Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရံုးပိတ္ရက္ေတြမွာ ေတာင္တက္ခရီးစဥ္ ဒါမွမဟုတ္ ကမ္းေျခခရီးထြက္ဖို႔ စိတ္ကူးထားၾကလား။
အခုဆို tour trips ေတြက  ျပည္တြင္းတင္မက ျပည္ပအထိပါ စားရိတ္ျငိမ္း အျပီးအစီးေတြစီစဥ္ေပးလာျပီဆိုေတာ့ မိသားစုနဲ႔ပဲျဖစ္ျဖစ္၊၊ ခ်စ္သူ ဒါမွမဟုတ္၊ သူငယ္ခ်င္းမိတ္ေဆြေတြနဲ႔ျဖစ္ျဖစ္ မၾကာခဏ အပန္းေျဖခရီးထြက္လာၾကျပီေလ။ ခရီးသြားရတာကို ေပ်ာ္တဲ့သူေတြရွိသလို အလုပ္ကိစၥေၾကာင့္ မျဖစ္မေန ခရီးမၾကာခဏသြားရသူေတြရွိပါတယ္။

ဒါေပမယ့္ ေႏြ၊မိုး၊ေဆာင္းဘယ္ရာသီမွာပဲျဖစ္ျဖစ္ ခရီးသြားတဲ့အခါ မိန္းကေလးေတြက ကိုယ့္ခႏၶာကိုယ္က်န္းမာေရးနဲ႔ အသားအေရကို ထိန္းသိမ္းေစာင့္ေရွာက္နိုင္မွ ေပ်ာ္စရာေကာင္းမွာပါ။ က်န္းမာေရးနဲ႔ညီေအာင္ေနထိုင္၊ ထိိန္းသိမ္းမွ ဓာတ္ပံုလွလွေလးေတြလည္း အမွတ္တရ ရနိုင္မွာေပါ့ေနာ္။
ခရီးသြားေနတဲ့အခ်ိန္မွာ လူက ႏြမ္းလ်ေနမယ္၊ အမႈမဲ့အမွတ္မဲ့ေနမယ္၊ စားေသာက္ခ်ိန္မမွန္ဘူး၊ အေလာတၾကီးအစီအစဥ္ေတြဆြဲမယ္ ဆိုတာေတြ ရွိပါတယ္။ ဒါေတြအျပင္ ေနရာေဒသအေျပာင္းအလဲ၊ရာသီဥတုအေျပာင္းအလဲေတြေၾကာင့္လည္း အသားအေရကို ထိခိုက္ပ်က္စီးေစနိုင္ပါတယ္။ တစ္ေနရာကေန တစ္ေနရာကို အေဝးၾကီးျဖတ္သန္းသြားလာေနမွေတာ့ အပူခ်ိန္အေျပာင္းအလဲေတြေၾကာင့္ ခရီးသြားတိုင္း အသားအေရကို ထိခိုက္တာမ်ားပါတယ္(အနည္းဆံုးေတာ့ အသားမည္းသြားတာမ်ိဳး)။

ဒါ့ေၾကာင့္ခရီးသြားေနတဲ့အခ်ိန္မွာေရာ ျပန္ေရာက္လာတဲ့အခ်ိန္မွာေရာ အသားအေရကိုထိန္းသိမ္းဖို႔ အေရးၾကီးပါတယ္။ ခရီးမသြားခင္ ျပင္ဆင္ရမယ့္အရာေတြထဲမွာ အသားအေရထိန္းသိမ္းေရးနဲ႔အလွကုန္ပစၥည္းေတြက မပါမျဖစ္အေရးပါပါတယ္။ လုပ္ေဆာင္သင့္တဲ့ အခ်က္ေတြကိုမလုပ္ရင္ ျပန္လာတဲ့အခါ  အသားအေရပ်က္စီးျပီး ျပန္ေကာင္းနိုင္ဖို႔ အခ်ိန္အေတာ္ယူရပါလိမ့္မယ္။ ခရီးသြားေတာ့မယ့္ ေလဒီေလးေတြ ကိုယ့္အသားအေရကို ထိန္းသိမ္းနိုင္ဖို႔ ဒီအခ်က္ေတြကို သတိထားလိုက္နာသင့္ပါတယ္။

အထုပ္အပိုးျပင္တဲ့အခါ
ခရီးတစ္ခုမသြားခင္မွာ အလွကုန္ပစၥည္းအိတ္ကို ေသခ်ာျပင္ဆင္ပါ။ ခရီးသြားတဲ့အခါသံုးဖို႔  ကိုယ္ပံုမွန္ေန႔စဥ္သံုးေနက် အေျခခံ skin care ပစၥည္းေတြကို မေမ့မေလ်ာ့ထည့္သြားပါ။ မ်ားေနမွာစိုးရင္ အမ်ိဳးအစားတူတဲ့ beauty-kit ေလးေတြဝယ္တာ ဒါမွမဟုတ္ ခရီးသြားမယ့္ရက္ကိုတြက္ျပီး ဘူးအေသးေလးေတြနဲ႔ ခြဲထည့္သြားတာမ်ိဳး လုပ္နိုင္ပါတယ္။

မ်က္ႏွာသစ္ေဆးက မပါမျဖစ္
ခရီးစဥ္တေလွ်ာက္ သင့္အသားအေရမွာ ဖုန္မႈန္႕ေတြ၊အမႈန္ေတြကပ္ျငိေနမွာပါ။ မ်က္ႏွာသစ္ေဆးနဲ႔မွ အသားအေရကို သန္႔စင္ေစျပီး ေနထိုင္ရလန္းဆန္းေစမွာျဖစ္ပါတယ္။ skin care ပစၥည္းေတြဆိုတာ နည္းနည္းေလးေျပာင္းလဲလိုက္တာနဲ႔ အေရျပားမွာ ခ်က္ခ်င္းသက္ေရာက္မႈရွိေစတတ္လို႔ သံုးေနက်မ်က္ႏွာသစ္ေဆးကိုမပါမျဖစ္ယူရပါမယ္။

အစိုဓာတ္ထိန္းခရင္မ္နဲ႔ေနေလာင္ခံခရင္မ္
ခရီးစဥ္မွာ moisturizer  ကိုနည္းနည္းပိုသံုးဖို႔လိုမယ္ဆိုေပမယ့္ sunscreen ကိုလည္း ခ်န္မထားသင့္ပါဘူး။ ခရီးထြက္မွေတာ့ လူကအျမဲ အျပင္ေရာက္ေနမွာျဖစ္လို႔  ဒီရက္ေတြအတြင္း အသားအေရကို ေနမေလာင္ေစဖို႔ ကာကြယ္ရပါမယ္။ ပတ္ဝန္းက်င္အသစ္ကိုေရာက္တဲ့အခါ အသားအေရကပိုေျခာက္ေသြ႕လြယ္တာေၾကာင့္ အရင္ကသံုးေလ့မရွိရင္ေတာင္ moisturizer နဲ႔ sunscreen  ကို ယူျဖစ္ေအာင္ယူပါ။ L’Oreal Paris ရဲ႕ UV Perfect Spray Mist ကေတာ့ အခ်ိန္မေရြး ေနရာမေရြး ဖ်န္းၿပီး သံုးရံုမို႔လို႔ Traveller စိတ္ၾကိဳက္ Sun Protection Spray ပစၥည္း တစ္ခုပါ။

ေလယာဥ္မစီးခင္နဲ႔ ေလယာဥ္္စီးျပိီးအခ်ိန္ Moisturizer  သံုးပါ
အျမင့္ေပမ်ားစြာကေန ပ်ံသန္းတဲ့အခါ အသားအေရကေျခာက္ေသြ႕ျပီး ပ်က္စီးနိုုင္ပါတယ္။ ဒါ့ေၾကာင့္ ေလယာဥ္ေပၚမတက္ခင္နဲ႔ ျပန္ဆင္းသက္ျပိီးေနာက္ပိုင္း အသားအေရကို ျပန္ထိန္းသိမ္းပါ။

အသားအေရထိန္းသိမ္းမႈကို ပံုမွန္အတိုင္းလုပ္ပါ
ခရီးသြားျပီိဆိုရင္ အိမ္မွာနဲ႔မတူတာရယ္၊ သြားရလာရအာရံုမ်ားေနတာရယ္၊ ပင္ပန္းျပီးနားခ်င္ေနတာရယ္ေၾကာင့္ လုပ္ေနက်အရာေတြကို ပစ္ထားလိုက္တာမ်ိဳးျဖစ္တတ္ပါတယ္။ ဒါေပမယ့္ မတူညီတဲ့ေလထုအရည္အေသြး၊မတူညီတဲ့စားေသာက္ပံုအာဟာရ၊ မတူညီတဲ့စိတ္ဖိစီးမႈ စတဲ့ အသစ္ အသစ္ေတြ အမ်ားၾကီးၾကံဳလာရတာျဖစ္လို႔ အေရျပားကိုထိခိုက္မႈရွိေစနိုင္ပါတယ္။ ဒါ့ေၾကာင့္ ပံုမွန္သံုးေနက် skin care ထိန္းသိမ္းမႈနဲ႔ အသားအေရကို အတတ္နုိင္ဆံုး ေစာင့္ေရွာက္ေပးပါ။

သက္ေတာင့္ သက္သာျဖစ္မယ့္ အဝတ္ကို ဦးစားေပး ေရြးပါ
အျပင္ကိုသြားတဲ့အခါ ေျခလ်င္ေတာင္တက္တာ၊ဂိမ္းကစားတာ၊ ေလွ်ာက္လည္ပတ္တာ၊ စူးစမ္းေလ့လာတာလို လႈပ္ရွားသြားလာမႈေတြမွာ ပါဝင္မိမွာပါ။ လွပဖို႔အဓိကျဖစ္တဲ့ က်ပ္ေနတဲ့၊သက္ေတာင့္သက္သာမရွိတဲ့အဝတ္အစားေတြဝတ္လာရင္ ေခြ်းေတြနဲ႔ ယားယံတာ။အနီကြက္ထြက္တာေတြျဖစ္လာမွာကို မေၾကာက္ရေအာင္ ခ်ည္သားပါတဲ့ သက္ေတာင့္သက္သာအဝတ္အစားကို ေရြးဝတ္ပါ။

ခရီးတေလွ်ာက္မွာ ေရမ်ားမ်ားေသာက္ပါ 
ေရဓာတ္ခမ္းေျခာက္ျခင္းက အသားအေရအတြက္ တကယ္အေရးၾကီးတဲ့အရာပါ။ အသားလွခ်င္ရင္ ေရပံုမွန္ေသာက္တဲ့အက်င့္ကို လုပ္ပါ။ ခရီးသြား၇င္ ေရဘူးအျမဲေဆာင္ ထားပါ။

မိတ္ကပ္ထူထူမလိမ္းပါနဲ႔
မိတ္ကပ္ေတြကေခြ်းေပါက္ကိုပိတ္ေစျပီး အေရျပားျပႆနာေတြ ျဖစ္ေစနိုင္ပါတယ္။ ခရီးသြားခ်ိန္အတြင္း အသားအေရက  sensitive  ပိုျဖစ္လာတယ္ဆိုရင္ လမ္းမွာအေရျပားျပႆနာေတြထပ္မျဖစ္ေစဖို႔ မိတ္ကပ္ကိုပံုမွန္ထက္ေလွ်ာ့လိမ္းပါ။

အိပ္ေရးဝေအာင္အိပ္ပါ
အိပ္ေရးပ်က္ျခင္းက အသားအေရအတြက္မေကာင္းပါဘူး။ ခရီးသြားလို႔၊ အိပ္ရာေျပာင္းလို႔ ညမအိပ္ရင္ အသားအေရမွာျပႆနာေတြျဖစ္လာနိုင္ပါတယ္။

မ်က္လံုးကို ေရခဲကပ္ပါ
မ်က္ကြင္းညိဳတာ၊မ်က္တြင္းက်တာေတြက မၾကာခဏခရီးသြားတတ္သူေတြမွာအျဖစ္မ်ားပါတယ္။မ်က္လံုးကို ေရခဲအိတ္ေလးကပ္ေပးထားရင္ ေနလို႔ေကာင္းျပီး စိတ္ဖိစိီးမႈကိုလည္းသက္သာေလ်ာပါးေစနုိင္ပါတယ္။

ခရီးေဆာင္အိတ္မွာ မပါမျဖစ္ထည့္သြားသင့္တဲ့ အလွကုန္နဲ႔အသားအေရထိန္းသိမ္းေရးပစၥည္းေတြထဲမွာ ႏႈတ္ခမ္းသားအစိုဓာတ္ထိန္းေပးမယ့္ႏႈတ္ခမ္းနီ၊ေနေလာင္ကာခရင္မ္၊ မ်က္ႏွာသစ္ေဆး၊ မ်က္ခံုးဆြဲတံ၊moisturizer တို႔ပါဝင္ပါတယ္။

လွလဲလွခ်င္ မိတ္ကပ္လိမ္းရမွာလဲ အလုပ္ရႈပ္တဲ့သူေတြအတြက္ အခ်ိန္ကုန္သက္သာျပီး တစ္ခုထဲနဲ႔ ၿပီးျပည့္စံုတဲ့ L’Oreal Paris ရဲ႕ True Match Cushion ကို သံုးႏိုင္ပါတယ္။ လိမ္းရတာ ေပါ့ပါးၿပီး Tap Tap လုပ္ရံုနဲ႔ အျပစ္အနာဆာေတြလဲ ဖံုးေပးႏိုင္တဲ့ အျပင္ ေနေရာင္ဒဏ္လဲ ကာကြယ္ေပးလို႔ အရမ္း အဆင္ေျပတဲ့ All in One Cushion ျဖစ္ပါတယ္။

မ်က္လံုးအလွအတြက္ကေတာ့ အခ်ိန္တိုအတြင္းမွာ ဆြဲရလြယ္ကူတဲ့ L’Oreal Paris ရဲ႕ Brow Artist Designer ေလး တစ္ခု ပါရင္ အဆင္ေျပပါလိမ့္မယ္။ ခဲတံေလးနဲ႔ ပံုေဖာ္ၿပီး ေပါင္ဒါေလးနဲ႔ မ်က္ခံုးအလယ္ျဖည့္ရံုဘဲမို႔ အခ်ိန္ကုန္ အရမ္းသက္သာပါတယ္။

ႏႈတ္ခမ္းနီအေျခာက္ေတြဆိုရင္ ႏႈတ္ခမ္းကိုေျခာက္ေသြ႕ကြဲအက္ေစမွာျဖစ္လို႔ ႏႈတ္ခမ္းကိုအစိုဓာတ္ထိန္းေပးတဲ့ Moisturizing Lipstick ေတြယူသြားတာအေကာင္းဆံုးပါ။ဥပမာ- L’Oréal Paris ရဲ႕ Color Riche Moisturizing Lip Stick လို Vitamin E ပါဝင္လို႔ ႏႈတ္ခမ္းသားကို ႏူးညံ့ေပါ့ပါးၿပီး တာရွည္ခံတဲ့ႏႈတ္ခမ္းနီမ်ိဳးဆို အားလံုးနဲ႕ အသင့္ေတာ္ဆံုးဘဲေပါ့။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  mizzima
#Unicode Version#
ရုံးပိတ်ရက်တွေမှာ တောင်တက်ခရီးစဉ် ဒါမှမဟုတ် ကမ်းခြေခရီးထွက်ဖို့ စိတ်ကူးထားကြလား။

အခုဆို tour trips တွေက  ပြည်တွင်းတင်မက ပြည်ပအထိပါ စားရိတ်ငြိမ်း အပြီးအစီးတွေစီစဉ်ပေးလာပြီဆိုတော့ မိသားစုနဲ့ပဲဖြစ်ဖြစ်၊၊ ချစ်သူ ဒါမှမဟုတ်၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ဖြစ်ဖြစ် မကြာခဏ အပန်းဖြေခရီးထွက်လာကြပြီလေ။ ခရီးသွားရတာကို ပျော်တဲ့သူတွေရှိသလို အလုပ်ကိစ္စကြောင့် မဖြစ်မနေ ခရီးမကြာခဏသွားရသူတွေရှိပါတယ်။



ဒါပေမယ့် နွေ၊မိုး၊ဆောင်းဘယ်ရာသီမှာပဲဖြစ်ဖြစ် ခရီးသွားတဲ့အခါ မိန်းကလေးတွေက ကိုယ့်ခန္ဓာကိုယ်ကျန်းမာရေးနဲ့ အသားအရေကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှ ပျော်စရာကောင်းမှာပါ။ ကျန်းမာရေးနဲ့ညီအောင်နေထိုင်၊ ထိန်းသိမ်းမှ ဓာတ်ပုံလှလှလေးတွေလည်း အမှတ်တရ ရနိုင်မှာပေါ့နော်။

ခရီးသွားနေတဲ့အချိန်မှာ လူက နွမ်းလျနေမယ်၊ အမှုမဲ့အမှတ်မဲ့နေမယ်၊ စားသောက်ချိန်မမှန်ဘူး၊ အလောတကြီးအစီအစဉ်တွေဆွဲမယ် ဆိုတာတွေ ရှိပါတယ်။ ဒါတွေအပြင် နေရာဒေသအပြောင်းအလဲ၊ရာသီဥတုအပြောင်းအလဲတွေကြောင့်လည်း အသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ တစ်နေရာကနေ တစ်နေရာကို အဝေးကြီးဖြတ်သန်းသွားလာနေမှတော့ အပူချိန်အပြောင်းအလဲတွေကြောင့် ခရီးသွားတိုင်း အသားအရေကို ထိခိုက်တာများပါတယ်(အနည်းဆုံးတော့ အသားမည်းသွားတာမျိုး)။



ဒါ့ကြောင့်ခရီးသွားနေတဲ့အချိန်မှာရော ပြန်ရောက်လာတဲ့အချိန်မှာရော အသားအရေကိုထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ ခရီးမသွားခင် ပြင်ဆင်ရမယ့်အရာတွေထဲမှာ အသားအရေထိန်းသိမ်းရေးနဲ့အလှကုန်ပစ္စည်းတွေက မပါမဖြစ်အရေးပါပါတယ်။ လုပ်ဆောင်သင့်တဲ့ အချက်တွေကိုမလုပ်ရင် ပြန်လာတဲ့အခါ  အသားအရေပျက်စီးပြီး ပြန်ကောင်းနိုင်ဖို့ အချိန်အတော်ယူရပါလိမ့်မယ်။ ခရီးသွားတော့မယ့် လေဒီလေးတွေ ကိုယ့်အသားအရေကို ထိန်းသိမ်းနိုင်ဖို့ ဒီအချက်တွေကို သတိထားလိုက်နာသင့်ပါတယ်။



အထုပ်အပိုးပြင်တဲ့အခါ

ခရီးတစ်ခုမသွားခင်မှာ အလှကုန်ပစ္စည်းအိတ်ကို သေချာပြင်ဆင်ပါ။ ခရီးသွားတဲ့အခါသုံးဖို့  ကိုယ်ပုံမှန်နေ့စဉ်သုံးနေကျ အခြေခံ skin care ပစ္စည်းတွေကို မမေ့မလျော့ထည့်သွားပါ။ များနေမှာစိုးရင် အမျိုးအစားတူတဲ့ beauty-kit လေးတွေဝယ်တာ ဒါမှမဟုတ် ခရီးသွားမယ့်ရက်ကိုတွက်ပြီး ဘူးအသေးလေးတွေနဲ့ ခွဲထည့်သွားတာမျိုး လုပ်နိုင်ပါတယ်။



မျက်နှာသစ်ဆေးက မပါမဖြစ်

ခရီးစဉ်တလျှောက် သင့်အသားအရေမှာ ဖုန်မှုန့်တွေ၊အမှုန်တွေကပ်ငြိနေမှာပါ။ မျက်နှာသစ်ဆေးနဲ့မှ အသားအရေကို သန့်စင်စေပြီး နေထိုင်ရလန်းဆန်းစေမှာဖြစ်ပါတယ်။ skin care ပစ္စည်းတွေဆိုတာ နည်းနည်းလေးပြောင်းလဲလိုက်တာနဲ့ အရေပြားမှာ ချက်ချင်းသက်ရောက်မှုရှိစေတတ်လို့ သုံးနေကျမျက်နှာသစ်ဆေးကိုမပါမဖြစ်ယူရပါမယ်။



အစိုဓာတ်ထိန်းခရင်မ်နဲ့နေလောင်ခံခရင်မ်

ခရီးစဉ်မှာ moisturizer  ကိုနည်းနည်းပိုသုံးဖို့လိုမယ်ဆိုပေမယ့် sunscreen ကိုလည်း ချန်မထားသင့်ပါဘူး။ ခရီးထွက်မှတော့ လူကအမြဲ အပြင်ရောက်နေမှာဖြစ်လို့  ဒီရက်တွေအတွင်း အသားအရေကို နေမလောင်စေဖို့ ကာကွယ်ရပါမယ်။ ပတ်ဝန်းကျင်အသစ်ကိုရောက်တဲ့အခါ အသားအရေကပိုခြောက်သွေ့လွယ်တာကြောင့် အရင်ကသုံးလေ့မရှိရင်တောင် moisturizer နဲ့ sunscreen  ကို ယူဖြစ်အောင်ယူပါ။ L’Oreal Paris ရဲ့ UV Perfect Spray Mist ကတော့ အချိန်မရွေး နေရာမရွေး ဖျန်းပြီး သုံးရုံမို့လို့ Traveller စိတ်ကြိုက် Sun Protection Spray ပစ္စည်း တစ်ခုပါ။



လေယာဉ်မစီးခင်နဲ့ လေယာဉ်စီးပြီးအချိန် Moisturizer  သုံးပါ

အမြင့်ပေများစွာကနေ ပျံသန်းတဲ့အခါ အသားအရေကခြောက်သွေ့ပြီး ပျက်စီးနိုုင်ပါတယ်။ ဒါ့ကြောင့် လေယာဉ်ပေါ်မတက်ခင်နဲ့ ပြန်ဆင်းသက်ပြီးနောက်ပိုင်း အသားအရေကို ပြန်ထိန်းသိမ်းပါ။



အသားအရေထိန်းသိမ်းမှုကို ပုံမှန်အတိုင်းလုပ်ပါ

ခရီးသွားပြီဆိုရင် အိမ်မှာနဲ့မတူတာရယ်၊ သွားရလာရအာရုံများနေတာရယ်၊ ပင်ပန်းပြီးနားချင်နေတာရယ်ကြောင့် လုပ်နေကျအရာတွေကို ပစ်ထားလိုက်တာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် မတူညီတဲ့လေထုအရည်အသွေး၊မတူညီတဲ့စားသောက်ပုံအာဟာရ၊ မတူညီတဲ့စိတ်ဖိစီးမှု စတဲ့ အသစ် အသစ်တွေ အများကြီးကြုံလာရတာဖြစ်လို့ အရေပြားကိုထိခိုက်မှုရှိစေနိုင်ပါတယ်။ ဒါ့ကြောင့် ပုံမှန်သုံးနေကျ skin care ထိန်းသိမ်းမှုနဲ့ အသားအရေကို အတတ်နိုင်ဆုံး စောင့်ရှောက်ပေးပါ။



သက်တောင့် သက်သာဖြစ်မယ့် အဝတ်ကို ဦးစားပေး ရွေးပါ

အပြင်ကိုသွားတဲ့အခါ ခြေလျင်တောင်တက်တာ၊ဂိမ်းကစားတာ၊ လျှောက်လည်ပတ်တာ၊ စူးစမ်းလေ့လာတာလို လှုပ်ရှားသွားလာမှုတွေမှာ ပါဝင်မိမှာပါ။ လှပဖို့အဓိကဖြစ်တဲ့ ကျပ်နေတဲ့၊သက်တောင့်သက်သာမရှိတဲ့အဝတ်အစားတွေဝတ်လာရင် ချွေးတွေနဲ့ ယားယံတာ။အနီကွက်ထွက်တာတွေဖြစ်လာမှာကို မကြောက်ရအောင် ချည်သားပါတဲ့ သက်တောင့်သက်သာအဝတ်အစားကို ရွေးဝတ်ပါ။



ခရီးတလျှောက်မှာ ရေများများသောက်ပါ

ရေဓာတ်ခမ်းခြောက်ခြင်းက အသားအရေအတွက် တကယ်အရေးကြီးတဲ့အရာပါ။ အသားလှချင်ရင် ရေပုံမှန်သောက်တဲ့အကျင့်ကို လုပ်ပါ။ ခရီးသွား၇င် ရေဘူးအမြဲဆောင် ထားပါ။



မိတ်ကပ်ထူထူမလိမ်းပါနဲ့

မိတ်ကပ်တွေကချွေးပေါက်ကိုပိတ်စေပြီး အရေပြားပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ခရီးသွားချိန်အတွင်း အသားအရေက  sensitive  ပိုဖြစ်လာတယ်ဆိုရင် လမ်းမှာအရေပြားပြဿနာတွေထပ်မဖြစ်စေဖို့ မိတ်ကပ်ကိုပုံမှန်ထက်လျှော့လိမ်းပါ။



အိပ်ရေးဝအောင်အိပ်ပါ

အိပ်ရေးပျက်ခြင်းက အသားအရေအတွက်မကောင်းပါဘူး။ ခရီးသွားလို့၊ အိပ်ရာပြောင်းလို့ ညမအိပ်ရင် အသားအရေမှာပြဿနာတွေဖြစ်လာနိုင်ပါတယ်။



မျက်လုံးကို ရေခဲကပ်ပါ

မျက်ကွင်းညိုတာ၊မျက်တွင်းကျတာတွေက မကြာခဏခရီးသွားတတ်သူတွေမှာအဖြစ်များပါတယ်။မျက်လုံးကို ရေခဲအိတ်လေးကပ်ပေးထားရင် နေလို့ကောင်းပြီး စိတ်ဖိစီးမှုကိုလည်းသက်သာလျောပါးစေနိုင်ပါတယ်။



ခရီးဆောင်အိတ်မှာ မပါမဖြစ်ထည့်သွားသင့်တဲ့ အလှကုန်နဲ့အသားအရေထိန်းသိမ်းရေးပစ္စည်းတွေထဲမှာ နှုတ်ခမ်းသားအစိုဓာတ်ထိန်းပေးမယ့်နှုတ်ခမ်းနီ၊နေလောင်ကာခရင်မ်၊ မျက်နှာသစ်ဆေး၊ မျက်ခုံးဆွဲတံ၊moisturizer တို့ပါဝင်ပါတယ်။



လှလဲလှချင် မိတ်ကပ်လိမ်းရမှာလဲ အလုပ်ရှုပ်တဲ့သူတွေအတွက် အချိန်ကုန်သက်သာပြီး တစ်ခုထဲနဲ့ ပြီးပြည့်စုံတဲ့ L’Oreal Paris ရဲ့ True Match Cushion ကို သုံးနိုင်ပါတယ်။ လိမ်းရတာ ပေါ့ပါးပြီး Tap Tap လုပ်ရုံနဲ့ အပြစ်အနာဆာတွေလဲ ဖုံးပေးနိုင်တဲ့ အပြင် နေရောင်ဒဏ်လဲ ကာကွယ်ပေးလို့ အရမ်း အဆင်ပြေတဲ့ All in One Cushion ဖြစ်ပါတယ်။



မျက်လုံးအလှအတွက်ကတော့ အချိန်တိုအတွင်းမှာ ဆွဲရလွယ်ကူတဲ့ L’Oreal Paris ရဲ့ Brow Artist Designer လေး တစ်ခု ပါရင် အဆင်ပြေပါလိမ့်မယ်။ ခဲတံလေးနဲ့ ပုံဖော်ပြီး ပေါင်ဒါလေးနဲ့ မျက်ခုံးအလယ်ဖြည့်ရုံဘဲမို့ အချိန်ကုန် အရမ်းသက်သာပါတယ်။



နှုတ်ခမ်းနီအခြောက်တွေဆိုရင် နှုတ်ခမ်းကိုခြောက်သွေ့ကွဲအက်စေမှာဖြစ်လို့ နှုတ်ခမ်းကိုအစိုဓာတ်ထိန်းပေးတဲ့ Moisturizing Lipstick တွေယူသွားတာအကောင်းဆုံးပါ။ဥပမာ- L’Oréal Paris ရဲ့ Color Riche Moisturizing Lip Stick လို Vitamin E ပါဝင်လို့ နှုတ်ခမ်းသားကို နူးညံ့ပေါ့ပါးပြီး တာရှည်ခံတဲ့နှုတ်ခမ်းနီမျိုးဆို အားလုံးနဲ့ အသင့်တော်ဆုံးဘဲပေါ့။



ဖိုးသူတော် (www.phothutaw.com)
Credit:  mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top