Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အင္းစိန္ၿမိဳ႕နယ္တြင္  အိမ္ေမြးေခြးတစ္ေကာင္ စိတ္ရိုင္း၀င္ၿပီး ျပန္ကိုက္ျခင္းေၾကာင့္ မိသားစု၀င္မ်ားအားမီးသတ္တပ္ဖြဲ႔၀င္ မ်ားက ကယ္တင္ခဲ့ရေၾကာင္း သိရသည္။
ယမန္ေန႔ ည ၉ နာရီခန္႔က အင္းစိန္ၿမိဳ႕နယ္၌ ျမဳိ႕သစ္​(က+ခ) ရပ္​ကြက္​၊ အိမ္​အမွတ္​(၂၃၆/က) အိမ္​တြင္ ေမြးျမဴထားသည့္ ေခြးတစ္ေကာင္ကသခင္မ်ားကို ျပန္ကိုက္ခဲ့ျခင္း ျဖစ္သည္။
မီးသတ္တပ္ဖြဲ႔ကို အကူအညီေတာင္းခဲ့ၿပီးေနာက္  မိသားစု၀င္ ၃ ဦးကို ေျမာက္​ပိုင္​းခ႐ိုင္​မီးသတ္​ဦးစီးဌာနမွ မီးသတ္တပ္ဖြဲ႔၀င္မ်ားက ကယ္တင္ခဲ့ရျခင္းျဖစ္သည္။
မီးသတ္တပ္ဖြဲ႔၀င္မ်ားက အဆိုပါ ေခြးကို ၀ိုင္း၀န္းဖမ္းဆီးခဲ့ၿပီး ေလွာင္အိမ္အတြင္းသို႔ ထည့္သြင္းေပးခဲ့ေၾကာင္း၊ေခြးကိုက္ခံရသူအား အင္းစိန္ျပည္သူ႔ ေဆးရံုႀကီးသို႔ ပို႔ေဆာင္ေဆးကုသေစၿပီး   ေနအိမ္သို႔ ျပန္လည္ပို႔ေဆာင္ခဲ့ေၾကာင္း မီးသတ္ဦးစီးဌာန၏ ထုတ္ျပန္ထားခ်က္အရသိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  mizzima
#Unicode Version#
အင်းစိန်မြို့နယ်တွင်  အိမ်မွေးခွေးတစ်ကောင် စိတ်ရိုင်းဝင်ပြီး ပြန်ကိုက်ခြင်းကြောင့် မိသားစုဝင်များအားမီးသတ်တပ်ဖွဲ့ဝင် များက ကယ်တင်ခဲ့ရကြောင်း သိရသည်။

ယမန်နေ့ ည ၉ နာရီခန့်က အင်းစိန်မြို့နယ်၌ မြို့သစ်(က+ခ) ရပ်ကွက်၊ အိမ်အမှတ်(၂၃၆/က) အိမ်တွင် မွေးမြူထားသည့် ခွေးတစ်ကောင်ကသခင်များကို ပြန်ကိုက်ခဲ့ခြင်း ဖြစ်သည်။

မီးသတ်တပ်ဖွဲ့ကို အကူအညီတောင်းခဲ့ပြီးနောက်  မိသားစုဝင် ၃ ဦးကို မြောက်ပိုင်းခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ကယ်တင်ခဲ့ရခြင်းဖြစ်သည်။

မီးသတ်တပ်ဖွဲ့ဝင်များက အဆိုပါ ခွေးကို ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး လှောင်အိမ်အတွင်းသို့ ထည့်သွင်းပေးခဲ့ကြောင်း၊ခွေးကိုက်ခံရသူအား အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသစေပြီး   နေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top