ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

 ဝါးမ်ိဳးစိတ္ေပး၍ ထြက္သမွ် မွ်စ္ ျပန္ဝယ္ရန္ ျပည္တြင္းလုပ္ငန္းရွစ္တစ္ဦးက ျမန္မာႏိုင္ငံ ဝါးစိုက္ပ်ိဳးေရးအသင္းကို ကမ္းလွမ္းထားသည္ဟု ယင္းအသင္းဥကၠ႒ဦးဝင္း ေက်ာ္ဦးက ေျပာသည္။
 တ႐ုတ္၊ ဂ်ပန္ႏွင့္ တိုင္ေပသို႔ တင္ပို႔ေရာင္းခ်ရန္ တ႐ုတ္မွ်စ္ခ်ိဳ မ်ိဳးျဖစ္သည့္ ဝါးမ်ိဳးစိတ္ကို ဝါးစိုက္ပ်ိဳးသူမ်ားအားေပး၍ ထြက္လာသမွ် မွ်စ္မ်ားအားလံုးကို ျပန္လည္ဝယ္ယူမည္ျဖစ္ရာ ျမန္မာႏိုင္ငံဝါး စိုက္ပ်ိဳးသူမ်ားအသင္းႏွင့္ ခ်ိတ္ ဆက္ေဆာင္ရြက္မည္ျဖစ္သည္။

‘‘သူကျပည္တြင္းကေကာက္ၿပီး ျပည္ပကိုတင္ပို႔ေနတာ၊ လိုအပ္ခ်က္ကေတာ့ အမ်ားႀကီးပဲ။ ဝယ္လို႔မရလို႔၊ ဝါးမ်ိဳးစိတ္ေတြေပးၿပီး လွဴေပးခ်င္တယ္။ ၿပီးရင္မွ်စ္ကိုသူ႔ ဆီသြင္းပါေပါ့’’ ဟု ဦးဝင္းေက်ာ္ဦးကေျပာသည္။

သို႔ရာတြင္ ဝါးစိုက္ပ်ိဳးသူမ်ားက စိုက္ပ်ိဳးၿပီး အျပင္ေပါက္ေစ်းထက္ေလွ်ာ့ကာ ဝယ္ယူမည္ကို စိုးရိမ္သျဖင့္္ ယင္းလုပ္ငန္းရွင္က ဝါးမ်ိဳးစိတ္သြင္းကာ စိုက္ပ်ိဳးသူမ်ားထံအရင္းအတိုင္း ေရာင္းခ်၍ထြက္လာမည့္မွ်စ္ကို စိုက္ပ်ိဳးသူမ်ား စိတ္ႀကိဳက္ ေရာင္းခ်ရန္ စီစဥ္ေနသည္။

‘‘ဝါးလုပ္ငန္းရွင္ေတြက အ ေႏွာင္အဖြဲ႕ျဖစ္မွာစိုးလို႔ ေပါက္ေစ်းထက္ေလွ်ာ့ဝယ္မွာလား၊ စာခ်ဳပ္ကို ဘယ္လိုခ်ဳပ္မလဲေပါ့။ ဒီေတာ့ ပ်ိဳးကိုသြင္းလာခဲ့ ေစ်းရင္းနဲ႔ျဖန္႔ၿပီး သေဘာက်တဲ့သူက စိုက္ၿပီးေရာင္းခ်င္လည္းေရာင္း၊ စာခ်ဳပ္ခ်ဳပ္ၿပီး စိုက္၊ ပ်ိဳးပင္ယူၿပီးသူ႔ဘာသာစိုက္ခ်င္လည္း စိုက္ေပါ့’’ ဟု ဦးဝင္း ေက်ာ္ဦးက ေျပာသည္။

ယင္းဝါးမ်ိဳးစိတ္စိုက္ပ်ိဳးမႈကို ရာသီဥတုေအးသည့္ ေနျပည္ေတာ္ေတာင္ေပၚေဒသမ်ားႏွင့္ ရွမ္းျပည္နယ္တို႔တြင္ လုပ္ေဆာင္မည္ျဖစ္ရာ ဝါးစိုက္ပ်ိဳးေရးလုပ္ေဆာင္ေနသူမ်ားအေနျဖင့္ စိတ္ဝင္စားပါက ျမန္မာႏိုင္ငံဝါးစိုက္ပ်ိဳးေရးအ သင္းသို႔ ဆက္သြယ္ႏိုင္သည္။

ဝါးပင္မ်ားသည္ မ်ိဳးစိတ္ႏွင့္ စိုက္ပ်ိဳးနည္းစနစ္အေပၚမူတည္၍ တစ္ႏွစ္အတြင္း (သို႔မဟုတ္) သံုးႏွစ္အတြင္း မွ်စ္ခ်ိဳးယူႏိုင္ၿပီး အခ်ိဳ႕မွ်စ္မ်ားသည္ တစ္ႀကိမ္ထြက္ေသာ္လည္း အခ်ိဳ႕မွာမူ ဝါးပင္ရွိသမွ် မွ်စ္ထြက္သည္ဟု ၎ကေျပာသည္။ ကမၻာေပၚတြင္ ဝါးမ်ိဳးစု ၈၈ စု၊ ဝါးမ်ိဳးစိတ္ေပါင္း ၁,၄၀၀ ခန္႔ ရွိၿပီး ျမန္မာႏိုင္ငံ၌ ဝါးမ်ိဳးစိတ္ ၁၀၀ ခန္႔ရွိသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ဝါးမျိုးစိတ်ပေး၍ ထွက်သမျှ မျှစ် ပြန်ဝယ်ရန် ပြည်တွင်းလုပ်ငန်းရှစ်တစ်ဦးက မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်းကို ကမ်းလှမ်းထားသည်ဟု ယင်းအသင်းဥက္ကဋ္ဌဦးဝင်း ကျော်ဦးက ပြောသည်။
 တရုတ်၊ ဂျပန်နှင့် တိုင်ပေသို့ တင်ပို့ရောင်းချရန် တရုတ်မျှစ်ချို မျိုးဖြစ်သည့် ဝါးမျိုးစိတ်ကို ဝါးစိုက်ပျိုးသူများအားပေး၍ ထွက်လာသမျှ မျှစ်များအားလုံးကို ပြန်လည်ဝယ်ယူမည်ဖြစ်ရာ မြန်မာနိုင်ငံဝါး စိုက်ပျိုးသူများအသင်းနှင့် ချိတ် ဆက်ဆောင်ရွက်မည်ဖြစ်သည်။

‘‘သူကပြည်တွင်းကကောက်ပြီး ပြည်ပကိုတင်ပို့နေတာ၊ လိုအပ်ချက်ကတော့ အများကြီးပဲ။ ဝယ်လို့မရလို့၊ ဝါးမျိုးစိတ်တွေပေးပြီး လှူပေးချင်တယ်။ ပြီးရင်မျှစ်ကိုသူ့ ဆီသွင်းပါပေါ့’’ ဟု ဦးဝင်းကျော်ဦးကပြောသည်။

သို့ရာတွင် ဝါးစိုက်ပျိုးသူများက စိုက်ပျိုးပြီး အပြင်ပေါက်ဈေးထက်လျှော့ကာ ဝယ်ယူမည်ကို စိုးရိမ်သဖြင့် ယင်းလုပ်ငန်းရှင်က ဝါးမျိုးစိတ်သွင်းကာ စိုက်ပျိုးသူများထံအရင်းအတိုင်း ရောင်းချ၍ထွက်လာမည့်မျှစ်ကို စိုက်ပျိုးသူများ စိတ်ကြိုက် ရောင်းချရန် စီစဉ်နေသည်။

‘‘ဝါးလုပ်ငန်းရှင်တွေက အ နှောင်အဖွဲ့ဖြစ်မှာစိုးလို့ ပေါက်ဈေးထက်လျှော့ဝယ်မှာလား၊ စာချုပ်ကို ဘယ်လိုချုပ်မလဲပေါ့။ ဒီတော့ ပျိုးကိုသွင်းလာခဲ့ ဈေးရင်းနဲ့ဖြန့်ပြီး သဘောကျတဲ့သူက စိုက်ပြီးရောင်းချင်လည်းရောင်း၊ စာချုပ်ချုပ်ပြီး စိုက်၊ ပျိုးပင်ယူပြီးသူ့ဘာသာစိုက်ချင်လည်း စိုက်ပေါ့’’ ဟု ဦးဝင်း ကျော်ဦးက ပြောသည်။

ယင်းဝါးမျိုးစိတ်စိုက်ပျိုးမှုကို ရာသီဥတုအေးသည့် နေပြည်တော်တောင်ပေါ်ဒေသများနှင့် ရှမ်းပြည်နယ်တို့တွင် လုပ်ဆောင်မည်ဖြစ်ရာ ဝါးစိုက်ပျိုးရေးလုပ်ဆောင်နေသူများအနေဖြင့် စိတ်ဝင်စားပါက မြန်မာနိုင်ငံဝါးစိုက်ပျိုးရေးအ သင်းသို့ ဆက်သွယ်နိုင်သည်။

ဝါးပင်များသည် မျိုးစိတ်နှင့် စိုက်ပျိုးနည်းစနစ်အပေါ်မူတည်၍ တစ်နှစ်အတွင်း (သို့မဟုတ်) သုံးနှစ်အတွင်း မျှစ်ချိုးယူနိုင်ပြီး အချို့မျှစ်များသည် တစ်ကြိမ်ထွက်သော်လည်း အချို့မှာမူ ဝါးပင်ရှိသမျှ မျှစ်ထွက်သည်ဟု ၎င်းကပြောသည်။ ကမ္ဘာပေါ်တွင် ဝါးမျိုးစု ၈၈ စု၊ ဝါးမျိုးစိတ်ပေါင်း ၁,၄၀၀ ခန့် ရှိပြီး မြန်မာနိုင်ငံ၌ ဝါးမျိုးစိတ် ၁၀၀ ခန့်ရှိသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top