Golden City Promotion
×


ေအာက္တိုဘာ ၁ ရက္ေန႔ နံနက္ ၀၃း၄၀ အခ်ိန္တြင္ လႈိင္ၿမိဳ႕နယ္ေန ေဒၚ------သည္ သီရိမဂၤလာေစ်းသို႔ ကုန္းစိမ္းမ်ား၀ယ္ယူရန္ ေနအိမ္မွ ထြက္ခြာလာေနၿပီးေနာက္ လမ္းထိပ္အေရာက္၌ ယာဥ္အမွတ္ BB-6373 AD Van အမ်ိဳးအစား အမ်ိဳးသားတစ္ဦးေမာင္းႏွင္သည့္ ေမာ္ေတာ္ယာဥ္
တစ္စီးအား ေငြက်ပ္ ၁၅၀၀ ျဖင့္ သီရိမဂၤလာေစ်းသို႔ သြားေရာက္ရန္ ငွားရမ္းခ့ဲေၾကာင္း၊ လႈိင္ၿမိဳ႕နယ္၊ (၁၅) ရပ္ကြက္၊ ပါရမီလမ္းရွိ မီးရထား သံလမ္းေက်ာ္ အေရာက္၌ အငွားယာဥ္ေမာင္းျဖစ္သူမွ ေမာ္ေတာ္ယာဥ္အား လမ္းေဘးသို႔ခ်ရပ္၍ ယာဥ္၏ ေနာက္ခန္းသို႔ကူးကာ ၎၏လည္ပင္း၌ ဆြဲထားေသာ အေလးခ်ိန္ ၂ ပဲ ၂ ေရြးခန္႔ရွိ ေရႊဆြဲသီးတစ္ခုပါ အေလးခ်ိန္ ၁၀ ပဲ ၁ ေရြး ၁ ျခမ္းခန္႔ရွိ ေရႊဆြဲ ၁ ကုံးတို႔အား လုယက္ယူေဆာင္ကာ ၎အားယာဥ္ေပၚမွဆြဲခ်ၿပီး ေမာ္ေတာ္ ယာဥ္ကို ေမာင္းႏွင္ထြက္ေျပးသြားေၾကာင္း တိုင္တန္းခ်က္အရ ပိေတာက္ေခ်ာင္းနယ္ေျမရဲစခန္း (ပ) ၅၇၃/ ၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၂ ျဖင့္ အမႈဖြင့္ကာ ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိေရး စုံစမ္းေဆာင္ရြက္ခ့ဲသည္။

အမႈမွ ျပစ္မႈက်ဴးလြန္သူအား စုံစမ္းေဖာ္ထုတ္ဖမ္းဆီးရမိေရးအတြက္ အေနာက္ပိုင္းခရိုင္ရဲတပ္ဖြဲ႕မွဴးရုံး၊ မႈခင္းႏွိမ္ နင္းေရးဌာစုမွ တပ္ဖြဲ႕၀င္မ်ားႏွင့္ ပိေတာက္ေခ်ာင္းနယ္ေျမရဲစခန္းမွတပ္ဖြဲ႕၀င္မ်ားသည္ က်ဴးလြန္ခံရသူအား အေသးစိတ္ေမးျမန္ခ့ဲၿပီး ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိေရး စုံစမ္း ေဆာင္ရြက္ခ့ဲရာ ျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳသည့္ ေမာ္ေတာ္ယာဥ္မွာ သန္လ်င္ၿမိဳ႕နယ္ေန ေအာင္ေက်ာ္ထြန္း (၃၆)ႏွစ္ကို ေမာ္ေတာ္ယာဥ္ပိုင္ရွင္မွ ညဘက္ပိုင္း ေမာင္းႏွင္ရန္ ေငြက်ပ္ ၈၀၀၀ ျဖင့္ ငွားရမ္းထားျခင္းျဖစ္ေၾကာင္း၊ ေအာင္ေက်ာ္ထြန္းမွာ စက္တင္ ဘာလ ၂၉ ရက္ေန႔ ည ၈ နာရီအခ်ိန္တြင္ ၎ယာဥ္အားယူေဆာင္သြားၿပီး စက္တင္ဘာလ ၃၀ ရက္ေန႔တြင္ ယာဥ္ကို ဆက္လက္အသုံးျပဳခ့ဲၿပီးေနာက္ ေအာက္တိုဘာလ ၁ ရက္ေန႔ နံနက္ ၁၁ နာရီ အခ်ိန္ခန္႔တြင္ လာေရာက္ အပ္ႏွံေပးခ့ဲေၾကာင္း ေဖာ္ထုတ္ခ်က္အရ ေအာင္ေက်ာ္ထြန္းအား ေအာက္တိုဘာလ၂ ရက္ေန႔ ေန႔လယ္ ၂ နာရီ အခ်ိန္တြင္ အမႈႏွင့္ပတ္သက္၍ ဖမ္းဆီးစစ္ေဆးခ့ဲရာ အဆိုပါ အမႈအား က်ဴးလြန္ခ့ဲေၾကာင္း ေပၚေပါက္ခ့ဲသည္။

ေပၚေပါက္ခ်က္အရ အမႈမွ ပါဆုံးေရႊထည္ပစၥည္းမ်ားအား ျပန္လည္ သိမ္းဆည္းႏိုင္ခ့ဲေၾကာင္းႏွင့္ အျခားလုယက္ မႈမ်ား က်ဴးလြန္ထားျခင္းရွိ မရွိတိုက္ဆိုင္စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

Yangon Police
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin
#Unicode Version#
အောက်တိုဘာ ၁ ရက်နေ့ နံနက် ၀၃း၄၀ အချိန်တွင် လှိုင်မြို့နယ်နေ ဒေါ်------သည် သီရိမင်္ဂလာဈေးသို့ ကုန်းစိမ်းများဝယ်ယူရန် နေအိမ်မှ ထွက်ခွာလာနေပြီးနောက် လမ်းထိပ်အရောက်၌ ယာဉ်အမှတ် BB-6373 AD Van အမျိုးအစား အမျိုးသားတစ်ဦးမောင်းနှင်သည့် မော်တော်ယာဉ်
တစ်စီးအား ငွေကျပ် ၁၅၀၀ ဖြင့် သီရိမင်္ဂလာဈေးသို့ သွားရောက်ရန် ငှားရမ်းခဲ့ကြောင်း၊ လှိုင်မြို့နယ်၊ (၁၅) ရပ်ကွက်၊ ပါရမီလမ်းရှိ မီးရထား သံလမ်းကျော် အရောက်၌ အငှားယာဉ်မောင်းဖြစ်သူမှ မော်တော်ယာဉ်အား လမ်းဘေးသို့ချရပ်၍ ယာဉ်၏ နောက်ခန်းသို့ကူးကာ ၎င်း၏လည်ပင်း၌ ဆွဲထားသော အလေးချိန် ၂ ပဲ ၂ ရွေးခန့်ရှိ ရွှေဆွဲသီးတစ်ခုပါ အလေးချိန် ၁၀ ပဲ ၁ ရွေး ၁ ခြမ်းခန့်ရှိ ရွှေဆွဲ ၁ ကုံးတို့အား လုယက်ယူဆောင်ကာ ၎င်းအားယာဉ်ပေါ်မှဆွဲချပြီး မော်တော် ယာဉ်ကို မောင်းနှင်ထွက်ပြေးသွားကြောင်း တိုင်တန်းချက်အရ ပိတောက်ချောင်းနယ်မြေရဲစခန်း (ပ) ၅၇၃/ ၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။

အမှုမှ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ် နင်းရေးဌာစုမှ တပ်ဖွဲ့ဝင်များနှင့် ပိတောက်ချောင်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ကျူးလွန်ခံရသူအား အသေးစိတ်မေးမြန်ခဲ့ပြီး ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်း ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ်မှာ သန်လျင်မြို့နယ်နေ အောင်ကျော်ထွန်း (၃၆)နှစ်ကို မော်တော်ယာဉ်ပိုင်ရှင်မှ ညဘက်ပိုင်း မောင်းနှင်ရန် ငွေကျပ် ၈၀၀၀ ဖြင့် ငှားရမ်းထားခြင်းဖြစ်ကြောင်း၊ အောင်ကျော်ထွန်းမှာ စက်တင် ဘာလ ၂၉ ရက်နေ့ ည ၈ နာရီအချိန်တွင် ၎င်းယာဉ်အားယူဆောင်သွားပြီး စက်တင်ဘာလ ၃၀ ရက်နေ့တွင် ယာဉ်ကို ဆက်လက်အသုံးပြုခဲ့ပြီးနောက် အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် လာရောက် အပ်နှံပေးခဲ့ကြောင်း ဖော်ထုတ်ချက်အရ အောင်ကျော်ထွန်းအား အောက်တိုဘာလ၂ ရက်နေ့ နေ့လယ် ၂ နာရီ အချိန်တွင် အမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ်ဆေးခဲ့ရာ အဆိုပါ အမှုအား ကျူးလွန်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။

ပေါ်ပေါက်ချက်အရ အမှုမှ ပါဆုံးရွှေထည်ပစ္စည်းများအား ပြန်လည် သိမ်းဆည်းနိုင်ခဲ့ကြောင်းနှင့် အခြားလုယက် မှုများ ကျူးလွန်ထားခြင်းရှိ မရှိတိုက်ဆိုင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Yangon Police

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top