Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

တင္းတိပ္ဆိုတာ မ်က္နွာမွာ အမဲကြက္ေတြ မညီမညာျဖစ္လာတာကို ေခၚပါတယ္။ တင္းတိပ္ကို melasma လို႕ေခၚပါတယ္။ melas ဆိုတာ ဂရိစကားကလာတယ္။ အမဲေရာင္ဆိုတဲ့အဓိပၸါယ္သက္ေရာက္တယ္။ တခ်ိဳ႕က chloasma တဲ့။ ကိုယ္ဝန္ေဆာင္ေတြမွာ အျဖစ္မ်ားလို႕ ကိုယ္ဝန္ေဆာင္ မ်က္နွာဖံုးလို႕ေတာင္ တင္စားေခၚၾကတယ္။ ကုိယ္ဝန္ေဆာင္ေတြမွာ ျဖစ္ရင္ ကေလးေမြးျပီးတဲ့အခါ ျပန္ေပ်ာက္နိုင္တယ္။

ေဆးပညာမွာ ပုံမွန္ထက္ အေရာင္ရင့္တဲ့အကြက္ေတြကို hyperpigmentation လို႕ သံုးပါတယ္။ တင္းတိပ္အေၾကာင္းမေျပာခင္ တင္းတိပ္အမဲကြက္ျဖစ္ေစတဲ့ melanin အေၾကာင္းအရင္ရွင္းရပါမယ္။melaninဆိုတာ ေရာင္ျခယ္ပစၥည္းတမ်ိဳး။ melanin ထုတ္တဲ့ဆဲလ္ကို melanocyte လို႕ ေခၚပါတယ္။ melanocyte ဆိုတာ အေရျပားအေပၚလႊာ(epidermis)မွာ ရွိတဲ့ဆဲလ္ေတြျဖစ္ပါတယ္။ အဆိုပါဆဲလ္ေတြက မယ္လနင္ပံုမွန္ထက္ ပိုထုတ္တဲ့အခါ တင္းတိပ္ဆိုတာ ျဖစ္လာတယ္။


တင္းတိပ္အမ်ားစုက ဘာ့ေၾကာင့္ျဖစ္မွန္းမသိပါ။ ေနေရာင္ထိေတြ႕မႈမ်ားလို႕ ျဖစ္တာလို႕ေတာ့ သိထားတယ္။ အပူပိုင္းေဒသ အသားလတ္သူ၊ ညိဳသူ ေနေရာင္နဲ႕ပိုထိေတြ႕ရသူေတြမွာ တင္းတိပ္ပိုျဖစ္တယ္။ အထူးသျဖင့္ ေႏြရာသီလိုကာလေတြမွာ တင္းတိပ္က ပိုသိသာေလ့ရွိတယ္။ တခါ oestrogen , progesterone စတဲ့ေဟာ္မုန္းေတြက ဒီဆဲလ္ေတြအေပၚ အက်ိဳးသက္ေရာက္ေစတယ္လို႕ သိထားတယ္။ အဆိုပါေဟာ္မုန္းေတြက ေနေရာင္နဲ႕ထိေတြ႕တဲ့အခါ မယ္လနင္ကို ပံုမွန္ထက္ပိုထြက္ေအာင္ လံႈ႕ေဆာ္ေပးတယ္။

မ်ိဳးရိုးနဲ႕ တိုက္ရိုက္မဆိုင္ေပမယ့္ မိသားစုဝင္ထဲမွာ ျဖစ္ရင္တျခားတေယာက္မွာလည္း ျဖစ္တတ္တယ္။ အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားတယ္။ အခ်ိဳးခ်ၾကည့္ရင္ အမ်ိဳးသမီး ၉ေယာက္ျဖစ္တိုင္း အမ်ိဳးသားက တေယာက္သာ ေတြ႕မယ္။ သိုင္းရြိဳက္ေရာဂါအခံရွိသူေတြမွာလည္းဒါမ်ိဳးျဖစ္တာ ေတြ႕ရတယ္။ အလွအပပစၥည္း၊ေဆးဝါး ဓာတုပစၥည္း စတာေတြ ဓာတ္မတဲ့လို႔လည္း ျဖစ္နိုင္တယ္။ စိတ္ဖိစီးမႈက MSH ေဟာ္မုန္းကို ထြက္ေစတာေၾကာင့္ ပိုျဖစ္ေစတယ္။

တင္းတိပ္အမ်ားစုက မ်က္နွာမွာ အညိဳကြက္ေတြ အကြက္လိုက္ ေပါက္တာျဖစ္တယ္။ မ်က္နွာတင္မက ေနေရာင္အထိမ်ားတဲ့ လည္ပင္း၊လက္ စတဲ့ေနရာေတြမွာလည္း ျဖစ္နိုင္တယ္။ အညိဳကြက္ရဲ႕ ေဘးသားႏႈတ္ခမ္းေတြက မညီညာဘူး။ ဘယ္၊ညာနွစ္ဖက္လံုးျဖစ္ၾကတယ္။ အကြက္ေတြက ေန႕ခ်င္းညခ်င္း ျဖစ္လာတာမဟုတ္ဘဲ ျဖည္းျဖည္းခ်င္းသိသာလာတာျဖစ္တယ္။ တခ်ိဳ႕တျဖညး္ျဖည္း ပိုမ်ားလာတယ္။ အၾကည့္ရဆိုးလာတယ္။ တင္းတိပ္ကို ေယဘုယ်သံုးမ်ိဳးခြဲလိုက္တယ္။

ဆိုတာ အေရျပားအေပၚဆံုးလႊာမွာ ျဖစ္တယ္။ အေရာင္ပိုရင့္ျပီး သိသာလြန္းတယ္။ အကြက္ရဲ႔အနားသတ္ေတြက ညီညာတယ္။ တကယ္ေတာ့ ဒီအမ်ိဳးအစားက  ေဆးေတြကို တံု႕ျပန္မႈအားေကာင္းလို႕ ကုဖို႕ ပိုလြယ္တယ္။
၂။Dermal melasma ဆိုတာ အေရျပားရဲ႔ေအာက္လႊာမွာျဖစ္တာ။ အနားသတ္ေတြက မညီမညာျဖစ္ေနတတ္တယ္။ မီးခိုးေရာင္ နည္းနည္းေဖ်ာ့မယ္။ အေရျပားေအာက္မို႕ ေပ်ာက္ကင္းသက္သာဖို႕ ခက္ခဲတယ္။
၃။Mixed melasma ဆိုတာ အေပၚကအမ်ိဳးအစားနွစ္ခုလံုး တြဲျဖစ္တာမ်ိဳးပါ။

တင္းတိပ္ဟုတ္မဟုတ္ ျမင္ရံုနဲ႕ သိနိုင္ပါတယ္။ ဘယ္အလႊာေရာက္လဲသိခ်င္ရင္ 340 - 400 nm လိႈင္းအလ်ားရွိတဲ့ Wood's lamp နဲ႕ စမ္းသပ္လို႕ရပါတယ္။  ေသခ်ာခ်င္ရင္ biopsy အသားစကို ယူျပီး စစ္လို႕ရတယ္။

တင္းတိပ္မွာ hydroquinone(HQ)ပါတဲ့ လိမ္းေဆးေတြကအသံုးမ်ားဆံုးပဲ။ တကယ္ကအေရာင္ခၽြတ္ေဆးပါ။ေဆးက  မယ္လနင္ထြက္ေစတဲ့ tyrosinase ဆိုတဲ့ဓာတ္တမ်ိဳးကို တားဆီးလိုက္တာျဖစ္တယ္။ ျပင္းအားနည္းတာက ဆရာဝန္လက္မွတ္မလိုပါ။ cream, lotion, gel, or liquid  ျပင္းအား 2%, 4%စသည္ျဖင့္ ပံုစံအမ်ိဳးမ်ိဳးနဲ႕လာတယ္။ ေရရွည္သံုးရင္ ေဘးထြက္ဆိုးက်ိဳးပိုမ်ားတယ္။ သတိျပဳရမွာက လိမ္းေဆးသံုးျပီးတဲ့အခါ ေနေရာင္နဲ႕ထိေတြ႕မႈကို တတ္နိုင္သမွ် ေရွာင္သင့္တယ္။

ဝက္ျခံမွာ သံုးတဲ့ tretinoin, azelaic acidစတဲ့ ေဆးေတြလည္း သံုးလို႕ရတယ္။ tretinoin 0.05% ဆိုတာ  ဗီတာမင္ေအ ပါတဲ့လိမ္းေဆးျဖစ္ပါတယ္။ တုံ႕ျပန္မႈေနွးတယ္။ ေျခာက္လေလာက္ၾကာမွ နည္းနည္းသိသာလာတာမ်ိဳးလည္းရွိတယ္။ အေရျပားေျခာက္ေသြ႕ေစျပီး အခန္႕မသင့္ရင္ အေရျပားေရာင္တာထိ ျဖစ္နိုင္လို႕ စတီးရြိဳက္ေဆးေတြနဲ႕ ေရာသံုးသင့္တယ္။ azelaic acid 20%ဆိုတာ ေရာင္ျခယ္ထုတ္တဲ့ melanocytesကို အဓိကထားတိုက္ခိုကိတာေၾကာင့္ ေဘးထြက္ပိုနည္းတယ္။

တင္းတိပ္ေပ်ာက္ေဆးေတြထဲမွာ triple cream ေခၚတဲ့ hydroquinone , tretinoin နဲ႕ corticosteroid သံုးမ်ိဳးေပါင္းထားတဲ့ လိမ္းေဆးေတြကေကာင္းတယ္။ US FDAက အသိမွတိျပဳထားတာက Tri-Lumaဆိုတဲ့ လိမ္းေဆး။ hydroquinone 4%, tretinoin 0.05%, နဲ႕ fluocinolone acetonide 0.01% ဆိုတဲ့ေဆးသံုးမ်ိဳးေပါင္းထားတယ္။ ၆၀ ရာခိုင္ႏႈန္းေလာက္ ထိေရာက္ေကာင္းမြန္ေစတယ္။ တင္းတိပ္မွာ ေဆးေပးတဲ့အခါ ေပါင္းစပ္ထားတဲ့လိမ္းေဆးေတြက ပိုအာနိသင္ရွိတာ ေတြ႕ရတယ္။ ပံုမွန္အားျဖင့္ ၂လ ေလာက္သံုးရင္သိသာျပီ။ ၂၀၁၀ကေလ့လာမႈေတြအရ ဒီေဆးကို ၆လထိ စိတ္ခ်လက္ခ်သံုးစြဲနိုင္သတဲ့။

တျခားနည္းေတြလဲ အမ်ားၾကီးပဲ။  သိပ္မဆိုးရင္ Microdermabrasion ၊အေရျပားလႊာေအာက္ နည္းနည္းေရာက္ရင္ dermabrasion ဆိုတဲ့နည္းေတြလည္း သံုးပါတယ္။cosmatic camouflage ဆိုတာမ်က္မနွာအမဲစက္ေတြကို မသိသာေအာင္ ဖံုးေပးတဲ့လိမ္းေဆးျဖစ္တယ္။ ခရုသင္းမွာလည္း သံုးေသးတယ္။ တကယ္က အသားအေရာင္ညီညာေအာင္ ေဆးဆိုးတာပဲ။

chemical peel ဆိုတာလည္း အေပၚယံအေရျပားကိုကြာေစတဲ့နည္းျဖစ္ပါတယ္။ 30%-70% glycolic acid ပါတာေတြ သံုးတယ္။ kojic acid ပါတာေတြက အညိဳကြက္အေရာင္က ေဖ်ာ့သြားေစတယ္။ အလြန္အကၽြံသံုးတာက အေရျပားကို ပိုမိုေရာင္ရမ္းေစတယ္။ ကၽြမ္းက်င္မႈမရွိဘဲသံုးရင္ ပိုဆိုးလာနိုင္တာ သတိျပဳပါ။

 ေလဆာနည္းေတြကလည္း သံုးၾကတာပဲ။ တခ်ိဳ႕က မယ္လနင္ထြက္တဲ့ဆဲလ္ကို ဖ်က္ဆီးတာျဖစ္ျပီး တခ်ိဳ႕က အေပၚယံအေရျပားကို ဖယ္ရွားပစ္တယ္။chemical peel ပဲျဖစ္ျဖစ္၊ laser treatment ေလဆာနည္းပဲျဖစ္ျဖစ္ ေသခ်ာေပါက္ေပ်ာက္မယ္လို႕ အာမမခံနိုင္ပါ။ ေလ့လာၾကည့္ေတာ့ လူနာေတြရဲ႕ သံုးပံုတပံုမွာ အက်ိဳးရွိတယ္။ ေနာက္သံုးပံုတပံုမွာ ထူးျခားမႈမရွိ။ က်န္တဲ့ သံုးပံုတပံုကေတာ့ ပိုဆိုးလာနိုင္ပါသတဲ့။

တင္းတိပ္သေဘာက ေပ်ာက္ခဲတယ္။ မွန္းဆရခက္တယ္။ တိုးတက္မႈရွိဖို႕ လအနည္းငယ္ေစာင့္ရတတ္တယ္။ ေနေရာင္ထိပါမ်ားရင္ ျပန္ျဖစ္တတ္တယ္။ ကုိယ္ဝန္ေဆာင္တင္းတိပ္ထြက္ရင္ ကုဖို႕မလိုပါ။ ကေလးေမြးျပီးတာနဲ႕ တျဖညး္ျဖည္း အလိုလိုျပန္ေပ်ာက္သြားတယ္။ ေဟာ္မုန္းပါတဲ့တားေဆးေတြေၾကာင့္ျဖစ္ရင္ ေဆးျဖတ္ျပီးတဲ့အခါ ေပ်ာက္သြားတယ္။အီစတိုဂ်င္ပါတဲ့ေဆးေတြသံုးေနရင္ ျဖတ္ပစ္ပါ။

အထူးဂရုစိုက္ရမွာက ေနေရာင္နဲ႕တိုက္ရိုက္မထိေတြ႕ေအာင္ ျဖစ္တယ္။ အျပင္သြားရင္SPF 30-50 ပါတဲ့ ေနေလာင္ကာလိမ္းေဆး အျမဲလိမ္းဖို႔ လိုပါတယ္။ အျပင္မထြက္ခင္ ၁၅မိနစ္ ၾကိဳလိမ္းပါ။ လိုအပ္ရင္ နွစ္နာရီတခါလိမ္းပါ။ ျပီးရင္ အေဆာင္းအကာတခုခု သံုးပါ။တင္းတိပ္ေတြက ကူးစက္ေရာဂါမဟုတ္သလို ကင္ဆာကိုလည္း မျဖစ္ေစပါ။ ေပ်ာက္ဖို႕ခက္ေပမယ့္ ကံေကာင္းသူေတြကေတာ့ သူ႕အလိုလိုျပန္လည္ေပ်ာက္ကင္းနိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာ ေအးမင္းထူး

# Unicode Version ျဖင့္ ဖတ္ပါ #

တင်းတိပ်ဆိုတာ မျက်နှာမှာ အမဲကွက်တွေ မညီမညာဖြစ်လာတာကို ခေါ်ပါတယ်။ တင်းတိပ်ကို melasma လို့ခေါ်ပါတယ်။ melas ဆိုတာ ဂရိစကားကလာတယ်။ အမဲရောင်ဆိုတဲ့အဓိပ္ပါယ်သက်ရောက်တယ်။ တချို့က chloasma တဲ့။ ကိုယ်ဝန်ဆောင်တွေမှာ အဖြစ်များလို့ ကိုယ်ဝန်ဆောင် မျက်နှာဖုံးလို့တောင် တင်စားခေါ်ကြတယ်။ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်ရင် ကလေးမွေးပြီးတဲ့အခါ ပြန်ပျောက်နိုင်တယ်။

ဆေးပညာမှာ ပုံမှန်ထက် အရောင်ရင့်တဲ့အကွက်တွေကို hyperpigmentation လို့ သုံးပါတယ်။ တင်းတိပ်အကြောင်းမပြောခင် တင်းတိပ်အမဲကွက်ဖြစ်စေတဲ့ melanin အကြောင်းအရင်ရှင်းရပါမယ်။melaninဆိုတာ ရောင်ခြယ်ပစ္စည်းတမျိုး။ melanin ထုတ်တဲ့ဆဲလ်ကို melanocyte လို့ ခေါ်ပါတယ်။ melanocyte ဆိုတာ အရေပြားအပေါ်လွှာ(epidermis)မှာ ရှိတဲ့ဆဲလ်တွေဖြစ်ပါတယ်။ အဆိုပါဆဲလ်တွေက မယ်လနင်ပုံမှန်ထက် ပိုထုတ်တဲ့အခါ တင်းတိပ်ဆိုတာ ဖြစ်လာတယ်။


တင်းတိပ်အများစုက ဘာ့ကြောင့်ဖြစ်မှန်းမသိပါ။ နေရောင်ထိတွေ့မှုများလို့ ဖြစ်တာလို့တော့ သိထားတယ်။ အပူပိုင်းဒေသ အသားလတ်သူ၊ ညိုသူ နေရောင်နဲ့ပိုထိတွေ့ရသူတွေမှာ တင်းတိပ်ပိုဖြစ်တယ်။ အထူးသဖြင့် နွေရာသီလိုကာလတွေမှာ တင်းတိပ်က ပိုသိသာလေ့ရှိတယ်။ တခါ oestrogen , progesterone စတဲ့ဟော်မုန်းတွေက ဒီဆဲလ်တွေအပေါ် အကျိုးသက်ရောက်စေတယ်လို့ သိထားတယ်။ အဆိုပါဟော်မုန်းတွေက နေရောင်နဲ့ထိတွေ့တဲ့အခါ မယ်လနင်ကို ပုံမှန်ထက်ပိုထွက်အောင် လှုံ့ဆော်ပေးတယ်။

မျိုးရိုးနဲ့ တိုက်ရိုက်မဆိုင်ပေမယ့် မိသားစုဝင်ထဲမှာ ဖြစ်ရင်တခြားတယောက်မှာလည်း ဖြစ်တတ်တယ်။ အမျိုးသမီးတွေမှာ အဖြစ်များတယ်။ အချိုးချကြည့်ရင် အမျိုးသမီး ၉ယောက်ဖြစ်တိုင်း အမျိုးသားက တယောက်သာ တွေ့မယ်။ သိုင်းရွိုက်ရောဂါအခံရှိသူတွေမှာလည်းဒါမျိုးဖြစ်တာ တွေ့ရတယ်။ အလှအပပစ္စည်း၊ဆေးဝါး ဓာတုပစ္စည်း စတာတွေ ဓာတ်မတဲ့လို့လည်း ဖြစ်နိုင်တယ်။ စိတ်ဖိစီးမှုက MSH ဟော်မုန်းကို ထွက်စေတာကြောင့် ပိုဖြစ်စေတယ်။

တင်းတိပ်အများစုက မျက်နှာမှာ အညိုကွက်တွေ အကွက်လိုက် ပေါက်တာဖြစ်တယ်။ မျက်နှာတင်မက နေရောင်အထိများတဲ့ လည်ပင်း၊လက် စတဲ့နေရာတွေမှာလည်း ဖြစ်နိုင်တယ်။ အညိုကွက်ရဲ့ ဘေးသားနှုတ်ခမ်းတွေက မညီညာဘူး။ ဘယ်၊ညာနှစ်ဖက်လုံးဖြစ်ကြတယ်။ အကွက်တွေက နေ့ချင်းညချင်း ဖြစ်လာတာမဟုတ်ဘဲ ဖြည်းဖြည်းချင်းသိသာလာတာဖြစ်တယ်။ တချို့တဖြည်းဖြည်း ပိုများလာတယ်။ အကြည့်ရဆိုးလာတယ်။ တင်းတိပ်ကို ယေဘုယျသုံးမျိုးခွဲလိုက်တယ်။

ဆိုတာ အရေပြားအပေါ်ဆုံးလွှာမှာ ဖြစ်တယ်။ အရောင်ပိုရင့်ပြီး သိသာလွန်းတယ်။ အကွက်ရဲ့အနားသတ်တွေက ညီညာတယ်။ တကယ်တော့ ဒီအမျိုးအစားက  ဆေးတွေကို တုံ့ပြန်မှုအားကောင်းလို့ ကုဖို့ ပိုလွယ်တယ်။
၂။Dermal melasma ဆိုတာ အရေပြားရဲ့အောက်လွှာမှာဖြစ်တာ။ အနားသတ်တွေက မညီမညာဖြစ်နေတတ်တယ်။ မီးခိုးရောင် နည်းနည်းဖျော့မယ်။ အရေပြားအောက်မို့ ပျောက်ကင်းသက်သာဖို့ ခက်ခဲတယ်။
၃။Mixed melasma ဆိုတာ အပေါ်ကအမျိုးအစားနှစ်ခုလုံး တွဲဖြစ်တာမျိုးပါ။

တင်းတိပ်ဟုတ်မဟုတ် မြင်ရုံနဲ့ သိနိုင်ပါတယ်။ ဘယ်အလွှာရောက်လဲသိချင်ရင် 340 - 400 nm လှိုင်းအလျားရှိတဲ့ Wood's lamp နဲ့ စမ်းသပ်လို့ရပါတယ်။  သေချာချင်ရင် biopsy အသားစကို ယူပြီး စစ်လို့ရတယ်။

တင်းတိပ်မှာ hydroquinone(HQ)ပါတဲ့ လိမ်းဆေးတွေကအသုံးများဆုံးပဲ။ တကယ်ကအရောင်ချွတ်ဆေးပါ။ဆေးက  မယ်လနင်ထွက်စေတဲ့ tyrosinase ဆိုတဲ့ဓာတ်တမျိုးကို တားဆီးလိုက်တာဖြစ်တယ်။ ပြင်းအားနည်းတာက ဆရာဝန်လက်မှတ်မလိုပါ။ cream, lotion, gel, or liquid  ပြင်းအား 2%, 4%စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့လာတယ်။ ရေရှည်သုံးရင် ဘေးထွက်ဆိုးကျိုးပိုများတယ်။ သတိပြုရမှာက လိမ်းဆေးသုံးပြီးတဲ့အခါ နေရောင်နဲ့ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်သင့်တယ်။

ဝက်ခြံမှာ သုံးတဲ့ tretinoin, azelaic acidစတဲ့ ဆေးတွေလည်း သုံးလို့ရတယ်။ tretinoin 0.05% ဆိုတာ  ဗီတာမင်အေ ပါတဲ့လိမ်းဆေးဖြစ်ပါတယ်။ တုံ့ပြန်မှုနှေးတယ်။ ခြောက်လလောက်ကြာမှ နည်းနည်းသိသာလာတာမျိုးလည်းရှိတယ်။ အရေပြားခြောက်သွေ့စေပြီး အခန့်မသင့်ရင် အရေပြားရောင်တာထိ ဖြစ်နိုင်လို့ စတီးရွိုက်ဆေးတွေနဲ့ ရောသုံးသင့်တယ်။ azelaic acid 20%ဆိုတာ ရောင်ခြယ်ထုတ်တဲ့ melanocytesကို အဓိကထားတိုက်ခိုကိတာကြောင့် ဘေးထွက်ပိုနည်းတယ်။

တင်းတိပ်ပျောက်ဆေးတွေထဲမှာ triple cream ခေါ်တဲ့ hydroquinone , tretinoin နဲ့ corticosteroid သုံးမျိုးပေါင်းထားတဲ့ လိမ်းဆေးတွေကကောင်းတယ်။ US FDAက အသိမှတိပြုထားတာက Tri-Lumaဆိုတဲ့ လိမ်းဆေး။ hydroquinone 4%, tretinoin 0.05%, နဲ့ fluocinolone acetonide 0.01% ဆိုတဲ့ဆေးသုံးမျိုးပေါင်းထားတယ်။ ၆၀ ရာခိုင်နှုန်းလောက် ထိရောက်ကောင်းမွန်စေတယ်။ တင်းတိပ်မှာ ဆေးပေးတဲ့အခါ ပေါင်းစပ်ထားတဲ့လိမ်းဆေးတွေက ပိုအာနိသင်ရှိတာ တွေ့ရတယ်။ ပုံမှန်အားဖြင့် ၂လ လောက်သုံးရင်သိသာပြီ။ ၂၀၁၀ကလေ့လာမှုတွေအရ ဒီဆေးကို ၆လထိ စိတ်ချလက်ချသုံးစွဲနိုင်သတဲ့။

တခြားနည်းတွေလဲ အများကြီးပဲ။  သိပ်မဆိုးရင် Microdermabrasion ၊အရေပြားလွှာအောက် နည်းနည်းရောက်ရင် dermabrasion ဆိုတဲ့နည်းတွေလည်း သုံးပါတယ်။cosmatic camouflage ဆိုတာမျက်မနှာအမဲစက်တွေကို မသိသာအောင် ဖုံးပေးတဲ့လိမ်းဆေးဖြစ်တယ်။ ခရုသင်းမှာလည်း သုံးသေးတယ်။ တကယ်က အသားအရောင်ညီညာအောင် ဆေးဆိုးတာပဲ။

chemical peel ဆိုတာလည်း အပေါ်ယံအရေပြားကိုကွာစေတဲ့နည်းဖြစ်ပါတယ်။ 30%-70% glycolic acid ပါတာတွေ သုံးတယ်။ kojic acid ပါတာတွေက အညိုကွက်အရောင်က ဖျော့သွားစေတယ်။ အလွန်အကျွံသုံးတာက အရေပြားကို ပိုမိုရောင်ရမ်းစေတယ်။ ကျွမ်းကျင်မှုမရှိဘဲသုံးရင် ပိုဆိုးလာနိုင်တာ သတိပြုပါ။

 လေဆာနည်းတွေကလည်း သုံးကြတာပဲ။ တချို့က မယ်လနင်ထွက်တဲ့ဆဲလ်ကို ဖျက်ဆီးတာဖြစ်ပြီး တချို့က အပေါ်ယံအရေပြားကို ဖယ်ရှားပစ်တယ်။chemical peel ပဲဖြစ်ဖြစ်၊ laser treatment လေဆာနည်းပဲဖြစ်ဖြစ် သေချာပေါက်ပျောက်မယ်လို့ အာမမခံနိုင်ပါ။ လေ့လာကြည့်တော့ လူနာတွေရဲ့ သုံးပုံတပုံမှာ အကျိုးရှိတယ်။ နောက်သုံးပုံတပုံမှာ ထူးခြားမှုမရှိ။ ကျန်တဲ့ သုံးပုံတပုံကတော့ ပိုဆိုးလာနိုင်ပါသတဲ့။

တင်းတိပ်သဘောက ပျောက်ခဲတယ်။ မှန်းဆရခက်တယ်။ တိုးတက်မှုရှိဖို့ လအနည်းငယ်စောင့်ရတတ်တယ်။ နေရောင်ထိပါများရင် ပြန်ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင်တင်းတိပ်ထွက်ရင် ကုဖို့မလိုပါ။ ကလေးမွေးပြီးတာနဲ့ တဖြည်းဖြည်း အလိုလိုပြန်ပျောက်သွားတယ်။ ဟော်မုန်းပါတဲ့တားဆေးတွေကြောင့်ဖြစ်ရင် ဆေးဖြတ်ပြီးတဲ့အခါ ပျောက်သွားတယ်။အီစတိုဂျင်ပါတဲ့ဆေးတွေသုံးနေရင် ဖြတ်ပစ်ပါ။

အထူးဂရုစိုက်ရမှာက နေရောင်နဲ့တိုက်ရိုက်မထိတွေ့အောင် ဖြစ်တယ်။ အပြင်သွားရင်SPF 30-50 ပါတဲ့ နေလောင်ကာလိမ်းဆေး အမြဲလိမ်းဖို့ လိုပါတယ်။ အပြင်မထွက်ခင် ၁၅မိနစ် ကြိုလိမ်းပါ။ လိုအပ်ရင် နှစ်နာရီတခါလိမ်းပါ။ ပြီးရင် အဆောင်းအကာတခုခု သုံးပါ။တင်းတိပ်တွေက ကူးစက်ရောဂါမဟုတ်သလို ကင်ဆာကိုလည်း မဖြစ်စေပါ။ ပျောက်ဖို့ခက်ပေမယ့် ကံကောင်းသူတွေကတော့ သူ့အလိုလိုပြန်လည်ပျောက်ကင်းနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာ အေးမင်းထူး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top