Golden City Promotion
×

ကယ္လီဖိုးနီးယား ေျမာက္ပိုင္းရွိ ဝိုင္ထုတ္လုပ္ရာ ေဒသတြင္ ျဖစ္ေပၚေနေသာ မီးေလာင္မႈမ်ားအတြင္း ေသဆံုးသူ အေရအတြက္မွာ ၁၇ ဦးထိ ျမင့္တက္လာေၾကာင္း သိရသည္။
အေမရိကန္၏ အေက်ာ္ၾကားဆံုး ဝိုင္အရက္ ထုတ္လုပ္ရာ ေဒသမ်ားတြင္ ယခုသီတင္းပတ္ အေစာပိုင္း ကတည္းက စတင္၍ မီးေလာင္ခဲ့ျခင္း ျဖစ္သည္။ ဆန္တာ႐ိုဆာ၊ ဆိုႏိုမာ ခ႐ိုင္မ်ားတြင္ အေရးေပၚ ေ႐ႊ႕ေျပာင္းမႈမ်ား ေဆာင္ရြက္ေပးေနရၿပီး ဆိုႏိုမာ၊ နာပါႏွင့္ မန္ဒိုစီႏို ခ႐ိုင္မ်ားတြင္ ဆိုးဆိုးရြားရြား မီးေလာင္ ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့ေၾကာင္း ေဒသခံ ကယ္ဆယ္ေရး အဖြဲ႕မ်ားက ဆိုသည္။

ကနဦးက ေသဆံုးသူ အေရအတြက္ကို ၁၀ ဦးဟု ထုတ္ျပန္ထားေသာ္လည္း ေအာက္တိုဘာ ၁၀ ရက္ ညေနပိုင္းတြင္ ၁၇ ဦးထိ ျမင့္တက္လာျခင္း ျဖစ္သည္။ လူေပါင္း ႏွစ္ေသာင္းေက်ာ္ကိုလည္း ေဘးလြတ္ရာသို႔ အေရးေပၚ ေ႐ႊ႕ေျပာင္းေပးထားရသည္။

ကယ္လီဖိုးနီးယား အာဏာပိုင္မ်ားက မီးေလာင္ကၽြမ္းသည့္ ေဒသမ်ားကို အေရးေပၚ အေျခအေန သတ္မွတ္ ေၾကညာထားၿပီး ေထာက္ပံ့ေရး ပစၥည္းမ်ား အလ်င္အျမန္ ေပးပို႔လ်က္ ရွိသည္။ စပ်စ္ခင္းမ်ားေၾကာင့္ မီးသည္ ေတာမီးသဖြယ္ လ်င္ျမန္စြာ ပ်ံ႕ႏွံ႔သြားၿပီး ေအာက္တိုဘာ ၁၀ ရက္ ညပိုင္းထိ ခန္႔မွန္းခ်က္အရ ဧက ၁၁၅၀၀၀ မွ်ထိကို ဝါးၿမိဳ ဖ်က္ဆီးခဲ့ၿပီး ျဖစ္သည္။

မီးေလာင္ကၽြမ္းမႈမ်ားသည္ ေအာက္တိုဘာ ၈ ရက္ ညသန္းေခါင္ယံ အေက်ာ္တြင္ စတင္ခဲ့ျခင္းျဖစ္ၿပီး အေၾကာင္းရင္းကို တိတိက်က် မသိရေသးေခ်။ မီးေလာင္မႈႏွင့္ ဆက္စပ္ၿပီး ဒဏ္ရာရသူ အေရအတြက္မွာ ၁၀၀ ေက်ာ္မွ် ရွိခဲ့သည္။

ဆန္တာ႐ိုဆာ ဧရိယာ တစ္ခုလံုး နီးပါးကို ေ႐ႊ႕ေျပာင္းေပးၿပီး ျဖစ္သလုိ ေနာက္ထပ္ ေဒသခံမ်ားကိုလည္း အေရးေပၚ ေ႐ႊ႕ေျပာင္းမႈမ်ားအတြက္ အသင့္ျပင္ဆင္ရန္ ညႊန္ၾကားခ်က္မ်ား ထုတ္ျပန္ထားသည္။

အဆုိပါ ေဒသတြင္ ရာသီဥတု ပူျပင္းေျခာက္ေသြ႕ၿပီး ေလျပင္းမ်ား တုိက္ခတ္ေနျခင္းေၾကာင့္ မီးေလာင္မႈမ်ားကို ထိန္းခ်ဳပ္ရန္ အခက္အခဲမ်ား ႀကံဳေနဆဲဟုလည္း သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ကယ်လီဖိုးနီးယား မြောက်ပိုင်းရှိ ဝိုင်ထုတ်လုပ်ရာ ဒေသတွင် ဖြစ်ပေါ်နေသော မီးလောင်မှုများအတွင်း သေဆုံးသူ အရေအတွက်မှာ ၁၇ ဦးထိ မြင့်တက်လာကြောင်း သိရသည်။
အမေရိကန်၏ အကျော်ကြားဆုံး ဝိုင်အရက် ထုတ်လုပ်ရာ ဒေသများတွင် ယခုသီတင်းပတ် အစောပိုင်း ကတည်းက စတင်၍ မီးလောင်ခဲ့ခြင်း ဖြစ်သည်။ ဆန်တာရိုဆာ၊ ဆိုနိုမာ ခရိုင်များတွင် အရေးပေါ် ရွှေ့ပြောင်းမှုများ ဆောင်ရွက်ပေးနေရပြီး ဆိုနိုမာ၊ နာပါနှင့် မန်ဒိုစီနို ခရိုင်များတွင် ဆိုးဆိုးရွားရွား မီးလောင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံ ကယ်ဆယ်ရေး အဖွဲ့များက ဆိုသည်။

ကနဦးက သေဆုံးသူ အရေအတွက်ကို ၁၀ ဦးဟု ထုတ်ပြန်ထားသော်လည်း အောက်တိုဘာ ၁၀ ရက် ညနေပိုင်းတွင် ၁၇ ဦးထိ မြင့်တက်လာခြင်း ဖြစ်သည်။ လူပေါင်း နှစ်သောင်းကျော်ကိုလည်း ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးထားရသည်။

ကယ်လီဖိုးနီးယား အာဏာပိုင်များက မီးလောင်ကျွမ်းသည့် ဒေသများကို အရေးပေါ် အခြေအနေ သတ်မှတ် ကြေညာထားပြီး ထောက်ပံ့ရေး ပစ္စည်းများ အလျင်အမြန် ပေးပို့လျက် ရှိသည်။ စပျစ်ခင်းများကြောင့် မီးသည် တောမီးသဖွယ် လျင်မြန်စွာ ပျံ့နှံ့သွားပြီး အောက်တိုဘာ ၁၀ ရက် ညပိုင်းထိ ခန့်မှန်းချက်အရ ဧက ၁၁၅၀၀၀ မျှထိကို ဝါးမြို ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။

မီးလောင်ကျွမ်းမှုများသည် အောက်တိုဘာ ၈ ရက် ညသန်းခေါင်ယံ အကျော်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး အကြောင်းရင်းကို တိတိကျကျ မသိရသေးချေ။ မီးလောင်မှုနှင့် ဆက်စပ်ပြီး ဒဏ်ရာရသူ အရေအတွက်မှာ ၁၀၀ ကျော်မျှ ရှိခဲ့သည်။

ဆန်တာရိုဆာ ဧရိယာ တစ်ခုလုံး နီးပါးကို ရွှေ့ပြောင်းပေးပြီး ဖြစ်သလို နောက်ထပ် ဒေသခံများကိုလည်း အရေးပေါ် ရွှေ့ပြောင်းမှုများအတွက် အသင့်ပြင်ဆင်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်။

အဆိုပါ ဒေသတွင် ရာသီဥတု ပူပြင်းခြောက်သွေ့ပြီး လေပြင်းများ တိုက်ခတ်နေခြင်းကြောင့် မီးလောင်မှုများကို ထိန်းချုပ်ရန် အခက်အခဲများ ကြုံနေဆဲဟုလည်း သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top