတော့ သိရှိသူနည်း ပါတယ်။ အလှအပနဲ့ချင်းနဲ့ ဘယ်လိုတွေ ဆက်စပ်သလဲဆို ရင်...

ဝက်ခြံပျောက်ကင်းစေခြင်း

ချင်းကို ရေနွေးဆူဆူထဲမှာ စိမ်ထားပြီး အေးသွားတဲ့အခါ ဂွမ်းလုံးလေးနဲ့  ဝက်ခြံရှိတဲ့နေရာတွေကိုသုတ်ပြီး မိနစ် ၂၀ လောက်ထားပြီး မျက်နှာသစ်ပေးနိုင်ပါတယ်။

အရေးအကြောင်းပျောက်စေခြင်း

အထက်ပါနည်းနဲ့ပဲ ချင်း လက်ဖက်ရည်လေးလုပ်ပြီး မျက် နှာပေါ်က အရေးအကြောင်းတွေ ကို သုတ်ပေးတာမျိုးလုပ်နိုင်သလို ချင်းကို လတ်လတ်ဆတ်ဆတ် ကြိတ်ခြေပြီး ပျားရည်(ဒါမှမဟုတ်) သံပရာရည်အနည်းငယ်ရောပြီး သောက်ပေးတာမျိုးလုပ်ပေးနိုင် ပါတယ်။

အမာရွတ်ပျောက်စေခြင်း

အရေပြားပေါ်မှ အမာရွတ် တွေထင်းထင်းကြီးဖြစ်နေလို့ စိတ် ညစ်နေရင်လည်း ချင်းအနည်း ငယ်ကို နုပ်နုပ်စဉ်းပြီးထွက်လာ တဲ့အရည်ကို အမာရွတ်ပေါ် လိမ်းပေးရင် ပျောက်ကင်းစေပါတယ်။

အသားအရေကြည်လင်စေခြင်း

မျက်နှာအသားအရေမွဲ ခြောက်နေရင်လည်း ချင်းတက် ကို အနည်းငယ်လှီးဖြတ်ပြီး မျက် နှာအနှံ့ပွတ်ပေးရင် ဆဲလ်သေ တွေဖယ်ရှားပြီး သွေးလည်ပတ်မှု ကောင်းစေကာ အသားအရေ ကြည်လင်စေပါတယ်။

ဆံပင်ကောင်းစေခြင်း

အထက်ပါနည်းတွေလိုပဲ ချင်းလက်ဖက်ရည်လေးလုပ်ပြီး ရေမချိုးခင် ဦးရေပြားအနှံ့သုတ် လိမ်းပြီး ရေချိုးတာမျိုးလုပ်ပေးနိုင် ပါတယ်။     

Ref:wellnessbin

ဖိုးသူတော် (www.phothutaw.com)
Credit: 7 DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top