Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အဆိုေတာ္ ဆုန္သင္း ပါရ္က ၎၏ငါးေခြေျမာက္ ေတး စီးရီး ‘လုိရာဆု’ အေခြကာဗာပုံ ကုိ ပန္းခ်ီဦး၀င္းေဖ၏ လက္ရာပန္းခ်ီကားပုံ အသုံးျပဳခဲ့သည္။
‘‘လုိရာဆုဆိုတဲ့ ေခါင္းစဥ္နဲ႔ ဆရာႀကီးေရးတဲ့ ပန္းခ်ီရဲ႕ေခါင္း စဥ္က လုိက္ဖက္မႈရွိတယ္လို႔ ဆုန္ သင္း ျမင္တယ္။ ဒီပန္းခ်ီကား ေလးပါတဲ့အတြက္ ဆုန္သင္းသီ ခ်င္းေတြကို အေထာက္အပံ့ျဖစ္ မယ္လို႔ ေမွ်ာ္လင့္ပါတယ္’’ဟု ဆုန္သင္းပါရ္က ေျပာသည္။
အဆုိေတာ္ မီမီ၀င္းေဖ အြန္ လုိင္းမွျဖန္႔ခ်ိခဲ့သည့္ ‘ဘခ်ယ္’ သီ ခ်င္းတြင္ ဆရာႀကီးဦး၀င္းေဖ၏ ပန္းခ်ီပုံကိုအသုံးျပဳသည္ကို ျမင္ ေတြ႕ခ်ိန္ကတည္းက    ၎၏ အေခြတြင္လည္း   ပန္းခ်ီပုံထည့္ ရန္ စိတ္ကူးခဲ့ေၾကာင္း ဆုန္သင္းပါရ္က ဆုိသည္။
‘‘အခ်စ္သီခ်င္းဆုိလည္း ကိုယ့္အသက္အရြယ္နဲ႔ မလုိက္တဲ့ သီခ်င္းမ်ဳိးေတာ့ မပါဘူး။ ေလး ေလးနက္နက္ျဖစ္တဲ့ သီခ်င္းေလး ေတြပါတယ္။ ေတးေရးေတြက လည္း ေလးနက္တဲ့အဓိပၸာယ္ ေတြနဲ႔ ကိုယ့္ဘ၀ကို တစ္ခုခ်င္းပုံ ေဖာ္ၿပီး ေရးေပးၾကေတာ့ ဒီအေခြ ေလးကို ေက်နပ္ပါတယ္’’ဟု ၎ က ေျပာသည္။
ယင္းအေခြထြက္ၿပီးပါက သီ ခ်င္းအသစ္တစ္ပုဒ္ကို အြန္လုိင္း တြင္ ျဖန္႔ခ်ိရန္ အစီအစဥ္ရွိၿပီး ယင္းသီခ်င္းအမ္တီဗီကို ခ်င္း ေတာင္ဘက္တြင္သြားေရာက္ ႐ုိက္ကူးရန္ အစီအစဥ္ရွိေၾကာင္း၎၏အႏုပညာလႈပ္ရွားမႈမ်ားႏွင့္ ပတ္သက္၍ ေျပာသည္။
‘‘တစ္ႏွစ္တစ္ေခြ မဟုတ္ရင္ ေတာင္   ၂ ႏွစ္ကို   တစ္ေခြက ေတာ့ သီခ်င္းအသစ္ေတြ ထုတ္ ခ်င္တယ္။ ဆိုခ်င္တယ္။ ဒီအလုပ္ ကို ခ်စ္ျမတ္ႏုိးလို႔ မဆိုရ မေနႏုိင္ လို႔ ေရြးခ်ယ္ၿပီးမွေတာ့ ပရိသတ္ ေတြကို သီခ်င္းအသစ္ေတြ ေပးဖို႔ စိတ္ထဲမွာ အၿမဲရွိတယ္’’ဟု ဆုန္ သင္းပါရ္က ေျပာသည္။
အဆုိပါ လိုရာဆု ေတးစီးရီးကို ေအာက္တိုဘာ ၂၅ ရက္တြင္ စတင္ျဖန္႔ခ်ိၿပီး စုစုေပါင္းသီခ်င္း ၁၁ ပုဒ္ပါ၀င္ကာ မင္းခ်စ္သူ၊ ေစာခူဆဲလ္၊ ျမင့္မုိးေအာင္၊ အငဲ၊ ေအာင္ကိုျမင့္ႏွင့္ ဖိုးအိတို႔က ေရး သားထားသည္။
တစ္ကုိယ္ေတာ္ေဖ်ာ္ေျဖ ပဲြႏွင့္ပတ္သက္၍ ဆုန္သင္းပါရ္က ‘‘အခုက သီခ်င္းေဟာင္းေတြပဲ မ်ားေနေသးတယ္။ ေပါက္သီခ်င္းအသစ္ေတြ ေလး၊ ငါး၊ ဆယ္ပုဒ္ေလာက္ရွိလာမွ ပရိသတ္ေတြကို အသစ္ေတြပဲဆိုျပခ်င္လို႔။ အဲဒီအခ်ိန္မွ လုပ္ခ်င္ပါတယ္’’ဟု ေျပာသည္။
ဆုန္သင္းပါရ္သည္ တစ္ ကိုယ္ေတာ္အေခြမ်ားအေနျဖင့္ ကိုယ့္အေၾကာင္းနဲ႔ကိုယ္၊ ဆက္ရန္ မင္းကိုႏွင့္ အသစ္ေတးစီးရီးမ်ား ထြက္ရွိထားသည္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7DayDaily
#Unicode Version#
 အဆိုတော် ဆုန်သင်း ပါရ်က ၎င်း၏ငါးခွေမြောက် တေး စီးရီး ‘လိုရာဆု’ အခွေကာဗာပုံ ကို ပန်းချီဦးဝင်းဖေ၏ လက်ရာပန်းချီကားပုံ အသုံးပြုခဲ့သည်။

‘‘လိုရာဆုဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာကြီးရေးတဲ့ ပန်းချီရဲ့ခေါင်း စဉ်က လိုက်ဖက်မှုရှိတယ်လို့ ဆုန် သင်း မြင်တယ်။ ဒီပန်းချီကား လေးပါတဲ့အတွက် ဆုန်သင်းသီ ချင်းတွေကို အထောက်အပံ့ဖြစ် မယ်လို့ မျှော်လင့်ပါတယ်’’ဟု ဆုန်သင်းပါရ်က ပြောသည်။

အဆိုတော် မီမီဝင်းဖေ အွန် လိုင်းမှဖြန့်ချိခဲ့သည့် ‘ဘချယ်’ သီ ချင်းတွင် ဆရာကြီးဦးဝင်းဖေ၏ ပန်းချီပုံကိုအသုံးပြုသည်ကို မြင် တွေ့ချိန်ကတည်းက    ၎င်း၏ အခွေတွင်လည်း   ပန်းချီပုံထည့် ရန် စိတ်ကူးခဲ့ကြောင်း ဆုန်သင်းပါရ်က ဆိုသည်။

‘‘အချစ်သီချင်းဆိုလည်း ကိုယ့်အသက်အရွယ်နဲ့ မလိုက်တဲ့ သီချင်းမျိုးတော့ မပါဘူး။ လေး လေးနက်နက်ဖြစ်တဲ့ သီချင်းလေး တွေပါတယ်။ တေးရေးတွေက လည်း လေးနက်တဲ့အဓိပ္ပာယ် တွေနဲ့ ကိုယ့်ဘဝကို တစ်ခုချင်းပုံ ဖော်ပြီး ရေးပေးကြတော့ ဒီအခွေ လေးကို ကျေနပ်ပါတယ်’’ဟု ၎င်း က ပြောသည်။

ယင်းအခွေထွက်ပြီးပါက သီ ချင်းအသစ်တစ်ပုဒ်ကို အွန်လိုင်း တွင် ဖြန့်ချိရန် အစီအစဉ်ရှိပြီး ယင်းသီချင်းအမ်တီဗီကို ချင်း တောင်ဘက်တွင်သွားရောက် ရိုက်ကူးရန် အစီအစဉ်ရှိကြောင်း၎င်း၏အနုပညာလှုပ်ရှားမှုများနှင့် ပတ်သက်၍ ပြောသည်။

‘‘တစ်နှစ်တစ်ခွေ မဟုတ်ရင် တောင်   ၂ နှစ်ကို   တစ်ခွေက တော့ သီချင်းအသစ်တွေ ထုတ် ချင်တယ်။ ဆိုချင်တယ်။ ဒီအလုပ် ကို ချစ်မြတ်နိုးလို့ မဆိုရ မနေနိုင် လို့ ရွေးချယ်ပြီးမှတော့ ပရိသတ် တွေကို သီချင်းအသစ်တွေ ပေးဖို့ စိတ်ထဲမှာ အမြဲရှိတယ်’’ဟု ဆုန် သင်းပါရ်က ပြောသည်။

အဆိုပါ လိုရာဆု တေးစီးရီးကို အောက်တိုဘာ ၂၅ ရက်တွင် စတင်ဖြန့်ချိပြီး စုစုပေါင်းသီချင်း ၁၁ ပုဒ်ပါဝင်ကာ မင်းချစ်သူ၊ စောခူဆဲလ်၊ မြင့်မိုးအောင်၊ အငဲ၊ အောင်ကိုမြင့်နှင့် ဖိုးအိတို့က ရေး သားထားသည်။

တစ်ကိုယ်တော်ဖျော်ဖြေ ပွဲနှင့်ပတ်သက်၍ ဆုန်သင်းပါရ်က ‘‘အခုက သီချင်းဟောင်းတွေပဲ များနေသေးတယ်။ ပေါက်သီချင်းအသစ်တွေ လေး၊ ငါး၊ ဆယ်ပုဒ်လောက်ရှိလာမှ ပရိသတ်တွေကို အသစ်တွေပဲဆိုပြချင်လို့။ အဲဒီအချိန်မှ လုပ်ချင်ပါတယ်’’ဟု ပြောသည်။

ဆုန်သင်းပါရ်သည် တစ် ကိုယ်တော်အခွေများအနေဖြင့် ကိုယ့်အကြောင်းနဲ့ကိုယ်၊ ဆက်ရန် မင်းကိုနှင့် အသစ်တေးစီးရီးများ ထွက်ရှိထားသည်။

 ဖိုးသူတော် (www.phothutaw.com)
Credit:7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top