Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×


Credit:  7DayDaily
#Unicode Version#
 ရန်ကုန်-မန္တလေး အမြန်လမ်း ၁၁၅ မိုင် တိုးဂိတ်တွင် စစ် ဆေးရန် ရပ်တန့်ခိုင်းရာ မောင်း ပြေးသော ဟိုက်အေ့စ်ကားအ တွင်းမှ ကျွန်းတံခါးများ ဖမ်းဆီးမိ ကြောင်း ဖြူးမြို့နယ်သစ်တော ဦးစီးမှူး ဦးဇော်လင်းက ပြော ကြားသည်။

အောက်တိုဘာ ၂၀ ရက် နံနက် ၁ နာရီကျော်တွင် နေပြည် တော်မှ ရန်ကုန်ဘက်သို့ မောင်း နှင်လာသည့် ယာဉ်ကို စစ်ဆေး ရန် ရပ်တန့်ခိုင်းရာမှ ထွက်ပြေးသွား၍ နောက်မှလိုက်လံဖမ်းဆီးခဲ့ရာ အမျိုးသားနှစ်ဦးသည် ကားထား ပြီး ထွက်ပြေးကြောင်း ၎င်းက ပြောသည်။ ဖမ်းဆီးမိသည့်ကားပေါ် တွင် အလေးချိန် ၁ ဒသမ ၃ တန် ကျော်ရှိ ကျွန်းတံခါး ၁၁၂ ချပ်ဖမ်း မိကြောင်း ဦးဇော်လင်းက ပြော ကြားသည်။

‘‘ကားကိုတော့ တရားဝင် လိုင်စင် ရှိ၊ မရှိ စစ်ဆေးနေတယ်’’ ဟု အမြန်လမ်းရဲစခန်းမှ ရဲအရာ ရှိတစ်ဦးက ပြောသည်။

တရားမဝင်သစ်တင်လာ သည့် ကားငါးစီးခန့်ကို ယခုနှစ်အ တွင်း ဖမ်းမိထားကြောင်း ၎င်းက ပြောသည်။ အဆိုပါ အမျိုးသားနှစ်ဦးကို အမြန်လမ်းရဲတပ်ဖွဲ့က ရှာဖွေနေသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:  7DayDaily
 
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top