ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အိႏၵိယနိုင္ငံက ၁၀ ႏွစ္အရြယ္ မိန္းကေလးတေယာက္ဟာ ဦးေလးေတာ္စပ္သူေတြရဲ့ အဓမၼျပဳက်င့္ခံရၿပီး ရလာတဲ့ ကိုယ္ဝန္ကေနေမြးဖြားလာတဲ့ ကေလးငယ္ရဲ့ ဖခင္ျဖစ္သူကို ရဲကေဖာ္ထုတ္လိုက္နိုင္ ၿပီျဖစ္ ပါတယ္။အဲ့ဒီကေလးငယ္ကို ကိုယ္ဝန္ရေစသူအျဖစ္ မူလကဖမ္းဆီးထားတဲ့ ဦးေလးျဖစ္သူနဲ႔ ကေလးရဲ့ မ်ိဳးဗီဇ (ဒီအန္ေအ) ကို တိုက္ဆိုင္စစ္ေဆးရာမွာ မတူညီခဲ့တဲ့အတြက္ ဦးေလးေတာ္စပ္သူေတြထဲက ကနဦး ဖမ္းဆီး ထားသူရဲ့ ညီျဖစ္သူကို ရဲက သံသယတရားခံ အျဖစ္ထပ္မံ ဖမ္းဆီးခဲ့တာပါ။အဲဒီမွာ ဒုတိယ ဦးေလးရဲ့ ဒီအန္ေအနဲ႔ တူညီေနတဲ့ အတြက္ သူ႔ကို တရားစြဲဖို႔ စီစဥ္ေနတယ္လို႔ ခ်န္ဒီဂါး ၿမိဳ႕ေတာ္ အႀကီးတန္း ရဲမွူး နီလန္ဘာရီဗီေဂ်းက ဘီဘီစီကို ေျပာပါတယ္။

ဒီအမွုအတြက္ ေနာက္ထပ္ၾကားနာမွုကို လာမယ့္ အဂၤါေန႔ ေဒသတရား႐ုံးမွာ ျပဳလုပ္သြားဖို႔ရွိပါတယ္။ကနဦးက ဖမ္းဆီးထားခဲ့တဲ့ ကေလးမေလးရဲ့ ဦးေလးျဖစ္သူကိုလည္း ဆက္လက္ဖမ္းဆီးထားၿပီး သူဟာလည္း ကေလးမေလးကို အဓမၼျပဳက်င့္တဲ့ ထဲမွာပါတယ္လို႔ ယုံၾကည္ထားတဲ့အတြက္ျဖစ္ပါတယ္။ဒီႏွစ္ ဇူလိုင္လလယ္ေလာက္မွာ ကေလးမေလးဟာ အစာအိမ္နာလို႔ မိဘေတြက ေဆး႐ုံေခၚသြားျပရာကေန သူ႔မွာ ကိုယ္ဝန္ရွိေနတာကို သိခဲ့ရတာပါ။ဦးေလး ေတာ္စပ္သူေတြရဲ့ မတရားျပဳက်င့္တာကိုခံရၿပီး ရလာတဲ့ဒီကိုယ္ဝန္ကို ဖ်က္ခ်ဖို႔ တင္ျပခဲ့ေပမယ့္ တရား႐ုံးက ခြင့္မျပဳခဲ့တဲ့အတြက္ ၁၀ ႏွစ္အရြယ္ ကေလးမေလးဟာ ဒီကိုယ္ဝန္ကို ေမြးဖြားခဲ့ရတာျဖစ္ပါတယ္။

ဒီအမွုဟာ အိႏၵိယမွာသာမက တကမၻာလုံးကစိတ္ဝင္စားေနတဲ့အမွုလည္းျဖစ္ပါတယ္။အိႏၵိယနိုင္ငံတြင္းက တရား႐ုံးေတြမွာ ၿပီးခဲ့တဲ့ လေတြအတြင္း အလားတူအမွုေတြအတြက္ ကိုယ္ဝန္ဖ်က္ခ်ဖို႔ အသနားခံစာအမ်ားအျပားကိုရရွိခဲ့ပါတယ္။ဒါေပမဲ့လည္း အိႏၵိယနိုင္ငံရဲ့ တည္ဆဲဥပေဒအရ မိခင္ေလာင္း အသက္အႏၲရာယ္ ျဖစ္နိုင္တယ္လို႔ ဆရာဝန္ရဲ့ အတည္ျပဳခ်က္ မပါရင္ သီတင္းပတ္ ၂၀ ေက်ာ္ေနၿပီး ကိုယ္ဝန္ေတြကို ဖ်က္ခ်ခြင့္ မျပဳပါဘူး။သက္ငယ္မုဒိန္းမွု အမ်ားစုမွာ ခံရသူကေလးငယ္ေတြဟာ သူတို႔ကိုယ္တိုင္ ဘာျဖစ္ေနတယ္ဆိုတာ သိရွိ နားလည္တာမ်ိဳးမရွိတဲ့အတြက္ ကိုယ္ဝန္အေတာ္မ်ားမ်ားဟာ ေနာက္က်ၿပီးမွ သိရတဲ့ အေျခေနေတြျဖစ္ ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC Burmese

#Unicode Version#
အိန္ဒိယနိုင်ငံက ၁၀ နှစ်အရွယ် မိန်းကလေးတယောက်ဟာ ဦးလေးတော်စပ်သူတွေရဲ့ အဓမ္မပြုကျင့်ခံရပြီး ရလာတဲ့ ကိုယ်ဝန်ကနေမွေးဖွားလာတဲ့ ကလေးငယ်ရဲ့ ဖခင်ဖြစ်သူကို ရဲကဖော်ထုတ်လိုက်နိုင် ပြီဖြစ် ပါတယ်။အဲ့ဒီကလေးငယ်ကို ကိုယ်ဝန်ရစေသူအဖြစ် မူလကဖမ်းဆီးထားတဲ့ ဦးလေးဖြစ်သူနဲ့ ကလေးရဲ့ မျိုးဗီဇ (ဒီအန်အေ) ကို တိုက်ဆိုင်စစ်ဆေးရာမှာ မတူညီခဲ့တဲ့အတွက် ဦးလေးတော်စပ်သူတွေထဲက ကနဦး ဖမ်းဆီး ထားသူရဲ့ ညီဖြစ်သူကို ရဲက သံသယတရားခံ အဖြစ်ထပ်မံ ဖမ်းဆီးခဲ့တာပါ။အဲဒီမှာ ဒုတိယ ဦးလေးရဲ့ ဒီအန်အေနဲ့ တူညီနေတဲ့ အတွက် သူ့ကို တရားစွဲဖို့ စီစဉ်နေတယ်လို့ ချန်ဒီဂါး မြို့တော် အကြီးတန်း ရဲမှူး နီလန်ဘာရီဗီဂျေးက ဘီဘီစီကို ပြောပါတယ်။


ဒီအမှုအတွက် နောက်ထပ်ကြားနာမှုကို လာမယ့် အင်္ဂါနေ့ ဒေသတရားရုံးမှာ ပြုလုပ်သွားဖို့ရှိပါတယ်။ကနဦးက ဖမ်းဆီးထားခဲ့တဲ့ ကလေးမလေးရဲ့ ဦးလေးဖြစ်သူကိုလည်း ဆက်လက်ဖမ်းဆီးထားပြီး သူဟာလည်း ကလေးမလေးကို အဓမ္မပြုကျင့်တဲ့ ထဲမှာပါတယ်လို့ ယုံကြည်ထားတဲ့အတွက်ဖြစ်ပါတယ်။ဒီနှစ် ဇူလိုင်လလယ်လောက်မှာ ကလေးမလေးဟာ အစာအိမ်နာလို့ မိဘတွေက ဆေးရုံခေါ်သွားပြရာကနေ သူ့မှာ ကိုယ်ဝန်ရှိနေတာကို သိခဲ့ရတာပါ။ဦးလေး တော်စပ်သူတွေရဲ့ မတရားပြုကျင့်တာကိုခံရပြီး ရလာတဲ့ဒီကိုယ်ဝန်ကို ဖျက်ချဖို့ တင်ပြခဲ့ပေမယ့် တရားရုံးက ခွင့်မပြုခဲ့တဲ့အတွက် ၁၀ နှစ်အရွယ် ကလေးမလေးဟာ ဒီကိုယ်ဝန်ကို မွေးဖွားခဲ့ရတာဖြစ်ပါတယ်။


ဒီအမှုဟာ အိန္ဒိယမှာသာမက တကမ္ဘာလုံးကစိတ်ဝင်စားနေတဲ့အမှုလည်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံတွင်းက တရားရုံးတွေမှာ ပြီးခဲ့တဲ့ လတွေအတွင်း အလားတူအမှုတွေအတွက် ကိုယ်ဝန်ဖျက်ချဖို့ အသနားခံစာအများအပြားကိုရရှိခဲ့ပါတယ်။ဒါပေမဲ့လည်း အိန္ဒိယနိုင်ငံရဲ့ တည်ဆဲဥပဒေအရ မိခင်လောင်း အသက်အန္တရာယ် ဖြစ်နိုင်တယ်လို့ ဆရာဝန်ရဲ့ အတည်ပြုချက် မပါရင် သီတင်းပတ် ၂၀ ကျော်နေပြီး ကိုယ်ဝန်တွေကို ဖျက်ချခွင့် မပြုပါဘူး။သက်ငယ်မုဒိန်းမှု အများစုမှာ ခံရသူကလေးငယ်တွေဟာ သူတို့ကိုယ်တိုင် ဘာဖြစ်နေတယ်ဆိုတာ သိရှိ နားလည်တာမျိုးမရှိတဲ့အတွက် ကိုယ်ဝန်အတော်များများဟာ နောက်ကျပြီးမှ သိရတဲ့ အခြေနေတွေဖြစ် နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: BBC Burmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top