ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

သာေကတၿမိဳ႕နယ္၊ စက္မႈလက္မႈ ရပ္ကြက္က စုေပါင္းေရဆိုးထြက္ေပါက္ဝ ငမိုးရိပ္ေခ်ာင္းကမ္းစပ္မွာ ေအာက္တိုဘာလ ၄ ရက္ မနက္ပိုင္းက ေတြ႔ခဲ့တဲ့ လူသတ္ အေလာင္းေဖ်ာက္ စြန္႔ပစ္ခံရတဲ့ အမ်ိဳးသားက ဒုသမၼတ ဟင္နရီဗန္ထီးယူရဲ႕တူျဖစ္တယ္လို႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔ကေန သိရပါတယ္။

ဦးေခါင္းေပါက္ၿပဲ ဒဏ္ရာေတြနဲ႔ ပုပ္ပြေသဆံုးေနတဲ့ (အသက္ ၂၅ ႏွစ္) က်ဲအိုလ်န္မန္းက ဒဂံုၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕နယ္၊ ၄၆ ရပ္ကြက္ ေအးရိပ္သာလမ္းမွာ ေနထိုင္သူျဖစ္ၿပီး စက္တင္ဘာလ ၂၆ ရက္ေန႔က အဆိုပါ ၿမိဳ႕မရဲစခန္းတြင္ လူေပ်ာက္တိုင္ခ်က္ ဖြင့္ထားသူျဖစ္ပါတယ္။

“မိသားစု ညစာအတူစားၿပီး သားက အိမ္ေနရင္း အဝတ္အစားနဲ႔ အိမ္အျပင္ထြက္သြားတာ။ ဖုန္းလည္း မယူသြားေတာ့ အဆက္အသြယ္ လုပ္လို႔ မရဘူး။ သူ႔ သူငယ္ခ်င္းေတြနဲ႔ ႐ံုးဆီ လွမ္းေမးေတာ့လည္း ေရာက္မလာဘူးေျပာတယ္။ မေန႔က ရဲလာေခၚမွ ေဆး႐ံုလိုက္ၾကည့္ေတာ့ ေသသူက သားျဖစ္ေနမွန္း အတည္ျပဳေပးႏိုင္ခဲ့တယ္”လို႔ ဒုသမၼတ ဟင္နရီဗန္ထီးယူႏွင့္ ညီအစ္ကို တစ္ဝမ္းကြဲေတာ္စပ္သူ ဦးဒုလ်န္းက ေျပာပါတယ္။

ဒုသမၼတ ဟင္နရီဗန္ထီးယူနဲ႔ ညီအစ္ကို တစ္ဝမ္းကြဲေတာ္စပ္သူ ဦးဒုလ်န္းက သူ႔ရဲ႕သားျဖစ္သူ က်ဲအိုလ်န္မန္းက စက္တင္ဘာလ ၂၂ ရက္ ည ၈ နာရီက ေနအိမ္ကေနအျပင္ ထြက္သြားခဲ့ၿပီးေနာက္ ေပ်ာက္ဆံုးခဲ့တာလို႔ ဆိုပါတယ္။

“သားမွာ အြန္လိုင္းေပၚကေန သမီးရည္းစားျဖစ္ေနတဲ့ အမ်ိဳးသမီး တစ္ေယာက္ေတာ့ ရွိတယ္။ သူတို႔ ႏွစ္ေယာက္က အျပင္မွာေတာ့ တစ္ခါမွ မဆံုဘူးၾကဘူး။ အခု ဒီအမ်ိဳးသမီး ကို အဆက္အသြယ္ လုပ္လို႔မရဘူး။ သူ႔ကို ရဲတပ္ဖြဲ႔က မသကၤာလို႔ လိုက္စံုစမ္းေနတယ္”လို႔ ဦးဒုလ်န္းက ေျပာပါတယ္။

အဆိုပါ လူသတ္မႈကို အေလာင္းေတြ႔ရွိခဲ့တဲ့ နယ္ေျမအပိုင္ သဃၤန္းကၽြန္းနယ္ေျမ ရဲစခန္းမွာ (ပ) ၁၁၀၄/၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ နဲ႔ အမႈဖြင့္ အေရးယူထားၿပီး အမႈနဲ႔ ပတ္သက္ ဆက္ႏႊယ္ေနသူေတြကို ဒဂံုၿမိဳ႕သစ္ေျမာက္ပိုင္းၿမိဳ႕မရဲစခန္းမွာ ေခၚစစ္ေဆးေနတယ္လုိ႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔ကေန သိရပါတယ္။

Source : The Voice
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
သာကေတမြို့နယ်၊ စက်မှုလက်မှု ရပ်ကွက်က စုပေါင်းရေဆိုးထွက်ပေါက်ဝ ငမိုးရိပ်ချောင်းကမ်းစပ်မှာ အောက်တိုဘာလ ၄ ရက် မနက်ပိုင်းက တွေ့ခဲ့တဲ့ လူသတ် အလောင်းဖျောက် စွန့်ပစ်ခံရတဲ့ အမျိုးသားက ဒုသမ္မတ ဟင်နရီဗန်ထီးယူရဲ့တူဖြစ်တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတွေနဲ့ ပုပ်ပွသေဆုံးနေတဲ့ (အသက် ၂၅ နှစ်) ကျဲအိုလျန်မန်းက ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၆ ရပ်ကွက် အေးရိပ်သာလမ်းမှာ နေထိုင်သူဖြစ်ပြီး စက်တင်ဘာလ ၂၆ ရက်နေ့က အဆိုပါ မြို့မရဲစခန်းတွင် လူပျောက်တိုင်ချက် ဖွင့်ထားသူဖြစ်ပါတယ်။

“မိသားစု ညစာအတူစားပြီး သားက အိမ်နေရင်း အဝတ်အစားနဲ့ အိမ်အပြင်ထွက်သွားတာ။ ဖုန်းလည်း မယူသွားတော့ အဆက်အသွယ် လုပ်လို့ မရဘူး။ သူ့ သူငယ်ချင်းတွေနဲ့ ရုံးဆီ လှမ်းမေးတော့လည်း ရောက်မလာဘူးပြောတယ်။ မနေ့က ရဲလာခေါ်မှ ဆေးရုံလိုက်ကြည့်တော့ သေသူက သားဖြစ်နေမှန်း အတည်ပြုပေးနိုင်ခဲ့တယ်”လို့ ဒုသမ္မတ ဟင်နရီဗန်ထီးယူနှင့် ညီအစ်ကို တစ်ဝမ်းကွဲတော်စပ်သူ ဦးဒုလျန်းက ပြောပါတယ်။

ဒုသမ္မတ ဟင်နရီဗန်ထီးယူနဲ့ ညီအစ်ကို တစ်ဝမ်းကွဲတော်စပ်သူ ဦးဒုလျန်းက သူ့ရဲ့သားဖြစ်သူ ကျဲအိုလျန်မန်းက စက်တင်ဘာလ ၂၂ ရက် ည ၈ နာရီက နေအိမ်ကနေအပြင် ထွက်သွားခဲ့ပြီးနောက် ပျောက်ဆုံးခဲ့တာလို့ ဆိုပါတယ်။

“သားမှာ အွန်လိုင်းပေါ်ကနေ သမီးရည်းစားဖြစ်နေတဲ့ အမျိုးသမီး တစ်ယောက်တော့ ရှိတယ်။ သူတို့ နှစ်ယောက်က အပြင်မှာတော့ တစ်ခါမှ မဆုံဘူးကြဘူး။ အခု ဒီအမျိုးသမီး ကို အဆက်အသွယ် လုပ်လို့မရဘူး။ သူ့ကို ရဲတပ်ဖွဲ့က မသင်္ကာလို့ လိုက်စုံစမ်းနေတယ်”လို့ ဦးဒုလျန်းက ပြောပါတယ်။

အဆိုပါ လူသတ်မှုကို အလောင်းတွေ့ရှိခဲ့တဲ့ နယ်မြေအပိုင် သင်္ဃန်းကျွန်းနယ်မြေ ရဲစခန်းမှာ (ပ) ၁၁၀၄/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားပြီး အမှုနဲ့ ပတ်သက် ဆက်နွှယ်နေသူတွေကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့မရဲစခန်းမှာ ခေါ်စစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

Source : The Voice

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top