Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တကယ္ေတာ႔ ညဘက္ေရခ်ိဳးျခင္းဟာ က်န္းမာေရး၊ လူမႈေရး၊ အလွအပေရးရာ စတဲ႔ ရႈေထာင္႔ေတြအတြက္ ပိုမိုေကာင္းမြန္ေစတဲ႔ အက်ိဳးေက်းဇူးေတြ ပါရွိေနပါတယ္။
ကြ်န္ေတာ္တို႔အမ်ားစုဟာ မနက္ခင္းအခ်ိန္မွာ ေရခ်ိဳးေလ႔ရွိၾကပါတယ္။ ရံုးသမားပဲျဖစ္ျဖစ္၊ ေက်ာင္းသမားပဲျဖစ္ျဖစ္၊ အိမ္ရွင္မပဲျဖစ္ျဖစ္ မနက္ခင္းအခ်ိန္မွာပဲ ေရခ်ိဳးေလ႔ရွိၾကပါတယ္။ မိမိတို႔ရဲ႕ တစ္ေန႔တာကို ပိုမိုလန္းဆန္းတက္ၾကြစြာ ျဖတ္သန္းႏိုင္ဖို႔ဆိုတဲ႔ ရည္ရြယ္ခ်က္ေတြနဲ႔ မနက္ပိုင္းမွာ ေရခ်ိဳးၾကတာပါ။  

ဒါေပမယ္႔ ညဘက္ေကာ ေရခ်ိဳးၾကပါသလား။ တကယ္ေတာ႔ ညဘက္ေရခ်ိဳးျခင္းဟာ က်န္းမာေရး၊ လူမႈေရး၊ အလွအပေရးရာ စတဲ႔ ရႈေထာင္႔ေတြအတြက္ ပိုမိုေကာင္းမြန္ေစတဲ႔ အက်ိဳးေက်းဇူးေတြ ပါရွိေနပါတယ္။ အဲဒါေတြကေတာ႔...
၁။ ခႏၶာကိုယ္ကို သန္႔ရွင္းစင္ၾကယ္ေစတယ္
စဥ္းစားၾကည္႔ပါဦး။ မနက္ပိုင္းမွာ ေရမိုးခ်ိဳးၿပီး အလုပ္ကိုသြားမယ္။ ရံုးတက္၊ ရံုးဆင္းခ်ိန္မွာ ရထားစီး၊ ကားစီးရင္း ဖုန္တလံုးလံုး၊ ေခြ်းတလံုးလံုးနဲ႔ လူေတြၾကားထဲ တိုးရမယ္ဆိုရင္ တကိုယ္လံုး ဖုန္ေတြ၊ ေခြ်းေတြနဲ႔ ေပက်ံနံေစာ္ေနမွာပါပဲ။ အဲဒါကို ေရမိုးမခ်ိဳးဘဲ အိပ္ယာဝင္သြားမယ္ဆိုရင္ အိပ္လို႔အဆင္မေျပႏိုင္သလို က်န္းမာေရးအတြက္လည္း မေကာင္းပါဘူး။ တစ္ကိုယ္လံုးက အညစ္အေၾကးေတြက အိပ္ယာနဲ႔ ေခါင္းအံုးေတြေပၚေရာက္ၿပီး ကူးစက္ပိုးမႊားေတြကို ဖိတ္ေခၚေနသလို ျဖစ္ေစမွာပါ။ ဒါေတြကို ေရွာင္ရွားဖို႔အတြက္ ညအခ်ိန္မွာ ေရခ်ိဳးေပးသင္႔ပါတယ္။
၂။ သက္ေတာင္႔သက္သာရွိမယ္
တစ္ေနကုန္ ဘယ္ေလာက္ပဲ ပင္ပန္းခဲ႔၊ ပင္ပန္းခဲ႔... ညဘက္ေရခ်ိဳးလိုက္ရတယ္ဆိုရင္ တစ္ကိုယ္လံုး ေပါ႔ပါးလန္းဆန္းေစမွာ အမွန္ပါပဲ။ လုပ္ငန္းခြင္ အခက္အခဲေတြေၾကာင္႕ စိတ္ဖိစီးမႈေတြရယ္၊ လူပင္ပန္းမႈေတြရယ္ကို ဖယ္ရွားေပးဖို႔အတြက္ ညဘက္ေရခ်ိဳးၿပီးမွ အိပ္ယာထဲဝင္တာ အေကာင္းဆံုးပါပဲ။
၃။ ပင္ပန္းႏြမ္းနယ္မႈေတြကို ဖယ္ရွားေပးတယ္
ညဘက္အခ်ိန္မွာ ေရခ်ိဳးျခင္းက ခႏၶာကိုယ္မွာ ပင္ပန္းႏြမ္းနယ္ေနမႈေတြကိုလည္း ဖယ္ရွားေပးႏိုင္ပါတယ္။ အမွန္တကယ္ေတာ႔ ေရခ်ိဳးလိုက္ၿပီဆိုတာနဲ႔ ပင္ပန္းႏြမ္းနယ္မႈေတြကို ေရနဲ႔ ေဆးခ်လိုက္တာနဲ႔ အတူတူပါပဲ။ ဆန္႔က်င္စြာနဲ႔ပဲ ညဘက္ေရမခ်ိဳးရင္ေတာ႔ တစ္ညလံုး ခႏၶာကိုယ္က ပင္ပန္းႏြမ္းနယ္ေနၿပီး ေကာင္းေကာင္းအိပ္ေပ်ာ္မွာ မဟုတ္ပါဘူး။
၄။ အေရျပားကို ပိုမိုက်န္းမာေစတယ္
က်န္းမာသန္႔ရွင္းတဲ႔ အသားအေရဆိုတာ လူတိုင္းအတြက္ လိုအပ္ပါတယ္။ အသားအေရေလး လွေနရင္ ဘယ္သူမဆို ၾကည္႔လို႔ပိုေကာင္းေနေစၿပီး က်န္းမာေရးအရလည္း ပိုမိုေကာင္းမြန္ပါတယ္။ ေနာက္ၿပီး က်န္းမာသန္႔ရွင္းတဲ႔ အေရျပားက ဝက္ျခံ၊ မွဲ႔ေျခာက္၊ အနီကြက္ အစရွိတဲ႔ အေရျပားျပႆနာေတြကိုလည္း ကင္းရွင္းေစႏိုင္ပါတယ္။
၅။ ေကာင္းေကာင္းအိပ္ေပ်ာ္ေစတယ္
လူတိုင္းလူတုိင္း ေကာင္းမြန္စြာအိပ္စက္ဖို႔ လိုအပ္ပါတယ္။ ညဘက္ ေကာင္းမြန္စြာ အိပ္စက္ျခင္းက ေနာက္တစ္ေန႔႔မွာ ေကာင္းေကာင္း အလုပ္လုပ္ႏိုင္ဖို႔အတြက္ အားအင္ျပန္လည္ ျဖည္႔တင္းျခင္းပါပဲ။ ညဘက္မွာ ေရခ်ိဳးေပးမယ္ဆိုရင္ စိတ္ေရာ လူပါ လန္းဆန္းေစတဲ႔အတြက္ အိပ္ေကာင္းျခင္းနဲ႔ အိပ္ရေအာင္ ကူညီေပးႏိုင္ပါတယ္။ ဒါဟာ အလုပ္ထဲမွာ လုပ္ရည္ကိုင္ရည္ ပိုမိုေကာင္းမြန္ ေစဖို႔အတြက္ တစ္ဖက္တစ္လမ္းက ကူညီေပးရာလည္း ေရာက္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version#
တကယ်တော့ ညဘက်ရေချိုးခြင်းဟာ ကျန်းမာရေး၊ လူမှုရေး၊ အလှအပရေးရာ စတဲ့ ရှုထောင့်တွေအတွက် ပိုမိုကောင်းမွန်စေတဲ့ အကျိုးကျေးဇူးတွေ ပါရှိနေပါတယ်။

ကျွန်တော်တို့အများစုဟာ မနက်ခင်းအချိန်မှာ ရေချိုးလေ့ရှိကြပါတယ်။ ရုံးသမားပဲဖြစ်ဖြစ်၊ ကျောင်းသမားပဲဖြစ်ဖြစ်၊ အိမ်ရှင်မပဲဖြစ်ဖြစ် မနက်ခင်းအချိန်မှာပဲ ရေချိုးလေ့ရှိကြပါတယ်။ မိမိတို့ရဲ့ တစ်နေ့တာကို ပိုမိုလန်းဆန်းတက်ကြွစွာ ဖြတ်သန်းနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မနက်ပိုင်းမှာ ရေချိုးကြတာပါ။ 


ဒါပေမယ့် ညဘက်ကော ရေချိုးကြပါသလား။ တကယ်တော့ ညဘက်ရေချိုးခြင်းဟာ ကျန်းမာရေး၊ လူမှုရေး၊ အလှအပရေးရာ စတဲ့ ရှုထောင့်တွေအတွက် ပိုမိုကောင်းမွန်စေတဲ့ အကျိုးကျေးဇူးတွေ ပါရှိနေပါတယ်။ အဲဒါတွေကတော့...

၁။ ခန္ဓာကိုယ်ကို သန့်ရှင်းစင်ကြယ်စေတယ်

စဉ်းစားကြည့်ပါဦး။ မနက်ပိုင်းမှာ ရေမိုးချိုးပြီး အလုပ်ကိုသွားမယ်။ ရုံးတက်၊ ရုံးဆင်းချိန်မှာ ရထားစီး၊ ကားစီးရင်း ဖုန်တလုံးလုံး၊ ချွေးတလုံးလုံးနဲ့ လူတွေကြားထဲ တိုးရမယ်ဆိုရင် တကိုယ်လုံး ဖုန်တွေ၊ ချွေးတွေနဲ့ ပေကျံနံစော်နေမှာပါပဲ။ အဲဒါကို ရေမိုးမချိုးဘဲ အိပ်ယာဝင်သွားမယ်ဆိုရင် အိပ်လို့အဆင်မပြေနိုင်သလို ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ တစ်ကိုယ်လုံးက အညစ်အကြေးတွေက အိပ်ယာနဲ့ ခေါင်းအုံးတွေပေါ်ရောက်ပြီး ကူးစက်ပိုးမွှားတွေကို ဖိတ်ခေါ်နေသလို ဖြစ်စေမှာပါ။ ဒါတွေကို ရှောင်ရှားဖို့အတွက် ညအချိန်မှာ ရေချိုးပေးသင့်ပါတယ်။

၂။ သက်တောင့်သက်သာရှိမယ်

တစ်နေကုန် ဘယ်လောက်ပဲ ပင်ပန်းခဲ့၊ ပင်ပန်းခဲ့... ညဘက်ရေချိုးလိုက်ရတယ်ဆိုရင် တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းစေမှာ အမှန်ပါပဲ။ လုပ်ငန်းခွင် အခက်အခဲတွေကြောင့် စိတ်ဖိစီးမှုတွေရယ်၊ လူပင်ပန်းမှုတွေရယ်ကို ဖယ်ရှားပေးဖို့အတွက် ညဘက်ရေချိုးပြီးမှ အိပ်ယာထဲဝင်တာ အကောင်းဆုံးပါပဲ။

၃။ ပင်ပန်းနွမ်းနယ်မှုတွေကို ဖယ်ရှားပေးတယ်

ညဘက်အချိန်မှာ ရေချိုးခြင်းက ခန္ဓာကိုယ်မှာ ပင်ပန်းနွမ်းနယ်နေမှုတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ အမှန်တကယ်တော့ ရေချိုးလိုက်ပြီဆိုတာနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ရေနဲ့ ဆေးချလိုက်တာနဲ့ အတူတူပါပဲ။ ဆန့်ကျင်စွာနဲ့ပဲ ညဘက်ရေမချိုးရင်တော့ တစ်ညလုံး ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်နေပြီး ကောင်းကောင်းအိပ်ပျော်မှာ မဟုတ်ပါဘူး။

၄။ အရေပြားကို ပိုမိုကျန်းမာစေတယ်

ကျန်းမာသန့်ရှင်းတဲ့ အသားအရေဆိုတာ လူတိုင်းအတွက် လိုအပ်ပါတယ်။ အသားအရေလေး လှနေရင် ဘယ်သူမဆို ကြည့်လို့ပိုကောင်းနေစေပြီး ကျန်းမာရေးအရလည်း ပိုမိုကောင်းမွန်ပါတယ်။ နောက်ပြီး ကျန်းမာသန့်ရှင်းတဲ့ အရေပြားက ဝက်ခြံ၊ မှဲ့ခြောက်၊ အနီကွက် အစရှိတဲ့ အရေပြားပြဿနာတွေကိုလည်း ကင်းရှင်းစေနိုင်ပါတယ်။

၅။ ကောင်းကောင်းအိပ်ပျော်စေတယ်

လူတိုင်းလူတိုင်း ကောင်းမွန်စွာအိပ်စက်ဖို့ လိုအပ်ပါတယ်။ ညဘက် ကောင်းမွန်စွာ အိပ်စက်ခြင်းက နောက်တစ်နေ့မှာ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့အတွက် အားအင်ပြန်လည် ဖြည့်တင်းခြင်းပါပဲ။ ညဘက်မှာ ရေချိုးပေးမယ်ဆိုရင် စိတ်ရော လူပါ လန်းဆန်းစေတဲ့အတွက် အိပ်ကောင်းခြင်းနဲ့ အိပ်ရအောင် ကူညီပေးနိုင်ပါတယ်။ ဒါဟာ အလုပ်ထဲမှာ လုပ်ရည်ကိုင်ရည် ပိုမိုကောင်းမွန် စေဖို့အတွက် တစ်ဖက်တစ်လမ်းက ကူညီပေးရာလည်း ရောက်ပါတယ်။ 

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top