Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ရင္သားအလွျပဳျပင္ျခင္းဆိုတာဘာလဲ

ရင္သားအလွျပဳျပင္ခြဲစိတ္ျခင္း (Breast augmentation သို႔မဟုတ္ augmentation mammoplasty) ဆိုတာ ရင္သားရဲ႕ အရြယ္အစားၾကီးလာဖို႔၊ တင္းရင္းလွပေစဖို႔ ပံုသ႑ာန္ျပဳျပင္ေပးတဲ့ ခြဲစိတ္မႈတစ္မ်ိဳးျဖစ္ပါတယ္။

ခြဲစိတ္မႈမွာ ဆီလီကြန္(silicone)၊ဆားရည္ (saline) သို႔မဟုတ္ တျခားcomposite ရင္သားအတုပစၥည္းကို ရင္ဘတ္ၾကြက္သား သို႔မဟုတ္ ရင္သားတစ္ရွဴးေတြေအာက္မွာ ထည့္သြင္းေပးတာျဖစ္ပါတယ္။ အစားထိုးရင္သားအတုေတြရဲ႕သက္တမ္းဟာ ပ်မ္းမွ်အားျဖင့္ ၇ ႏွစ္ကေန ၁၂ ႏွစ္ အထိ တာရွည္ခံတတ္ပါတယ္။
ဘာေၾကာင့္ ျပဳျပင္ၾကတာလဲ

အမ်ိဳးသမီးေတြ ရင္သားခြဲစိတ္ရတဲ့ အေၾကာင္းရင္းေတြကမတူညီၾကပါဘူး။ ဒါေပမယ့္ ဒီလိုခြဲစိတ္ျပဳျပင္သူေတြထဲမွာ ရင္သားၾကီးထြားေအာင္ အလွခြဲစိတ္ျပဳျပင္သူေတြနဲ႔ ရင္သားကင္ဆာေၾကာင့္ခြဲစိတ္ခံရျပီးေနာက္ ျပန္လည္ျပဳျပင္ၾကရသူေတြပိုမ်ားပါတယ္။

    ဆိုဒ္ေသးေနတဲ့ ရင္သားကို ၾကီးလာေစဖို႔၊
    ကိုယ္ဝန္ေဆာင္ျပီးေနာက္၊ ခႏၶာကိုယ္ပိန္သြားျပီးေနာက္၊ ဒါမွမဟုတ္ ကေလးနို႔တိုက္ရျပီးေနာက္ ရင္သားအရြယ္အစားနဲ႔ ပံုသ႑ာန္ ျပန္လွပေစဖို႔၊
    ရင္သားႏွစ္ဖက္မညီျဖစ္ေနရင္ ျပန္အခ်ိဳးညွိဖို႔၊
    ရင္သားခြဲစိတ္မႈခံယူျပီးေနာက္ ပံုမွန္အတိုင္းျဖစ္ေအာင္ျပန္ျပဳျပင္ဖို႔ျဖစ္ပါတယ္။

ထည့္သြင္းမယ့္ ရင္သားအတုအမ်ိဳးအစားေရြးခ်ယ္ျခင္း

အသံုးမ်ားတဲ့ ရင္သားအတုကေတာ့ ဆီလီကြန္ဂ်ယ္ျဖစ္ေပမယ့္ saline အစားထိုးပစၥည္းဆိုတာလည္း ရွိပါတယ္။ ဘယ္ပံုသ႑ာန္၊ ဘယ္အမ်ိဳးအစားက အသင့္ေတာ္ဆံုးျဖစ္မလဲဆိုတာ ဆရာဝန္က ေဆြးေႏြးအၾကံေပးမွာျဖစ္ေပမယ့္ ေအာက္ပါအခ်က္တခ်ိဳ႕ကို သိထားသင့္ပါတယ္။

Silicone gel ရင္သားအတု

saline ရင္သားအတုထက္ ပုိျပီးသဘာဝက်ျပီး ႏူးညံ့တာေၾကာင့္ တြန္႔ေခါက္မႈျဖစ္နိုင္ေျခပိုနည္းပါတယ္။ Polyurethane အလႊာနဲ႔ဖံုးအုပ္ထားတဲ့ပစၥည္းေတြက capsular contracture (????) နဲ႔ ရင္သားအတုေနရာေရြ႕ျခင္း တို႔ျဖစ္လာနိုင္ေျခပိုနည္းပါတယ္။ ဒါေပမယ့္ ဆီလီကြန္ရင္သားအတုေပါက္ျပဲသြားရင္ ရင္သားထဲမွာ ဆီလီကြန္ဂ်ယ္ေတြယိုစိမ့္ပ်ံ႕ႏွံ႔မႈ (siliconomas ) အေျခအေနျဖစ္ေစနိုင္ပါတယ္။ Polyurethane အလႊာဖံုးအုပ္ထားတဲ့ရင္သားအတုေတြမွာ ခဏတာအေရျပားဓာတ္ျပဳမႈျဖစ္ေစနိုင္ပါတယ္။

Saline ဆားရည္ရင္သားအတု

အစားထိုးရင္သားအတုက ေပါက္ျပဲလာရင္ saline ဆားရည္ေတြပ်ံ႔ႏွံ႔မႈက ေဘးမျဖစ္ေစနိုင္ဘဲ ခႏၶာကိုယ္က စုပ္ယူသြားမွာျဖစ္ပါတယ္။ ဆီလီကြန္ထက္ ေပါက္ျပဲဖို႔၊ ျပားသြားဖို႔ ျဖစ္နုိင္ေျခပိုမ်ားပါတယ္။အခ်ိန္ၾကာလာတာနဲ႔အမွ် တျဖည္းျဖည္းခ်င္းျပားလာေလ့ရွိတာေၾကာင့္ ျဖစ္ပါတယ္။ တြန္႔ေခါက္ျခင္းလည္း ျဖစ္ေလ့ရွိသလို ဆီလီကြန္ေလာက္ သဘာဝက်တဲ့ခံစားခ်က္မေပးနိုင္ပါဘူး။

ရင္သားအတုေတြဟာ အသက္အရြယ္ေၾကာင့္၊ ျဖစ္ရပ္အေၾကာင္းအရာတစ္ခုခုဆီက သက္ေရာက္မႈဒဏ္တစ္ခုခုေၾကာင့္၊ ကင္ဆာခြဲစိတ္မႈလိုမ်ိဳး ေဆးကုသမႈတစ္ခုခုေၾကာင့္ ပ်က္ယြင္းရတတ္ပါတယ္။ ဒါေပမယ့္ ဆီလီကြန္ရင္သားအတု ေပါက္ျပဲပ်က္ယြင္းမႈေတြက လကၡဏာျပလာတာကလြဲလို႔ ေတာ္ရံုနဲ႔ ေဘးအႏၱရာယ္မရွိတတ္ၾကသလို ဆက္ျပီးဆိုးရြားလာတာမ်ိဳးလည္းျဖစ္ခဲပါတယ္။

ပ်က္ယြင္းလာတဲ့ ရင္သားအတုေတြက က်န္းမာေရးျပႆနာမျဖစ္ေစနိုင္ေပမယ့္ တခ်ိဳ႕မွာေတာ့ ရင္သားမွာ တင္းေနတဲ့ခံစားခ်က္ျဖစ္ေနတာ၊ ရင္သားအေရာင္သို႔မဟုတ္အရြယ္အစားေျပာင္းလဲလာတာ၊ အနည္းငယ္ေနရခက္လာတာ၊ အေရခြံကြာလာတာ ေတြခံစားရနိုင္ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ခံစားရတဲ့လကၡဏာခ်င္းမတူၾကပါဘူး။ ဆီလီကြန္ရင္သားအတု ေပါက္ျပဲတဲ့အခါ လကၡဏာသိရွိဖို႔ မလြယ္တာေၾကာင့္ MRI သံလိုက္ပံုရိပ္ေဖာ္စစ္ေဆးမႈနဲ႔ပဲ သိရွိနုိင္ပါတယ္။
ရင္သားအတု ေပါက္ျပဲတဲ့အခါ သိနုိင္မယ့္လကၡဏာမ်ား

    အရြယ္အစားပိုေသးလာျခင္း – Saline ရင္သားအတုမွာ ပိုးသတ္သန္႔စင္ထားတဲ့ဆားရည္ထည့္သြင္းထားတာျဖစ္ပါတယ္။ ဒီအမ်ိဳးအစားက ေပါက္ျပဲလာရင္ အခြံလႊာအျပင္ကိုစိမ့္ထြက္ျပီးခႏၶာကိုယ္က စုပ္ယူသြားမွာျဖစ္ပါတယ္။ တျခားလကၡဏာေတြကို မသိတာ မ်ိဳးရွိလာနိုင္ေပမယ့္ ရင္သားအတုက ျပားလာျပီး အရြယ္အစားပိုေသးလာပါလိမ့္မယ္။
    ပံုသ႑ာန္ပ်က္ယြင္းျခင္း – silicone gel ထည့္သြင္းထားတဲ့ ရင္သားအတုရဲ႕ပါဝင္ပစၥည္းေတြက saline ရင္သားအတုမွာပါတဲ့အရည္ထက္ ပိုပ်စ္တာေၾကာင့္ အခြံလႊာေပါက္ျပဲျပီးယိုစိမ့္ထြက္ဖို႔ မျဖစ္နိုင္ပါဘူး။ တကယ္လို႔ဆီလီကြန္က ေပါက္ျပဲလာခဲ့ရင္ အနာရြတ္တစ္ရွဴး( contracture) ျဖစ္ေပၚလာမႈေၾကာင့္ ရင္သားရဲ႕အရြယ္အစားနဲ႔ပံုသ႑ာန္ ပ်က္ယြင္းလာတာ သတိထားမိနုိုင္ပါတယ္။
    ရင္သားတဝိုက္လကၡဏာမ်ား –  ဆီလီကြန္ရင္သားအတုေပါက္ျပဲတဲ့အခါ ရင္သားအတု ပတ္ဝန္းက်င္မွာရွိေနတဲ့ တစ္ရွဴးေတြမွာ အေျပာင္းအလဲေတြျဖစ္ေစနိုင္ပါတယ္။ ၎နားတဝိုက္ အသားအေရက နီရဲလာနိုင္ျပီး ရင္သားမွာေရာင္ရမ္းလာနိုင္ပါတယ္။ ရင္သားအတုထည့္သြင္းထားတဲ့တဝိုက္မွာ ရည္ၾကည္ဖုေလးေတြျဖစ္လာသလိုခံစားရနိုင္ျပီး ယိုစိမ့္မႈရွိလာတဲ့ဘက္ျခမ္းက လက္ေမာင္း သို႔မဟုတ္ ပခံုးမွာ ေနရခက္တာေတြျဖစ္ေစနိုင္ပါတယ္။ ရင္သားမွာ ထံုသလို က်ဥ္သလို ခံစားခ်က္၊ ပူကနဲ ခံစားခ်က္၊ နာက်င္မႈတို႔ကို ခံစားရနိုင္ပါတယ္။
    ေရာဂါရွာေဖြစစ္ေဆးျခင္း – လကၡဏာမျပတဲ့ ဆီလီကြန္ရင္သား ေပါက္ျပဲမႈျဖစ္ေနျပီလို႔ ဆရာဝန္က သံသယရွိလာရင္ MRI စစ္ေဆးမႈက အေျဖထုတ္ေပးနုိင္ပါတယ္။ MRI စစ္ေဆးမႈရဲ႕ရလဒ္က ၉၀ ရာခိုင္ႏႈန္းေသခ်ာနိုင္ပါတယ္။
    ဆီလီကြန္ႏွင့္တျခားေရာဂါမ်ား – ဆီလီကြန္ဂ်ယ္ ရင္သားအတုေတြက scleroderma(အေရျပားမာေရာဂါ)၊ fibromyalgia (အရြတ္ေၾကာနာ) နဲ႔ တျခားတြယ္ဆက္တစ္ရွဴးေရာဂါေတြလို ျပင္းထန္တဲ့ေရာဂါေတြျဖစ္လာမွာကို စိုးရိမ္စရာေတာ့ရွိပါတယ္။

ဆီလီကြန္ရင္သားက ေလယာဥ္စီးရင္ ေပါက္ကြဲနုိင္သလား

ရင္သားအလွျပဳျပင္ခြဲစိတ္ဖို႔စဥ္းစားေနတဲ့ အမ်ိဳးသမီးေတြက ဒီရင္သားအတုေတြေၾကာင့္ ေဘးကင္းမကင္းကို ေမးခြန္းထုတ္တတ္ၾကပါတယ္။ အမ်ားစုကေတာ့ ဒီလိုထည့္သြင္းလိုက္ရင္ ဘာေတြေရွာင္ရမလဲ၊ ဘယ္ေလာက္သက္တမ္းၾကာၾကာခံမလဲဆိုတာကို သိခ်င္ၾကပါတယ္။

လူေတြၾကားမွာ ေတာ္ေတာ္ေလးေျပာေလ့ရွိတဲ့အေၾကာင္းအရာတစ္ခုကေတာ့ ရင္သားအစားထိုးဆီလီကြန္က ေလယာဥ္စီးရင္ ေလထုဖိအားနည္းသြားတဲ့အခါ ေပါက္ကြဲတတ္တယ္ဆိုတာပါပဲ။ ဒါဟာမမွန္ကန္ပါဘူးလုိ႔ Mythbusters ရုပ္သံလိုင္းက သက္ေသထူ ေဖာ္ျပခဲ့ပါတယ္။ ေလယာဥ္စီးရင္း ရင္သားမွာ တမ်ိဳးၾကီးေနရခက္တာေတြခံစားရတယ္ဆိုတာ ရင္သားအတု ဘယ္အမ်ိဳးအစားမဆို ထည့္သြင္းထားသူေတြဆီက ၾကားရတဲ့အေၾကာင္းအရာျဖစ္တယ္လို႔ ရုပ္သံလိုင္းကဆိုပါတယ္။ တကယ္ေတာ့ ဒီခံစားခ်က္က ေလယာဥ္စီးတဲ့အခါ ရင္ထဲတမ်ိဳးျဖစ္လာေလ့ရွိတဲ့ခံစားခ်က္ကေနျဖစ္လာတာပါ။ အမ်ားစုမွာေတာ့ ေလထုဖိအားကပံုမွန္ျပန္ျဖစ္သြားတဲ့အခါ ဒီခံစားခ်က္က တျဖည္းျဖည္းေလ်ာ့က်သြားတတ္ပါတယ္။ဒီခံစားခ်က္က ရင္သားအတုနဲ႔မသက္ဆိုင္ေပမယ့္ ျဖစ္လာရတဲ့အေၾကာင္းရင္းကို တိတိက််က်ေျပာနိုင္ဖို႔ ပေဟဠိျဖစ္ေနဆဲပါ။
အပူခ်ိန္နဲ႔ ဆီလီကြန္

ရင္သားအတုေတြက ခႏၶာကိုယ္ထဲမွာရွိေနတာျဖစ္တဲ့အတြက္ ပံုမွန္အားျဖင့္ က်န္တဲ့ခႏၶာကိုယ္အစိတ္အပိုင္းေတြနဲ႔ တူညီတဲ့အပူခ်ိန္ကို ထိန္းသိမ္းေပးပါတယ္။ ဒါေၾကာင့္ ခႏၶာကိုယ္ၾကီးမွာ ေအးခဲမသြားသေရြ႕ေတာ့ ရင္သားအတုကလည္း ေအးခဲသြားမွာမဟုတ္သလို ခႏၶာကိုယ္အျပင္မွာ ျဖစ္ေနသေလာက္လည္း အပူခ်ိန္လြန္ကဲမွာမဟုတ္ပါဘူး။ ခႏၶာကိုယ္အပူခ်ိန္နဲ႔တသားတည္းျဖစ္ေနမွာပါ။
ျဖစ္လာနိုင္တဲ့ ေဘးထြက္ဆိုးက်ိုးမ်ား

ရင္သားအစားထိုးခြဲစိတ္မႈအျပီးမွာ ေအာက္ပါအခ်က္ေတြ အျဖစ္မ်ားပါတယ္ –

    ခဏတာ နာက်င္ကိုက္ခဲမႈ၊ ေရာင္ရမ္းမႈ၊ အနာတရျဖစ္မႈ
    ရက္သီတင္းပတ္အနည္းငယ္ၾကာတဲ့အထိ ရင္ဘတ္ထဲတင္းက်ပ္ေနသလို ခံစားရျခင္း

ရင္သားအတုထည့္သြင္းမႈက ေနာက္ပိုင္းမွာ ျဖစ္လာနိုင္တဲ့ ျပႆနာတခ်ိဳ႕ကေတာ့ –

    အနာရြတ္ျဖစ္လာျခင္း
    အနာရြတ္တစ္ရွဴးက ရင္သားအတုတဝိုက္မွာ က်ံဳ႕လာျခင္း(capsular contracture)ေၾကာင့္ ရင္သားတစ္ရွဴး မာေက်ာမႈခံစားလာရျခင္း
    ရင္သားအတုေပါက္ျပဲျခင္း – ရင္သားစကင္န္စစ္ေဆးမႈမွာပဲေတြ႔ျမင္ရနိုင္တဲ့ ရည္ၾကည္ဖုငယ္(siliconomas) ေတြျဖစ္လာေစနိုင္ျပီး ရင္သားအတုကို ဖယ္ထုတ္ဖို႔လိုလာနိုင္တယ္။
    ရင္သားအတုမွာ တြန္႔ေခါက္မႈျဖစ္လာျခင္း
    ရင္သားတစ္ဖက္နဲ႔တစ္ဖက္မညီျခင္း
    ရင္သားအတုက အတြင္းမွာ အေနအထားေရြ႕ေနျခင္း- ပံုသ႑ာန္ပ်က္ယြင္းေစနိုင္ပါတယ္။
    ရင္သားအတုရဲ႕မ်က္ႏွာျပင္မွာ ကပ္ေနတဲ့ အေပၚယံအလႊာပါး ကြာထြက္ျခင္း- ကုသရခက္နိုင္ပါတယ္။
    ႏို႔သီးေခါင္းထိပ္မွာ အာရံုေၾကာျပႆနာေတြျဖစ္လာနုိင္ျခင္း – ၎ေနရာမွာ အာရံုသိရွိနိုင္စြမ္း ေလ်ာ့နည္းျခင္း၊လြန္ကဲျခင္း၊ျဖစ္လာနိုင္ပါတယ္။ ဒီလကၡဏာက ယာယီလည္းျဖစ္နုိင္သလုိ အျမဲလည္းျဖစ္သြားနုိင္ပါတယ္။
    နုိ႔တိုက္မိခင္ျဖစ္ရင္ ရင္သားမျပဳျပင္ထားသူေတြေလာက္ နို႔မထြက္နိုင္ေတာ့ပါဘူး ။ ဒါေပမယ့္ ရင္သားအလွျပဳျပင္ထားသူေတြ ကေလးနို႔တိုက္ရင္လည္း ကေလးက်န္းမာေရးကို မထိခိုက္ေစပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hello Health Group

# Unicode Version ျဖင့္ ဖတ္ပါ #

ရင်သားအလှပြုပြင်ခြင်းဆိုတာဘာလဲ

ရင်သားအလှပြုပြင်ခွဲစိတ်ခြင်း (Breast augmentation သို့မဟုတ် augmentation mammoplasty) ဆိုတာ ရင်သားရဲ့ အရွယ်အစားကြီးလာဖို့၊ တင်းရင်းလှပစေဖို့ ပုံသဏ္ဍာန်ပြုပြင်ပေးတဲ့ ခွဲစိတ်မှုတစ်မျိုးဖြစ်ပါတယ်။

ခွဲစိတ်မှုမှာ ဆီလီကွန်(silicone)၊ဆားရည် (saline) သို့မဟုတ် တခြားcomposite ရင်သားအတုပစ္စည်းကို ရင်ဘတ်ကြွက်သား သို့မဟုတ် ရင်သားတစ်ရှူးတွေအောက်မှာ ထည့်သွင်းပေးတာဖြစ်ပါတယ်။ အစားထိုးရင်သားအတုတွေရဲ့သက်တမ်းဟာ ပျမ်းမျှအားဖြင့် ၇ နှစ်ကနေ ၁၂ နှစ် အထိ တာရှည်ခံတတ်ပါတယ်။
ဘာကြောင့် ပြုပြင်ကြတာလဲ

အမျိုးသမီးတွေ ရင်သားခွဲစိတ်ရတဲ့ အကြောင်းရင်းတွေကမတူညီကြပါဘူး။ ဒါပေမယ့် ဒီလိုခွဲစိတ်ပြုပြင်သူတွေထဲမှာ ရင်သားကြီးထွားအောင် အလှခွဲစိတ်ပြုပြင်သူတွေနဲ့ ရင်သားကင်ဆာကြောင့်ခွဲစိတ်ခံရပြီးနောက် ပြန်လည်ပြုပြင်ကြရသူတွေပိုများပါတယ်။

    ဆိုဒ်သေးနေတဲ့ ရင်သားကို ကြီးလာစေဖို့၊
    ကိုယ်ဝန်ဆောင်ပြီးနောက်၊ ခန္ဓာကိုယ်ပိန်သွားပြီးနောက်၊ ဒါမှမဟုတ် ကလေးနို့တိုက်ရပြီးနောက် ရင်သားအရွယ်အစားနဲ့ ပုံသဏ္ဍာန် ပြန်လှပစေဖို့၊
    ရင်သားနှစ်ဖက်မညီဖြစ်နေရင် ပြန်အချိုးညှိဖို့၊
    ရင်သားခွဲစိတ်မှုခံယူပြီးနောက် ပုံမှန်အတိုင်းဖြစ်အောင်ပြန်ပြုပြင်ဖို့ဖြစ်ပါတယ်။

ထည့်သွင်းမယ့် ရင်သားအတုအမျိုးအစားရွေးချယ်ခြင်း

အသုံးများတဲ့ ရင်သားအတုကတော့ ဆီလီကွန်ဂျယ်ဖြစ်ပေမယ့် saline အစားထိုးပစ္စည်းဆိုတာလည်း ရှိပါတယ်။ ဘယ်ပုံသဏ္ဍာန်၊ ဘယ်အမျိုးအစားက အသင့်တော်ဆုံးဖြစ်မလဲဆိုတာ ဆရာဝန်က ဆွေးနွေးအကြံပေးမှာဖြစ်ပေမယ့် အောက်ပါအချက်တချို့ကို သိထားသင့်ပါတယ်။

Silicone gel ရင်သားအတု

saline ရင်သားအတုထက် ပိုပြီးသဘာဝကျပြီး နူးညံ့တာကြောင့် တွန့်ခေါက်မှုဖြစ်နိုင်ခြေပိုနည်းပါတယ်။ Polyurethane အလွှာနဲ့ဖုံးအုပ်ထားတဲ့ပစ္စည်းတွေက capsular contracture (????) နဲ့ ရင်သားအတုနေရာရွေ့ခြင်း တို့ဖြစ်လာနိုင်ခြေပိုနည်းပါတယ်။ ဒါပေမယ့် ဆီလီကွန်ရင်သားအတုပေါက်ပြဲသွားရင် ရင်သားထဲမှာ ဆီလီကွန်ဂျယ်တွေယိုစိမ့်ပျံ့နှံ့မှု (siliconomas ) အခြေအနေဖြစ်စေနိုင်ပါတယ်။ Polyurethane အလွှာဖုံးအုပ်ထားတဲ့ရင်သားအတုတွေမှာ ခဏတာအရေပြားဓာတ်ပြုမှုဖြစ်စေနိုင်ပါတယ်။

Saline ဆားရည်ရင်သားအတု

အစားထိုးရင်သားအတုက ပေါက်ပြဲလာရင် saline ဆားရည်တွေပျံ့နှံ့မှုက ဘေးမဖြစ်စေနိုင်ဘဲ ခန္ဓာကိုယ်က စုပ်ယူသွားမှာဖြစ်ပါတယ်။ ဆီလီကွန်ထက် ပေါက်ပြဲဖို့၊ ပြားသွားဖို့ ဖြစ်နိုင်ခြေပိုများပါတယ်။အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းချင်းပြားလာလေ့ရှိတာကြောင့် ဖြစ်ပါတယ်။ တွန့်ခေါက်ခြင်းလည်း ဖြစ်လေ့ရှိသလို ဆီလီကွန်လောက် သဘာဝကျတဲ့ခံစားချက်မပေးနိုင်ပါဘူး။

ရင်သားအတုတွေဟာ အသက်အရွယ်ကြောင့်၊ ဖြစ်ရပ်အကြောင်းအရာတစ်ခုခုဆီက သက်ရောက်မှုဒဏ်တစ်ခုခုကြောင့်၊ ကင်ဆာခွဲစိတ်မှုလိုမျိုး ဆေးကုသမှုတစ်ခုခုကြောင့် ပျက်ယွင်းရတတ်ပါတယ်။ ဒါပေမယ့် ဆီလီကွန်ရင်သားအတု ပေါက်ပြဲပျက်ယွင်းမှုတွေက လက္ခဏာပြလာတာကလွဲလို့ တော်ရုံနဲ့ ဘေးအန္တရာယ်မရှိတတ်ကြသလို ဆက်ပြီးဆိုးရွားလာတာမျိုးလည်းဖြစ်ခဲပါတယ်။

ပျက်ယွင်းလာတဲ့ ရင်သားအတုတွေက ကျန်းမာရေးပြဿနာမဖြစ်စေနိုင်ပေမယ့် တချို့မှာတော့ ရင်သားမှာ တင်းနေတဲ့ခံစားချက်ဖြစ်နေတာ၊ ရင်သားအရောင်သို့မဟုတ်အရွယ်အစားပြောင်းလဲလာတာ၊ အနည်းငယ်နေရခက်လာတာ၊ အရေခွံကွာလာတာ တွေခံစားရနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံစားရတဲ့လက္ခဏာချင်းမတူကြပါဘူး။ ဆီလီကွန်ရင်သားအတု ပေါက်ပြဲတဲ့အခါ လက္ခဏာသိရှိဖို့ မလွယ်တာကြောင့် MRI သံလိုက်ပုံရိပ်ဖော်စစ်ဆေးမှုနဲ့ပဲ သိရှိနိုင်ပါတယ်။
ရင်သားအတု ပေါက်ပြဲတဲ့အခါ သိနိုင်မယ့်လက္ခဏာများ

    အရွယ်အစားပိုသေးလာခြင်း – Saline ရင်သားအတုမှာ ပိုးသတ်သန့်စင်ထားတဲ့ဆားရည်ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒီအမျိုးအစားက ပေါက်ပြဲလာရင် အခွံလွှာအပြင်ကိုစိမ့်ထွက်ပြီးခန္ဓာကိုယ်က စုပ်ယူသွားမှာဖြစ်ပါတယ်။ တခြားလက္ခဏာတွေကို မသိတာ မျိုးရှိလာနိုင်ပေမယ့် ရင်သားအတုက ပြားလာပြီး အရွယ်အစားပိုသေးလာပါလိမ့်မယ်။
    ပုံသဏ္ဍာန်ပျက်ယွင်းခြင်း – silicone gel ထည့်သွင်းထားတဲ့ ရင်သားအတုရဲ့ပါဝင်ပစ္စည်းတွေက saline ရင်သားအတုမှာပါတဲ့အရည်ထက် ပိုပျစ်တာကြောင့် အခွံလွှာပေါက်ပြဲပြီးယိုစိမ့်ထွက်ဖို့ မဖြစ်နိုင်ပါဘူး။ တကယ်လို့ဆီလီကွန်က ပေါက်ပြဲလာခဲ့ရင် အနာရွတ်တစ်ရှူး( contracture) ဖြစ်ပေါ်လာမှုကြောင့် ရင်သားရဲ့အရွယ်အစားနဲ့ပုံသဏ္ဍာန် ပျက်ယွင်းလာတာ သတိထားမိနိုင်ပါတယ်။
    ရင်သားတဝိုက်လက္ခဏာများ –  ဆီလီကွန်ရင်သားအတုပေါက်ပြဲတဲ့အခါ ရင်သားအတု ပတ်ဝန်းကျင်မှာရှိနေတဲ့ တစ်ရှူးတွေမှာ အပြောင်းအလဲတွေဖြစ်စေနိုင်ပါတယ်။ ၎င်းနားတဝိုက် အသားအရေက နီရဲလာနိုင်ပြီး ရင်သားမှာရောင်ရမ်းလာနိုင်ပါတယ်။ ရင်သားအတုထည့်သွင်းထားတဲ့တဝိုက်မှာ ရည်ကြည်ဖုလေးတွေဖြစ်လာသလိုခံစားရနိုင်ပြီး ယိုစိမ့်မှုရှိလာတဲ့ဘက်ခြမ်းက လက်မောင်း သို့မဟုတ် ပခုံးမှာ နေရခက်တာတွေဖြစ်စေနိုင်ပါတယ်။ ရင်သားမှာ ထုံသလို ကျဉ်သလို ခံစားချက်၊ ပူကနဲ ခံစားချက်၊ နာကျင်မှုတို့ကို ခံစားရနိုင်ပါတယ်။
    ရောဂါရှာဖွေစစ်ဆေးခြင်း – လက္ခဏာမပြတဲ့ ဆီလီကွန်ရင်သား ပေါက်ပြဲမှုဖြစ်နေပြီလို့ ဆရာဝန်က သံသယရှိလာရင် MRI စစ်ဆေးမှုက အဖြေထုတ်ပေးနိုင်ပါတယ်။ MRI စစ်ဆေးမှုရဲ့ရလဒ်က ၉၀ ရာခိုင်နှုန်းသေချာနိုင်ပါတယ်။
    ဆီလီကွန်နှင့်တခြားရောဂါများ – ဆီလီကွန်ဂျယ် ရင်သားအတုတွေက scleroderma(အရေပြားမာရောဂါ)၊ fibromyalgia (အရွတ်ကြောနာ) နဲ့ တခြားတွယ်ဆက်တစ်ရှူးရောဂါတွေလို ပြင်းထန်တဲ့ရောဂါတွေဖြစ်လာမှာကို စိုးရိမ်စရာတော့ရှိပါတယ်။

ဆီလီကွန်ရင်သားက လေယာဉ်စီးရင် ပေါက်ကွဲနိုင်သလား

ရင်သားအလှပြုပြင်ခွဲစိတ်ဖို့စဉ်းစားနေတဲ့ အမျိုးသမီးတွေက ဒီရင်သားအတုတွေကြောင့် ဘေးကင်းမကင်းကို မေးခွန်းထုတ်တတ်ကြပါတယ်။ အများစုကတော့ ဒီလိုထည့်သွင်းလိုက်ရင် ဘာတွေရှောင်ရမလဲ၊ ဘယ်လောက်သက်တမ်းကြာကြာခံမလဲဆိုတာကို သိချင်ကြပါတယ်။

လူတွေကြားမှာ တော်တော်လေးပြောလေ့ရှိတဲ့အကြောင်းအရာတစ်ခုကတော့ ရင်သားအစားထိုးဆီလီကွန်က လေယာဉ်စီးရင် လေထုဖိအားနည်းသွားတဲ့အခါ ပေါက်ကွဲတတ်တယ်ဆိုတာပါပဲ။ ဒါဟာမမှန်ကန်ပါဘူးလို့ Mythbusters ရုပ်သံလိုင်းက သက်သေထူ ဖော်ပြခဲ့ပါတယ်။ လေယာဉ်စီးရင်း ရင်သားမှာ တမျိုးကြီးနေရခက်တာတွေခံစားရတယ်ဆိုတာ ရင်သားအတု ဘယ်အမျိုးအစားမဆို ထည့်သွင်းထားသူတွေဆီက ကြားရတဲ့အကြောင်းအရာဖြစ်တယ်လို့ ရုပ်သံလိုင်းကဆိုပါတယ်။ တကယ်တော့ ဒီခံစားချက်က လေယာဉ်စီးတဲ့အခါ ရင်ထဲတမျိုးဖြစ်လာလေ့ရှိတဲ့ခံစားချက်ကနေဖြစ်လာတာပါ။ အများစုမှာတော့ လေထုဖိအားကပုံမှန်ပြန်ဖြစ်သွားတဲ့အခါ ဒီခံစားချက်က တဖြည်းဖြည်းလျော့ကျသွားတတ်ပါတယ်။ဒီခံစားချက်က ရင်သားအတုနဲ့မသက်ဆိုင်ပေမယ့် ဖြစ်လာရတဲ့အကြောင်းရင်းကို တိတိကျျကျပြောနိုင်ဖို့ ပဟေဠိဖြစ်နေဆဲပါ။
အပူချိန်နဲ့ ဆီလီကွန်

ရင်သားအတုတွေက ခန္ဓာကိုယ်ထဲမှာရှိနေတာဖြစ်တဲ့အတွက် ပုံမှန်အားဖြင့် ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ တူညီတဲ့အပူချိန်ကို ထိန်းသိမ်းပေးပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကြီးမှာ အေးခဲမသွားသရွေ့တော့ ရင်သားအတုကလည်း အေးခဲသွားမှာမဟုတ်သလို ခန္ဓာကိုယ်အပြင်မှာ ဖြစ်နေသလောက်လည်း အပူချိန်လွန်ကဲမှာမဟုတ်ပါဘူး။ ခန္ဓာကိုယ်အပူချိန်နဲ့တသားတည်းဖြစ်နေမှာပါ။
ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ

ရင်သားအစားထိုးခွဲစိတ်မှုအပြီးမှာ အောက်ပါအချက်တွေ အဖြစ်များပါတယ် –

    ခဏတာ နာကျင်ကိုက်ခဲမှု၊ ရောင်ရမ်းမှု၊ အနာတရဖြစ်မှု
    ရက်သီတင်းပတ်အနည်းငယ်ကြာတဲ့အထိ ရင်ဘတ်ထဲတင်းကျပ်နေသလို ခံစားရခြင်း

ရင်သားအတုထည့်သွင်းမှုက နောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ ပြဿနာတချို့ကတော့ –

    အနာရွတ်ဖြစ်လာခြင်း
    အနာရွတ်တစ်ရှူးက ရင်သားအတုတဝိုက်မှာ ကျုံ့လာခြင်း(capsular contracture)ကြောင့် ရင်သားတစ်ရှူး မာကျောမှုခံစားလာရခြင်း
    ရင်သားအတုပေါက်ပြဲခြင်း – ရင်သားစကင်န်စစ်ဆေးမှုမှာပဲတွေ့မြင်ရနိုင်တဲ့ ရည်ကြည်ဖုငယ်(siliconomas) တွေဖြစ်လာစေနိုင်ပြီး ရင်သားအတုကို ဖယ်ထုတ်ဖို့လိုလာနိုင်တယ်။
    ရင်သားအတုမှာ တွန့်ခေါက်မှုဖြစ်လာခြင်း
    ရင်သားတစ်ဖက်နဲ့တစ်ဖက်မညီခြင်း
    ရင်သားအတုက အတွင်းမှာ အနေအထားရွေ့နေခြင်း- ပုံသဏ္ဍာန်ပျက်ယွင်းစေနိုင်ပါတယ်။
    ရင်သားအတုရဲ့မျက်နှာပြင်မှာ ကပ်နေတဲ့ အပေါ်ယံအလွှာပါး ကွာထွက်ခြင်း- ကုသရခက်နိုင်ပါတယ်။
    နို့သီးခေါင်းထိပ်မှာ အာရုံကြောပြဿနာတွေဖြစ်လာနိုင်ခြင်း – ၎င်းနေရာမှာ အာရုံသိရှိနိုင်စွမ်း လျော့နည်းခြင်း၊လွန်ကဲခြင်း၊ဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာက ယာယီလည်းဖြစ်နိုင်သလို အမြဲလည်းဖြစ်သွားနိုင်ပါတယ်။
    နို့တိုက်မိခင်ဖြစ်ရင် ရင်သားမပြုပြင်ထားသူတွေလောက် နို့မထွက်နိုင်တော့ပါဘူး ။ ဒါပေမယ့် ရင်သားအလှပြုပြင်ထားသူတွေ ကလေးနို့တိုက်ရင်လည်း ကလေးကျန်းမာရေးကို မထိခိုက်စေပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: Hello Health Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top