Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေကာ္ဖီအရမ္းမေသာက္သင့္ဘူး။

 အိပ္ေရးမဝလို႔ လန္းလန္းဆန္းဆန္း မျဖစ္တဲ့အခါ ေကာ္ဖီကိုပဲ အားကိုးျဖစ္ၾကပါတယ္။ ေကာ္ဖီမွာပါတဲ့ ကဖင္းဓာတ္က အာ႐ံုေၾကာေတြကို တက္ၾကြေစၿပီး လူကိုႏိုးၾကားဖ်တ္လတ္ေစပါတယ္။ ဒါေပမဲ့ ကဖင္းဓာတ္ဟာ အလြန္အကၽြံေသာက္သံုးဖုိ႔မသင့္ပါဘူး။

မၾကာေသးခင္က Phsiology & Behavior မွာ ေဖာ္ျပခဲ့တဲ့ ေလ့လာမႈတစ္ခုရဲ႕ရလာဒ္အရဆုိရင္ ေလွကားအတက္အဆင္းလုပ္တာက ေကာ္ဖီေသာက္ျခင္းေၾကာင့္ရတဲ့ ရလာဒ္ထက္ ပိုေကာင္းတယ္လို႔ သိရပါတယ္။

ဒီေလ့လာမႈမွာ သုေတသီေတြက တစ္ညကို အိပ္ခ်ိန္ ၆ နာရီခြဲထက္ ေလ်ာ့နည္းတဲ့ အိပ္ေရးမဝသူ အမ်ိဳးသမီးေတြကို သူတုိ႔ရဲ႕စြမ္းအားျမႇင့္တင္ေပးႏိုင္မယ့္ နည္းလမ္းေပါင္းမ်ားစြာကို လုပ္ေဆာင္ၾကည့္ေစခဲ့ပါတယ္။ ေလ့လာမႈ ပထမအေက်ာ့မွာ ကဖင္းဓာတ္ ၅၀ မီလီဂရမ္ပါတဲ့ေဆးေတာင့္ သို႔မဟုတ္ အာနိသင္မ႐ွိတဲ့ေဆးေတာင့္တစ္ခုကို ယူခဲ့ၾကပါတယ္။ ကဖင္းဓာတ္ ၅၀ မီလီဂရမ္ဆုိတာ ေကာ္ဖီခြက္ေသးတစ္ခြက္စာနဲ႔ ညီမွ်ပါတယ္။ ေလ့လာမႈ ဒုတိယအေက်ာ့မွာေတာ့ လူတုိင္းက ေလွကားေတြေပၚမွာ ၁၀ မိနစ္ခန္႔ သိပ္အျပင္းအထန္မဟုတ္ဘဲ လမ္းေလွ်ာက္ရပါတယ္။ ယင္းလမ္းေလွ်ာက္မႈမွာ ေလွကားအခ်ိဳး ၃၀ ႐ွိပါတယ္။

ႏွစ္ေက်ာ့လံုးၿပီးသြားခ်ိန္မွာေတာ့ ေလ့လာသူေတြဟာ သူတုိ႔ရဲ႕ သတိ႐ွိမႈ၊ အလုပ္လုပ္တဲ့မွတ္ဉာဏ္၊ အလုပ္အတြက္တက္ၾကြမႈနဲ႔ စြမ္းအားပမာဏတုိ႔ကို စမ္းသပ္ခဲ့ၾကပါတယ္။ အဲ့ဒီအခါမွာေတာ့ ေလွကားေတြကို ၁၀ မိနစ္ၾကာ အတက္အဆင္းလုပ္ျခင္းဟာ ကဖင္းဓာတ္မွီဝဲခဲ့သူေတြထက္ ရလာဒ္ပိုေကာင္းတာကို ေတြ႕ခဲ့ရပါတယ္။  

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ကော်ဖီအရမ်းမသောက်သင့်ဘူး။



 အိပ်ရေးမဝလို့ လန်းလန်းဆန်းဆန်း မဖြစ်တဲ့အခါ ကော်ဖီကိုပဲ အားကိုးဖြစ်ကြပါတယ်။ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က အာရုံကြောတွေကို တက်ကြွစေပြီး လူကိုနိုးကြားဖျတ်လတ်စေပါတယ်။ ဒါပေမဲ့ ကဖင်းဓာတ်ဟာ အလွန်အကျွံသောက်သုံးဖို့မသင့်ပါဘူး။



မကြာသေးခင်က Phsiology & Behavior မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုရဲ့ရလာဒ်အရဆိုရင် လှေကားအတက်အဆင်းလုပ်တာက ကော်ဖီသောက်ခြင်းကြောင့်ရတဲ့ ရလာဒ်ထက် ပိုကောင်းတယ်လို့ သိရပါတယ်။



ဒီလေ့လာမှုမှာ သုတေသီတွေက တစ်ညကို အိပ်ချိန် ၆ နာရီခွဲထက် လျော့နည်းတဲ့ အိပ်ရေးမဝသူ အမျိုးသမီးတွေကို သူတို့ရဲ့စွမ်းအားမြှင့်တင်ပေးနိုင်မယ့် နည်းလမ်းပေါင်းများစွာကို လုပ်ဆောင်ကြည့်စေခဲ့ပါတယ်။ လေ့လာမှု ပထမအကျော့မှာ ကဖင်းဓာတ် ၅၀ မီလီဂရမ်ပါတဲ့ဆေးတောင့် သို့မဟုတ် အာနိသင်မရှိတဲ့ဆေးတောင့်တစ်ခုကို ယူခဲ့ကြပါတယ်။ ကဖင်းဓာတ် ၅၀ မီလီဂရမ်ဆိုတာ ကော်ဖီခွက်သေးတစ်ခွက်စာနဲ့ ညီမျှပါတယ်။ လေ့လာမှု ဒုတိယအကျော့မှာတော့ လူတိုင်းက လှေကားတွေပေါ်မှာ ၁၀ မိနစ်ခန့် သိပ်အပြင်းအထန်မဟုတ်ဘဲ လမ်းလျှောက်ရပါတယ်။ ယင်းလမ်းလျှောက်မှုမှာ လှေကားအချိုး ၃၀ ရှိပါတယ်။



နှစ်ကျော့လုံးပြီးသွားချိန်မှာတော့ လေ့လာသူတွေဟာ သူတို့ရဲ့ သတိရှိမှု၊ အလုပ်လုပ်တဲ့မှတ်ဉာဏ်၊ အလုပ်အတွက်တက်ကြွမှုနဲ့ စွမ်းအားပမာဏတို့ကို စမ်းသပ်ခဲ့ကြပါတယ်။ အဲ့ဒီအခါမှာတော့ လှေကားတွေကို ၁၀ မိနစ်ကြာ အတက်အဆင်းလုပ်ခြင်းဟာ ကဖင်းဓာတ်မှီဝဲခဲ့သူတွေထက် ရလာဒ်ပိုကောင်းတာကို တွေ့ခဲ့ရပါတယ်။ 


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top