Golden City Promotion
×

                     ခ်မ္းျမေရႊျပည္ယာဥ္ရပ္နားစခန္းတြင္ ရပ္နားထားေသာ ယာဥ္မ်ား
မႏၲေလးၿမိဳ႕ ခ်မ္းျမေရႊ ျပည္ခရီးသည္တင္ယာဥ္ရပ္နား စခန္း(ကြၽဲဆည္ကန္အေ၀းေျပး ကားႀကီး၀င္း)အဆင့္ျမႇင္တင္ျခင္း စီမံကိန္းစာခ်ဳပ္တြင္ ၿမိဳ႕ေနလူထု အတြက္ ရသင့္ရထုိက္သည့္အ ခ်က္မ်ား ျပန္လည္ေတာင္းဆုိ ထည့္သြင္း၍ အသစ္ျပန္လည္ ခ်ဳပ္ဆုိခဲ့ေၾကာင္း မႏၲေလးၿမိဳ႕ ေတာ္ စည္ပင္သာယာေရးေကာ္ မတီ၀င္  ဦးေက်ာ္ေဇာေအာင္က ေျပာသည္။
ကြၽဲဆည္ကန္ကား၀င္းအ ဆင့္ျမႇင့္တင္ရန္ ယခင္အစုိးရ လက္ထက္တြင္ M-Developm-ent Corporation (myanmar) Co.,Ltd ႏွင့္မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီတို႔ အက်ိဳးတူပူးေပါင္းမည့္ သေဘာ တူစာခ်ဳပ္ ခ်ဳပ္ဆုိထားခဲ့ၿပီး ေအာက္တိုဘာ ၁၀ ရက္က စာ ခ်ဳပ္အသစ္ျပန္လည္ခ်ဳပ္ဆုိခဲ့ျခင္း ျဖစ္သည္။

‘‘စည္ပင္က ရပုိင္ခြင့္ေတြကုိ ျပန္လည္သုံးသပ္ၿပီး စာခ်ဳပ္ျပင္ ခ်ဳပ္ခဲ့တယ္။ ကားအ၀င္အထြက္ ၀င္ေၾကးေကာက္တာေတြ၊ စီမံ ခန္႔ခြဲမႈေတြပါတယ္’’ ဟု ဦးေက်ာ္ ေဇာေအာင္က ေျပာသည္။

ကြၽဲဆည္ကန္ကားႀကီး၀င္း အဆင့္ျမႇင့္တင္ျခင္းစီမံကိန္းက ယခင္စာခ်ဳပ္အတိုင္းဆုိပါကတစ္ ႏွစ္အခြန္ေငြ က်ပ္သိန္း ၃,၀၀၀ ခန္႔ရရွိမည္ျဖစ္ၿပီး စာခ်ဳပ္ျပင္ဆင္ ခ်ဳပ္ဆုိသျဖင့္  အခြန္ေငြပုိမိုရရွိ ႏုိင္ေၾကာင္း ၎ကဆုိသည္။

ယခင္စာခ်ဳပ္ပါအခ်က္အ လက္မ်ားအရ ကြၽဲဆည္ကန္ကား ႀကီး၀င္း အဆင့္ျမႇင့္တင္ရာတြင္ ေလဆိပ္မ်ားကဲ့သုိ႔ ဆုိက္ေရာက္၊ ထြက္ခြာေနရာမ်ား၊ စားေသာက္ ဆုိင္ခန္းမ်ား၊ ေစ်းဆုိင္တန္းမ်ား၊ ကြန္ဒုိႏွင့္ လူေနတိုက္ခန္းမ်ားပါ ထည့္သြင္းတည္ေဆာက္ရန္ စီစဥ္ ထားသည္။ ျပင္ဆင္ခ်ဳပ္ဆုိသည့္ စာခ်ဳပ္ပါအခ်က္အလက္မ်ားႏွင့္ ပတ္သက္၍ အေသးစိတ္မသိရ ေသးေပ။

ကြၽဲဆည္ကန္ကား၀င္း အ ဆင့္ျမႇင့္တင္ျခင္းစီမံကိန္းကုိ ကန္ ေဒၚလာသန္း ၁၅၀ ရင္းႏွီးျမႇဳပ္ႏွံ လုပ္ကုိင္မည္ျဖစ္ၿပီး ႏုိင္ငံတကာ ေလဆိပ္မ်ားကဲ့သုိ႔ အဆင့္မီခရီး သည္နားေနခန္းမ်ား၊ လက္မွတ္ ေရာင္းေကာင္တာမ်ား၊ ေစ်းဆုိင္ ခန္းမ်ား၊ စားေသာက္ဆုိင္မ်ားပါ ၀င္မည္ျဖစ္ကာ ၂၀၂၀ တြင္အၿပီး တည္ေဆာက္မည္ျဖစ္ေၾကာင္း M-Development Corporation (myanmar)Co.,Ltd မန္ေနဂ်င္း ဒါ႐ိုက္တာဦးေသာင္းထုိက္လင္း က ေျပာသည္။

ယင္းစီမံကိန္းႏွင့္ပတ္သက္ ၍ မႏၲေလးၿမိဳ႕ေတာ္၀န္ေဒါက္တာ ရဲလြင္က အရည္အေသြးအ ေကာင္းဆုံးျဖင့္ အျမန္ၿပီးစီး ေအာင္ေဆာင္ရြက္ရန္လုိေၾကာင္း ေျပာသည္။

ကြၽဲဆည္ကန္ကား၀င္းအ ဆင့္ျမႇင့္တင္ျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ေနစဥ္အတြင္း ၇၃ လမ္းႏွင့္ ၇၄ လမ္းၾကား၊ တံ ခြန္တိုင္အ၀ုိင္းအနီးရွိ ေျမ၁၀ဧက  က်ယ္၀န္းသည့္ MICT ကား ၀င္းကို ယာယီကား၀င္းအျဖစ္ သတ္မွတ္မည္ျဖစ္ေၾကာင္း ဦး ေက်ာ္ေဇာေအာင္က ေျပာသည္။

မႏၲေလးၿမိဳ႕ ကြၽဲဆည္ကန္ ကား၀င္းသည္ ၁၅ ဧကက်ယ္၀န္း ကာ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ ရန္ ကုန္-မႏၲေလးလမ္းမေဘးတြင္ တည္ရွိၿပီး မႏၲေလးၿမိဳ႕ရွိ အႀကီး ဆုံးႏွင့္ ခရီးသည္အ၀င္အထြက္ အမ်ားဆုံးအေ၀းေျပးကား၀င္း ျဖစ္သည္။

M-Development Corpo-ration (myanmar)ကုမၸဏီသည္ ကြၽဲဆည္ကန္ကားႀကီး၀င္း အ ဆင့္ျမႇင့္တင္ခြင့္ရရန္ မႏၲေလးၿမိဳ႕ ေတာ္စည္ပင္သုိ႔ က်ပ္ႏွစ္ဘီလီယံ ေပးသြင္းခဲ့ၿပီး ႏွစ္ (၆၀)စာခ်ဳပ္ျဖင့္ လုပ္ပုိင္ခြင့္ရျခင္းျဖစ္ႏုိင္ေၾကာင္း စည္ပင္သာယာတာ၀န္ရွိသူတစ္ ဦးက ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
မန္တလေးမြို့ ချမ်းမြရွှေ ပြည်ခရီးသည်တင်ယာဉ်ရပ်နား စခန်း(ကျွဲဆည်ကန်အဝေးပြေး ကားကြီးဝင်း)အဆင့်မြှင်တင်ခြင်း စီမံကိန်းစာချုပ်တွင် မြို့နေလူထု အတွက် ရသင့်ရထိုက်သည့်အ ချက်များ ပြန်လည်တောင်းဆို ထည့်သွင်း၍ အသစ်ပြန်လည် ချုပ်ဆိုခဲ့ကြောင်း မန္တလေးမြို့ တော် စည်ပင်သာယာရေးကော် မတီဝင်  ဦးကျော်ဇောအောင်က ပြောသည်။
ကျွဲဆည်ကန်ကားဝင်းအ ဆင့်မြှင့်တင်ရန် ယခင်အစိုးရ လက်ထက်တွင် M-Developm-ent Corporation (myanmar) Co.,Ltd နှင့်မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီတို့ အကျိုးတူပူးပေါင်းမည့် သဘော တူစာချုပ် ချုပ်ဆိုထားခဲ့ပြီး အောက်တိုဘာ ၁၀ ရက်က စာ ချုပ်အသစ်ပြန်လည်ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

‘‘စည်ပင်က ရပိုင်ခွင့်တွေကို ပြန်လည်သုံးသပ်ပြီး စာချုပ်ပြင် ချုပ်ခဲ့တယ်။ ကားအဝင်အထွက် ဝင်ကြေးကောက်တာတွေ၊ စီမံ ခန့်ခွဲမှုတွေပါတယ်’’ ဟု ဦးကျော် ဇောအောင်က ပြောသည်။

ကျွဲဆည်ကန်ကားကြီးဝင်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းက ယခင်စာချုပ်အတိုင်းဆိုပါကတစ် နှစ်အခွန်ငွေ ကျပ်သိန်း ၃,၀၀၀ ခန့်ရရှိမည်ဖြစ်ပြီး စာချုပ်ပြင်ဆင် ချုပ်ဆိုသဖြင့်  အခွန်ငွေပိုမိုရရှိ နိုင်ကြောင်း ၎င်းကဆိုသည်။

ယခင်စာချုပ်ပါအချက်အ လက်များအရ ကျွဲဆည်ကန်ကား ကြီးဝင်း အဆင့်မြှင့်တင်ရာတွင် လေဆိပ်များကဲ့သို့ ဆိုက်ရောက်၊ ထွက်ခွာနေရာများ၊ စားသောက် ဆိုင်ခန်းများ၊ ဈေးဆိုင်တန်းများ၊ ကွန်ဒိုနှင့် လူနေတိုက်ခန်းများပါ ထည့်သွင်းတည်ဆောက်ရန် စီစဉ် ထားသည်။ ပြင်ဆင်ချုပ်ဆိုသည့် စာချုပ်ပါအချက်အလက်များနှင့် ပတ်သက်၍ အသေးစိတ်မသိရ သေးပေ။

ကျွဲဆည်ကန်ကားဝင်း အ ဆင့်မြှင့်တင်ခြင်းစီမံကိန်းကို ကန် ဒေါ်လာသန်း ၁၅၀ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည်ဖြစ်ပြီး နိုင်ငံတကာ လေဆိပ်များကဲ့သို့ အဆင့်မီခရီး သည်နားနေခန်းများ၊ လက်မှတ် ရောင်းကောင်တာများ၊ ဈေးဆိုင် ခန်းများ၊ စားသောက်ဆိုင်များပါ ဝင်မည်ဖြစ်ကာ ၂၀၂၀ တွင်အပြီး တည်ဆောက်မည်ဖြစ်ကြောင်း M-Development Corporation (myanmar)Co.,Ltd မန်နေဂျင်း ဒါရိုက်တာဦးသောင်းထိုက်လင်း က ပြောသည်။

ယင်းစီမံကိန်းနှင့်ပတ်သက် ၍ မန္တလေးမြို့တော်ဝန်ဒေါက်တာ ရဲလွင်က အရည်အသွေးအ ကောင်းဆုံးဖြင့် အမြန်ပြီးစီး အောင်ဆောင်ရွက်ရန်လိုကြောင်း ပြောသည်။

ကျွဲဆည်ကန်ကားဝင်းအ ဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ၇၃ လမ်းနှင့် ၇၄ လမ်းကြား၊ တံ ခွန်တိုင်အဝိုင်းအနီးရှိ မြေ၁၀ဧက  ကျယ်ဝန်းသည့် MICT ကား ဝင်းကို ယာယီကားဝင်းအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ဦး ကျော်ဇောအောင်က ပြောသည်။

မန္တလေးမြို့ ကျွဲဆည်ကန် ကားဝင်းသည် ၁၅ ဧကကျယ်ဝန်း ကာ ပြည်ကြီးတံခွန်မြို့နယ် ရန် ကုန်-မန္တလေးလမ်းမဘေးတွင် တည်ရှိပြီး မန္တလေးမြို့ရှိ အကြီး ဆုံးနှင့် ခရီးသည်အဝင်အထွက် အများဆုံးအဝေးပြေးကားဝင်း ဖြစ်သည်။

M-Development Corpo-ration (myanmar)ကုမ္ပဏီသည် ကျွဲဆည်ကန်ကားကြီးဝင်း အ ဆင့်မြှင့်တင်ခွင့်ရရန် မန္တလေးမြို့ တော်စည်ပင်သို့ ကျပ်နှစ်ဘီလီယံ ပေးသွင်းခဲ့ပြီး နှစ် (၆၀)စာချုပ်ဖြင့် လုပ်ပိုင်ခွင့်ရခြင်းဖြစ်နိုင်ကြောင်း စည်ပင်သာယာတာဝန်ရှိသူတစ် ဦးက ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top